သင့်ကလေးကို သဘာဝအတိုင်း အင်္ဂလိပ်စာလေ့လာနိုင်ရန် အကြံပြုချက်များ

0
101
- Advertisement -

အင်္ဂလိပ်စာကို အိမ်မှာနေရင်း သဘာဝအတိုင်း လေ့လာလို့ရတယ်ဆိုတာ သင်သိပါသလား။
ဟုတ်ပါတယ်။ သင့်အင်္ဂလိပ်စာက သိပ်အကောင်းကြီး မဟုတ်ရင်တောင် ဖြစ်နိုင်ပါသေးတယ်။ သဒ္ဒါကိုတော့ နောက်ပိုင်းမှ ကျောင်းမှာ သင်ယူပေါ့။ မိဘတွေအနေနဲ့ ပထမဆုံးနဲ့ အရေးကြီးဆုံး လုပ်ပေးရမှာကတော့ မိမိတု့ိရဲ့ ကလေးကို ဘာသာစကားနဲ့ ထိတွေ့မှုများများရှိအောင် လုပ်ပေးပြီး သူတို့ကို စိတ်အားထက်သန်မှု ဖြစ်ပေါ်လာအောင် လုပ်ဖို့ ဖြစ်ပါတယ်။

ဒီအကြံပြုချက်တွေကတော့ သင့်ကလေးကို အင်္ဂလိပ်စကား ချက်ချင်းလက်ငင်းကြီး ပြောတတ်အောင် မလုပ်ပေးနိုင်ပါဘူး။ စိတ်ရှည်ရှည်ထားပေးလိုက်ပါ။ သူတို့အချိန်ကျလာရင် တဖြည်းဖြည်း ပြောတတ်လာမှာ ဖြစ်ပါတယ်။

၁။ ပုံမှန်လုပ်ရိုးလုပ်စဉ် သတ်မှတ်ထားပါ။
ကလေးတွေဆိုတာ အကျင့်အတိုင်း လုပ်တတ်တဲ့ သူတွေပါ။ သူတု့ိဘာလုပ်ရမယ်ဆိုတာ ကြိုသိထားရင် သူတို့်လုပ်ရတဲ့ အလုပ်အပေါ် သက်တောင့်သက်သာဖြစ်ပြီး ယုံကြည်မှုလည်း ရှိကြပါတယ်။ ဒါကြောင့် သူတို့လုပ်ဆောင်ရမယ့် အရာတွေကို နေ့စဉ်ပုံမှန် အချိန်တွေမှာလုပ်ဖို့ အစီအစဉ်ဆွဲပေးပါ။ ကျောင်းပြီးလို့ ပြန်လာရင် အင်္ဂလိပ်စာဂိမ်းကစားတာမျိုး ဒါမှမဟုတ် ညအိပ်ရာမဝင်ခင် အင်္ဂလိပ်ပုံပြင်စာအုပ်ဖတ်တာမျိုး ပုံမှန်လုပ်ပေးပါ။ ထပ်ခါထပ်ခါပြန်လုပ်ဖို့ အထူးလိုအပ်ပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်စကားကို အားထုတ်ပြောဆိုခြင်း မပြုနိုင်ခင်မှာ စကားလုံးတွေ၊ စကားပြောပုံစံတွေကို အကြိမ်များစွာ ကြားထားဖို့ အရင်လိုအပ်ပါတယ်။

- Advertisement -

သင့်ကလေးရဲ့ စိတ်ဝင်စားမှုကို နေ့စဉ်ထိန်းထားနိုင်ဖို့အတွက် အကြာကြီးလုပ်ရပြီး ပုံမှန်မဟုတ်တာတွေကို လုပ်ခိုင်းတာထက် အချိန်အနည်းငယ်ယူပြီး မကြာခဏလုပ်ရတဲ့ လှုပ်ရှားမှုမျိုးကို လုပ်ဆောင်ရင် ပိုကောင်းပါတယ်။ ငယ်လွန်းတဲ့ခလေးတွေအတွက်ကတော့ ၁၅ မိနစ်စာလောက်ဆိုရင် လုံလောက်ပါတယ်။ ကလေးအရွယ်ရောက်လာပြီး သူတို့ရဲ့ အာရုံစိုက်မှု ပိုများလာတာနဲ့အမျှ လေ့ကျင့်ခန်းအချိန်ကိုလည်း တဖြည်းဖြည်းချင်းစီ တိုးသွားပါ။

