သင့်ကလေးကို လမ်းပျောက်ခဲ့ရင် ဘာလုပ်ရမလဲဆိုတာကို သိစေဖို့ ဘယ်လိုသင်ပေးမလဲ?

0
52
- Advertisement -

ဘတိုင်းက ကလေးတွေ ပျောက်သွားခဲ့မယ်ဆိုရင် သူတို့ဘာလုပ်ရမလဲဆိုတာ ကလေးတွေကို သင်ပေးထားသင့်ပါတယ်။ မိဘတွေက သူတို့ကို လုံခြုံအောင် စောင့်ရှောက်ဖို့ သူတို့အနားမှာ အမြဲတမ်းမရှိနိုင်ပါဘူး။ ဒီနည်းလမ်းက သူတို့လေးတွေ လမ်းပျောက်သွားတာတို့၊ မိဘနဲ့ လမ်းကွဲသွားတာတို့၊ တစ်ယောက်ယောက်က သွေးဆောင်ခေါ်သွားတာတို့ဖြစ်ခဲ့ရင် သူတို့ပြုလုပ်နိုင်မယ့် အခြေခံကိစ္စလေးတွေ ဖြစ်ပါတယ်။

ကလေးတစ်ဦးပျောက်ခြင်းက မိဘတိုင်းရဲ့ အိမ်မက်ဆိုးတစ်ခုဖြစ်ပါတယ်။ သင့်ကလေးဟာ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် သူတို့ပျောက်ခဲ့ရင် ပြုလုပ်သင့်တဲ့ အရာတွေကို ပြောပြထားဖို့ အရေးကြီးပါတယ်။ ဒီလိုပြုလုပ်ခြင်းက သူတို့လေးတွေ ရင့်ကျက်လာမှာဖြစ်ပြီး ပိုပြီး လွတ်လပ်သူတွေ ဖြစ်လာစေဖို့ ထောက်ပံ့ပေးပါလိမ့်မယ်။

သင့်ကလေးဖြစ်စေ တူ၊ တူမ သို့မဟုတ် သင့်ရဲ့အိမ်နီးချင်းကလေးဖြစ်စေ ဘယ်ကလေးကိုမှ ပျောက်စေချင်မှာမဟုတ်ရင် ကိုယ့်နားကလူတွေပေါ်မှာ လွှမ်းမိုးမှုကောင်းတစ်ခု ရှိဖို့ အရေးကြီးပါတယ်။ သင့်မိသားစုနှင့်အတူ၊ သင့်မိတ်ဆွေကလေးငယ်တွေနဲ့အတူ မျှဝေနိုင်တဲ့ ကြိုတင်ကာကွယ်ရေး စံနှုန်းပြည့် နည်းလမ်းလေးတွေ ရှိပါတယ်။ဆရာတွေ၊ ကလေးထိန်းတွေ၊ အားကစားနည်းပြတွေနဲ့ ကလေးအတွက်တာဝန်ရှိတဲ့ ဘယ်သူမဆို အရေးပေါ်အစီအစဉ် ထားရှိသင့်ပါတယ်။ ဒါက ကလေးတစ်ယောက် ပျောက်ဆုံးမယ့် အန္တရာယ်များကို လျော့ချပေးနိုင်ပါတယ်။

- Advertisement -

အခြေခံလမ်းညွှန်ချက်တွေက ဘာဖြစ်မလဲ?

မိဘတိုင်းက ကိုယ့်ကလေး မိနစ်အနည်းငယ်လောက်တောင် ပျောက်ခဲ့ရင် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်သောကတွေနဲ့ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့်ကလေးတွေကို ဂရုစိုက်မှုပေးဖို့ လိုပါတယ်။
ဒါက ၃နှစ်နဲ့ ၅နှစ်ကြားကလေးတွေမှာ အဓိကပြဿနာတစ်ခုဖြစ်ပါတယ်။ သူတို့မှာ စူးစမ်းလိုစိတ်တွေ ရှိကြသလို၊ သွေးဆောင်ဖျားယောင်းခံရဖို့လည်း လွယ်ကူတာကြောင့် ဖြစ်ပါတယ်။

