အိန္ဒိယစကားပုံတစ်ခုမှာ “သင်ရဲ့အိမ်မှာ ကလေးကို ဧည့်သည်တစ်ယောက်အဖြစ် ဆက်ဆံပါ။ သူတို့ကို ကျွေးမွေးပါ။ ပညာသင်ပေးပါ။ ပြီးတော့ သူတို့သွားကြပါစေ” လို့ဆိုပါတယ်။ ဒီအယူအဆနဲ့အကြံပြုချက်ကို လက်ခံပါက သင့်ရဲ့သားသားမီးမီးတွေကို သူတို့လေးတွေရဲ့ အစောပိုင်းအသက်အရွယ်မှာ ဘယ်လိုသင်ယူမှုတွေနဲ့ စတင်မလဲဆိုတာ လေ့လာနိုင်အောင် မျှဝေပေးလိုက်ပါတယ်။
၁။ ကတ်ကြေးကို မှန်မှန်ကန်ကန် ကိုင်တတ်စေဖို့

ကလေးတွေဟာ ကတ်ကြေးတစ်စုံကို မှန်မှန်ကန်ကန်နဲ့ ဘယ်လိုကိုင်ရမလဲဆိုတာ မကြာခဏ မေ့တတ်ကြပါတယ်။ ကလေးကို သူတို့လက်နဲ့ ဘယ်လိုထားရမလဲဆိုတာ သတိရစေဖို့နဲ့ ဒဏ်ရာရခြင်းမှ တားဆီးဖို့ သူတို့ရဲ့လက်မပေါ်မှာ အပြုံးမျက်နှာတစ်ခုဆွဲပေးပါ။ အပြုံးလေးက အမြဲတမ်း သူတို့ဘက်မှာ ရှိနေသင့်တယ်ဆိုတာ ရှင်းပြပါ။
၂။ self-discipline (ကိုယ်ပိုင်စည်းကမ်း)ကို သင်ယူတတ်စေဖို့

ကိုယ်ပိုင်စည်းကမ်း တည်ဆောက်ဖို့ ကူညီနိုင်တဲ့ ရိုးရှင်းသော နည်းလမ်းတွေကတော့
A4စာရွက်တစ်ရွက်ကိုယူပြီး အလျားလိုက်တစ်ဝက်ခေါက်ပါ။ အောက်ပိုင်းတစ်ဝက်ကို နည်းနည်းဖြတ်ပါ။
အပေါ်နဲ့ အောက်ပိုင်းကို စတေကာလေးတွေကပ်ပါ။
အိမ်စာလုပ်၊ သွားတိုက်၊ အိပ်ရာဝင် စတဲ့ window တစ်ခုစီမှာ တာဝန်တစ်ခုစီရေးပါ။ ဒီတာဝန်လေးတွေကို သရုပ်ဖော်ပုံအချို့ထည့်ပါ။
တာဝန်ပြီးစီးခဲ့ပြီဖြစ်ကြောင်း ပြသဖို့ စက္ကူရဲ့နောက်ကျောမှာ အစိမ်းရောင်အမှန်ခြစ် အမှတ်သား ရေးဆွဲပါ။
သူတို့ရဲ့နေ့စဉ် မနက်ခင်းတာဝန်များနှင့်ပတ်သတ်ပြီး သတိရစေဖို့ ကလေးအခန်းရဲ့နံရံပေါ်မှာ ဒီအချိန်ဇယား စာရင်းလေးတွေ ကပ်ပေးနိုင်ပါတယ်။
၃။ ဖိနပ်ကြိုး ဘယ်လိုချည်ရမလဲဆိုတာ လေ့လာသင်ယူတတ်စေဖို့

သူတို့ရဲ့ဖိနပ်ကြိုးကို ဘယ်လိုချည်ရမလဲဆိုတာ သင်ပေးဖို့ နည်းလမ်းလေးပါ။ လိုအပ်တာကတော့ ကတ္တူစက္ကူပေါ်မှာ ဖိနပ်တစ်ရံပုံဆွဲပြီး ကြိုးထည့်ဖို့ အပေါက်သေးသေးလေးတွေဖောက်ပါ။ ဖိနပ်ကြိုးကို ဘယ်လိုထည့်ပြီး ဘယ်လိုချည်ရမလဲဆိုတာ သင်ပေးပါ။