၂။ အပြန်အလှန် လုပ်ရတာမျိုးဖြစ်ပါစေ။
ကလေးတေးကဗျာ၊ အလင်္ကၤာတွေနဲ့ ကလေးစာအုပ်တွေဟာ အသက်ကြီးသွားတဲ့အထိ စိတ်ထဲမှာ စွဲမှတ်ပြီး ပါသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒါတွေဟာ ဖတ်ရင်းနဲ့ လှုပ်ရှားမှုတွေပါ တွဲလုပ်ရတဲ့ဟာတွေမို့ ဖြစ်ပါတယ်။ ကလေးတေးကဗျာတွေဟာ ကိုယ်လက်လှုပ်ရှားဟန်ပန်နဲ့ စကားလုံးတွေကို ပေါင်းစပ်ပြီး သီချင်းတွေကို အသက်သွင်းကာ သရုပ်ဆောင်ရပြီး၊ ကလေးစာအုပ်တွေဟာလည်း စိတ်ဝင်စားဖွယ် ပုံလှလှလေးတွေ၊ တောက်ပတဲ့ ရောင်စုံချယ်သမှုတွေနဲ့ အသက်ဝင်လှပါတယ်။

ဒါကြောင့် ဒီလိုမျိုးလိုက်ပြီး အပြန်အလှန်လှုပ်ရှားမှုလုပ်ရတဲ့ အရာမျိုးတွေကို ကလေးတွေရဲ့ အကြားစွမ်းရည်၊ စာဖတ်စွမ်းရည်ကို ဖွံ့ဖြိုးစေတဲ့ လှုပ်ရှားမှုလေ့ကျင့်ခန်းတွေမှာ ထည့်သွင်းအသုံးပြုဖို့ အားစိုက်ပါ။ သတိပြုရန်မှာ – ကလေးတွေဟာ ပျော်ရွှင်နေပြီဆိုရင် သဘာဝအတိုင်း အလွယ်တကူ သင်ယူ တတ်မြောက်သွားကြတယ် ဆိုတာ ဖြစ်ပါတယ်။

၃။ သဒ္ဒါကို နောက်ပိုင်းမှာ သင်ပေးပါ။
ကိုယ့်ကလေးတွေကို သဒ္ဒါစည်းမျဉ်းစည်းကမ်းတွေ အတိအကျလိုက်သင်ပေးနေစရာ မလိုပါဘူး။ ပျော်စရာလှုပ်ရှားမှုတွေကို အတူတူလုပ်ရင်း သင့်ကလေးက မကြာခဏပြောစကားတွေကို ကြားရင်း၊ သဒ္ဒါတည်ဆောက်ပုံတွေကိုပါ မသိမသာတတ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ အဲ့ဒါက သင့်ကလေး ကြီးပြင်းလာတဲ့အခါ အင်္ဂလိပ်စကားကို သဘာဝကျကျနဲ့ မှန်မှန်ကန်ကန်သုံးတတ်ဖို့ ကူညီပါလိမ့်မယ်။

၄။ နေ့စဉ်သုံးစကားပြော အခြေအနေတွေကို အသုံးပြုပါ။
အင်္ဂလိပ်စာကို အိမ်မှာဘဲ သင်ပေးရတာရဲ့ အကောင်းဆုံးအကြောင်းပြချက်ကတော့ နေ့စဉ်အိမ်မှာ ပြောဆိုသုံးနှုန်းတဲ့ စကားပြောအခြေအနေတွေကို အသုံးပြုနိုင်ပြီး အိမ်တွင်းရှိ တစ်ကယ့်အရာဝတ္ထုများကို အသုံးချကာ ဘာသာစကားကို သဘာဝကျကျနဲ့ တစ်ကယ့်လက်တွေ့ဆန်တဲ့ အခြေအနေမှာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။ ကလေးတွေကို အဝတ်အစား လဲပေးရင်း၊ ဝတ်ပေးရင်းနဲ့ (ဒါမှမဟုတ်အဝတ်လျှော်ဖို့ ပြင်ဆင်ရင်း) လုပ်လို့ရပါတယ်။ (ဥပမာ – “Let’s put on your blue socks.” အပြာရောင်ခြေအိပ်လေး ဝတ်လိုက်ရအောင်၊ “It’ Dad’s T-shirt.” ဒါဖေဖေ့တီရှပ် စသည်ဖြင့်ပေါ့။) ကလေးတွေရဲ့ အိပ်ခန်းကို သန့်ရှင်းရေးလုပ်ရင်းနဲ့လည်း ကလေးတွေအတွက် အရုပ်တွေ၊ ပရိဘောဂတွေနဲ့ ဆိုင်တဲ့စကားလုံးတွေကို လေ့ကျင့်ပေးနိုင်ပါတယ်။ (ဥပမာ- “Let’s put your teddy bear on the bed.” သား/သမီးရဲ့ ဝက်ဝံရုပ်လေးကို အိပ်ယာမှာတင်ထားရအောင်။ “Can you see your blue car? ကားအပြာလေးကို တွေ့လား။) စူပါးမားကက်ကိုသွားတဲ့အခါမျိုးမှာလည်း ဈေးဝယ်စာရင်းထဲက ပစ္စည်းအမည်တွေကို ကလေးကိုဖတ်ပြီး လိုက်ရှာခိုင်းတာမျိုး လုပ်ခိုင်းလို့ရပါတယ်။