၁။ သူတို့ဘာလုပ်ရမယ်ဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြထားပါ

ဒီစကားပြောဆိုမှုကို အိမ်မှာထဲက ပြောပြထားသင့်ပါတယ်။ သင့်ကလေးဟာ တစ်ယောက်ယောက်နဲ့ အတူရှိရင်တောင် သူတို့ပျောက်ဆုံးခဲ့ရင် ဘာလုပ်ရမယ်ဆိုတာ မသိမဖြစ်သိထားသင့်ပါတယ်။ ဒါက သူတို့ကြောက်စေချင်လို့ မဟုတ်ပါဘူး။ ဒီညွန်ကြားချက်ကို ပြောတဲ့အခါ အေးဆေးတည်ငြိမ်စွာနဲ့ အပြုသဘောဖြစ်ရပါမယ်။ လူကြီးအနားကနေ ခွဲခွာပြီးမသွားဖို့နဲ့ စက္ကန့်အနည်းငယ်ဟာလည်း အလွယ်တကူ အာရုံထွေပြားနိုင်တယ်ဆိုတာ သူတို့ကို ရှင်းပြပေးနိုင်ပါတယ်။ သင့်ကလေးဟာ ညွန်ကြားချက်တွေကို လိုက်နာခြင်းဖြင့် သူတို့ပျောက်ဆုံးခဲ့ရင် သူတို့ကို ပြန်ရှာဖို့ ပိုမိုလွယ်ကူလိမ့်မယ်ဆိုတာ သူတို့နားလည်ထားသင့်ပါတယ်။

၂။ Safely အကူအညီတောင်းတတ်စေဖို့ သူတို့ကို သင်ပေးထားပါ

ကျွန်တော်တို့ဟာ ကလေးကို သူစိမ်းတွေနဲ့ စကားမပြောဖို့ အမြဲတမ်းပြောလေ့ရှိပါတယ်။ သို့သော်လည်း သူတို့ပျောက်သွားခဲ့ရင် သူတို့လုံခြုံစိတ်ချစွာ ချဉ်းကပ်နိုင်တဲ့ တစ်ယောက်ယောက်ကို ဘယ်လိုခွဲခြားသိမြင်ရမလဲဆိုတာ သူတို့သိဖို့ လိုအပ်ပါတယ်။
– ကလေးပါလာတဲ့ သူတစ်ယောက်ယောက်ကို ချဉ်းကပ်နိုင်တယ်ဆိုတာ သူတို့ကိုပြောပါ။
– ကလေးပါတဲ့သူကို မမြင်ရင် အမျိုးသမီးတစ်ယောက် သို့မဟုတ် လုံခြုံရေးအရာရှိတစ်ယောက်ကို ချဉ်းကပ်နိုငတယ်ဆိုတာ သင်ပေးပါ။
– အကူအညီတောင်းနိုင်အောင် သူတို့ရဲ့နာမည်အပြည့်အစုံ၊ မိဘနာမည်၊ တယ်လီဖုန်းနံပါတ်များကို ကလေးတွေ အလွတ်ရအောင် သင်ပေးထားရပါမယ်။

၃။ သူတို့ပျောက်သွားခဲ့ရင် တစ်နေရာထဲမှာနေဖို့ သူတို့ကို ပြောပြထားပါ

တခါတရံ ကလေးတစ်ယောက်ဟာ လမ်းပျောက်သွားခဲ့ရင် တစ်နေရာကနေ တစ်နေရာကို လျှောက်သွားခြင်းက အဆိုးရွားဆုံးအခြေအနေတစ်ခုဖြစ်ပါတယ်။အကောင်းဆုံးကတော့ သင်နောက်ဆုံးမြင်ခဲ့တဲ့ နေရာမှာသာနေဖို့ သူတို့ကို သင်ပေးထားဖို့ လိုပါတယ်။ သင်အိမ်ကထွက်တဲ့ အချိန်တည်းက သူတို့ကို သတိပေးထားသင့်ပါတယ်။ သူတို့ရှိတဲ့နေရာကို သင်လာပြီး ရှာလိမ့်မယ်လို့ သူတို့ကို အာမခံပေးပါ။သင့်ကလေးနားလည်ကြောင်း သေချာစေမယ့် အရိုးရှင်းဆုံးနည်းလမ်းတစ်ခုက သူတို့နှင့်အတူ လေ့ကျင့်ဖို့ ဖြစ်ပါတယ်။ သင်အပြင်ထွက်တဲ့အချိန် သူတို့ပျောက်ဆုံးခဲ့မယ်ဆိုရင် သူတို့လုပ်ပေးနိုင်လိမ့်မယ့် အရာတွေကို သူတို့ကိုမေးကြည့်ပါ။အောက်ပါမေးခွန်းများကိုလည်း သူတို့ကိုမေးနိုင်ပါတယ်။ ကလေးပါတဲ့သူတစ်ယောက်ယောက်ကို မမြင်ရင် သင်အကူအညီသွားတောင်းရမယ့်သူက ဘယ်သူလဲ?၊ လူကြီးတစ်ယောက် သင့်မိဘတွေကို ရှာဖို့ သူနဲ့အတူ လိုက်ခဲ့ဖို့ ခေါ်ရင် သင်ဘာလုပ်မလဲ? စတာတွေကို မေးနိုင်ပါတယ်။သင့်ကလေးဟာ ဘာလုပ်ရမလဲဆိုတာ အတိအကျသိတာကြောင့် သင့်ကိုယ်တိုင်စိတ်ချဖို့ ဒီလိုမေးခွန်းတွေကို လေ့ကျင့်ပါ။

