ဟင်းသီးဟင်းရွက်တွေကို စားဖို့ ကလေးကို အားပေးအားမြှောက်ပြုရတာဟာ တခါတရံမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပါတယ်။ ဟင်းသီးဟင်းရွက်များက ကျန်းမာသော အစားအစာရဲ့ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် သင့်ကလေးကို ဟင်းသီးဟင်းရွက်ပိုစားဖို့ အလေ့အကျင့်လုပ်ပေးတာက အရေးပါပါတယ်။
ဟင်းသီးဟင်းရွက် စားသုံးခြင်း ကလေးတွေအတွက် ဘာ့ကြောင့်အရေးပါတာလဲ?
ဟင်းသီးဟင်းရွက်တွေက သင့်ကလေးကို စွမ်းအင်၊ ဗီတာမင်၊ အင်တီအောင့်ဆီဒင့်၊ အမျှင်ဓါတ်နဲ့ ရေကိုပေးပါတယ်။ သူတို့က သင့်ကလေးရဲ့ခန္ဓာကိုယ်ကို ရောဂါအမျိုးမျိုးကနေ ဆန့်ကျင်ကာကွယ်ပေးပါတယ်။
ကျန်းမာတဲ့ အစားအစာဆိုတာ တခြားအစားအစာအုပ်စုများကနေ အမျိုးမျိုးသောအစားအစာ တို့အပြင် ဟင်းသီးဟင်းရွက်အများကြီး စားသုံးခြင်းကို ဆိုလိုပါတယ်။ သြစတြေးလျအစားအသောက်လမ်းညွန်ချက်များက ၈နှစ်အောက် ကလေးငယ်များကို နေ့တိုင်း ဟင်းသီးဟင်းရွက် 2-4½ ကျွေးဖို့ အကြံပြုထားပါတယ်။ သင့်ကလေးဟာ ဟင်းသီးဟင်းရွက်ကို အလုံအလောက်ကျွေးဖို့ ခက်ခဲနေရင် ဘယ်လိုစားချင်အောင်ကျွေးရမလဲဆိုတာ အရေးကြီးပါတယ်။
၁။ ဟင်းသီးဟင်းရွက်များနှင့်အတူ ဥပမာကောင်းတစ်ခု သတ်မှတ်ပါ

သင့်ကလေးဟာ သင့်ဆီကနေ အစားအစာရွေးချယ်မှုအကြောင်း သိရှိလာတာကြောင့် သင့်ကလေးကို ဟင်းသီးဟင်းရွက်စားဖို့ အားပေးအားမြှောက်ပြုရမယ့် အကောင်းဆုံးနည်းလမ်းက သင်စားတာကို သူမြင်ပြီး သင်ကိုယ်တိုင်က ပျော်ရွင်နေတဲ့ပုံ၊ ကြိုက်နှစ်သက်တဲ့ပုံ ဖြစ်ရပါမယ်။ မိသားစုထမင်းဝိုင်းက ဟင်းသီးဟင်းရွက်စားခြင်း အပါအဝင် ကျန်းမာတဲ့ စားသောက်မှုအကြောင်းကို သင့်ကလေးအား သင်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်ကို အရသာရှိရှိ ကြော်ကျွေးတာ၊ သုတ်ကျွေးတာ ပြုလုပ်ပေးနိုင်ပါတယ်။
၂။ ဟင်းသီးဟင်းရွက်ကို မြည်းစမ်းတဲ့အနေနဲ့ ကျွေးပါ

