သင့်ကလေးကို သင်ပေးထားရမယ့် ဒီစကားလုံး( ၅)လုံးရဲ့ အရေးပါမှု

0
241
- Advertisement -

ကလေးတွေကို ပြုစုပျိုးထောင်ရတာ မလွယ်ကူပါဘူးနော်။ မိဘတိုင်းက ကိုယ့်ရဲ့သားသား/မီးမီးတွေကို မျှော်လင့်ချက်တွေ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေ အများကြီး ရှိကြပါတယ်။ ဒီမျှော်လင့်ချက်၊ လိုအပ်ဆန္ဒတွေအတွက် တခြားအရာတွေ သင်ပေးဖို့ မလိုပါဘူး။ ကလေးကို ယုံကြည်မှု၊ ခံစားမှု၊ နားလည်မှု၊ မျှဝေမှုနှင့် ချစ်ခြင်းမေတ္တာကို သင်ပေးပါ။ သူတို့ရဲ့ ဘဝမှာ ပွင့်လန်းဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ရှိလာပါလိမ့်မယ်။

မိဘတွေမှာလည်း အမှားတွေ လုပ်မိနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်ချမှတ်ထားတဲ့ မျှော်လင့်ချက်တွေနဲ့ မကိုက်ညီတာတောင် ရှိပါတယ်။ မိဘအများစုက ကိုယ့်သားသမီးရဲ့ လိုအပ်ချက်တွေကို တုံ့ပြန်မပေးနိုင်မှာ ကြောက်ကြပါတယ်။ ပြီးပြည့်စုံတဲ့ မိဘဆိုတာ မရှိပါဘူး။ မိဘကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် ကလေးကို ထောက်ပံ့မှုအရင်းအမြစ်နှင့် လမ်းညွှန်မှုကောင်းပေးဖို့ပဲ လိုပါတယ်။ ကလေးတွေရဲ့ ပြဿနာတိုင်းကို လိုက်ဖြေရှင်းပေးနေယုံမရပါဘူး။ တခါတရံမှာ ကလေးတွေကို သူတို့ကိုယ်တိုင် ဖြေရှင်းချက်ရှာနိုင်မယ့် နည်းလမ်းတွေ သင်ပေးတာက ပိုကောင်းပါတယ်။ ယနေ့မှာ ကလေးတိုင်း နားထောင်ဖို့ လိုအပ်တဲ့ အသင့်လျော်ဆုံးစကားလုံးလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ယုံကြည်မှု

- Advertisement -

သင့်ကလေးအပေါ် ယုံကြည်မှု ထားရှိခြင်းက ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လုံခြုံမှုအမြင် ဖွံ့ဖြိုးတိုးတတ်စေဖို့အတွက် မရှိမဖြစ် အရေးပါပါတယ်။ အရမ်းကာကွယ်ပေးလွန်းတာဟာ မကောင်းပါဘူး။ ဒီပုံစံက သူတို့ဘဝအားလုံးနီးပါးကို ထိန်းချုပ်ထားခြင်းဖြင့် သူတို့ရဲ့ကိုယ်ပိုင်သင်ယူမှု အတွေ့အကြုံများ မရရှိနိုင်စေဖို့ တားဆီးပေးပါတယ်။

“သားကို အမေယုံတယ်”ဆိုတဲ့ စကားတစ်ခွန်းက အစောပိုင်း အသက်အရွယ်မှာ သူတို့ကို တာဝန်ယူမှု သင်ပေးတာဖြစ်ပါတယ်။ ဒီနည်းလမ်းက သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ခြွင်းချက်မရှိသော အထောက်အပံ့ ဖြစ်ပါလိမ့်မယ်။

၂။ ခံစားမှု

“ကလေးတွေကို ပျော်စရာလုပ်ပြတဲ့အခါ သူတို့ဘယ်လိုခံစားရတယ်လို့ သင်ထင်ပါသလဲ?”

“သူတို့ကို ဆိုးဆိုးရွားရွား ပြုမှုဆက်ဆံတဲ့အခါ ဘယ်လိုခံစားရတယ်လို့ သင်ထင်ပါသလဲ?”

“ကိုယ့်အတွက်ကို တစ်ခုခုလုပ်တဲ့အခါ သင့်ရဲ့ကိုယ်ပိုင်ပျော်ရွင်မှုကို ခံစားရတယ်”

ဘဝဟာ ငါတို့လိုချင်တာနဲ့ ငါ့တို့မှာ မရှိတာတွေအကြောင်းကိုပဲ တွေးနေတာ မဟုတ်ပါဘူး။ ဒါ့ကြောင့် “စုဆောင်းထားတဲ့ အရာတွေ” အကြောင်းမဟုတ်ပါဘူး။ ကျွန်တော်တို့ မိသားစု သူငယ်ချင်းတွေ၊ အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ ပျော်မွေ့ခြင်း၊ ကျွန်တော်တို့ နေ့စဉ်လုပ်နေတဲ့ အရာတွေနှင့်အတူ ကောင်းသော ခံစားခြင်းအကြောင်းပါ။ ကလေးတွေဟာ ပျော်ရွင်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းနှင့်အတူ ဘဝကို အမြင့်ဆုံးအထိ ခံစားနိုင်ခြင်းရဲ့ အရေးကြီးမှုပေါ်မှာ သင်ယူရန် လိုပါတယ်။