၄။ ကြယ်သီးဘယ်လိုတပ်ရမလဲဆိုတာ သင်ယူခြင်း

သင့်ကလေးကို ကြယ်သီးဘယ်လိုတပ်ရမလဲ/ဘယ်လိုဖြုတ်ရမလဲဆိုတာ သင်ပေးဖို့ ဒီပျော်စရာကစားစရာလေး ပြုလုပ်နိုင်ပါတယ်။ ကာလာစက္ကူပေါ်မှာ တီကောင်ပုံလေးဆွဲပါ။ အဲ့ဒီပေါ်မှာ ကြယ်သီးကိုချုပ်ပြီး ကြယ်သီးပေါက် ဖောက်ထားတဲ့ ပိတ်စလေးကို ကေ်ာနဲ့ကပ်ပါ။
၅။ အချိန်ကို ပြောပြတတ်စေဖို့

ဒီရိုးရှင်းတဲ့ နည်းလေးက သင့်ကလေး အချိန်ပြောတတ်စေဖို့ ကူညီပေးပါလိမ့်မယ်
စက္ကူပန်းကန်၂ချပ်ယူပါ။ ပထမတစ်ခုပေါ်မှာ (0,5,10,15 စတဲ့) မိနစ်သင်္ကေတ နံပါတ်လေးတွေရေးပါ။ တခြားပန်းကန်ပြားပေါ်မှာ သေးသေးလေးတွေညှပ်ပြီး 1ကနေ12အထိ နံပါတ်လေးတွေရေးပါ။ ပထမပန်းကန်ကို ဒုတိယပန်းကန်အောက်မှာ ထားပါ။
နာရီ နဲ့မိနစ် စာသားရေးထားတဲ့ စက္ကူမြှား ၂ခုကို ပန်းကန်တွေနဲ့ အတူတူတွဲဖို့ Pin တစ်ခုကို သုံးပါ။
မြှားရဲ့ အနေအထားပြောင်းလဲပြီး ဘယ်အချိန်ရှိပြီလဲ ဆိုတာ ဖတ်တတ်စေဖို့ ကလေးကို သင်ပေးပါ။
ဒီနည်းလမ်းနဲ့ နာရီနှင့််မိနစ်အကြား ဆက်သွယ်မှုကို အလွယ်တကူ သရုပ်ပြနိုင်ပါတယ်။
၆။ စားပွဲပေါ်က အမှုအကျင့်ကောင်းတွေကို သင်ပေးခြင်း

စားပွဲမှာ ဘယ်လိုစားမလဲ၊ ဘယ်လိုပြုမှုမလဲဆိုတာ သင်ပေးတဲ့အချိန်မှာ ပန်းကန်အတော်များများ ကွဲနိုင်ပါတယ်။ ဒီပျက်စီးမှုကို ကာကွယ်ဖို့ ပန်းကန်ပြားရဲ့အောက်ခြေတွေမှာ စုပ်ခွက်လေးတွေ ကော်နဲ့ကပ်ပေးထားပါ။
၇။ ဘယ်လိုရေတွက်မလဲဆိုတာ သင်ယူခြင်း

ကလေးတစ်ယောက်ကို ရောင်စုံ Lego blocksတွေနဲ့အတူ အခြေခံသင်္ချာသင်ပေးနိုင်ပါတယ်။
စက္ကူကတ်တွေ ပြုလုပ်ပြီး နံပါတ်လေးတွေ ရေးပါ။
ကတ်တစ်ခုစီပေါ်မှာ ကတ်ပေါ်ကနံပါတ်နဲ့ Block နံပါတ်တွေနဲ့ ကိုက်ညီမယ့် multi-colored tower တစ်ခုဆွဲပါ။
ကလေးဟာ ကတ်ပေါ်မှာ ဖော်ပြထားသလို တူညီတဲ့ တာဝါကို တည်ဆောက်ရပါမယ်။ ဒီတာဝန်က သင်္ချာကျွမ်းကျင်စေဖို့ အလေ့အကျင့် ဖြစ်စေပါလိမ့်မယ်။
၈။ ရာသီဥတု သင်ယူခြင်း