ကလေးတွေဟာ ပထမဆုံး သူတို့မြည်းစမ်းကြည့်တဲ့အခါ ဟင်းသီးဟင်းရွက်ကို မကြိုက်ဘူးလို့ ပြောတတ်ကြပါတယ်။ ဒါကပုံမှန်ပါပဲ။ တခါမှမစားဖူးတဲ့ အသီးအရွက် ဆိုရင်လည်း မကြိုက်တတ်ကြပါဘူး။ ဒါ့ကြောင့် သူတို့ကို အစားစားချိန်မှာမြည်းစမ်းတဲ့အနေနဲ့ အနည်းငယ်စီ ထည့်ကျွေးပေးဖို့ လိုပါတယ်။သင့်ကလေးဟာ နောက်ဆုံးမှာ အသီးအရွက်နဲ့ပတ်သတ်ပြီး သူ့စိတ်ပြောင်းလဲကောင်း ပြောင်းလဲသွားပါလိမ့်မယ်။ တချို့ကလေးတွေဆိုရင် သူတို့လက်မခံခင် အစားအစာအသစ်ကို ၁၀ကြိမ်လောက် ကြိုးစားကျွေးကြည့်ဖို့ လိုပါတယ်။
၃။ သင့်ကလေးက အသီးအရွက်ကိုကြိုးစားပြီး စားတဲ့အခါ ချီးမွမ်းပေးပါ

ကလေးတွေဟာ ချီးမွမ်းပေးရင် ကျေနပ်ကြပါတယ်။ ဒါ့ကြောင့် ကလေးတွေ အသီးအရွက်စားနေရင် သားလေး/သမီးလေးက တော်လိုက်တာလို့ ချီးမွမ်းပေးရင် နောက်ထပ် ပိုပြီးစားလာပါလိမ့်မယ်။ အသီးအရွက်မစားလို့ အပြစ်ပေးတာဟာ သင့်ကလေးအတွက် အသီးအရွက်က မကောင်းတဲ့အရာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ သင့်ကလေးက စားဖို့ငြင်းဆန်နေရင် အတင်းမကျွေးပါနဲ့ ။နောက်တချိန်မှာ ပြန်ပြီး ကြိုးစားကြည့်နိုင်ပါတယ်။
၄။ ဟင်းသီးဟင်းရွက်ချက်တဲ့အခါ သင့်ကလေးကိုအတူတကွ ပူးပေါင်းပါဝင်ခွင့်ပေးပါ

သင့်ကလေးဟာ မိသားစုထမင်းဝိုင်းအတွက် ချက်ပြုတ်ခြင်းနှင့် ပြင်ဆင်ခြင်းမှာ ပါဝင်ခွင့်ရရင် ပျော်ရွင်ပါလိမ့်မယ်။ ဥပမာ- မချက်ခင်မှာ ကလေးကို ဟင်းသီးဟင်းရွက် ခြွေခိုင်းတာမျိုးက သင့်ကလေးကို အသီးအရွက် စားချင်စိတ် ပိုဖြစ်လာဖွယ် ရှိပါတယ်။
၅။ အသီးအရွက်ကို သရေစာအဖြစ် ကျွေးပေးပါ

အသီးအရွက်များကို သရေစာပြုလုပ်ပြီးကျွေးပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သရေစာမုန့်တွေကို ကန့်သတ်ပြီး သရေစာမုန့်အတွက် ဟင်းသီးဟင်းရွက်ကို အစားထိုးလျှင် သင့်ကလေးဟာ ဗိုက်ဆာလာတဲ့အခါ အသီးအရွက်ကို ပိုပြီးရွေးချယ်နိုင်ဖွယ် ရှိပါတယ်။ ရေခဲသေတ္တာထဲမှာ သခွားသီး၊ မုန်လာဥနီ ကဲ့သို့သော ဟင်းသီးဟင်းရွက်များကို လှလှပပလှီးဖြတ်ပုံဖော်ပြီး ဘူးထဲမှာ ထည့်ထားပေးပါ။ ဟင်းသီးဟင်းရွက်ကို သဘာဝ ဒိန်ချဉ်၊ ချိစ်တို့နှင့်လည်း တို့ပြီး ကျွေးနိုင်သလို မုန်လာဥနီဖျော်ရည်ကဲ့သို့ အသီးအရွက်ဖျော်ရည် ပြုလုပ်ပြီးလည်း ကျွေးနိုင်ပါတယ်။
၆။ အသီးအရွက်တွေကို ပုံဖော်ပြီးကျွေးပါ