၃။ နားလည်မှု

ကျွန်မတို့ ကလေးတွေဟာ အစောပိုင်းအသက်အရွယ်မှာ အခြားသူတွေကို နားလည်ခြင်းရဲ့အရေးပါပုံကို သင်ယူသင့်ပါတယ်။ ဉာဏ်ပညာက emotional intelligence နှင့်အတူ ဟန်ချက်ညီအောင်လုပ်ဖို့ အရေးကြီးပါတယ်။ ဘဝဆိုတာ text book ထဲက အတွေးအမြင်တွေကို နားလည်ခြင်း ၊ကဲ့သို့သော ပညာရေးဆိုင်ရာ သဘောတရားတွေကို နားလည်ခြင်းမျှသာ မဟုတ်ပါဘူး။ ကျွန်မတို့ ကလေးတွေကို ရှုပ်ထွေးသော စိတ်ခံစားမှုကမ္ဘာကို နားလည်အောင် လုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ ထို့အပြင် သူတို့ဘယ်လိုခံစားရတယ်ဆိုတာ ပြောဖို့နှင့် သူတို့ရဲ့ လိုအပ်ချက်တွေ၊ စိုးရိမ်မှုတွေကို ထုတ်ဖော်ဖို့ သင်ယူသင့်ပါတယ်။

၄။ မျှဝေမှု

မင်းရဲ့ ပျော်ရွင်မှုကို ဝေမျှပါ၊ သင့်ပတ်ဝန်းကျင်ရှိ လူတွေနဲ့ အပြုသဘောဆောင်သော ဆက်ဆံရေးကို တည်ဆောက်ပါ၊” ဒီအရေးကြီးတဲ့ အယူအဆတွေကို ကျွန်မတို့ကလေးတွေကို သင်ကြားပေးရင် သူတို့ကို အတ္တဆန်ခြင်း၊ မိမိကိုယ်ကိုသာ စဉ်းစားခြင်းနှင့် သူတို့ရဲ့ လိုအပ်ချက်တွေကို အခြားသူတွေထက် ဦးစားပေးခြင်းမှ ကာကွယ်ပါလိမ်မယ်။

မျှဝေဖို့ သင်ပေးလျှင် သူတို့ဟာ အခြားသူတွေနှင့်အတူ ပိုမိုရင်းနှီးသော ဆက်ဆံရေးရှိလာပြီး သူတို့ပိုမိုလုံခြုံပါလိမ့်မယ်။ မိတ်ဆွေကောင်းတွေရလာပါလိမ့်မယ်။

၅။ ချစ်ခြင်းမေတ္တာ

ပျော်ရွင်သော ကလေးတွေကို ပြုစုပျိုးထောင်နိုင်ဖို့ နှင့် သူတို့ပတ်ဝန်းကျင်ရှိသူတွေကို ချစ်တတ်လာဖို့ ၊ ဂရုစိုက်တတ်လာဖို့ သင်ပေးယုံသာက သားသားမီးမီးတွေကို မိမိကိုယ်ကို ချစ်တတ်ဖို့ သင်ပေးရန်လည်း အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို လေးစားမှုက ရင့်ကျက်မှုနှင့် လုံခြုံမှုအတွက် တကယ်အရေးပါပါတယ်။

မိမိကိုယ်ကို ချစ်ခြင်းနှင့် သူတပါးအား ချစ်ခြင်းမေတ္တာ ပြနိုင်ခြင်းက စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ထို့ကြောင့် ဒီစကားလုံးတွေကို သင့်ကလေးအား နေ့စဉ်သင်ကြားပေးဖို့ မတွန့်ဆုတ်ပါနဲ့။ ချစ်ခြင်း၊ ယုံကြည်မှု၊ နားလည်မှုနှင့် မျှဝေနိုင်ပုံကို သိခြင်းက သူတို့ကို ပျော်ရွှင်သော လူကြီးတွေ ဖြစ်လာစေဖို့ ခင်းပေးတဲ့ တံတားများ ဖြစ်ပါတယ်။

ကလေးတွေကို ပြုစုပျိုးထောင်ခြင်းက နေ့စဉ်စွန့်စားမှုဖြစ်ပြီး စိတ်ရှည်ခြင်း၊ မြှုပ်နှံခြင်း၊ ချစ်ခြင်းတို့ဖြင့် ချဉ်းကပ်သင့်ပါတယ်။ အမှားအယွင်းတွေ လုပ်မိမှာ မကြောက်ပါနဲ့ အကြံဉာဏ်ပေးခြင်း (သို့) ဥပမာတစ်ခုအနေဖြင့် လုပ်ဆောင်ခြင်းမှာ ဘယ်သူမှ မပြီးပြည့်စုံပါဘူး။ ” ငါတို့ကလေးတွေကို ငါတို့ချစ်တယ်၊ သူတို့လုပ်သမျှကို ငါတို့ပံ့ပိုးပေးရမယ်”ဆိုတာ သိဖို့အရေးကြီးပါတယ်။

Chit_MayMay

LM_Nandar

Source-steptohealth.

LEAVE A REPLY

Please enter your comment!
Please enter your name here