ဒီလက်ဖြစ်ကစားစရာက ရာသီဥတုတွေကို မှတ်မိစေဖို့ ကူညီပေးပါလိမ့်မယ်။
အရောင်မတူ စက္ကူစက်ဝိုင်း ၅ခုပြုလုပ်ပါ။ အဖြူရောင်စက်ဝိုင်းက အခြေခံတစ်ခုဖြစ်ပါတယ်။ ထိုအပေါ်မှာ အညိုရောင် သစ်ပင်ပင်စည်ကို ကော်ကပ်ပါ။ တခြားစက်ဝိုင်းတွေကို တစ်ခြမ်း ခေါက်ပါ။
စက်ဝိုင်းတစ်ခုကိုယူပြီး ၎င်းရဲ့တစ်ဝက်ကို ကော်သုတ်ပါ။ ပြီးနောက် စက္ကူအဖြူကို ကော်သုတ်ပါ။ စက်ဝိုင်းတစ်ခုနဲ့တစ်ခုကပ်ပြီး စာအုပ်တစ်အုပ်လို တွဲပါ။
စက်ဝိုင်းတစ်ခုစီက ရာသီဥတုတစ်ခုဖြစ်ပါတယ်။ ဆောင်းရာသီဆိုရင် နှင်းကျနေတဲ့ပုံလေးတွေ၊ မိုးရာသီဆိုရင် အစိမ်းရောင်သစ်ရွက်တွေနဲ့ မိုးရွာနေတဲ့ပုံလေးတွေ၊ နွေရာသီနဲ့ ဆိုရင် အဝါရောင်သစ်ရွက်လေးတွေ စသဖြင့်ဆွဲပါ။
၉။ တရားမျှတမှုအကြောင်းကို သင်ယူခြင်း

မိသားစုထဲမှာ ကလေး၂ယောက်ရှိရင် ဒါက ဘယ်အရာက တရားမျှတမှုလဲဆိုတာကို ရှင်းပြဖို့နှင့် ဘာ့ကြောင့် သကြားလုံးကို တစ်ယောက်တည်းအကုန်မစားသင့်ဘူးလဲဆိုတာ ရှင်းပြဖို့ ခက်ခဲပါလိမ့်မယ်။
အဝတ်ချိတ်တစ်ခု၊ ဘူးအလွတ် ၂ခုနှင့် စက္ကူခွက်တွေ(ဒါမှမဟုတ်) ဖျော်ရည်ဘူးအလွတ်ကို ယူပါ။ ဘူးအလွတ်တွေမှာ အပေါက် ၂ပေါက်ဖောက်ပြီး ကြိုးနဲ့ချည်ပါ။ အဝတ်ချိတ်တစ်ခုမှာ တွဲပါ။ ချိန်ခွင်က ဟန်ချက်ညီနေရပါမယ်။ ဘူးအလွတ်တစ်ခုစီကို ကွတ်ကီးတွေ၊ သကြားလုံးတွေ၊ ချောကလတ်တွေနဲ့ ဖြည့်ပါ။ ကလေးကို ဘယ်လိုဝေစားရမယ်ဆိုတာ သင်ပေးပါ။ ဘယ်သူက သကြားလုံးပိုရသင့်လဲဆိုတာနဲ့ ပတ်သတ်ပြီး ငြင်းခုံတာတွေ ရပ်သွားပါလိမ့်မယ်။
၁၀။ ဝတ်ဆင်ပုံတွေကို လေ့လာသင်ယူတတ်စေဖို့

ဒါက သင့်ကလေးအတွက် ပျော်စရာကောင်းစေမှာပါ။
အဝတ်အစားတွဲထားတဲ့ပုံလေးတွေကို ကြိုတင်ရိုက်ထားပါ။ အဝတ်ပုံထဲက ဘယ်အင်္ကျီနဲ့ ဘယ်ဘောင်းဘီက လိုက်ဖက်မလဲဆိုတာကို သူတို့ကို တွဲခိုင်းပါ။ ပျင်းစရာကောင်းတဲ့ ဒီနေ့စဉ်တာဝန်တွေက စိတ်လှုပ်ရှားဖွယ် ဂိမ်းလေးအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။
