သင့်ကလေးမှာ မတော်တဆ ခေါင်းထိခိုက်မှုဖြစ်ခဲ့လျှင် ဘာလုပ်သင့်သလဲ?

0
383
- Advertisement -

ငြိမ်ငြိမ်မနေတတ်တာ ကလေးတွေရဲ့ သဘာဝပါပဲ။ ကလေးဆိုတာ ဆော့ရင်း၊ ကစားရင်း ထိခိုက်မိတာတွေ ရှိနိုင်ပါတယ်။ မိဘတွေဟာ ကလေးတွေရဲ့ လှုပ်ရှားမှုတစ်ခုစီတိုင်းကို ထိန်းချုပ်လို့မရနိုင်တာကြောင့် သူတို့အတွက် အချို့အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ပါတယ်။ ဒီအရွယ်မှာ သူတို့ဘာသာသူတို့ ဆော့ရင်းထိခိုက်မိတာက ပုံမှန်ဖြစ်ပေမယ့် ဒါကိုဘယ်လိုရှောင်ရှားရမလဲဆိုတာ သင်သိသင့်ပါတယ်။

ကလေးတွေဟာ သဘာဝအားဖြင့် အပြစ်ကင်းစင်သူတွေဖြစ်ပါတယ်။ သူတို့ပတ်ဝန်းကျင်က အန္တရာယ်ကို သတိပြုမိမှာ မဟုတ်ပါဘူး။ သူတို့ဟာ အမြင့်တစ်ခုခုပေါ်သာ တတ်ချင်ကြတာ ကြမ်းပြင်ပေါ်က ကစားစရာကို မြင်မှာမဟုတ်ပါဘူး။ အများအားဖြင့် ပိုပြီးလွတ်လပ်တဲ့ကမ္ဘာကြီးကို စတင်ရှာဖွေတဲ့အချိန် ၆လကနေ ၄နှစ်အကြားကလေးတွေမှာ ဒီအန္တရာယ်ကို ကြုံရပါတယ်။ ပုံမှန်ပေါက်ပြဲယုံဆိုရင် စိုးရိမ်စရာမရှိပေမယ့် မာကျောတဲ့အရာတစ်ခုခုနှင့် ဦးခေါင်းကို ထိခိုက်မိခဲ့ရင် စိုးရိမ်စရာဖြစ်နိုင်ပါတယ်။ ဒီတော့ သင့်ရဲ့ကလေး ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာ ရခဲ့ရင် ဘယ်လို လုပ်ရမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။
သင့်ရဲ့အိမ်မှာ ဘယ်နေရာတွေက ကလေးတွေအတွက် အန္တရာယ်ဖြစ်စေလဲဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ ဒါမှသာ သင့်ကလေး လဲကျခြင်း၊ သူတို့ဘာသာသူတို့ ထိခိုက်မိခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
ကလေး ဦးခေါင်းထိခိုက်မိလျှင် ဘယ်လိုကူညီပေးလို့ရမလဲ?

သင့်ကလေးဟာ သူ့ဘာသာသူ ဘယ်လိုထိခိုက်မိလဲဆိုတာ သိရပါမယ်။ ဘယ်လိုစောင့်ရှောက်မှုအမျိုးအစားပေးရမလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။ မတော်တဆအများစုက သူတို့ထိခိုက်မိတဲ့နေရာမှာ နာကျင်မှု၊ ဒဏ်ရာနှင့် အညိုအမဲကဲ့သို့ သူတို့ခေါင်းပေါ်မှာ ပြင်ပဒဏ်ရာကိုသာ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီအဆင့်တွေက လိုက်နာဖို့ အရမ်းလွယ်ကူပါတယ်။
ပထမဆုံး သင့်ကလေးကို တိတ်ဆိတ်၊ ငြိမ်သက်တဲ့နေရာမှာ ထားပါ။
သူတို့ခေါင်းကို ပင့်ထားရင်း သူတို့ ထိခိုက်မိတဲ့ နေရာက ရောင်နေလျှင် ပုဝါတစ်ခုထဲ ရေခဲထုပ်ပြီး ကပ်ထားပေးပါ။
ပြီးနောက် သူတို့ အန်ခြင်းဖြစ်နိုင်ချေကို လျော့ချဖို့ ရေအနည်းငယ်တိုက်ပါ။ ဦးခေါင်းဒဏ်ရာ အပြင်းအထန် ထိခိုက်မိတဲ့သူတွေမှာတော့ ဆက်တိုက်အန်တာတွေ ဖြစ်နိုင်ပါတယ်။
အရေးကြီးဆုံးအရာက ကလေးကို ငြိမ်ငြိမ်နေစေဖို့ ဖြစ်ပါတယ်။ ထိခိုက်မှုရဲ့ပြင်းထန်မှုနှင့် အမျိုးအစားပေါ်မှုတည်ပြီး နောက်ထပ်နည်းလမ်းအချို့ကို သုံးနိုင်ပါတယ်။
ပြတ်ရှဒဏ်ရာတွေဆိုရင် ဘာလုပ်မလဲ?

