အာလူးကြော်က ကလေးတွေကော ၊ လူငယ်တွေနှစ်သက်စွာ စားသုံးကြတဲ့ အစားအစားဖြစ်ပါတယ်။ သက်သက်လွတ်စားတဲ့ လူတွေအတွက်လည်း စားသုံးလို့ရမယ့် အာလူးဒိန်ခဲလုံးကြော် ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
အာလူး – အာလူးအရွယ်ကြီးကြီး ၃လုံးကိုပြုတ်ပြီးထောင်းထား
ပဲစိမ်းစေ့ – ခွက်တစ်ဝက်
ကြက်သွန်မြိတ်- ၁ပင် (အတုံးသေးသေးလေးတွေတုံးထားပါ။)
ခရမ်းချဉ်သီးဆော့စ် – စားပွဲတင်ဇွန်း ၁ဇွန်း
အရသာအတွက် ဆား
အရသာအတွက် ငရုတ်ကောင်းမှုန့်
ပြောင်းဖူးမှုန့် – စားပွဲတင်ဇွန်း၂ဇွန်း
ပေါင်မုန့်အစအနများ -၁ခွက်
ဒိန်ခဲ- အတုံးသေးသေးလေးတွေတုံးထားပါ
ကြော်ဖို့ဆီ + စားပွဲတင်ဇွန်း၁ဇွန်း
ပြုလုပ်နည်း
ဒယ်အိုးတစ်ခုထဲမှာ ဆီပူစားပွဲတင်ဇွန်း ၁ဇွန်းခန့်ထည့်ပါ။ လှီးထားတဲ့ ကြက်သွန်မြိတ်နဲ့ ပဲစေ့ကိုထည့်မွှေပါ။
အာလူးကို ကြိတ်ချေထားပါ။
ခရမ်းချဉ်သီးဆော့နဲ့အတူ ဆားနှင့်ငရုတ်ကောင်းကို ကောင်းစွာထည့်မွှေပြီး အရသာ မြည်းစမ်းကြည့်ပါ။
ထောင်းထားတဲ့ အာလူးကို ထည့်ပြီး ကောင်းမွန်စွာ ရောမွှေပေးပါ။ နည်းနည်းအရောင်ပြောင်းလာရင် မီးဖိုထဲကချပြီး အအေးခံထားပါ။
ကောင်းစွာမွှေပေးပါ။
အလုံးလေးတွေရဖို့ အအေးခံထားတဲ့ အာလူးတွေကို နည်းနည်းစီယူပြီးလုံးပါ။
ပြောင်းဖူးမှုန့်နှင့် ရေအချို့ကို ရောမွှေပြီးဖျော်ထားပေးပါ။ ပန်းကန်တစ်ခုထဲမှာ ပေါင်မုန့်အပိုင်းအစများကို ထည့်ပြီး အဆင်သင့်လုပ်ထားပါ။
အထဲမှာ လှီးထားတဲ့ ဒိန်ခဲတစ်ခုစီထည့်ပြီး မုန့်လုံးကဲ့သို့ လုံးပေးပါ။
ပြီးနောက် ခုနကလုံးထားတဲ့ အာလူးလုံးလေးတွေကို ပြောင်းဖူးမှုန့်ဖျော်ရည်ထဲ နှစ်ပြီး ပေါင်မုန့်အစအနများထဲမှာ လှိမ့်ပေးပါ။ အလုံးတိုင်းကို တူညီစွာပြုလုပ်ပေးပါ။
ဆီများများထည့်ထားတဲ့ ဒယ်အိုးကို အပူပေးပြီး အာလူးတွေကိုရွှေညိုရောင် ဖြစ်လာတဲ့အထိ အလုံးလေးတွေကို ကြော်ပေးပါ။
ပြီးနောက်ဆီစစ်ထားပြီး ခရမ်းချဉ်သီးဆော့စ်နဲ့ တို့ပြီး စားသုံးနိုင်ပါတယ်။
Chit_MayMay
Lifestyle_Myanmar
Zawgyi Font