၁၁။ သူတို့ရဲ့ နေ့စဉ်ပုံမှန်လုပ်နေကျကို သတိရစေဖို့

မတူတဲ့ ခွက်လေးတွေကို နံပါတ်တပ်ပြီး သွားတိုက်ဆေး၊ သွားတိုက်တံ၊ မျက်နှာသုတ်ပဝါနှင့် ဘီးတွေထည့်ထားပေးပါ။ ကလေးတွေဟာ တဆင့်ပြီးတစ်ဆင့် အစီအစဉ်တကျ ပြုလုပ်တတ်မှာ ဖြစ်သလို ဘယ်တော့မှ မေ့တော့မှာမဟုတ်ပါဘူး။
၁၂။ သူတို့သွားတွေကို မှန်မှန်တိုက်စေဖို့

သူတို့ကစားနေတဲ့အချိန်မှာ ကျွမ်းကျင်မှုအသစ်တွေကို သင်ပေးတာက ကလေးတွေအတွက် ပိုလွယ်တယ်ဆိုတာ မိဘတိုင်းကသိကြပါတယ်။ ဒါ့ကြောင့် ပျင်းစရာကောင်းတဲ့ သွားသန့်ရှင်းရေးဖြစ်စဉ်ကို စိတ်လှုပ်ရှားဖွယ် ရှာပုံတော်အဖြစ် ပြောင်းလဲနိုင်ပါတယ်။
အင်တာနက်ပေါ်မှာ ပုံတစ်ပုံရှာပါ။ သို့မဟုတ် သွားတိုက်ခြင်းဇယားတစ်ခုကို သင်ကိုယ်တိုင်ဆွဲပါ။ ရေချိုးခန်းနံရံပေါ်မှာ ချိတ်ထားပြီး အနီးအနားမှာ ရောင်စုံမာကာတစ်ချို့ထားပါ။ ကလေးကို သူတို့သွားတိုက်တဲ့ အချိန်တိုင်း ဒီဇယားအရောင်ကို မေးပါ။ မနက်ခင်းအတွက်ဆိုရင် နေပုံဆွဲပြီး ၊ ညဘက်ဆိုရင် လပုံဆွဲပါ။
ဒီနည်းလမ်းက ကလေးကို အလေ့အကျင့်သစ်တစ်ခု ရဖို့ ကူညီပါလိမ့်မယ်။
၁၃။ အိမ်သန့်ရှင်းရေး လုပ်တတ်စေဖို့

ကလေးတွေဟာ အိမ်ပတ်ဝန်းကျင်မှာ အရုပ်တွေပြန့်ကျဲနေတာကို နှစ်သက်ကြပါတယ်။ ကလေးကစားနိုင်မယ့် နေရာတစ်ခုကို ရွေးချယ်ပေးပါ။ အရောင်တောက်တောက် တိတ်နဲ့ အမှတ်အသားပြုလုပ်ပေးပါ။ ကလေးကို စည်းကမ်းအသစ်ချထားတဲ့အကြောင်း၊ ဘယ်အရုပ်မှ ဒီနေရာအပြင်ဘက်မှာ မထားသင့်ဘူးဆိုတာ ရှင်းပြပါ။
၁၄။ အချိန်ဇယားတစ်ခု ကပ်ခြင်း

နာရီတစ်လုံးနှင့် ရောင်စုံမာကာတွေက သင့်ကလေးကို အချိန်စီမံခန့်ခွဲမှုစွမ်းရည်များ သင်ပေးနိုင်ပါတယ်။ အိမ်စာအတွက် 5-6 p.m၊ ညစာအတွက် 6-7 p.m စသဖြင့် မတူတဲ့ တာဝန်များကို အရောင်ကွဲလေးတွေနဲ့ ညွန်ပြပေးပါ။ ကလေးကို ဒီနည်းစနစ် ရှင်းပြပါ။ အချိန်ဇယားကပ်ဖို့ သူတို့ အတွက် အများကြီး လွယ်ကူပါလိမ့်မယ်။
Chit_MayMay
LM_Nandar
Source-brightside