- Advertisement -

သူတို့မှာ ပြတ်ရှဒဏ်ရာတွေ ရှိပါက ရေသန့်သန့်နှင့် ဒဏ်ရာကို ဆေးကြောပေးသင့်ပါတယ်။ မတော်တဆမှာ ကျိုးပဲ့သွားတဲ့ အရာဝတ္တုများရှိလျှင် ဒဏ်ရာမှာ အပိုင်းအစတွေ မကျန်ခဲ့စေဖို့ သေချာစစ်ဆေးပါ။ သွေးထွက်တာကို ရပ်တန့်ဖို့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်စိမ်ထားတဲ့ ပိတ်ကျဲစတစ်စကို အသုံးပြုပါ။ ပြတ်ရှဒဏ်ရာက နက်လျှင် ချုပ်ဖို့လိုအပ်တာကြောင့် ဆရာဝန်ဆီသို့ သွားသင့်ပါတယ်။
အညိုအမဲဖြစ်ရင် ဘာလုပ်မလဲ?
သင့်ကလေးမှာ အညိုအမဲဖြစ်လျှင် လုပ်ထုံးလုပ်နည်းကတော့ ရိုးရှင်းပေမယ့် အများကြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ညိုမဲနေတဲ့ နေရာကို ရေခဲကပ်တဲ့အခါ ဒဏ်ရာအရွယ်အစား ဒါမှမဟုတ် ရောင်ရမ်းခြင်းဟာ လျှော့ကျသွားသင့်ပါတယ်။ အရွယ်အစားနဲ့ ရောင်ရမ်းမှုက ပိုဆိုးလာပါက ဆရာဝန်ဆီကို သွားတာ အကောင်းဆုံးပါ။ ဒါမှသာ အဓိကပြဿနာတွေကို တားဆီးကူညီပေးပါလိမ့်မယ်။

စောင့်ကြည့်ရမယ့် လက္ခဏာများ
ခေါင်းကိုထိခိုက်မိတာက ကလေးတွေနဲ့ လူကြီးတွေအတွက် ဆိုးဝါးတဲ့ ဒဏ်ရာအများစုထဲက တစ်ခုဖြစ်ပါတယ်။ ဦးခေါင်းဟာ့ဦးနှောက်ရဲ့ အိမ်ဖြစ်တာကြောင့် သင့်ကလေး မတော်တဆဖြစ်ပြီးရင် (၄၈)နာရီ စောင့်ကြည့်ဖို့က အရေးကြီးပါတယ်။
သင်စောင့်ကြည့်သင့်တဲ့ လက္ခဏာတစ်ခုက ငိုက်မြည်းခြင်း ရှိ/မရှိ ဖြစ်ပါတယ်။ ကလေးကို မအိပ်စေနဲ့လို့ မဆိုလိုပါဘူး။ ကလေးရဲ့အိပ်ချိန်ဖြစ်လျှင် သူတို့ကို ပေးအိပ်ပါ။ မနိုးပါနဲ့။ သူတို့နိုးမှသာ ပုံမှန်လှုပ်ရှားမှုရှိလား/မရှိလားဆိုတာ စောင့်ကြည့်ပါ။
ပျို့အန်ခြင်း၊ အမြင်မှုန်ဝါးခြင်း ဒါမှမဟုတ် ဘယ်နေရာရောက်လို့ ရောက်နေမှန်းမသိတာတွေက စောင့်ကြည့်ရမယ့် တခြားလက္ခဏာများဖြစ်ပါတယ်။ ဒီအခြေအနေကို ဂရုတစိုက်နှင့် စောင့်ကြည့်သင့်ပါတယ်။
သူတို့မှာ ခေါင်းကိုက်တာတို့၊ ခြေဖျားလက်ဖျား ထုံတာတို့ ခံစားမိလျှင် စစ်ဆေးပါ။ ဒီလက္ခဏာတွေထဲက ဘယ်လက္ခဏာမဆို ပေါ်လာလျှင် ဆရာဝန်ဆီသွားပါ။ ဦးနှောက်ထိခိုက်မှု ဖြစ်နိုင်ချေရှိမရှိကို ဆရာဝန်စမ်းသပ်မှုပြုဖို့ လိုအပ်ပါတယ်။
နိဂုံး
သင့်ကလေးရဲ့ ယေဘုယျအခြေအနေက ပိုဆိုးလာလျှင် ဆေးရုံ/ဆေးခန်းသွားသင့်တယ်ဆိုတာ သတိပြုဖို့ အရေးကြီးပါတယ်။ ဒါက ချက်ချင်းဖြစ်ပျက်တာ၊ ဒါမှမဟုတ် မတော်တဆထိခိုက်မှုဖြစ်ပွားပြီး ၄၈နာရီအတွင်း ရှိမရှိဆိုတာ အလွန်အရေးပါပါတယ်။ သင့်ကလေးကို မတော်တဆမှုတွေက ကာကွယ်ဖို့ဆိုရင် သူတို့ကစားတဲ့ နေရာ ပတ်ဝန်းကျင်ကို ကြည့်သင့်ပါတယ်။ ကလေးနားမှာ အန္တရာယ်ဖြစ်စေမယ့် အရာတွေ မထားပါနဲ့။