မိဘတစ်ဦးအနေနဲ့ သင့်ကလေးကို အားပေးမှုတွေ၊ ချီးမွမ်းမှုတွေ အမြောက်အများလုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ လုပ်သမျှသင်ခန်းစာ၊ လှုပ်ရှားမှုတိုင်းကိုလည်း စိတ်ဝင်စားဖွယ်၊ ပျော်ရွှင်ဖွယ်ဖြစ်အောင် လုပ်ပေးဖို့ မမေ့ပါနဲ့။ ဘာကြောင့်လဲဆိုတော့ သင့်ဆီက ဘာသာစကားအတွက် အားတက်သရော စိတ်ပါဝင်စားမှုကို သင့်ကလေးက အတုယူပြီး အတတ်သင်မှာမို့လို့ ဖြစ်ပါတယ်။

Source_Britist_council

LM_Naung_Naung

Lifestyle_Myanmar

Zawgyi Font

သင့္ကေလးကို သဘာဝအတိုင္း အဂၤလိပ္စာေလ့လာႏိုင္ရန္ အၾကံျပဳခ်က္မ်ား

အဂၤလိပ္စာကုိ အိမ္မွာေနရင္း သဘာဝအတိုင္း ေလ့လာလုိ႔ရတယ္ဆုိတာ သင္သိပါသလား။
ဟုတ္ပါတယ္။ သင့္အဂၤလိ္ပ္စာက သိပ္အေကာင္းၾကီး မဟုတ္ရင္ေတာင္ ျဖစ္နုိင္ပါေသးတယ္။ သဒၵါကိုေတာ့ ေနာက္ပို္င္းမွ ေက်ာင္းမွာ သင္ယူေပါ့။ မိဘေတြအေနနဲ႔ ပထမဆံုးနဲ႔ အေရးၾကီးဆံုး လုပ္ေပးရမွာကေတာ့ မိမိတု႔ိရဲ့ ကေလးကုိ ဘာသာစကားနဲ႔ ထိေတြ႕မႈမ်ားမ်ားရွိေအာင္ လုပ္ေပးျပီး သူတို႔ကို စိတ္အားထက္သန္မႈ ျဖစ္ေပၚလာေအာင္ လုပ္ဖို႕ ျဖစ္ပါတယ္။

ဒီအၾကံျပဳခ်က္ေတြကေတာ့ သင့္ကေလးကို အဂၤလိပ္စကား ခ်က္ခ်င္းလက္ငင္းၾကီး ေျပာတတ္ေအာင္ မလုပ္ေပးႏိုင္ပါဘူး။ စိတ္ရွည္ရွည္ထားေပးလုိက္ပါ။ သူတုိ႔အခ်ိန္က်လာရင္ တျဖည္းျဖည္း ေျပာတတ္လာမွာ ျဖစ္ပါတယ္။

