မိဘတစ်ယောက်ဖြစ်ရတာဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံး အလုပ်တစ်ခုပါ။ မိဘတစ်ယောက်ဖြစ်လာတာကြောင့် သင့်ကလေးရဲ့အနာဂတ်အတွက် တာဝန်ရှိလာပါတယ်။ မိဘတိုင်းက ကိုယ့်ကလေးကို ထက်မြတ်ပြီး သနားကြင်နာတတ်သူ ရိုးရိုးသားသားနှင့် အလုပ်ကြိုးစားသူ တစ်ယောက်အဖြစ် အရွယ်ရောက်ကြီးပြင်းချင်ကြပါတယ်။ သူတို့ငယ်ရွယ်တုန်းအချိန်မှာ သင်ကြားပေးခြင်းဖြင့် သင့်ကလေးမှာ ဒီလိုအရည်အချင်းတွေရှိလာစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေး အသက်၁၀နှစ် ရောက်တဲ့အချိန်မှာ သင်ကြားပေးဖို့ အကြောင်းအရာ ၁၀ခုကို မျှဝေပေးလိုက်ပါတယ်။
၁။ တခြားသူကို လေးစားပါ
သူတို့ရဲ့လိင်၊ အသက်၊ လူမျိုး ၊ဘာသာရေးအမြင်တွေနဲ့ မသက်ဆိုင်ဘဲ တခြားသူတွေအပေါ် လေးစားမှုထားခြင်းဟာ သင့်ကလေးဆည်းပူးသင့်တဲ့ အရေးပါသော အရည်အသွေးတစ်ခု ဖြစ်ပါတယ်။
၂။ အမှားလုပ်မိမှာ မကြောက်ပါနဲ့
သူ့ရဲ့အမှားနှင့် တခြားသူတွေရဲ့ အမှား နှစ်ခုစလုံးကို သင်ယူဖို့ သင့်ကလေးကို သင်ပေးပါ။ အောင်မြင်ခြင်းရှိသလို ကျရှုံးခြင်းဆိုတာလည်း ရှိတယ်ဆိုတာ သူတို့ကိုသင်ပေးပါ။ သူတို့ကျရှုံးတဲ့အခါ နောက်တဖန် ကြိုးစားကြည့်ဖို့ သတ္တိရှိသင့်ပါတယ်။
၃။ အသိပညာနှင့် အဆင့်အနည်းအများ
ကလေးက အတန်းထဲမှာ အဆင့်ကျသွားရင် တချို့မိဘတွေက ဆူပူကျိန်းမောင်းတတ်ပါတယ်။ အဆင့်ကျတာဟာ ကမ္ဘာကြီးအဆုံးသတ်သွားတာ မဟုတ်ပါဘူး။ သင့်ကလေးကို မှန်ကန်တဲ့ အသိပညာရရှိမှုနှင့် အဆင့်အနည်းအများမှာ ဘယ်ဟာက မှန်တယ်ဆိုတာ နားလည်သဘောပေါက်အောင် သင်ပေးပါ။
၄။ မိဘတွေက ရန်သူတွေမဟုတ်ပါဘူး
ကလေးကို ဆုံးမတဲ့အခါ အော်ဟစ်တာ၊ အချိန်ကြာမြင့်စွာ တစ်ပျစ်တောက်တောက် ပြောတာကို ရှောင်ပါ။ သူတို့ကိုယ်သူတို့ ယုံကြည်မှု တည်ဆောက်ပါစေ။ အချိန်မရွေး မေးခွန်းတွေ၊ ပြဿနာတွေ သင်က မေးလာနိုင်တယ်ဆိုတာ သူတို့သိသင့်ပါတယ်။ အဲ့ဒီအခါ သင်က သူတို့ကို ကူညီပေးရပါလိမ့်မယ်။
၅။ ကိုယ့်ကိုယ်ကိုယ် ရပ်တည်ပါ
လေးစားမှုနှင့် ပတ်သတ်ပြီး သင်ပေးတဲ့အခါ သူတို့ရဲ့ယုံကြည်ချက် သို့ ထင်မြင်ချက်တွေကို ခုခံပိုင်ခွင့် သူတို့မှာ ရှိတယ်ဆိုတာ သင့်ကလေးကို ပြောပြပါ။ တခြားသူတွေကို လေးစားမှုရှိခြင်းနှင့်အတူ သင်ကိုယ်သင် ရပ်တည်ခြင်းက အရေးပါကြောင်း သူတို့ကို နားလည်အောင် ကူညီပါ။
၆။ မေးခွန်းမေးပါ
သူတို့ တစ်ခုခုကို နားမလည်ခဲ့လျှင် မေးခွန်းတွေ မေးဖို့၊ စူးစမ်းလိုစိတ်မွေးဖို့ သင့်ကလေးကို သင်ပေးပါ။
၇။ နေမကောင်းရင် ဆရာကို ပြောဖို့ သင်ပေးပါ
သင့်ကလေးဟာ ကျန်းမာရေးက တခြားအဆင့်တွေ၊ ဆရာတစ်ယောက် စိတ်ဆိုးမှာတွေထက် ပိုမိုအရေးပါတယ်ဆိုတာ နားလည်သင့်ပါတယ်။ သူတို့ ကျန်းမာရေးပြဿနာနှင့် ပတ်သတ်ပြီး ဆရာကို ချဉ်းကပ်ဖို့ မကြောက်သင့်ပါဘူး။
Lifestyle_Myanmar
LM_Nandar
Zawgyi Font
သင့်ကလေးကို အသက် ၁၀နှစ်အရွယ်မှာ သင်ပေးနိုင်တဲ့ အရေးကြီးတဲ့အရာ ၇ခု
၁။ တခြားသူကို လေးစားပါ
၆။ မေးခွန်းမေးပါ
Lifestyle_Myanmar
LM_Nandar