အသီးအရွက်ကို ကလေးတွေကြိုက်နှစ်သက်မယ့် ပုံစံအမျိုးမျိုး၊ အရောင်စုံလေးတွေ၊ ပုံဖော်ပြုလုပ်ပြီးကျွေးတာက ကလေးအများစု စိတ်ဝင်စားတဲ့အရာဖြစ်ပါတယ်။ အသီးအရွက်စားရင်း ကလေးတွေ ပျော်ရွင်လာပါလိမ့်မယ်။ ပန်းဂေါ်ဖီတို့လို အသီးအရွက်တွေကို ရေနွေးဆူဆူနဲ့ပြုတ်ပြီးမှသာ ကျွေးတာကောင်းပါတယ်။
၇။ အသီးအရွက်ကို အခြားနည်းလမ်းဖြင့် ကျွေးပါ

သင့်ကလေး စားချင်လာအောင် အသီးအရွက်ကို ဟင်းချိုချက်ပေးတာဖြစ်ဖြစ် ကျွေးနိုင်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-raisingchildren.
Zawgyi Font
သင့္ကေလးကို ဟင္းသီးဟင္းရြက္ ပိုၿပီးစားဖို႔ ဘယ္လိုအားေပးမလဲ?

ဟင္းသီးဟင္းရြက္ေတြကို စားဖို႔ ကေလးကို အားေပးအားေျမွာက္ျပဳရတာဟာ တခါတရံမွာ စိန္ေခၚမႈတစ္ရပ္ျဖစ္ႏိုင္ပါတယ္။ ဟင္းသီးဟင္းရြက္မ်ားက က်န္းမာေသာ အစားအစာရဲ႕ အေရးပါေသာ အစိတ္အပိုင္းတစ္ခုျဖစ္တာေၾကာင့္ သင့္ကေလးကို ဟင္းသီးဟင္းရြက္ပိုစားဖို႔ အေလ့အက်င့္လုပ္ေပးတာက အေရးပါပါတယ္။
ဟင္းသီးဟင္းရြက္ စားသံုးျခင္း ကေလးေတြအတြက္ ဘာ့ေၾကာင့္အေရးပါတာလဲ?
ဟင္းသီးဟင္းရြက္ေတြက သင့္ကေလးကို စြမ္းအင္၊ ဗီတာမင္၊ အင္တီေအာင့္ဆီဒင့္၊ အမွ်င္ဓါတ္နဲ႔ ေရကိုေပးပါတယ္။ သူတို႔က သင့္ကေလးရဲ႕ခႏၶာကိုယ္ကို ေရာဂါအမ်ိဳးမ်ိဳးကေန ဆန္႔က်င္ကာကြယ္ေပးပါတယ္။
က်န္းမာတဲ့ အစားအစာဆိုတာ တျခားအစားအစာအုပ္စုမ်ားကေန အမ်ိဳးမ်ိဳးေသာအစားအစာ တို႔အျပင္ ဟင္းသီးဟင္းရြက္အမ်ားႀကီး စားသံုးျခင္းကို ဆိုလိုပါတယ္။ ၾသစေၾတးလ်အစားအေသာက္လမ္းညြန္ခ်က္မ်ားက ၈ႏွစ္ေအာက္ ကေလးငယ္မ်ားကို ေန႔တိုင္း ဟင္းသီးဟင္းရြက္ 2-4½ ေကၽြးဖို႔ အႀကံျပဳထားပါတယ္။ သင့္ကေလးဟာ ဟင္းသီးဟင္းရြက္ကို အလံုအေလာက္ေကၽြးဖို႔ ခက္ခဲေနရင္ ဘယ္လိုစားခ်င္ေအာင္ေကၽြးရမလဲဆိုတာ အေရးႀကီးပါတယ္။
၁။ ဟင္းသီးဟင္းရြက္မ်ားႏွင့္အတူ ဥပမာေကာင္းတစ္ခု သတ္မွတ္ပါ