သင့္ကေလးေတြ ႀကိဳက္ႏွစ္သက္လိမ့္မယ့္ အာလူး ဒိန္ခဲလုံးေၾကာ္နည္း
အာလူးေၾကာ္က ကေလးေတြေကာ ၊ လူငယ္ေတြႏွစ္သက္စြာ စားသံုးၾကတဲ့ အစားအစားျဖစ္ပါတယ္။ သက္သက္လြတ္စားတဲ့ လူေတြအတြက္လည္း စားသံုးလို႔ရမယ့္ အာလူးဒိန္ခဲလံုးေၾကာ္ ျပဳလုပ္နည္းကို ေဖာ္ျပေပးလိုက္ပါတယ္။
အာလူး – အာလူးအရြယ္ႀကီးႀကီး ၃လံုးကိုျပဳတ္ၿပီးေထာင္းထား
ပဲစိမ္းေစ့ – ခြက္တစ္၀က္
ၾကက္သြန္ၿမိတ္- ၁ပင္ (အတံုးေသးေသးေလးေတြတံုးထားပါ။)
ခရမ္းခ်ဥ္သီးေဆာ့စ္ – စားပြဲတင္ဇြန္း ၁ဇြန္း
အရသာအတြက္ ဆား
အရသာအတြက္ ငရုတ္ေကာင္းမႈန္႕
ေျပာင္းဖူးမႈန္႔ – စားပြဲတင္ဇြန္း၂ဇြန္း
ေပါင္မုန္႔အစအနမ်ား -၁ခြက္
ဒိန္ခဲ- အတံုးေသးေသးေလးေတြတံုးထားပါ
ေၾကာ္ဖို႔ဆီ + စားပြဲတင္ဇြန္း၁ဇြန္း
ျပဳလုပ္နည္း
ဒယ္အိုးတစ္ခုထဲမွာ ဆီပူစားပြဲတင္ဇြန္း ၁ဇြန္းခန္႔ထည့္ပါ။ လွီးထားတဲ့ ႀကက္သြန္ၿမိတ္နဲ႔ ပဲေစ့ကိုထည့္ေမႊပါ။
အာလူးကို ႀကိတ္ေခ်ထားပါ။
ခရမ္းခ်ဥ္သီးေဆာ့နဲ႔အတူ ဆားႏွင့္ငရုတ္ေကာင္းကို ေကာင္းစြာထည့္ေမႊၿပီး အရသာ ျမည္းစမ္းၾကည့့္ပါ။
ေထာင္းထားတဲ့ အာလူးကို ထည့္ၿပီး ေကာင္းမြန္စြာ ေရာေမႊေပးပါ။ နည္းနည္းအေရာင္ေျပာင္းလာရင္ မီးဖိုထဲကခ်ၿပီး အေအးခံထားပါ။
ေကာင္းစြာေမႊေပးပါ။
အလံုးေလးေတြရဖို႔ အေအးခံထားတဲ့ အာလူးေတြကို နည္းနည္းစီယူၿပီးလံုးပါ။
ေျပာင္းဖူးမႈန္႔ႏွင့္ ေရအခ်ိဳ႕ကို ေရာေမႊၿပီးေဖ်ာ္ထားေပးပါ။ ပန္းကန္တစ္ခုထဲမွာ ေပါင္မုန္႔အပိုင္းအစမ်ားကို ထည့္ၿပီး အဆင္သင့္လုပ္ထားပါ။
အထဲမွာ လွီးထားတဲ့ ဒိန္ခဲတစ္ခုစီထည့္ၿပီး မုန္႔လံုးကဲ့သို႔ လံုးေပးပါ။
ၿပီးေနာက္ ခုနကလုံးထားတဲ့ အာလူးလံုးေလးေတြကို ေျပာင္းဖူးမႈန္႔ေဖ်ာ္ရည္ထဲ ႏွစ္ၿပီး ေပါင္မုန္႔အစအနမ်ားထဲမွာ လွိမ့္ေပးပါ။ အလံုးတိုင္းကို တူညီစြာျပဳလုပ္ေပးပါ။
ဆီမ်ားမ်ားထည့္ထားတဲ့ ဒယ္အိုးကို အပူေပးၿပီး အာလူးေတြကိုေရႊညိဳေရာင္ ျဖစ္လာတဲ့အထိ အလံုးေလးေတြကို ေၾကာ္ေပးပါ။
ၿပီးေနာက္ဆီစစ္ထားၿပီး ခရမ္းခ်ဥ္သီးေဆာ့စ္နဲ႔ တို႔ၿပီး စားသံုးႏိုင္ပါတယ္။
Chit_MayMay
Lifestyle_Myanmar