သင့်ကလေးတွေကို ကစားစရာတွေအစား အတွေ့အကြုံတွေ ပေးတာက သူတို့ကို ဘာ့ကြောင့် ပိုပြီးစမတ်ကျ ပျော်ရွင်စေသလဲ?

0
205
- Advertisement -

မိဘများစွာက ကလေးတွေကို မွေးနေ့လိုနေ့မျိုးမှာ ကစားစရာအမျိုးမျိုးနှင့် အီလက်ထရောနစ် ပစ္စည်းအသစ်အဆန်းလေးတွေ အလွယ်တကူ ဝယ်ပေးလေ့ ရှိတတ်ကြပါတယ်။ ဒီလက်ဆောင်တွေက ကလေးတွေအတွက် ပျော်ရွှင်ယုံသက်သက်သာ ဖြစ်ပါလိမ့်မယ်။ များစွာသော လေ့လာမှုများအရ ကစားစရာများစွာဟာ ကလေးတွေကို စိတ်ရှုပ်ထွေးစေပြီး လွှမ်းမိုးနိုင်တဲ့အပြင် လူကြီးဘဝမှာ ပြဿနာများစွာကို ဖြစ်စေနိုင်တယ်လို့ တွေ့ရှိရပါတယ်။ ရေရှည်မှာ သင့်ကလေးတွေအတွက် အတွေ့အကြုံနှင့် အမှတ်တရလက်ဆောင်တွေဟာ ကစားစရာတွေနဲ့ gadget တွေထက် ဘာ့ကြောင့် ပိုကောင်းတာလဲဆိုတာ အတိအကျ ထောက်ပြချင်ပါတယ်။

၁။ ကစားစရာများလွန်းတာက ကလေးတွေကို လွှမ်းမိုးနိုင်ပါတယ်

လေ့လာမှုတစ်ခုအရ ကလေးငယ် ၂၄ယောက်အား ကစားစရာ ၃ခု၊ ၁၂ခုနှင့် ၂၁ခုကို ၁၀မိနစ်အတွင်း ကစားစေခဲ့ပါတယ်။ သုတေသီများက ကလေးတွေဟာ ကစားစရာ အရုပ်၃ခုနှင့်အတူ အချိန်ပိုကြာကြာ ကစားခဲ့ကြောင်းနှင့် ကလေးတွေဟာ ပျော်ရွင်ဖို့ အရုပ်အများကြီး မလိုအပ်ကြောင်း သက်သေပြခဲ့ပါတယ်။

ကစားစရာအရုပ်များလွန်းခြင်းက ကလေးရဲ့ အာရုံစူးစိုက်မှုကို လျော့ကျစေပြီး သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ဖွံ့ဖြိုးခွင့်မပေးပါဘူး။ နောက်ပိုင်းမှာ ကလေးတွေဟာ အာရုံစူးစိုက်လို့မရနိုင်တဲ့ ကလေးတွေဖြစ်လာပြီး ရွေးချယ်မှုတွေနဲ့ ကြုံလာတဲ့အခါ အပြင်းအထန်ကြိုးစားအားထုတ်ရနိုင်ပါတယ်။

၂။ ကစားစရာတွေဟာ မိဘနှင့် ကလေးအကြားက ဆက်သွယ်မှုကို လျော့နည်းစေပါတယ်

အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အောက်စ်ဖို့လေ့လာမှုအရ မိဘတွေက ကလေးတွေကို အချိန်မပေးနိုင်တဲ့အခါ ကစားစရာအရုပ်တွေ အများကြီး ပေးထားတတ်ကြပါတယ်၊ သုတေသနအရ ကလေးတွေဟာ မိဘတွေနှင့် မကြာခဏ အပြန်အလှန်ဆက်ဆံမှုရှိလျှင် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဖွံ့ဖြိုးတိုးတတ်မှုမှာ ပိုမျိုတိုးတတ်မှု ရှိတယ်လို့ ပြသထားပါတယ်။

စိတ်ပညာရှင်တစ်ဦးက ဒီဖော်ပြချက်ကို အပြည့်အဝသဘောတူပြီး မိဘနှင့် ကလေးရဲ့ ဆယ်သွယ်မှုကို ခိုင်မာစွာတည်ဆောက်ခြင််းဟာ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာနှင့် ဉာဏ်ရည်ကို လျင်မြန်စွာ တိုးပွားစေပါတယ်။ ၎င်းက သူတို့ရဲ့ စိတ်အခြေအနေနှင့် စွမ်းရည်တွေကို အကျိုးပြုပါတယ်။

