သက်ကြီးရွယ်အိုမိဘများကို ကျန်းမာပျော်ရွှင်စေဖို့ ကူညီပေးနိုင်မယ့်အချက်၅ချက်

0
83
- Advertisement -

သင့်အနေနဲ့ သင့်မိဘတွေနဲ့အတူ မိသားစုအိမ်လေးမှာ နွေးနွေးထွေးထွေးနဲ့ အတူတူရှင်သန်နေလာခဲ့ကြတာ ကာလတစ်ခုအထိရောက်လာပြီ။ မိဘတွေအသက်ကြီးလာနဲ့အမျှ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်စေချင်တယ်။ ကျန်းမာပြီးတော့ နေ၀င်ချိန်တွေကို လွယ်ကူချောမွေ့စွာ ဖြတ်သန်းစေချင်တယ်။ အဲ့ဒီ့အခါ သင့်အနေနဲ့ ဘာလုပ်ရမလဲဆိုတာမျိုး အကြိမ်ကြိမ်တွေးမိပါလိမ့်မယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဒီနေရာမှာ သင့်အတွက် အဖြေတွေရှိပါတယ်။ သင့်ကို ကျွန်မတို့ Lifestyle Myanmarကနေပြီးတော့ အပြည့်အ၀ကူညီပေးပါ့မယ်။

၁။ အတူတကွ တက်တက်ကြွကြွရှင်သန်ပါ

သင့်မိဘတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် သင်လုပ်နိုင်သော အကောင်းဆုံးအရာတစ်ခုကတော့ အတူတကွတက်တက်ကြွကြွနေထိုင်ခြင်းဖြစ်ပါတယ်။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်းနှင့် ကခုန်ခြင်းတွေဟာ အလွန်ကောင်းမွန်ပြီး သင်ရဲ့ အသက်ကြီးပြီဖြစ်တဲ့ မိဘနှင့်အချိန်ဖြုန်းဖို့ အလွန်ကို ပျော်ရွှင်စရာကောင်းသောနည်းလမ်းများဖြစ်ပါတယ်။ နယူးအင်္ဂလန်ဆေးဂျာနယ်မှာ လေ့လာခဲ့သော ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု၁၁ခုတွေထဲက တစ်ခုအနေနဲ့ ကခုန်ခြင်းက ရွေးချယ်ဖို့အကောင်းဆုံးလို့ ဆိုပါတယ်။ သင်အနေနဲ့ အတူတကွပါ၀င်ချင်တယ်ဆိုရင် သက်ကြီးရွယ်အိုတွေအတွက် ရည်ရွယ်တဲ့ အကသင်တန်းတွေလည်း ရှိပါတယ်။

၂။ သင့်မိဘတွေကို နည်းပညာအကြောင်းသင်ပေးပါ

ကျွန်မတို့ရဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ နည်းပညာဟာ လူတွေရဲ့ ဆက်သွယ်မှုတွေ၊ ဆက်သွယ်မှုအသစ်များပြုလုပ်ဖို့ အကြီးမားဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ မိဘတွေကို လူမှုမီဒီယာကို ဘယ်လိုအသုံးပြုရမယ်ဆိုတာမျိုး သင်ကြားပေးခြင်းက သူတို့ကို ထုတ်ဖော်ပြောဆိုဖို့ ထွက်ပေါက်တစ်ခုပေးရုံမက သူတို့နဲ့ ဆက်သွယ်မှုအသစ်တွေ ပြုလုပ်ဖို့ ပိုမိုလွယ်ကူစေပါတယ်။ လူမှုမီဒီယာနှင့် စမတ်ဖုန်းပညာကို ပိုနားလည်စေပါ။ သင်ရဲ့ မိဘတွေကို ချစ်မြတ်နိုးရသူတွေနဲ့ ဗွီဒီယိုကောခေါ်ဆိုမှုများသင်ကြားခြင်းက ရိုးရိုးရှင်းရှင်းလုပ်ခြင်းဖြင့် နည်းပညာကြောင့် သူတို့ရဲ့ မိသားစုနှင့် ပိုပြီးဆက်သွယ်မှုဖြစ်စေပါတယ်။

၃။ အပြင်ဘက်မှာ အချိန်ဖြုန်းပါ။

အိမ်မှာပဲ အခန်းအောင်းပြီးနေခြင်းက သက်ကြီးရွယ်အို မိဘတွေရဲ့ စိတ်ကျန်းမာရေးကို အဓိကကပ်ဘေးဖြစ်စေနိုင်ပါတယ်။ အပြင်ဘက်ကို ကိုယ်တိုင်သွားခြင်းက စိတ်ဖိစီးမှုနှင့် ခဏတာမှတ်ညဏ်ကို တိုးတက်စေနိုင်ပါတယ်။ ချစ်မြတ်နိုးရသူတွေနဲ့ ဆိုရင်ပိုပြီးတော့ အကျိုးသက်ရောက်မှုရှိပါတယ်။ သင့်ရဲ့ မိဘတွေကို မိသားစုတစ်ခုလုံးနှင့်အတူ အစားအစာပွဲတော် (သို့) ရိုးရှင်းလှပသော ရိုးရာပွဲတော်တွေကို ခေါ်ဆောင်သွားခြင်းက ပျော်စရာအကောင်းဆုံးအရာတစ်ခုမဟုတ်ပါလား။