နောက်ဆုံး အကြံပြုချက်များ

ယခင်လမ်းညွှန်ချက်များလိုပဲ သင့်လက်ကို အမြဲတမ်းကိုင်ပြီး လမ်းလျှောက်ဖို့ သင့်ကလေးကို တိုက်တွန်းတာကလည်း ပညာရှိနည်းတစ်ခုပါ။ သူတို့ရဲ့နာမည်၊ သင့်ရဲ့နာမည်၊ သင့်တယ်လီဖုန်းနံပါတ်တွေကို သူတို့အဝတ်အစားပေါ်မှာ တံဆိပ်အမှတ်အသား ပြုလုပ်တာကလည်း အိုင်ဒီယာကောင်း တစ်ခုပါပဲ။ သူတို့ရဲ့ information အားလုံးကို အလွတ်ကျက်ဖို့ အဆင်မပြေတဲ့ အရမ်းငယ်သေးတဲ့ကလေးတွေအတွက်တော့ အသေးစိတ်ရေးထားတဲ့ စက္ကူအပိုင်းအစတစ်ခုနှင့်တူ သူတို့ကို ပေးထားတာလည်း စိတ်ကူးကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ သူတို့ပျောက်သွားခဲ့ရင် လူကြီးတစ်ယောက်ယောက်ကို သူတို့ဒါကို ပြနိုင်ပါတယ်။ဒါ့အပြင် သင့်ကလေးကို နောက်ဆုံးပြန်တွေ့တဲ့အခါ သင်ဘာလုပ်ရမလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ သူတို့ကို စိတ်ဆိုးတာ၊ အော်ငေါက်တာက အရမ်းကို မမျှတပါဘူး။ သူတို့မှာ မိဘနဲ့မတွေ့လို့ ဝမ်းနည်းရသလို အဆူလည်းခံရမယ်ဆိုရင် စိတ်ဒဏ်ရာ ရနိုင်ပါတယ်။ ကလေးကို မဆူမငေါက်မိဖို့ သတိထားပါ။နောက်ဆုံးအနေနဲ့ သင် သူတို့ကို ရှာတွေတဲ့အချိန်အခိုက်အတန့်က သင် သူတို့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ပြသဖို့ အချိန်ကောင်းပါ။ သင်သူတို့ကို ရှာတွေ့ထဲ့တာ ဘယ်လောက်ပျော်လဲဆိုတာ ပြသရမယ့်အချိန်ပါ။ နောက်ပိုင်းအရာရာအားလုံး တည်ငြိမ်သွားတဲ့ အချိန်မှ သင်ဟာ ကလေးနဲ့အတူ အရာရာကို analyse လုပ်နိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-steptohealth

Zawgyi Font

သင့္ကေလးကို လမ္းေပ်ာက္ခဲ့ရင္ ဘာလုပ္ရမလဲဆိုတာကို သိေစဖို႔ ဘယ္လိုသင္ေပးမလဲ?

