ဝမ်းဗိုက်ပြဿနာရှိတဲ့ ကလေးတွေအတွက် ပျော့ပြောင်းတဲ့ အစားအစာများ

0
14

ဝမ်းဗိုက်ပြဿနာရှိတဲ့ ကလေးငယ်တွေကို ပျော့ပြောင်းတဲ့ အစားအစာတွေ ကျွေးခြင်းက သူတို့ခန္ဓာကိုယ်မှ ရောဂါ ပျောက်ကင်းစေဖို့အတွက် ယာယီဖြေရှင်းနည်းတစ်ခုသာ ဖြစ်ပါတယ်။ တခါတရံမှာ အသင့်တော်ဆုံး အစားအစာတွေကို ခွဲခြားဖို့ မလွယ်ကူပေမယ့်လည်း ဒီဆောင်းပါးမှာ ဝမ်းဗိုက်ပြဿနာရှိတဲ့ ကလေးတွေအတွက် ကျွေးသင့်တဲ့ အစားအစာတွေကို မျှဝေပေးသွားပါမယ်။

ပျော့ပျောင်းတဲ့ အစားအစာဆိုတာ ဝါးဖို့နဲ့ အစာကြေဖို့လွယ်ပြီး နူးညံ့တဲ့ အစားအစာတွေကို ရွေးချယ်ခြင်းဖြစ်ပါတယ်။ ဒီအမျိုးအစားက ခန္ဓာကိုယ်ရဲ့ အစာခြေခြင်း လုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့စေပါတယ်။ ရေရှည်အတွက်တော့ မလိုက်နာသင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ၎င်းဟာ အစားအသောက် အာဟာရ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်သဖြင့် အာဟာရ ချို့တဲ့မှုကို ဖြစ်စေနိုင်ပါတယ်။

ဝမ်းဗိုက်ပြဿနာတွေမှာ ဝမ်းလျှောခြင်းနှင့် ဗိုက်အောင့်/ ဗိုက်နာခြင်းတို့ပါဝင်ပါတယ်၊ ဒီပြဿနာတွေက ကလေးတွေကို စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ခဏ ခဏ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း ဖြစ်စဉ်တွေက ရေဓါတ်ကို ခန်းခြောက်စေနိုင်ပါတယ်။ အချို့သော အစားအစာတွေက ဗိုက်အောင့်တာကို သက်သာစေပါတယ်။ စားသင့်တဲ့ အစားအစာတွေအပြင် ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေလည်း ရှိပါတယ်။ ဥပမာ -ဗိုက်နာစေတဲ့ အစားအစာတွေကို ကလေးအား မကျွေးခြင်း ဖြစ်ပါတယ်။ တခါတရံမှာ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းဖြင့် လိုက်ပါလာနိုင်တာကြောင့် ပြဿနာတွေကို ပိုဆိုးရွားစေပါတယ်။ နို့ထွက်ပစ္စည်းများ၊ ချောကလက်နှင့် အချိုရည်တွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

၁။ အမျှင်ဓါတ်နှင့် အဆီကြွယ်ဝသော အစားအစာတွေကို ရှောင်ပါ

ပျော့ပြောင်းတဲ့ အစားအစာမှာ ဖိုင်ဘာနှင့် အဆီနည်းတဲ့ အစားအစာတွေ ပါဝင်ပါတယ်။ အဆီနှင့် အမျှင်ဓါတ်နည်းတဲ့ အစားအစာတွေက ကလေးရဲ့ ခန္ဓာကိုယ်ကို အစာကြေဖို့ ပိုလွယ်ကူပါတယ်။ အဆီကြွယ်ဝတဲ့ အစားအစာတွေနဲ့ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေက ဝမ်းဗိုက်ကို အန္တရာယ်ဖြစ်စေပါတယ်။

၂။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ ထည့်ကျွေးပါ

သင့်ကလေးမှာ ဝမ်းဗိုက်ပြဿနာရှိပါက သစ်သီးနှင့် ဟင်းသီးဟင်းရွက်တွေလို လတ်ဆတ်တဲ့ အသီးအနှံတွေ ထည့်ကျွေးပါ။ ထို့အပြင် ကြက်ဥနှင့် ငါးကဲ့သို့သော နူးညံ့တဲ့ ပရိုတိန်းအရင်းအမြစ်တွေကို ထည့်သွင်းသင့်ပါတယ်။ ပန်းသီး၊ ငှက်ပျောနှင့် သင်္ဘောသီးတွေက ဝမ်းဗိုက်ပြဿနာရှိတဲ့ ကလေးတွေအတွက် အကျန်းမာဆုံး အသီးတွေဖြစ်ပါတယ်။ သူတို့ရဲ့ အစားအစာထဲမှာ ဟင်းသီးဟင်းရွက်နှင့် ဖိုင်ဘာကြွယ်ဝတဲ့ ပဲတွေကို ထည့်ကျွေးဖို့ မမေ့သင့်ပါဘူး။

၃။ ပြုပြင်ထားတဲ့ အစားအစာတွေကို မကျွေးပါနဲ့

တတိယအချက်က ကလေးမှာ အစာမကြေပြဿနာရှိရင် ပြုပြင်ထားတဲ့ အစားအစာတွေ( fast food) တွေကို မကျွေးသင့်ပါဘူး။ ဒီအစားအစာတွေက အစာခြေခြင်းကို ထိခိုက်နိုင်တဲ့ trans fats နှင့် preservatives လို အန္တရာယ်ရှိအရာများ ပါဝင်လေ့ရှိပါတယ်။ဒီအရာဝတ္တုများက သဘာဝမဟုတ်တာကြောင့် အစာခြေခြင်းကို ပိုမိုရှုပ်ထွေးစေနိုင်ပါတယ်။

၄။ ကလေးကို ရေများများ တိုက်သင့်ပါတယ်

နောက်ဆုံးအနေဖြင့် နူးညံ့တဲ့ အစားအစာ ကျွေးတဲ့အခါ ကလေးကို ရေများများတိုက်ဖို့ မမေ့ပါနဲ့။ ၎င်းက ခန္ဓာကိုယ်ရဲ့ ကုသမှု ဖြစ်စဉ်ကို နှေးကွေးစေနိုင်သော ရေဓါတ်ခန်းခြောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သင့်ကလေးရဲ့ ခန္ဓာကိုယ်ဟာ ဖိုင်ဘာဓါတ် အများကြီး မရရှိသော်လည်း အစာခြေခြင်းကို ပိုမိုကောင်းမွန်စေပါတယ်။ သေချာတာကတော့ ရေဓါတ်ကို ကောင်းစွာ ထိန်းသိမ်းခြင်းဟာ သင့်ကလေးရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်ပြီး ဝမ်းဗိုက်ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။

ဝမ်းပျက် ဝမ်းလျှောခြင်း၊ ဗိုက်ပွခြင်း၊ လေတတ်ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် အူရောင်ရောဂါစတဲ့ ဝမ်းဗိုက်ပြဿနာတွေဟာ အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။ သို့သော် နောက်ခံအကြောင်းရင်းက များသောအားဖြင့် မသန့်ရှင်းသော အစားအစာတွေ၊ လေပွစာတွေကို စားခြင်း အလေ့အထကြောင့် ဖြစ်သည့်အတွက် ပျော့ပျောင်းတဲ့ အစားအစာတွေက ကလေးရဲ့ အစာခြေစနစ်ကို သက်သာစေဖို့ ယာယီနည်းလမ်းတစ်ခုဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here