Lifestyle_Myanmar

LM_Nandar

Source-steptohealth

Zawgyi Font

သင့္ကေလးမွာ မေတာ္တဆ ေခါင္းထိခုိက္မႈျဖစ္ခဲ့လွ်င္ ဘာလုပ္သင့္သလဲ?

ၿငိမ္ၿငိမ္မေနတတ္တာ ကေလးေတြရဲ႕ သဘာဝပါပဲ။ ကေလးဆိုတာ ေဆာ့ရင္း၊ ကစားရင္း ထိခိုက္မိတာေတြ ရွိႏိုင္ပါတယ္။ မိဘေတြဟာ ကေလးေတြရဲ႕ လႈပ္ရွားမႈတစ္ခုစီတိုင္းကို ထိန္းခ်ဳပ္လို႔မရႏိုင္တာေၾကာင့္ သူတို႔အတြက္ အခ်ိဳ႕အႏၱရာယ္မ်ားႏွင့္ ႀကံဳေတြ႕ရႏိုင္ပါတယ္။ ဒီအရြယ္မွာ သူတို႔ဘာသာသူတို႔ ေဆာ့ရငး္ထိခိုက္မိတာက ပံုမွန္ျဖစ္ေပမယ့္ ဒါကိုဘယ္လိုေရွာင္ရွားရမလဲဆိုတာ သင္သိသင့္ပါတယ္။

ကေလးေတြဟာ သဘာဝအားျဖင့္ အျပစ္ကင္းစင္သူေတြျဖစ္ပါတယ္။ သူတို႔ပတ္ဝန္းက်င္က အႏၱရာယ္ကို သတိျပဳမိမွာ မဟုတ္ပါဘူး။ သူတို႔ဟာ အျမင့္တစ္ခုခုေပၚသာ တတ္ခ်င္ၾကတာ ၾကမ္းျပင္ေပၚက ကစားစရာကို ျမင္မွာမဟုတ္ပါဘူး။ အမ်ားအားျဖင့္ ပိုၿပီးလြတ္လပ္တဲ့ကမာၻႀကီးကို စတင္ရွာေဖြတဲ့အခ်ိန္ ၆လကေန ၄ႏွစ္အၾကားကေလးေတြမွာ ဒီအႏၱရာယ္ကို ႀကံဳရပါတယ္။ ပံုမွန္ေပါက္ၿပဲယံုဆိုရင္ စိုးရိမ္စရာမရွိေပမယ့္ မာေက်ာတဲ့အရာတစ္ခုခုႏွင့္ ဦးေခါင္းကို ထိခုိက္မိခဲ့ရင္ စိုးရိမ္စရာျဖစ္ႏိုင္ပါတယ္။ ဒီေတာ့ သင့္ရဲ႕ကေလး ဦးေခါင္းမွာ ထိခိုက္ဒဏ္ရာ ရခဲ့ရင္ ဘယ္လို လုပ္ရမလဲဆိုတာ ဖတ္ၾကည့္ပါဦးေနာ္။
သင့္ရဲ႕အိမ္မွာ ဘယ္ေနရာေတြက ကေလးေတြအတြက္ အႏၱရာယ္ျဖစ္ေစလဲဆိုတာ သိထားဖို႔ အေရးႀကီးပါတယ္။ ဒါမွသာ သင့္ကေလး လဲက်ျခင္း၊ သူတို႔ဘာသာသူတို႔ ထိခိုက္မိျခင္းမွ ကာကြယ္ေပးႏုိင္ပါတယ္။
ကေလး ဦးေခါင္းထိခိုက္မိလွ်င္ ဘယ္လုိကူညီေပးလို႔ရမလဲ?