Zawgyi Font
သင့္ကေလးကို ျပင္ဆင္ေပးထားႏိုင္တဲ့ မိဘအုပ္ထိန္းမႈ သိေကာင္းစရာေလးေတြ
အိႏၵိယစကားပံုတစ္ခုမွာ “သင္ရဲ႕အိမ္မွာ ကေလးကို ဧည့္သည္တစ္ေယာက္အျဖစ္ ဆက္ဆံပါ။ သူတို႔ကို ေကၽြးေမြးပါ။ ပညာသင္ေပးပါ။ ၿပီးေတာ့ သူတို႔သြားၾကပါေစ” လို႔ဆိုပါတယ္။ ဒီအယူအဆနဲ႔အႀကံျပဳခ်က္ကို လက္ခံပါက သင့္ရဲ႕သားသားမီးမီးေတြကို သူတို႔ေလးေတြရဲ႕ အေစာပိုင္းအသက္အရြယ္မွာ ဘယ္လိုသင္ယူမႈေတြနဲ႔ စတင္မလဲဆိုတာ ေလ့လာႏိုင္ေအာင္ မွ်ေဝေပးလိုက္ပါတယ္။
၁။ ကတ္ေၾကးကို မွန္မွန္ကန္ကန္ ကိုင္တတ္ေစဖို႔
ကေလးေတြဟာ ကတ္ေၾကးတစ္စံုကို မွန္မွန္ကန္ကန္နဲ႔ ဘယ္လိုကိုင္ရမလဲဆိုတာ မၾကာခဏ ေမ့တတ္ၾကပါတယ္။ ကေလးကို သူတို႔လက္နဲ႔ ဘယ္လိုထားရမလဲဆိုတာ သတိရေစဖို႔နဲ႔ ဒဏ္ရာရျခင္းမွ တားဆီးဖို႔ သူတို႔ရဲ႕လက္မေပၚမွာ အၿပံဳးမ်က္ႏွာတစ္ခုဆြဲေပးပါ။ အၿပံဳးေလးက အၿမဲတမ္း သူတို႔ဘက္မွာ ရွိေနသင့္တယ္ဆိုတာ ရွင္းျပပါ။
၂။ self-discipline (ကိုယ္ပိုင္စည္းကမ္း)ကို သင္ယူတတ္ေစဖို႔
ကိုယ္ပိုင္စည္းကမ္း တည္ေဆာက္ဖို႔ ကူညီႏိုင္တဲ့ ရိုးရွင္းေသာ နည္းလမ္းေတြကေတာ့
A4စာရြက္တစ္ရြက္ကိုယူၿပီး အလ်ားလိုက္တစ္ဝက္ေခါက္ပါ။ ေအာက္ပိုင္းတစ္ဝက္ကို နည္းနည္းျဖတ္ပါ။
အေပၚနဲ႔ ေအာက္ပိုင္းကို စေတကာေလးေတြကပ္ပါ။
အိမ္စာလုပ္၊ သြားတိုက္၊ အိပ္ရာဝင္ စတဲ့ window တစ္ခုစီမွာ တာဝန္တစ္ခုစီေရးပါ။ ဒီတာဝန္ေလးေတြကို သရုပ္ေဖာ္ပံုအခ်ိဳ႕ထည့္ပါ။
တာဝန္ၿပီးစီးခဲ့ၿပီျဖစ္ေၾကာင္း ျပသဖို႔ စကၠဴရဲ႕ေနာက္ေက်ာမွာ အစိမ္းေရာင္အမွန္ျခစ္ အမွတ္သား ေရးဆြဲပါ။
သူတို႔ရဲ႕ေန႔စဥ္ မနက္ခင္းတာဝန္မ်ားႏွင့္ပတ္သတ္ၿပီး သတိရေစဖို႔ ကေလးအခန္းရဲ႕နံရံေပၚမွာ ဒီအခ်ိန္ဇယား စာရင္းေလးေတြ ကပ္ေပးႏိုင္ပါတယ္။
၃။ ဖိနပ္ႀကိဳး ဘယ္လိုခ်ည္ရမလဲဆိုတာ ေလ့လာသင္ယူတတ္ေစဖို႔
သူတို႔ရဲ႕ဖိနပ္ႀကိဳးကို ဘယ္လိုခ်ည္ရမလဲဆိုတာ သင္ေပးဖို႔ နည္းလမ္းေလးပါ။ လိုအပ္တာကေတာ့ ကတၱဴစကၠဴေပၚမွာ ဖိနပ္တစ္ရံပံုဆြဲၿပီး ႀကိဳးထည့္ဖို႔ အေပါက္ေသးေသးေလးေတြေဖာက္ပါ။ ဖိနပ္ႀကိဳးကို ဘယ္လိုထည့္ၿပီး ဘယ္လိုခ်ည္ရမလဲဆိုတာ သင္ေပးပါ။