၁။ ပံုမွန္လုပ္ရိုးလုပ္စဥ္ သတ္မွတ္ထားပါ။
ကေလးေတြဆိုတာ အက်င့္အတုိင္း လုပ္တတ္တဲ့ သူေတြပါ။ သူတု႔ိဘာလုပ္ရမယ္ဆုိတာ ၾကိဳသိထားရင္ သူတို႔္လုပ္ရတဲ့ အလုပ္အေပၚ သက္ေတာင့္သက္သာျဖစ္ျပီး ယံုၾကည္မႈလည္း ရွိၾကပါတယ္။ ဒါေၾကာင့္ သူတုိ႔လုပ္ေဆာင္ရမယ့္ အရာေတြကို ေန႔စဥ္ပံုမွန္ အခ်ိန္ေတြမွာလုပ္ဖုိ႔ အစီအစဥ္ဆြဲေပးပါ။ ေက်ာင္းျပီးလုိ႔ ျပန္လာရင္ အဂၤလိပ္စာဂိမ္းကစားတာမ်ိဳး ဒါမွမဟုတ္ ညအိပ္ရာမဝင္ခင္ အဂၤလိ္ပ္ပံုုျပင္စာအုပ္ဖတ္တာမ်ိဳး ပံုမွန္လုပ္ေပးပါ။ ထပ္္ခါထပ္ခါျပန္လုပ္ဖုိ႔ အထူးလုိအပ္ပါတယ္။ ကေလးေတြဟာ သူတို႔ရဲ့ ကုိယ္ပိုင္စကားကုိ အားထုတ္ေျပာဆုိျခင္း မျပဳနုိင္ခင္မွာ စကားလံုးေတြ၊ စကားေျပာပံုစံေတြကို အၾကိမ္မ်ားစြာ ၾကားထားဖုိ႔ အရင္လုိအပ္ပါတယ္။

သင့္ကေလးရဲ့ စိတ္ဝင္စားမႈကို ေန႔စဥ္ထိန္းထားနုိ္င္ဖို႔အတြက္ အၾကာၾကီးလုပ္ရျပီး ပံုမွန္မဟုတ္တာေတြကို လုပ္ခုိင္းတာထက္ အခ်ိန္အနည္းငယ္ယူျပီး မၾကာခဏလုပ္ရတဲ့ လႈပ္ရွားမႈမ်ိဳးကို လုပ္ေဆာင္ရင္ ပုိေကာင္းပါတယ္။ ငယ္လြန္းတဲ့ခေလးေတြအတြက္ကေတာ့ ၁၅ မိနစ္စာေလာက္ဆုိ္ရင္ လံုေလာက္ပါတယ္။ ကေလးအရြယ္ေရာက္လာျပီး သူတုိ႔ရဲ့ အာရံုစိုက္မႈ ပိုမ်ားလာတာနဲ႔အမွ် ေလ့က်င့္ခန္းအခ်ိန္ကုိလည္း တျဖည္းျဖည္းခ်င္းစီ တုိးသြားပါ။

၂။ အျပန္အလွန္ လုပ္ရတာမ်ိဳးျဖစ္ပါေစ။
ကေလးေတးကဗ်ာ၊ အလကၤၤာေတြနဲ႔ ကေလးစာအုပ္ေတြဟာ အသက္ၾကီးသြားတဲ့အထိိ စိတ္ထဲမွာ စြဲမွတ္ျပီး ပါသြားပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အဲ့ဒါေတြဟာ ဖတ္ရင္းနဲ႔ လႈပ္ရွားမႈေတြပါ တြဲလုပ္ရတဲ့ဟာေတြမို႔ ျဖစ္ပါတယ္။ ကေလးေတးကဗ်ာေတြဟာ ကိုယ္လက္လႈပ္ရွားဟန္ပန္နဲ႔ စကားလုံးေတြကုိ ေပါင္းစပ္ျပီး သီခ်င္းေတြကို အသက္သြင္းကာ သရုပ္ေဆာင္ရျပီး၊ ကေလးစာအုပ္ေတြဟာလည္း စိတ္ဝင္စားဖြယ္ ပံုလွလွေလးေတြ၊ ေတာက္ပတဲ့ ေရာင္စံုခ်ယ္သမႈေတြနဲ႔ အသက္ဝင္လွပါတယ္။

ဒါေၾကာင့္ ဒီလုိမ်ိဳးလုိက္ျပီး အျပန္အလွန္လႈပ္ရွားမႈလုပ္ရတဲ့ အရာမ်ိဳးေတြကို ကေလးေတြရဲ့ အၾကားစြမ္းရည္၊ စာဖတ္စြမ္းရည္ကို ဖြံ႕ျဖိဳးေစတဲ့ လႈပ္ရွားမႈေလ့က်င့္ခန္းေတြမွာ ထည့္သြင္းအသံုးျပဳဖုိ႔ အားစုိက္ပါ။ သတိျပဳရန္မွာ – ကေလးေတြဟာ ေပ်ာ္ရႊင္ေနျပီဆုိရင္ သဘာဝအတို္င္း အလြယ္တကူ သင္ယူ တတ္ေျမာက္သြားၾကတယ္ ဆုိတာ ျဖစ္ပါတယ္။

