သင့်ကလေးငယ်ရဲ့ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်နိုင်ဖို့အတွက် မိဘတိုင်းသိထားသင့်တဲ့ ပုံစံလေးမျိုး

0
151
- Advertisement -

ခံတွင်းသန့်ရှင်းရေးကောင်းကောင်းကို ထိန်းသိမ်းဖို့ဆိုတာဟာ ကလေးငယ်တွေရော၊ လူကြီးတွေပါ မလုပ်မနေလုပ်ရမယ့် ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ သွားပိုးစားတာ၊ သွားဖုံးရောဂါ၊ ခံတွင်းနံ့ဆိုးတာ စတဲ့ ပြဿနာတွေဟာ လူတိုင်းကြုံတွေ့လေ့ရှိတဲ့ သွားဘက်ဆိုင်ရာ ပြဿနာတစ်ချို့ဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူပေါင်းမြောက်မြားစွာဟာလည်း ပါးစပ်ကိုသေသေချာချာ သန့်ရှင်းရေးမလုပ်တဲ့အတွက်ကြောင့်လည်း ဒီလိုပြဿနာလေးတွေကို ခံစားနေရတာပါ။

အခုလို ခံတွင်းပြဿနာတွေကို ကာကွယ်နိုင်ဖို့ဟာ ငယ်ရွယ်စဥ်အချိန်ကတည်းက စတင်မှသာလျှင် အသက်ကြီးတဲ့အထိ အကျင့်ကောင်းအနေနဲ့ စွဲကပ်သွားမှာဖြစ်လို့ ကိုယ့်ကလေးရဲ့သွားလေးတွေ ပေါက်လာပြီဆိုကတည်းက အထူးသတိထားဖို့ လိုအပ်လာပါပြီ။

စစ်ဆေးပါ

- Advertisement -

အပတ်စဥ် (သို့မဟုတ်) လစဥ်ဖြစ်ဖြစ် သွားဆေးခန်းတွေခေါ်သွားပြီး သွားကိုစစ်ဆေးပေးခြင်းက သွားပိုးစားခြင်းတွေ ကင်းဝေးစေဖို့အတွက် လိုကိုလိုအပ်ပါတယ်။ သွားပိုးစားလာမှ ဆေးခန်းပြတာထက် သွားလေးစပေါက်လာပြီဆိုကတည်းက ဆရာဝန်ဆီခေါ်သွားသင့်ပါတယ်။ စောစောစီးစီး ကြိုတင်ကာကွယ်ထားခြင်းက ရေရှည်မှာပိုက်ဆံအများကြီးမကုန်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။

ကလေးရဲ့ပါးစပ်ကို နေ့စဥ်သန့်ရှင်းပါ

သွားမပေါက်သေးလည်းဘဲ ပါးစပ်ကိုနေ့တိုင်းမှန်မှန် သန့်ရှင်းရေးလုပ်ပေးပါ။ အစားအသောက်ကျွေးပြီးတိုင်း အဝတ်စိုလေးတစ်ခုကို လက်ညိုးမှာပတ်လိုက်ပြီး နူးညံ့တဲ့သွားဖုံးလေးတွေကို ညှင်ညှင်သာသာလေးပွတ်ပေးပါ။ သွားထွက်လာပြီဆိုတာနဲ့ ကလေးသုံးသွားပွတ်တံ၊ မပြင်းတဲ့သွားတိုက်ဆေးတို့ကို သုံးပြီးတော့ တစ်နေ့နှစ်ကြိမ်သွားတိုက်ပေးပါ။

အိပ်နေချိန်မှာ နို့ဘူးမတိုက်ပါနဲ့

အချိုရည်တွေ၊ နို့ဘူးတွေထည့်ထားတဲ့ နို့စို့ဘူးလေးတွေကို ကလေးအိပ်ခါနီးမှာ မသောက်ခိုင်းပါနဲ့။ သကြားတွေပါနေတဲ့ ဖျော်ရည်တွေကိုသောက်မိရင် သွားမှာကပ်နေလိမ့်မှာဖြစ်ပြီး ထိုကနေ သွားပိုးတွေစားလာနိုင်ပါတယ်။ ဒါကြောင့် ကလေးအိပ်ပျော်အောင် နို့ဘူးလေးပေးချင်တယ်ဆိုရင် အထဲမှာရေသာဖြည့်ထားလိုက်ပါ။ နောက်တစ်ခုက ဖြစ်နိုင်မယ်ဆိုရင် ချိုလိမ်လေးတောင်မပေးပါနဲ့။ အခုလိုချိုလိမ်အမြဲပေးပြီးအိပ်ခိုင်းခြင်းက အကျင့်ဖြစ်သွားပြီး သွားရဲ့ပုံစံကို ပြောင်းလဲသွားစေနိုင်ပါတယ်။

ချိုတဲ့အရသာနဲ့ ဆေးဝါးတွေကို အမြဲသတိထားပါ

ကလေးတွေအတွက် ထုတ်ထားတဲ့ဆေးဝါးတွေက များသောအားဖြင့် အရသာရှိပြီး သကြားတွေများတတ်ပါတယ်။ သောက်သုံးလိုက်မိသည့်အခါ သွားမှာကပ်သွားတတ်ပြီး သွားပိုးစားနိုင်ခြေကလည်း ပိုပြီးမြင့်တက်လာနိုင်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါ၊ နှလုံးရောဂါတို့လို နာတာရှည်ရောဂါတွေအတွက် ဆေးဝါးမှီဝဲနေရတဲ့ ကလေးငယ်တွေမှာ သွားပိုးစားနိုင်ခြေ မြင့်မားနိုင်လို့ ကလေးက ရေရှည်ဆေးကိုစွဲပြီးသောက်ရမယ်ဆိုရင် သွားဆရာဝန်တွေနဲ့ တိုင်ပင်ကြည့်ပါ။

#Chit_May_May

#Thinzar

Ref- timesofindia

LEAVE A REPLY

Please enter your comment!
Please enter your name here