ဘတိုင္းက ကေလးေတြ ေပ်ာက္သြားခဲ့မယ္ဆိုရင္ သူတို႔ဘာလုပ္ရမလဲဆိုတာ ကေလးေတြကို သင္ေပးထားသင့္ပါတယ္။ မိဘေတြက သူတို႔ကို လံုၿခံဳေအာင္ ေစာင့္ေရွာက္ဖို႔ သူတို႔အနားမွာ အၿမဲတမ္းမရွိႏိုင္ပါဘူး။ ဒီနည္းလမ္းက သူတို႔ေလးေတြ လမ္းေပ်ာက္သြားတာတို႔၊ မိဘနဲ႔ လမ္းကြဲသြားတာတို႔၊ တစ္ေယာက္ေယာက္က ေသြးေဆာင္ေခၚသြားတာတို႔ျဖစ္ခဲ့ရင္ သူတို႔ျပဳလုပ္ႏိုင္မယ့္ အေျခခံကိစၥေလးေတြ ျဖစ္ပါတယ္။

ကေလးတစ္ဦးေပ်ာက္ျခင္းက မိဘတိုင္းရဲ႕ အိမ္မက္ဆိုးတစ္ခုျဖစ္ပါတယ္။ သင့္ကေလးဟာ ဘယ္အသက္အရြယ္ပဲျဖစ္ျဖစ္ သူတို႔ေပ်ာက္ခဲ့ရင္ ျပဳလုပ္သင့္တဲ့ အရာေတြကို ေျပာျပထားဖို႔ အေရးႀကီးပါတယ္။ ဒီလိုျပဳလုပ္ျခင္းက သူတို႔ေလးေတြ ရင့္က်က္လာမွာျဖစ္ၿပီး ပိုၿပီး လြတ္လပ္သူေတြ ျဖစ္လာေစဖို႔ ေထာက္ပံ့ေပးပါလိမ့္မယ္။

သင့္ကေလးျဖစ္ေစ တူ၊ တူမ သို႔မဟုတ္ သင့္ရဲ႕အိမ္နီးခ်င္းကေလးျဖစ္ေစ ဘယ္ကေလးကိုမွ ေပ်ာက္ေစခ်င္မွာမဟုုတ္ရင္ ကိုယ့္နားကလူေတြေပၚမွာ လႊမ္းမိုးမႈေကာင္းတစ္ခု ရွိဖို႔ အေရးႀကီးပါတယ္။ သင့္မိသားစုႏွင့္အတူ၊ သင့္မိတ္ေဆြကေလးငယ္ေတြနဲ႔အတူ မွ်ေဝႏိုင္တဲ့ ႀကိဳတင္ကာကြယ္ေရး စံႏႈန္းျပည့္ နည္းလမ္းေလးေတြ ရွိပါတယ္။ ဆရာေတြ၊ ကေလးထိန္းေတြ၊ အားကစားနည္းျပေတြနဲ႔ ကေလးအတြက္တာဝန္ရွိတဲ့ ဘယ္သူမဆို အေရးေပၚအစီအစဥ္ ထားရွိသင့္ပါတယ္။ ဒါက ကေလးတစ္ေယာက္ ေပ်ာက္ဆံုးမယ့္ အႏၱရာယ္မ်ားကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

အေျခခံလမ္းညႊန္ခ်က္ေတြက ဘာျဖစ္မလဲ?

မိဘတိုင္းက ကိုယ့္ကေလး မိနစ္အနည္းငယ္ေလာက္ေတာင္ ေပ်ာက္ခဲ့ရင္ စိတ္ဖိစီးမႈေတြ၊ စိုးရိမ္ေသာကေတြနဲ႔ ခံစားရႏိုင္ပါတယ္။ ဒါ့ေၾကာင့္ကေလးေတြကို ဂရုစိုက္မႈေပးဖို႔ လိုပါတယ္။
ဒါက ၃ႏွစ္နဲ႔ ၅ႏွစ္ၾကားကေလးေတြမွာ အဓိကျပႆနာတစ္ခုျဖစ္ပါတယ္။ သူတို႔မွာ စူးစမ္းလိုစိတ္ေတြ ရွိၾကသလို၊ ေသြးေဆာင္ဖ်ားေယာင္းခံရဖို႔လည္း လြယ္ကူတာေၾကာင့္ ျဖစ္ပါတယ္။