၃။ သဒၵါကို ေနာက္ပို္င္းမွာ သင္ေပးပါ။
ကိုယ့္ကေလးေတြကို သဒၵါစည္းမ်ဥ္းစည္းကမ္းေတြ အတိအက်လုိက္သင္ေပးေနစရာ မလုိပါဘူး။ ေပ်ာ္စရာလႈပ္ရွားမႈေတြကို အတူတူလုပ္ရင္း သင့္ကေလးက မၾကာခဏေျပာစကားေတြကုိ ၾကားရင္း၊ သဒၵါတည္ေဆာက္ပံုေတြကိုပါ မသိမသာတတ္သြားမွာ ျဖစ္ပါတယ္။ ဒီလုိနဲ႔ အဲ့ဒါက သင့္ကေလး ၾကီးျပင္းလာတဲ့အခါ အဂၤလိပ္စကားကို သဘာဝက်က်နဲ႔ မွန္မွန္ကန္ကန္သံုးတတ္ဖုိ႔ ကူညီပါလိမ့္မယ္။

၄။ ေန႔စဥ္သံုးစကားေျပာ အေျခအေနေတြကို အသံုးျပဳပါ။
အဂၤလိပ္စာကုိ အိမ္မွာဘဲ သင္ေပးရတာရဲ့ အေကာင္းဆံုးအေၾကာင္းျပခ်က္ကေတာ့ ေန႔စဥ္အိမ္မွာ ေျပာဆုိသံုးနႈန္းတဲ့ စကားေျပာအေျခအေနေတြကို အသံုးျပဳနုိင္ျပီး အိမ္တြင္းရွိ တစ္ကယ့္အရာဝတၳဳမ်ားကို အသံုးခ်ကာ ဘာသာစကားကို သဘာဝက်က်နဲ႔ တစ္ကယ့္လက္ေတြ႕ဆန္တဲ့ အေျခအေနမွာ အသံုးခ်နိုိင္မွာ ျဖစ္ပါတယ္။ ကေလးေတြကို အဝတ္အစား လဲေပးရင္း၊ ဝတ္ေပးရင္းနဲ႔ (ဒါမွမဟုတ္အဝတ္ေလွ်ာ္ဖို႔ ျပင္ဆင္ရင္း) လုပ္လုိ႔ရပါတယ္။ (ဥပမာ – “Let’s put on your blue socks.” အျပာေရာင္ေျခအိပ္ေလး ဝတ္လိုက္ရေအာင္၊ “It’ Dad’s T-shirt.” ဒါေဖေဖ့တီရွပ္ စသည္ျဖင့္ေပါ့။) ကေလးေတြရဲ့ အိပ္ခန္းကို သန္႔ရွင္းေရးလုပ္ရင္းနဲ႔လည္း ကေလးေတြအတြက္ အရုပ္ေတြ၊ ပရိေဘာဂေတြနဲ႔ ဆုိင္တဲ့စကားလံုးေတြကို ေလ့က်င့္ေပးနုိင္ပါတယ္။ (ဥပမာ- “Let’s put your teddy bear on the bed.” သား/သမီးရဲ့ ဝက္ဝံရုပ္ေလးကို အိပ္ယာမွာတင္ထားရေအာင္။ “Can you see your blue car? ကားအျပာေလးကို ေတြ႕လား။) စူပါးမားကက္ကိုသြားတဲ့အခါမ်ိဳးမွာလည္း ေဈးဝယ္စာရင္းထဲက ပစၥည္းအမည္ေတြကို ကေလးကိုဖတ္ျပီး လုိက္ရွာခို္င္းတာမ်ိဳး လုပ္ခိုင္းလို႔ရပါတယ္။

မိဘတစ္ဦးအေနနဲ႔ သင့္ကေလးကို အားေပးမႈေတြ၊ ခ်ီးမြမ္းမႈေတြ အေျမာက္အမ်ားလုပ္ေပးရမယ့္ တာဝန္ရွိပါတယ္။ လုပ္သမွ်သင္ခန္းစာ၊ လႈပ္ရွားမႈတိုင္းကိုလည္း စိတ္ဝင္စားဖြယ္၊ ေပ်ာ္ရႊင္ဖြယ္ျဖစ္ေအာင္ လုပ္ေပးဖုိ႔ မေမ့ပါနဲ႔။ ဘာေၾကာင့္လဲဆုိေတာ့ သင့္ဆီက ဘာသာစကားအတြက္ အားတက္သေရာ စိတ္ပါဝင္စားမႈကို သင့္ကေလးက အတုယူျပီး အတတ္သင္မွာမုိ႔လုိ႔ ျဖစ္ပါတယ္။

Source_Britist_council

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here