ကစားစရာတွေထက် ပိုပျော်စရာကောင်းတဲ့ လက်ဆောင်အကြံဉာဏ်များ

၁။ Classes (သို့) special courses

သင့်ကလေးဟာ သီချင်းဆိုဖို့၊ ကဖို့ ၊ ပန်းချီဆွဲဖို့ (သို့) အားကစားကို နှစ်သက်ခြင်းရှိရင် ကလေးရဲ့ ဝါသနာကို ပစ်မှတ်ထားတဲ့ ဖျော်ဖြေရေးသင်တန်းတွေ ရှိပါတယ်။ သင့်ကလေးက ဘာကိုကြိုက်သလဲဆိုတာ သေချာမသိဘူးဆိုရင် စိတ်မပူပါနဲ့။ ရေရှည်တစ်ခုခုမလုပ်ခင် သင်စစ်ဆေးနိုင်တဲ့ အွန်လိုင်းသင်တန်းများစွာရှိပါတယ်။ ကလေးက ဘယ်လှုပ်ရှားမှုမျိုးကို နှစ်သက်သလဲဆိုတာကြည့်ပြီး သူတို့နှစ်သက်တဲ့ ဝါသနာအသစ်ကို ရှာဖွေဖို့ ကူညီပေးပါ။

၂။ နှစ်စဉ်အစဉ်အလာ

ကလေးရဲ့ မွေးနေ့အတွက် IPad ပေးမယ့်အစား Disneyland ကိုခေါ်သွားရင်ကော၊ ဒါက တစ်ကြိမ်တည်းသာ ဖြစ်ပုံရပေမယ့် မိသားစုတစ်စုအနေဖြင့် သင်ဖန်တီးမယ့် အမှတ်တရတွေကို မြင်ယောင်ကြည့်ပါ။ ခရီးစဉ်ကို နှစ်စဉ်နှစ်တိုင်း မျှော်လင့်နိုင်တဲ့ ခရီးစဉ်အစဉ်အလာလေး ဖြစ်စေနိုင်ပါတယ်။
မွေးနေ့ပွဲတစ်ခုဖြစ်ဖို့ မလိုပါဘူး။ အားလပ်ရက်အပန်းဖြေနေရာတစ်ခုကို ရွေးချယ်ပြီး နွေရာသီ (သို့) ဆောင်းရာသီမှာ ကလေးနှင့်အတူ နှစ်တိုင်းသွားဖို့ ကတိပြုပါ။ အခြားအမှတ်တရပစ္စည်းတွေနဲ့ ဓါတ်ပုံလေးတွေ ဖန်တီးနိုင်တာကို မြင်ယောင်ကြည့်ပါ။ ဒါက ကလေးနှင့် ထိတွေ့ဆက်ဆံဖို့ နည်းလမ်းတစ်ခုဖြစ်မှာ သေချာပါတယ်။

၃။ ပွဲလက်မှတ်တွေ

Disney world ကိုနှစ်စဉ်အတူတကွ ခရီးထွက်သလို ခမ်းနားကြီးကျယ်ဖို့ မလိုပါဘူး။ ကြီးမားသော သက်ရောက်မှုတစ်ခုနှင့်အတူ အလေ့အထသေးသေးလေးတွေကို ဖန်တီးနိုင်ပါတယ်။ သင်နှင့် သင့်ကလေးဟာ Local အားကစားအသင်းရဲ့ ပရိတ်သတ်တွေဖြစ်ရင် အားကစားပြိုင်ပွဲတွေ အတူတူသွားကြည့်လို့ရပါတယ်။

နောက်ထပ်ရွေးချယ်စရာတစ်ခုက ရုပ်ရှင်ဖြစ်ပါတယ်။ သူတို့အတွက်လည်း ပျော်စရာကောင်းပါတယ်။ စနေ၊တနင်္ဂနွေလိုနေ့မျိုးမှာ ရုပ်ရှင်ပြပေးတဲ့ အလေ့အကျင့်တစ်ခုလုပ်ပါ။ activity တစ်ခုတည်းနှင့် မချည်နှောင်လိုပါက ပြတိုက်တွေ၊ တိရစ္ဆာန်ရုံတွေရှိပါတယ်။ သူတို့ကို လိုက်ပို့ပေးပါ။

၄။ ရွာတွေဘက်ကို အတူတူသွားလေ့လာပါ

ကလေးနှင့်အတူ အချိန်ဖြုန်းဖို့ နောက်ထပ်နည်းလမ်းတစ်ခုက ဒေသန္တရ လေ့လာရေးခရီးထွက်ခြင်းပဲဖြစ်ပါတယ်။ ရွာတွေဘက်ကို လိုက်ပြခြင်းဖြင့် ကလေးဟာ ထမင်းဖြစ်လာဖို့အတွက် လူတွေ ဘယ်လိုကြိုးပမ်းရတယ်၊ ဘယ်လိုစိုက်ပျိုးရတယ် ဆိုတဲ့ ဗဟုသုတလေးတွေ သိလာပါလိမ့်မယ်။ ဒီအပတ်စဉ် ခရီးစဉ်များက သူတို့အတွက် အတွေ့အကြုံတွေ အများကြီးရလာနိုင်ပါတယ်။ ဒေသန္တရဗဟုသုတကို စူးစမ်လေ့လာခြင်းက ကျန်းမာစေနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source_brightside

LEAVE A REPLY

Please enter your comment!
Please enter your name here