၁။ သူတို႔ဘာလုပ္ရမယ္ဆိုတာနဲ႔ ပတ္သတ္ၿပီး ေျပာျပထားပါ

ဒီစကားေျပာဆိုမႈကို အိမ္မွာထဲက ေျပာျပထားသင့္ပါတယ္။ သင့္ကေလးဟာ တစ္ေယာက္ေယာက္နဲ႔ အတူရွိရင္ေတာင္ သူတို႔ေပ်ာက္ဆံုးခဲ့ရင္ ဘာလုပ္ရမယ္ဆိုတာ မသိမျဖစ္သိထားသင့္ပါတယ္။ ဒါက သူတို႔ေၾကာက္ေစခ်င္လုိ႔ မဟုတ္ပါဘူး။ ဒီညြန္ၾကားခ်က္ကို ေျပာတဲ့အခါ ေအးေဆးတည္ၿငိမ္စြာနဲ႔ အျပဳသေဘာျဖစ္ရပါမယ္။ လူႀကီးအနားကေန ခြဲခြာၿပီးမသြားဖို႔နဲ႔ စကၠန္႔အနည္းငယ္ဟာလည္း အလြယ္တကူ အာရံုေထြျပားႏိုင္တယ္ဆိုတာ သူတို႔ကို ရွင္းျပေပးႏိုင္ပါတယ္။ သင့္ကေလးဟာ ညြန္ၾကားခ်က္ေတြကို လုိက္နာျခင္းျဖင့္ သူတို႔ေပ်ာက္ဆံုးခဲ့ရင္ သူတို႔ကို ျပန္ရွာဖို႔ ပိုမိုလြယ္ကူလိမ့္မယ္ဆိုတာ သူတို႔နားလည္ထားသင့္ပါတယ္။

၂။ Safely အကူအညီေတာင္းတတ္ေစဖို႔ သူတို႔ကို သင္ေပးထားပါ

ကၽြန္ေတာ္တို႔ဟာ ကေလးကို သူစိမ္းေတြနဲ႔ စကားမေျပာဖို႔ အၿမဲတမ္းေျပာေလ့ရွိပါတယ္။ သို႔ေသာ္လည္း သူတို႔ေပ်ာက္သြားခဲ့ရင္ သူတို႔လံုၿခံဳစိတ္ခ်စြာ ခ်ဥ္းကပ္ႏိုင္တဲ့ တစ္ေယာက္ေယာက္ကို ဘယ္လိုခြဲျခားသိျမင္ရမလဲဆိုတာ သူတို႔သိဖို႔ လိုအပ္ပါတယ္။
– ကေလးပါလာတဲ့ သူတစ္ေယာက္ေယာက္ကို ခ်ဥ္းကပ္ႏိုင္တယ္ဆိုတာ သူတို႔ကိုေျပာပါ။
– ကေလးပါတဲ့သူကို မျမင္ရင္ အမ်ိဳးသမီးတစ္ေယာက္ သို႔မဟုတ္ လံုၿခံဳေရးအရာရွိတစ္ေယာက္ကို ခ်ဥ္းကပ္ႏို္ငတယ္ဆိုတာ သင္ေပးပါ။
– အကူအညီေတာင္းႏိုင္ေအာင္ သူတို႔ရဲ႕နာမည္အျပည့္အစံု၊ မိဘနာမည္၊ တယ္လီဖုန္းနံပါတ္မ်ားကို ကေလးေတြ အလြတ္ရေအာင္ သင္ေပးထားရပါမယ္။

၃။ သူတုိ႔ေပ်ာက္သြားခဲ့ရင္ တစ္ေနရာထဲမွာေနဖို႔ သူတို႔ကို ေျပာျပထားပါ

တခါတရံ ကေလးတစ္ေယာက္ဟာ လမ္းေပ်ာက္သြားခဲ့ရင္ တစ္ေနရာကေန တစ္ေနရာကို ေလွ်ာက္သြားျခင္းက အဆိုးရြားဆံုးအေျခအေနတစ္ခုျဖစ္ပါတယ္။အေကာင္းဆံုးကေတာ့ သင္ေနာက္ဆံုးျမင္ခဲ့တဲ့ ေနရာမွာသာေနဖို႔ သူတို႔ကို သင္ေပးထားဖို႔ လိုပါတယ္။ သင္အိမ္ကထြက္တဲ့ အခ်ိန္တည္းက သူတို႔ကို သတိေပးထားသင့္ပါတယ္။ သူတို႔ရွိတဲ့ေနရာကို သင္လာၿပီး ရွာလိမ့္မယ္လို႔ သူတို႔ကို အာမခံေပးပါ။သင့္ကေလးနားလည္ေၾကာင္း ေသခ်ာေစမယ့္ အရိုးရွင္းဆံုးနည္းလမ္းတစ္ခုက သူတို႔ႏွင့္အတူ ေလ့က်င့္ဖို႔ ျဖစ္ပါတယ္။ သင္အျပင္ထြက္တဲ့အခ်ိန္ သူတို႔ေပ်ာက္ဆံုးခဲ့မယ္ဆိုရင္ သူတို႔လုပ္ေပးႏိုင္လိမ့္မယ့္ အရာေတြကို သူတို႔ကိုေမးၾကည့္ပါ။ ေအာက္ပါေမးခြန္းမ်ားကိုလည္း သူတို႔ကိုေမးႏိုင္ပါတယ္။ ကေလးပါတဲ့သူတစ္ေယာက္ေယာက္ကို မျမင္ရင္ သင္အကူအညီသြားေတာင္းရမယ့္သူက ဘယ္သူလဲ?၊ လူႀကီးတစ္ေယာက္ သင့္မိဘေတြကို ရွာဖို႔ သူနဲ႔အတူ လိုက္ခဲ့ဖို႔ ေခၚရင္ သင္ဘာလုပ္မလဲ? စတာေတြကို ေမးႏိုင္ပါတယ္။
သင့္ကေလးဟာ ဘာလုပ္ရမလဲဆိုတာ အတိအက်သိတာေၾကာင့္ သင့္ကိုယ္တိုင္စိတ္ခ်ဖို႔ ဒီလိုေမးခြန္းေတြကို ေလ့က်င့္ပါ။