သင့္ကေလးဟာ သူ႔ဘာသာသူ ဘယ္လိုထိခိုက္မိလဲဆိုတာ သိရပါမယ္။ ဘယ္လိုေစာင့္ေရွာက္မႈအမ်ိဳးအစားေပးရမလဲဆိုတာ သိဖို႔ အေရးႀကီးပါတယ္။ မေတာ္တဆအမ်ားစုက သူတို႔ထိခိုက္မိတဲ့ေနရာမွာ နာက်င္မႈ၊ ဒဏ္ရာႏွင့္ အညိဳအမဲကဲ့သို႔ သူတို႔ေခါင္းေပၚမွာ ျပင္ပဒဏ္ရာကိုသာ ျဖစ္ေပၚေစႏိုင္ပါတယ္။
ဒီအဆင့္ေတြက လိုက္နာဖို႔ အရမ္းလြယ္ကူပါတယ္။
ပထမဆံုး သင့္ကေလးကို တိတ္ဆိတ္၊ ၿငိမ္သက္တဲ့ေနရာမွာ ထားပါ။
သူတို႔ေခါင္းကို ပင့္ထားရင္း သူတို႔ ထိခိုက္မိတဲ့ ေနရာက ေရာင္ေနလွ်င္ ပုဝါတစ္ခုထဲ ေရခဲထုပ္ၿပီး ကပ္ထားေပးပါ။
ၿပီးေနာက္ သူတို႔ အန္ျခင္းျဖစ္ႏိုင္ေခ်ကို ေလ်ာ့ခ်ဖို႔ ေရအနည္းငယ္တိုက္ပါ။ ဦးေခါင္းဒဏ္ရာ အျပင္းအထန္ ထိခိုက္မိတဲ့သူေတြမွာေတာ့ ဆက္တိုက္အန္တာေတြ ျဖစ္ႏိုင္ပါတယ္။
အေရးႀကီးဆံုးအရာက ကေလးကို ၿငိမ္ၿငိမ္ေနေစဖို႔ ျဖစ္ပါတယ္။ ထိခိုက္မႈရဲ႕ျပင္းထန္မႈႏွင့္ အမိ်ဳးအစားေပၚမႈတည္ၿပီး ေနာက္ထပ္နည္းလမ္းအခ်ိဳ႕ကို သံုးႏိုင္ပါတယ္။
ျပတ္ရွဒဏ္ရာေတြဆိုရင္ ဘာလုပ္မလဲ?

သူတို႔မွာ ျပတ္ရွဒဏ္ရာေတြ ရွိပါက ေရသန္႔သန္႔ႏွင့္ ဒဏ္ရာကို ေဆးေၾကာေပးသင့္ပါတယ္။ မေတာ္တဆမွာ က်ိဳးပဲ့သြားတဲ့ အရာဝတၱဳမ်ားရွိလွ်င္ ဒဏ္ရာမွာ အပိုင္းအစေတြ မက်န္ခဲ့ေစဖို႔ ေသခ်ာစစ္ေဆးပါ။ ေသြးထြက္တာကို ရပ္တန္႔ဖို႔ ဟုိက္ဒရိုဂ်င္ပါေအာက္ဆိုဒ္စိမ္ထားတဲ့ ပိတ္က်ဲစတစ္စကို အသံုးျပဳပါ။ ျပတ္ရွဒဏ္ရာက နက္လွ်င္ ခ်ဳပ္ဖုိ႔လိုအပ္တာေၾကာင့္ ဆရာဝန္ဆီသို႔ သြားသင့္ပါတယ္။
အညိဳအမဲျဖစ္ရင္ ဘာလုပ္မလဲ?
သင့္ကေလးမွာ အညိဳအမဲျဖစ္လွ်င္ လုပ္ထံုးလုပ္နည္းကေတာ့ ရိုးရွင္းေပမယ့္ အမ်ားႀကီးဂရုစိုက္ဖို႔ လုိအပ္ပါတယ္။
ညိဳမဲေနတဲ့ ေနရာကို ေရခဲကပ္တဲ့အခါ ဒဏ္ရာအရြယ္အစား ဒါမွမဟုတ္ ေရာင္ရမ္းျခင္းဟာ ေလွ်ာ့က်သြားသင့္ပါတယ္။ အရြယ္အစားနဲ႔ ေရာင္ရမ္းမႈက ပိုဆိုးလာပါက ဆရာဝန္ဆီကို သြားတာ အေကာင္းဆံုးပါ။ ဒါမွသာ အဓိကျပႆနာေတြကို တားဆီးကူညီေပးပါလိမ့္မယ္။