၄။ ၾကယ္သီးဘယ္လိုတပ္ရမလဲဆိုတာ သင္ယူျခင္း
သင့္ကေလးကို ၾကယ္သီးဘယ္လိုတပ္ရမလဲ/ဘယ္လုိျဖဳတ္ရမလဲဆိုတာ သင္ေပးဖို႔ ဒီေပ်ာ္စရာကစားစရာေလး ျပဳလုပ္ႏိုင္ပါတယ္။ ကာလာစကၠဴေပၚမွာ တီေကာင္ပံုေလးဆြဲပါ။ အဲ့ဒီေပၚမွာ ၾကယ္သီးကိုခ်ဳပ္ၿပီး ၾကယ္သီးေပါက္ ေဖာက္ထားတဲ့ ပိတ္စေလးကို ေက္ာနဲ႔ကပ္ပါ။
၅။ အခ်ိန္ကို ေျပာျပတတ္ေစဖို႔
ဒီရိုးရွင္းတဲ့ နည္းေလးက သင့္ကေလး အခ်ိန္ေျပာတတ္ေစဖို႔ ကူညီေပးပါလိမ့္မယ္
စကၠဴပန္းကန္၂ခ်ပ္ယူပါ။ ပထမတစ္ခုေပၚမွာ (0,5,10,15 စတဲ့) မိနစ္သေကၤတ နံပါတ္ေလးေတြေရးပါ။ တျခားပန္းကန္ျပားေပၚမွာ ေသးေသးေလးေတြညွပ္ၿပီး 1ကေန12အထိ နံပါတ္ေလးေတြေရးပါ။ ပထမပန္းကန္ကို ဒုတိယပန္းကန္ေအာက္မွာ ထားပါ။
နာရီ နဲ႔မိနစ္ စာသားေရးထားတဲ့ စကၠဴျမွား ၂ခုကို ပန္းကန္ေတြနဲ႔ အတူတူတြဲဖို႔ Pin တစ္ခုကို သံုးပါ။
ျမွားရဲ႕ အေနအထားေျပာင္းလဲၿပီး ဘယ္အခ်ိန္ရွိၿပီလဲ ဆိုတာ ဖတ္တတ္ေစဖို႔ ကေလးကို သင္ေပးပါ။
ဒီနည္းလမ္းနဲ႔ နာရီႏွင့္္မိနစ္အၾကား ဆက္သြယ္မႈကို အလြယ္တကူ သရုပ္ျပႏိုင္ပါတယ္။
၆။ စားပြဲေပၚက အမႈအက်င့္ေကာင္းေတြကို သင္ေပးျခငး္
စားပြဲမွာ ဘယ္လိုစားမလဲ၊ ဘယ္လိုျပဳမႈမလဲဆိုတာ သင္ေပးတဲ့အခ်ိန္မွာ ပန္းကန္အေတာ္မ်ားမ်ား ကြဲႏိုင္ပါတယ္။ ဒီပ်က္စီးမႈကို ကာကြယ္ဖုိ႔ ပန္းကန္ျပားရဲ႕ေအာက္ေျခေတြမွာ စုပ္ခြက္ေလးေတြ ေကာ္နဲ႔ကပ္ေပးထားပါ။
၇။ ဘယ္လုိေရတြက္မလဲဆိုတာ သင္ယူျခင္း
ကေလးတစ္ေယာက္ကို ေရာင္စံု Lego blocksေတြနဲ႔အတူ အေျခခံသခၤ်ာသင္ေပးႏိုင္ပါတယ္။
စကၠဴကတ္ေတြ ျပဳလုပ္ၿပီး နံပါတ္ေလးေတြ ေရးပါ။
ကတ္တစ္ခုစီေပၚမွာ ကတ္ေပၚကနံပါတ္နဲ႔ Block နံပါတ္ေတြနဲ႔ ကိုက္ညီမယ့္ multi-colored tower တစ္ခုဆြဲပါ။
ကေလးဟာ ကတ္ေပၚမွာ ေဖာ္ျပထားသလို တူညီတဲ့ တာဝါကို တည္ေဆာက္ရပါမယ္။ ဒီတာဝန္က သခၤ်ာကၽြမ္းက်င္ေစဖို႔ အေလ့အက်င့္ ျဖစ္ေစပါလိမ့္မယ္။