သင့္ကေလးဟာ သင့္ဆီကေန အစားအစာေရြးခ်ယ္မႈအေၾကာင္း သိရွိလာတာေၾကာင့္ သင့္ကေလးကို ဟင္းသီးဟင္းရြက္စားဖို႔ အားေပးအားေျမွာက္ျပဳရမယ့္ အေကာင္းဆံုးနည္းလမ္းက သင္စားတာကို သူျမင္ၿပီး သင္ကိုယ္တုိင္က ေပ်ာ္ရြင္ေနတဲ့ပံု၊ ႀကိဳက္ႏွစ္သက္တဲ့ပံု ျဖစ္ရပါမယ္။ မိသားစုထမင္းဝိုင္းက ဟင္းသီးဟင္းရြက္စားျခင္း အပါအဝင္ က်န္းမာတဲ့ စားေသာက္မႈအေၾကာင္းကို သင့္ကေလးအား သင္ဖို႔ အေကာင္းဆံုးအခ်ိန္ျဖစ္ပါတယ္။ ဟင္းသီးဟင္းရြက္ကို အရသာရွိရွိ ေၾကာ္ေကၽြးတာ၊ သုတ္ေကၽြးတာ ျပဳလုပ္ေပးႏိုင္ပါတယ္။
၂။ ဟင္းသီးဟင္းရြက္ကို ျမည္းစမ္းတဲ့အေနနဲ႔ ေကၽြးပါ

ကေလးေတြဟာ ပထမဆံုး သူတို႔ျမည္းစမ္းၾကည့္တဲ့အခါ ဟင္းသီးဟင္းရြက္ကို မႀကိဳက္ဘူးလို႔ ေျပာတတ္ၾကပါတယ္။ ဒါကပံုမွန္ပါပဲ။ တခါမွမစားဖူးတဲ့ အသီးအရြက္ ဆိုရင္လည္း မႀကိဳက္တတ္ၾကပါဘူး။ ဒါ့ေၾကာင့္ သူတို႔ကို အစားစားခ်ိန္မွာျမည္းစမ္းတဲ့အေနနဲ႔ အနည္းငယ္စီ ထည့္ေကၽြးေပးဖို႔ လိုပါတယ္။
သင့္ကေလးဟာ ေနာက္ဆံုးမွာ အသီးအရြက္နဲ႔ပတ္သတ္ၿပီး သူ႔စိတ္ေျပာင္းလဲေကာင္း ေျပာင္းလဲသြားပါလိမ့္မယ္။ တခ်ိဳ႕ကေလးေတြဆိုရင္ သူတို႔လက္မခံခင္ အစားအစာအသစ္ကို ၁၀ႀကိမ္ေလာက္ ႀကိဳးစားေကၽြးၾကည့္ဖို႔ လိုပါတယ္။
၃။ သင့္ကေလးက အသီးအရြက္ကိုႀကိဳးစားၿပီး စားတဲ့အခါ ခ်ီးမြမ္းေပးပါ

ကေလးေတြဟာ ခ်ီးမြမ္းေပးရင္ ေက်နပ္ၾကပါတယ္။ ဒါ့ေၾကာင့္ ကေလးေတြ အသီးအရြက္စားေနရင္ သားေလး/သမီးေလးက ေတာ္လုိက္တာလို႔ ခ်ီးမြမ္းေပးရင္ ေနာက္ထပ္ ပိုၿပီးစားလာပါလိမ့္မယ္။ အသီးအရြက္မစားလို႔ အျပစ္ေပးတာဟာ သင့္ကေလးအတြက္ အသီးအရြက္က မေကာင္းတဲ့အရာတစ္ခုအျဖစ္ ေျပာင္းလဲသြားႏိုင္ပါတယ္။ သင့္ကေလးက စားဖို႔ျငင္းဆန္ေနရင္ အတင္းမေကၽြးပါနဲ႔ ။ေနာက္တခ်ိန္မွာ ျပန္ၿပီး ႀကိဳးစားၾကည့္ႏိုင္ပါတယ္။
၄။ ဟင္းသီးဟင္းရြက္ခ်က္တဲ့အခါ သင့္ကေလးကိုအတူတကြ ပူးေပါင္းပါဝင္ခြင့္ေပးပါ

