သင့်ကလေးကို မိခင်နို့ ၆လတိုက်ကျွေးခြင်းက ဆီးချိုရောဂါ၏ အန္တရာယ်ကို ထက်ဝက်လျော့ချနိုင်

0
58
- Advertisement -

မိခင်နို့တိုက်ကျွေးခြင်းက ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုအတွက် အရေးကြီးသလိုပဲ မိခင်ရဲ့ကျန်းမာရေးအတွက်လည်း အကျိုးသက်ရောက်မှုရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းက အခြေခံအာဟာရများထက် ကျော်လွန်တာကြောင့် postpartm depression ရောဂါအန္တရာယ်ကဲ့သို့ မိခင်ရဲ့စိတ်ဖိစီးမှုကိုလည်း လျော့ချပေးပါတယ်။ လေ့လာမှုများက အချို့ကင်ဆာရောဂါအမျိုါ်အစားများရဲ့ အန္တရာယ်ကိုပါ လျော့နည်းစေတယ်လို့ ပြသကြပါတယ်။ ယခုနို့တိုက်ကျွေးခြင်းရဲ့ ကောင်းကျိုးများကို ထည့်ပေါင်းပြီး မကြာသေးခင်က လေ့လာမှုအရ သူတို့ရဲ့မွေးကင်းစကလေးတွေကို ၆လအထိ သို့မဟုတ် ကြာကြာတိုက်တဲ့ အမျိုးသမီးများဟာ ဆီးချိုရောဂါ ဖွံ့ဖြိုးမှု အန္တရာယ်ကို လျော့ကျကြောင်း တွေရှိခဲ့ပါတယ်။

အနည်းဆုံး ၆လအထိ မိခင်နို့ချိုတိုက်ကျွေးတဲ့အမျိုးသမီးတွေဟာ နို့မတိုက်တဲ့ အမျိုးသမီးနှင့် နှိုင်းစာလျှင် ဆီးချိုရောဂါ အမျိုးအစား၂ ဖွံ့ဖြိုးမှု အန္တရာယ်ကို ၄၇%လျော့ကျမှုရှိတယ်လို့ တွေ့ရှိချက်မှာ ပြသထားပါတယ်။

တွေ့ရှိချက်အသစ်မှာ နို့ချိုတိုက်ကျွေးခြင်းက မိခင်၏ ရင်သားနှင့် သားအိမ်ကင်ဆာအန္တရာယ်ကို လျော့ကျစေခြင်း အပါအဝင် သူတို့ရဲ့မျိုးရိုးစဉ်ဆက်နှင့် မိခင်အတွက်ပါ ကာကွယ်တဲ့ အကျိုးသက်ရောက်မှုရှိကြာင်း သက်သေအထောက်အထားများနှင့် ဖော်ပြထားပါတယ်။ သုတေသန၏ Kaiser Permanente Division မှ ဦးဆောင်သူ Erica P Gunderson က” နို့ချိုုတိုက်ကျွေးခြင်း ကြာမြင့်ချိန်နှင့် ဆီးချိုရောဂါဖွံ့ဖြိုးခြင်းအန္တရာယ် လျော့ကျမှုအကြား ခိုင်မာတဲ့ ချိတ်ဆက်မှုတစ်ခုကို ကျွန်တော်တို့တွေ့ခဲ့တယ်လို့” ဆိုပါတယ်။

အဆိုပါအဖွဲ့သည် လူကြီးလူငယ်များမှာ coronary artery ဖြစ်နိုင်တဲ့ အန္တရာယ်ကြီးထွားမှု (CARDIA)လေ့လာမှုနှင့် 1986 မှ 1985 ခုနှစ်အထိ အသက်18နှစ်မှ 30နှစ်အထိ အရွယ်ရောက် 5000ခန့်ကို စာရင်းသွင်းပြီး နှစ်30အတွင်း dataတွေကို ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။

Lifestyle_Myanmar

TB_Nandar

Source-Zeenews

Zawgyi Font

သင့္ကေလးကို မိခင္ႏို႔ ၆လတိုက္ေကၽြးျခင္းက ဆီးခ်ိဳေရာဂါ၏ အႏၱရာယ္ကို ထက္၀က္ေလ်ာ့ခ်ႏိုင္