၈။ ရာသီဥတု သင္ယူျခင္း
ဒီလက္ျဖစ္ကစားစရာက ရာသီဥတုေတြကို မွတ္မိေစဖို႔ ကူညီေပးပါလိမ့္မယ္။
အေရာင္မတူ စကၠဴစက္ဝိုင္း ၅ခုျပဳလုပ္ပါ။ အျဖဴေရာင္စက္ဝိုင္းက အေျခခံတစ္ခုျဖစ္ပါတယ္။ ထိုအေပၚမွာ အညိဳေရာင္ သစ္ပင္ပင္စည္ကို ေကာ္ကပ္ပါ။ တျခားစက္ဝိုင္းေတြကို တစ္ျခမ္း ေခါက္ပါ။
စက္ဝိုင္းတစ္ခုကိုယူၿပီး ၎ရဲ႕တစ္ဝက္ကို ေကာ္သုတ္ပါ။ ၿပီးေနာက္ စကၠဴအျဖဴကို ေကာ္သုတ္ပါ။ စက္ဝိုင္းတစ္ခုနဲ႔တစ္ခုကပ္ၿပီး စာအုပ္တစ္အုပ္လို တြဲပါ။
စက္ဝိုင္းတစ္ခုစီက ရာသီဥတုတစ္ခုျဖစ္ပါတယ္။ ေဆာင္းရာသီဆိုရင္ ႏွင္းက်ေနတဲ့ပံုေလးေတြ၊ မိုးရာသီဆိုရင္ အစိမ္းေရာင္သစ္ရြက္ေတြနဲ႔ မိုးရြာေနတဲ့ပံုေလးေတြ၊ ေႏြရာသီနဲ႔ ဆိုရင္ အဝါေရာင္သစ္ရြက္္ေလးေတြ စသျဖင့္ဆြဲပါ။
၉။ တရားမွ်တမႈအေၾကာင္းကို သင္ယူျခင္း
မိသားစုထဲမွာ ကေလး၂ေယာက္ရွိရင္ ဒါက ဘယ္အရာက တရားမွ်တမႈလဲဆိုတာကို ရွင္းျပဖို႔ႏွင့္ ဘာ့ေၾကာင့္ သၾကားလံုးကို တစ္ေယာက္တည္းအကုန္မစားသင့္ဘူးလဲဆိုတာ ရွင္းျပဖို႔ ခက္ခဲပါလိမ့္မယ္။
အဝတ္ခ်ိတ္တစ္ခု၊ ဘူးအလြတ္ ၂ခုႏွင့္ စကၠဴခြက္ေတြ(ဒါမွမဟုတ္) ေဖ်ာ္ရည္ဘူးအလြတ္ကို ယူပါ။ ဘူးအလြတ္ေတြမွာ အေပါက္ ၂ေပါက္ေဖာက္ၿပီး ႀကိဳးနဲ႔ခ်ည္ပါ။ အဝတ္ခ်ိတ္တစ္ခုမွာ တြဲပါ။ ခ်ိန္ခြင္က ဟန္ခ်က္ညီေနရပါမယ္။ ဘူးအလြတ္တစ္ခုစီကို ကြတ္ကီးေတြ၊ သၾကားလံုးေတြ၊ ေခ်ာကလတ္ေတြနဲ႔ ျဖည့္ပါ။ ကေလးကို ဘယ္လိုေဝစားရမယ္ဆိုတာ သင္ေပးပါ။ ဘယ္သူက သၾကားလံုးပိုရသင့္လဲဆိုတာနဲ႔ ပတ္သတ္ၿပီး ျငင္းခံုတာေတြ ရပ္သြားပါလိမ့္မယ္။
၁၀။ ဝတ္ဆင္ပံုေတြကို ေလ့လာသင္ယူတတ္ေစဖို႔
ဒါက သင့္ကေလးအတြက္ ေပ်ာ္စရာေကာင္းေစမွာပါ။
အဝတ္အစားတြဲထားတဲ့ပံုေလးေတြကို ႀကိဳတင္ရိုက္ထားပါ။ အဝတ္ပံုထဲက ဘယ္အကၤ်ီနဲ႔ ဘယ္ေဘာင္းဘီက လိုက္ဖက္မလဲဆိုတာကို သူတို႔ကို တြဲခိုင္းပါ။ ပ်င္းစရာေကာင္းတဲ့ ဒီေန႔စဥ္တာဝန္ေတြက စိတ္လႈပ္ရွားဖြယ္ ဂိမ္းေလးအျဖစ္ ေျပာင္းလဲသြားပါလိမ့္မယ္။