ေစာင့္ၾကည့္ရမယ့္ လကၡဏာမ်ား
ေခါင္းကိုထိခိုက္မိတာက ကေလးေတြနဲ႔ လူႀကီးေတြအတြက္ ဆိုးဝါးတဲ့ ဒဏ္ရာအမ်ားစုထဲက တစ္ခုျဖစ္ပါတယ္။ ဦးေခါင္းဟာ ့ဦးေႏွာက္ရဲ႕ အိမ္ျဖစ္တာေၾကာင့္ သင့္ကေလး မေတာ္တဆျဖစ္ၿပီးရင္ (၄၈)နာရီ ေစာင့္ၾကည့္ဖို႔က အေရးႀကီးပါတယ္။
သင္ေစာင့္ၾကည့္သင့္တဲ့ လကၡဏာတစ္ခုက ငိုက္ျမည္းျခင္း ရွိ/မရွိ ျဖစ္ပါတယ္။ ကေလးကို မအိပ္ေစနဲ႔လို႔ မဆိုလိုပါဘူး။ ကေလးရဲ႕အိပ္ခ်ိန္ျဖစ္လွ်င္ သူတို႔ကို ေပးအိပ္ပါ။ မႏိုးပါနဲ႔။ သူတို႔ႏိုးမွသာ ပံုမွန္လႈပ္ရွားမႈရွိလား/မရွိလားဆိုတာ ေစာင့္ၾကည့္ပါ။
ပ်ိဳ႕အန္ျခင္း၊ အျမင္မႈန္ဝါးျခင္း ဒါမွမဟုတ္ ဘယ္ေနရာေရာက္လို႔ ေရာက္ေနမွန္းမသိတာေတြက ေစာင့္ၾကည့္ရမယ့္ တျခားလကၡဏာမ်ားျဖစ္ပါတယ္။ ဒီအေျခအေနကို ဂရုတစိုက္ႏွင့္ ေစာင့္ၾကည့္သင့္ပါတယ္။
သူတို႔မွာ ေခါင္းကိုက္တာတို႔၊ ေျခဖ်ားလက္ဖ်ား ထံုတာတို႔ ခံစားမိလွ်င္ စစ္ေဆးပါ။ ဒီလကၡဏာေတြထဲက ဘယ္လကၡဏာမဆို ေပၚလာလွ်င္ ဆရာဝန္ဆီသြားပါ။ ဦးေႏွာက္ထိခိုက္မႈ ျဖစ္ႏိုင္ေခ်ရွိမရွိကို ဆရာဝန္စမ္းသပ္မႈျပဳဖို႔ လိုအပ္ပါတယ္။
နိဂံုး
သင့္ကေလးရဲ႕ ေယဘုယ်အေျခအေနက ပိုဆိုးလာလွ်င္ ေဆးရံု/ေဆးခန္းသြားသင့္တယ္ဆိုတာ သတိျပဳဖို႔ အေရးႀကီးပါတယ္။ ဒါက ခ်က္ခ်င္းျဖစ္ပ်က္တာ၊ ဒါမွမဟုတ္ မေတာ္တဆထိခိိုက္မႈျဖစ္ပြားၿပီး ၄၈နာရီအတြင္း ရွိမရွိဆိုတာ အလြန္အေရးပါပါတယ္။ သင့္ကေလးကို မေတာ္တဆမႈေတြက ကာကြယ္ဖို႔ဆိုရင္ သူတို႔ကစားတဲ့ ေနရာ ပတ္ဝန္းက်င္ကို ၾကည့္သင့္ပါတယ္။ ကေလးနားမွာ အႏၱရာယ္ျဖစ္ေစမယ့္ အရာေတြ မထားပါနဲ႔။

Lifestyle_Myanmar

LM_Nandar

Source-steptohealth

LEAVE A REPLY

Please enter your comment!
Please enter your name here