မိခင္ႏို႔တိုက္ေကၽြးျခင္းက ကေလးတစ္ေယာက္ရဲ႕ ဖြံ႔ၿဖိဳးမႈအတြက္ အေရးႀကီးသလိုပဲ မိခင္ရဲ႕က်န္းမာေရးအတြက္လည္း အက်ိဳးသက္ေရာက္မႈရွိပါတယ္။ မိခင္ႏို႔တုိက္ေကၽြးျခင္းက အေျခခံအာဟာရမ်ားထက္ ေက်ာ္လြန္တာေၾကာင့္ postpartm depression ေရာဂါအႏၱရာယ္ကဲ့သို႔ မိခင္ရဲ႕စိတ္ဖိစီးမႈကိုလည္း ေလ်ာ့ခ်ေပးပါတယ္။ ေလ့လာမႈမ်ားက အခ်ိဳ႕ကင္ဆာေရာဂါအမ်ိဳၚအစားမ်ားရဲ႕ အႏၱရာယ္ကိုပါ ေလ်ာ့နည္းေစတယ္လို႔ ျပသၾကပါတယ္။ ယခုႏို႔တိုက္ေကၽြးျခငး္ရဲ႕ ေကာင္းက်ိဳးမ်ားကို ထည့္ေပါင္းၿပီး မၾကာေသးခင္က ေလ့လာမႈအရ သူတို႔ရဲ႕ေမြးကင္းစကေလးေတြကုိ ၆လအထိ သို႔မဟုတ္ ၾကာၾကာတိုက္တဲ့ အမ်ိဳးသမီးမ်ားဟာ ဆီးခ်ိဳေရာဂါ ဖြံ႔ၿဖိဳးမႈ အႏၱရာယ္ကို ေလ်ာ့က်ေၾကာင္း ေတြရွိခဲ့ပါတယ္။

အနည္းဆံုး ၆လအထိ မိခင္ႏို႔ခ်ိဳတိုက္ေကၽြးတဲ့အမ်ိဳးသမီးေတြဟာ ႏိို႔မတိုက္တဲ့ အမ်ိဳးသမီးႏွင့္ ႏိႈင္းစာလွ်င္္ ဆီးခ်ိဳေရာဂါ အမ်ိဳးအစား၂ ဖြံ႕ၿဖိဳးမႈ အႏၱရာယ္ကို ၄၇%ေလ်ာ့က်မႈရွိတယ္လို႔ ေတြ႕ရွိခ်က္မွာ ျပသထားပါတယ္။

ေတြ႕ရွိခ်က္အသစ္မွာ ႏို႔ခ်ိဳတိုက္ေကၽြးျခင္းက မိခင္၏ ရင္သားႏွင့္ သားအိမ္ကင္ဆာအႏၱရာယ္ကို ေလ်ာ့က်ေစျခင္း အပါအ၀င္ သူတို႔ရဲ႕မ်ိဳးရိုးစဥ္ဆက္ႏွင့္ မိခင္အတြက္ပါ ကာကြယ္တဲ့ အက်ိဳးသက္ေရာက္မႈရွိၾကာင္း သက္ေသအေထာက္အထားမ်ားႏွင့္ ေဖာ္ျပထားပါတယ္။ သုေတသန၏ Kaiser Permanente Division မွ ဦးေဆာင္သူ Erica P Gunderson က” ႏို႔ခ်ိုဳတိုက္ေကၽြးျခင္း ၾကာျမင့္ခ်ိန္ႏွင့္ ဆီးခ်ိဳေရာဂါဖြံ႕ၿဖိဳးျခင္းအႏၱရာယ္ ေလ်ာ့က်မႈအၾကား ခိုင္မာတဲ့ ခ်ိတ္ဆက္မႈတစ္ခုကို ကၽြန္ေတာ္တို႔ေတြ႕ခဲ့တယ္လို႔” ဆိုပါတယ္။

အဆိုပါအဖြဲ႔သည္ လူႀကီးလူငယ္မ်ားမွာ coronary artery ျဖစ္ႏိုင္တဲ့ အႏၱရာယ္ႀကီးထြားမႈ (CARDIA)ေလ့လာမႈႏွင့္ 1986 မွ 1985 ခုႏွစ္အထိ အသက္18ႏွစ္မွ 30ႏွစ္အထိ အရြယ္ေရာက္ 5000ခန္႔ကို စာရင္းသြင္းၿပီး ႏွစ္30အတြင္း dataေတြကို ခြဲျခမ္းစိတ္ျဖာခဲ့ပါတယ္။

Lifestyle_Myanmar

TB_Nandar

Source-Zeenews

LEAVE A REPLY

Please enter your comment!
Please enter your name here