ေနာက္ဆံုး အႀကံျပဳခ်က္မ်ား

ယခင္လမ္းညႊန္ခ်က္မ်ားလိုပဲ သင့္လက္ကို အၿမဲတမ္းကိုင္ၿပီး လမ္းေလွ်ာက္ဖို႔ သင့္ကေလးကို တိုက္တြန္းတာကလည္း ပညာရွိနည္းတစ္ခုပါ။ သူတို႔ရဲ႕နာမည္၊ သင့္ရဲ႕နာမည္၊ သင့္တယ္လီဖုန္းနံပါတ္ေတြကို သူတို႔အဝတ္အစားေပၚမွာ တံဆိပ္အမွတ္အသား ျပဳလုပ္တာကလည္း အိုင္ဒီယာေကာင္း တစ္ခုပါပဲ။သူတို႔ရဲ႕ information အားလံုးကို အလြတ္က်က္ဖို႔ အဆင္မေျပတဲ့ အရမ္းငယ္ေသးတဲ့ကေလးေတြအတြက္ေတာ့ အေသးစိတ္ေရးထားတဲ့ စကၠဴအပိုင္းအစတစ္ခုႏွင့္တူ သူတို႔႔ကို ေပးထားတာလည္း စိတ္ကူးေကာင္းတစ္ခု ျဖစ္ႏိုင္ပါတယ္။ သူတုိ႔ေပ်ာက္သြားခဲ့ရင္ လူႀကီးတစ္ေယာက္ေယာက္ကို သူတို႔ဒါကို ျပႏိုင္ပါတယ္။ ဒါ့အျပင္ သင့္ကေလးကို ေနာက္ဆံုးျပန္ေတြ႕တဲ့အခါ သင္ဘာလုပ္ရမလဲဆိုတာ သိထားဖုိ႔ လိုအပ္ပါတယ္။ သူတို႔ကို စိတ္ဆိုးတာ၊ ေအာ္ေငါက္တာက အရမ္းကို မမွ်တပါဘူး။ သူတို႔မွာ မိဘနဲ႔မေတြ႕လို႔ ဝမ္းနည္းရသလို အဆူလညး္ခံရမယ္ဆိုရင္ စိတ္ဒဏ္ရာ ရႏိုင္ပါတယ္။ ကေလးကို မဆူမေငါက္မိဖို႔ သတိထားပါ။ ေနာက္ဆံုးအေနနဲ႔ သင္ သူတို႔ကို ရွာေတြတဲ့အခ်ိန္အခိုက္အတန္႔က သင္ သူတို႔ကို ဘယ္ေလာက္ခ်စ္တယ္ဆိုတာ ျပသဖို႔ အခ်ိန္ေကာင္းပါ။ သင္သူတို႔ကို ရွာေတြ႕ထဲ့တာ ဘယ္ေလာက္ေပ်ာ္လဲဆိုတာ ျပသရမယ့္အခ်ိန္ပါ။ ေနာက္ပိုင္းအရာရာအားလံုး တည္ၿငိမ္သြားတဲ့ အခ်ိန္မွ သင္ဟာ ကေလးနဲ႔အတူ အရာရာကို analyse လုပ္ႏိုင္ပါတယ္။

Chit_MayMay

LM_Nandar

Source-steptohealth

LEAVE A REPLY

Please enter your comment!
Please enter your name here