၁၁။ သူတို႔ရဲ႕ ေန႔စဥ္ပံုမွန္လုပ္ေနက်ကို သတိရေစဖို႔
မတူတဲ့ ခြက္ေလးေတြကို နံပါတ္တပ္ၿပီး သြားတိုက္ေဆး၊ သြားတိုက္တံ၊ မ်က္ႏွာသုတ္ပဝါႏွင့္ ဘီးေတြထည့္ထားေပးပါ။ ကေလးေတြဟာ တဆင့္ၿပီးတစ္ဆင့္ အစီအစဥ္တက် ျပဳလုပ္တတ္မွာ ျဖစ္သလို ဘယ္ေတာ့မွ ေမ့ေတာ့မွာမဟုတ္ပါဘူး။
၁၂။ သူတို႔သြားေတြကို မွန္မွန္တိုက္ေစဖို႔
သူတို႔ကစားေနတဲ့အခ်ိန္မွာ ကၽြမ္းက်င္မႈအသစ္ေတြကို သင္ေပးတာက ကေလးေတြအတြက္ ပိုလြယ္တယ္ဆိုတာ မိဘတိုင္းကသိၾကပါတယ္။ ဒါ့ေၾကာင့္ ပ်င္းစရာေကာင္းတဲ့ သြားသန္႔ရွင္းေရးျဖစ္စဥ္ကို စိတ္လႈပ္ရွားဖြယ္ ရွာပံုေတာ္အျဖစ္ ေျပာင္းလဲႏိုင္ပါတယ္။
အင္တာနက္ေပၚမွာ ပံုတစ္ပံုရွာပါ။ သို႔မဟုတ္ သြားတိုက္ျခင္းဇယားတစ္ခုကို သင္ကိုယ္တိုင္ဆြဲပါ။ ေရခ်ိဳးခန္းနံရံေပၚမွာ ခ်ိတ္ထားၿပီး အနီးအနားမွာ ေရာင္စံုမာကာတစ္ခ်ိဳ႕ထားပါ။ ကေလးကို သူတို႔သြားတိုက္တဲ့ အခ်ိန္တိုင္း ဒီဇယားအေရာင္ကို ေမးပါ။ မနက္ခင္းအတြက္ဆိုရင္ ေနပံုဆြဲၿပီး ၊ ညဘက္ဆိုရင္ လပံုဆြဲပါ။
ဒီနည္းလမ္းက ကေလးကို အေလ့အက်င့္သစ္တစ္ခု ရဖို႔ ကူညီပါလိမ့္မယ္။
၁၃။ အိမ္သန္႔ရွင္းေရး လုပ္တတ္ေစဖို႔
ကေလးေတြဟာ အိမ္ပတ္ဝန္းက်င္မွာ အရုပ္ေတြျပန္႔က်ဲေနတာကို ႏွစ္သက္ၾကပါတယ္။ ကေလးကစားႏိုင္မယ့္ ေနရာတစ္ခုကို ေရြးခ်ယ္ေပးပါ။ အေရာင္ေတာက္ေတာက္ တိတ္နဲ႔ အမွတ္အသားျပဳလုပ္ေပးပါ။ ကေလးကို စည္းကမ္းအသစ္ခ်ထားတဲ့အေၾကာင္း၊ ဘယ္အရုပ္မွ ဒီေနရာအျပင္ဘက္မွာ မထားသင့္ဘူးဆိုတာ ရွင္းျပပါ။
၁၄။ အခ်ိန္ဇယားတစ္ခု ကပ္ျခင္း
နာရီတစ္လံုးႏွင့္ ေရာင္စံုမာကာေတြက သင့္ကေလးကို အခ်ိန္စီမံခန္႔ခြဲမႈစြမ္းရည္မ်ား သင္ေပးႏိုင္ပါတယ္။ အိမ္စာအတြက္ 5-6 p.m၊ ညစာအတြက္ 6-7 p.m စသျဖင့္ မတူတဲ့ တာဝန္မ်ားကို အေရာင္ကြဲေလးေတြနဲ႔ ညြန္ျပေပးပါ။ ကေလးကို ဒီနည္းစနစ္ ရွင္းျပပါ။ အခ်ိန္ဇယားကပ္ဖို႔ သူတို႔ အတြက္ အမ်ားႀကီး လြယ္ကူပါလိမ့္မယ္။
Chit_MayMay
LM_Nandar
Source-brightside