သင့္ကေလးဟာ မိသားစုထမင္းဝိုင္းအတြက္ ခ်က္ျပဳတ္ျခင္းႏွင့္ ျပင္ဆင္ျခင္းမွာ ပါဝင္ခြင့္ရရင္ ေပ်ာ္ရြင္ပါလိမ့္မယ္။ ဥပမာ- မခ်က္ခင္မွာ ကေလးကို ဟင္းသီးဟင္းရြက္ ေျခြခိုင္းတာမ်ိဳးက သင့္ကေလးကို အသီးအရြက္ စားခ်င္စိတ္ ပိုျဖစ္လာဖြယ္ ရွိပါတယ္။
၅။ အသီးအရြက္ကို သေရစာအျဖစ္ ေကၽြးေပးပါ

အသီးအရြက္မ်ားကို သေရစာျပဳလုပ္ၿပီးေကၽြးပါ။ က်န္းမာေရးနဲ႔ မညီညြတ္တဲ့ သေရစာမုန္႔ေတြကို ကန္႔သတ္ၿပီး သေရစာမုန္႔အတြက္ ဟင္းသီးဟင္းရြက္ကို အစားထိုးလွ်င္ သင့္ကေလးဟာ ဗိုက္ဆာလာတဲ့အခါ အသီးအရြက္ကို ပိုၿပီးေရြးခ်ယ္ႏိုင္ဖြယ္ ရွိပါတယ္။
ေရခဲေသတၱာထဲမွာ သခြားသီး၊ မုန္လာဥနီ ကဲ့သို႔ေသာ ဟင္းသီးဟင္းရြက္မ်ားကို လွလွပပလွီးျဖတ္ပံုေဖာ္ၿပီး ဘူးထဲမွာ ထည့္ထားေပးပါ။
ဟင္းသီးဟင္းရြက္ကို သဘာဝ ဒိန္ခ်ဥ္၊ ခ်ိစ္တို႔ႏွင့္လည္း တို႔ၿပီး ေကၽြးႏိုင္သလို မုန္လာဥနီေဖ်ာ္ရည္ကဲ့သို႔ အသီးအရြက္ေဖ်ာ္ရည္ ျပဳလုပ္ၿပီးလည္း ေကၽြးႏိုင္ပါတယ္။
၆။ အသီးအရြက္ေတြကို ပံုေဖာ္ၿပီးေကၽြးပါ

အသီးအရြက္ကို ကေလးေတြႀကိဳက္ႏွစ္သက္မယ့္ ပံုစံအမ်ိဳးမ်ိဳး၊ အေရာင္စံုေလးေတြ၊ ပံုေဖာ္ျပဳလုပ္ၿပီးေကၽြးတာက ကေလးအမ်ားစု စိတ္ဝင္စားတဲ့အရာျဖစ္ပါတယ္။ အသီးအရြက္စားရင္း ကေလးေတြ ေပ်ာ္ရြင္လာပါလိမ့္မယ္။ ပန္းေဂၚဖီတို႔လုိ အသီးအရြက္ေတြကို ေရေႏြးဆူဆူနဲ႔ျပဳတ္ၿပီးမွသာ ေကၽြးတာေကာင္းပါတယ္။
၇။ အသီးအရြက္ကို အျခားနညး္လမ္းျဖင့္ ေကၽြးပါ

သင့္ကေလး စားခ်င္လာေအာင္ အသီးအရြက္ကို ဟင္းခ်ိဳခ်က္ေပးတာျဖစ္ျဖစ္ ေကၽြးႏိုင္ပါတယ္။
Lifestyle_Myanmar
LM_Nandar
Source-raisingchildren.