၄။ သက်ကြီးရွယ်အိုနေထိုင်သော ရပ်ရွာလူထုများကို အတူတကွရှာဖွေပါ

သင်ဟာ သင့်မိဘတွေကို သူတို့ရဲ့အိမ်မှာအမြဲတမ်းနေစေလိုခြင်းဟာ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တစ်ခုဖြစ်ပါတယ်။ သင့်မိဘတွေကို သူတို့နဲ့ သက်တူရွယ်တူလူနေမှုအသိုင်းအ၀ိုင်းမှာလည်း ရှင်သန်ခွင့်ပြုပါ။ သင့်အနေနဲ့ လုပ်ရမယ့်အချက်က ပြည့်စုံသော အသိုင်းအ၀ိုင်းတစ်ခုကို အတူတကွရှာဖွေဖို့ပဲဖြစ်ပါတယ်။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတွေကို ဆိုလိုပါတယ်။

ဒီလုပ်ငန်းစဥ်မှာ ပါ၀င်ခြင်းက သင့်ရဲ့ မိဘတွေက သင်ဟာ သူတို့ရဲ့ ကောင်းကျိုးနှင့် အဆက်အသွယ်တွေကို ဂရုစိုက်ကြောင်းနားလည်စေပါလိမ့်မယ်။ သင့်မိသားစုအနေနဲ့ အတူတကွပါ၀င်နိုင်မယ့် လူမှုရေးအသိုင်းအ၀ိုင်းများကို လေ့လာရန်စဥ်းစားပါ။ ဒါ့အပြင် ဒါဟာ သင်နဲ့ သင်ရဲ့ သက်ကြီးရွယ်အိုချစ်မြတ်နိုးသူတွေက သူတို့ရဲ့ အနာဂတ်စောင့်ရှောက်မှုအတွက်အစီအစဥ်ရှိကြောင်း သေချာစေပါတယ်။

၅။ သူတို့ရဲ့ပုံမှန်စိတ်၀င်စားခြင်းတွေနဲ့ အတူနေထိုင်ပေးပါ

သင့်မိဘတွေကြီးပြင်းလာတာကြောင့် သူတို့ချစ်တဲ့၀ါသနာတွေကို စိတ်၀င်စားမှုပျောက်ဆုံးသွားတယ်လို့ မဆိုလိုပါဘူး။ သင့်မိဘတွေဟာ ငှက်လေးတွေကို စောင့်ကြည့်ရတာကို နှစ်သက်တယ်ဆိုပေမယ့်လည်း အိမ်ကနေပြီး တစ်ယောက်တည်းသွားလာဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် သူတို့နဲ့အတူ လိုက်နေပေးပါ။

အဲ့ဒီ့အခါ သင့်မိဘတွေက သင့်ကလေးတွေကို သူတို့ရဲ့ အတွေ့အကြုံတွေမျှ၀ေသင်ပြပေးပါလိမ့်မယ်။ သင့်မိဘတွေချစ်ခင်တဲ့အရာတွေကို ဆက်လက်လုပ်ကိုင်နိုင်အောင် စိတ်၀င်စားမှုပြခြင်းက သူတို့ကို ပျော်ရွှင်ခြင်းနှင့် ကျန်းမာစွာနေထိုင်နိုင်ရန်အတွက် များစွာအထောက်အကူဖြစ်စေပါတယ်။


သင့်ရဲ့မိဘများက အသက်၆၀ဖြစ်စေ၊ ၈၂ဖြစ်ပါစေ၊ သူတို့ကြီးပြင်းလာတာနဲ့အမျှ သူတို့ကို ဘယ်လိုထောက်ပံ့နိုင်တယ်ဆိုတာ စဥ်းစားဖို့ အရေးကြီးပါတယ်။ အထက်မှာ ဆွေးနွေးခဲ့တဲ့အရာများကဲ့သို့ ရိုးရှင်းသောအရာများက ကမ္ဘာကြီးကိုပြောင်းလဲစေနိုင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ သူတို့ဟာ အိမ်မှာရှိတဲ့ သူတွေအားလုံးအတွက် မိသားစုနှောင်ကြိုးအတွက် ကောင်းတဲ့လုပ်ဆောင်မှုတွေဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

sources-shared

LEAVE A REPLY

Please enter your comment!
Please enter your name here