“ဝ”နေတဲ့ကလေးကိုပိန်အောင် ပိန်နေတဲ့ကလေးကိုဝလာအောင်လုပ်နိုင်မယ့်နည်းလမ်းများ

0
1421
- Advertisement -

သင့်ကလေးက နဂိုက ပိန်ပန်လေး နောက်ကျဝိတ်တွေတက်ပြီး ဖက်တီးဖြစ်လာပြီဆိုရင်တော့ သင်သတိထားဖို့လိုပါတယ်နော်သင့်ကလေးက အဝလွန်ရောဂါလမ်းကြောင်းပေါ်ရောက်နေတာလား အကြောင်းတစ်ခုခုတော့ရှာဖို့လိုမှာပေါ့။

ကျွမ်းကျင်သူတွေအဆိုအရ ကလေးတွေအဝလွန်လာတာက မိဘတွေကြောင့်အများကြီး သက်ဆိုင်တယ်လို့ဆိုပါတယ်။ ကဲ.ဒီတော့ ကလေးတွေကိုဝလာစေတဲ့အမှားတွေကိုရှောင်ကြည်ဖို့ရေးသားဖော်ပြလိုက်ပါတယ်.

ကျန်းမာရေးနဲ့မျှတတဲ့အစာတွေမစား

- Advertisement -

သင့်ကလေးက ကျန်းမာရေးနဲ့သင့်တော်တဲ့အစာတွေကိုမကြိုက်ဘူးလား? အဆီတက်စေတဲ့မုန့်ပဲသားရေစာတွေပိုကြိုက်နေတာလား? စိတ်ဓါတ်မကျပါနဲ့။

ကလေးတိုင်းက သူတို့မကြိုက်ဘူးဆိုတဲ့အစာကို ၅ကြိမ် ဒါမှမဟုတ် ၁၀ကြိမ်လောက်ကျွေးရင် ကြိုက်သွားပါလိမ့်မယ်။ အဲ့ဒီလိုမဟုတ်ပဲ သူတို့စားချင်ရာစားလွှတ်ထားလိုက်ရင် သင့်အမှားဖြစ်သွားမှာပေါ့။ ဒီတော့ ကျန်းမာရေးနဲ့သင့်တော်တဲ့ အသီးအရွက်တွေများများစားခိုင်းပါ။

မကောင်းတဲ့ဥပမာအတိုင်းလိုက်လုပ်တတ်တယ်

ကလေးတွေကအတုခိုးလွယ်တဲ့သူတွေလေ။ ညနေတိုင်းတီဗီရှေ့မှာထိုင်ပြီးဝိတ်တက်စေမယ့်အစားအစာတွေစားပြနေမယ်ဆို ကလေးတွေကလည်းအဲ့အတိုင်းလိုက်လုပ်ကြမှာပါပဲ။ ပုံမှာပြထားသလိုအထိုင်များရင်လည်း ဝိတ်တက်စေပါတယ်။

ဖုန်းကွန်ပြုတာတနေကုန်သုံးလိုက် စားလိုက်လုပ်တာမျိုးပေါ့လေ။ ဒါကြောင့်ကာယလှုပ်ရှားမှုတွေ တက်ကြွတဲ့အရာတွေလုပ်ပြပါ။ က လေးနဲ့အတူ ကိုယ်လက်လှုပ်ရှားရတဲ့ဂိမ်းတွေဆော့ပေးပါ။

ကလေးကိုတစ်ယောက်တည်းစားချင်တာပေးစားထားခြင်း

တီဗီ ဒါမှမဟုတ် ကွန်ပြူတာရှေ့မှာ မကြာခန အစာစားတဲ့ကလေးတွေက မှားယွင်းတဲ့အစားအစာတွေကိုစားမိနိုင်ပါတယ်။ ပြီးတော့များများစားစား စာမိနိုင်ပါတယ်။ ဒါကြောင့်မိသားစုနဲ့ညအတူတကွစားတာက အကောင်းဆုံးပါပဲ။ ဒါ့အပြင်သင့်ကလေးက ဝိတ်တက်နေတဲ့ပြဿနာရှိတဲ့ကလေးဆို အထူးသဖြင့် တစ်ယောက်တည်းမခွဲခြားထားပါနဲ့။ မိသားစုတွေနဲ့ စုံညီထမင်းလက်စုံစားသင့်ပါတယ်။

အလိုလိုက်ခြင်း

တချို့မိဘတွေက ကလေးတွေကိုအရမ်းအလိုလိုက်တတ်ကြပါတယ်။ သူတို့ကကလေးဆိုတော့ ဘယ်ဟာကိုစားရင်ဘာဖြစ်မယ်ဆိုတာမသိပါဘး။ ဒါပေမယ့်မိဘတွေကတော့သိပါတယ်။ ဒါကြောင့် ကို,လက်စထရောမြင့်တက်စေမယ့်အစာတွေကိုရှောင်ခိုင်းသင့်ပီး ကလေးကို တစိုက်မတ်မတ်ကြည့်ရှုသင့်ပါတယ်နော်….အဓိကကတော့ သကြားဓါတ်များတဲ့အစာတွေကို အလွန်အကျွံမစားအောင်ထိန်းသင့်ပါတယ်နော်..

ကလေးတွေကိုအကုန်စားခိုင်း

တချို့မိဘတွေရှိပါတယ်.ကလေးတွေကို ဟေ့ အကုန်စားနော် ပန်းကန်ပြောင်အောင်ဆိုပီးပြောကြတာလေ။ ဒါက ကလေးက ဗို က်မဆာရင်တောင် တာဝန်ကြီးတစ်ခုအနေနဲ့စားရင်တောင် ကြောက်ပီး တာဝန်ကြီးတစ်ခုအနေနဲ့စားရတဲ့အကျင့်ပါသွားနိုင်ပါတယ်။ တကယ်က သူတို့ဆာတဲ့အချိန်မှစားတာအကောင်းဆုံးပဲမလား?

မနှစ်မြို့တာကိုပြ

ကလေးတွက မေတ္တာတရားကိုလို,အပ်ပါတယ်။ သူတို့ကို မနှစ်မြိုးသလို သဘောမကျသလိုဆက်ဆံတာ သူတို့ရဲ့ကိုယ်အလေးချိန်ကို လျော့ကျသွားစေဖို့ အထောက်အကူပြုမှာမဟုတ်ပါဘူး။

အိပ်စက်ချိန်များခြင်း

ကလေးတစ်ယောက်က ပုံမှန်ဆို ၉နာရီလောက်အိပ်စက်ရင် အဆင်ပြေပါတယ်။ သင့်ကလေးကို အလိုလိုက်ပြီး ကြိုက်သ လောက်အိပ်ခိုင်းလို့မရပါဘူးနော်. ဒါကလည်း မိဘတွေလုပ်တတ်တဲ့အမှားတစ်ခုပါပဲ.ကဲ,,ဒီလောက်ဆို စာဖတ်သူတွေလည်း ဝိတ်တက်နေတဲ့ကလေးကို ကျအောင် ပိန်နေတဲ့ကလေးကို ဝအောင်လုပ်နိုင်မယ့်နည်းလေးတွေသိပီထင်ပါတယ်။

#Chit_May_May

#Mg_Htet

REF_cbsnews.com

LEAVE A REPLY

Please enter your comment!
Please enter your name here