Home Parenting Child Nutrition သင့်ကလေးရဲ့ဖွံ့ဖြိုးမှုအတွက် ဗီတာမင်တွေက ဘယ်လိုအရေးပါသလဲ

သင့်ကလေးရဲ့ဖွံ့ဖြိုးမှုအတွက် ဗီတာမင်တွေက ဘယ်လိုအရေးပါသလဲ

0
86

ဗီတာမင်တွေဟာတစ်မျိုးနဲ့တစ်မျိုး ဓာတုနဲ့ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိတွေ ကွဲပြားကြပေမယ့် သင့်ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်တော့ ပုံစံအမျိုးမျိုးနဲ့ ကူညီပေးကြပါတယ်။ ဗီတာမင်ကို အုပ်စုနှစ်စု ခွဲခြားထားပါတယ်

ရေမှာပျော်ဝင်သောဗီတာမင်များ

ဗီတာမင် B, ဗီတာမင် C

ရေမှာမပျော်ဝင်သောဗီတာမင်များ ( ဆီမှာဆိုရင်တော့ ပျော်ဝင်နိုင်ပါတယ်) ဗီတာမင် A, D, E, K, F

ဗီတာမင် A, B, C, D, E, K ဟာ အာဟာရတွေဆီမှ စွမ်းအင်ကို ကလေးရဲ့ခန္ဓာကိုယ် ခုခံအားတိုးမြှင့်စေဖို့အတွက် ပြောင်းလဲပေးပါတယ်

ဗီတာမင်A

ဗီတာမင် A ဟာ ကလေးရဲ့အမြင်အာရုံကို ကောင်းစေပြီး မျက်စိနဲ့ပတ်သတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့အပြင် ဆံပင်နဲ့ လက်သည်းတွေရဲ့ ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်

ဒါ့အပြင်ကလေးရဲ့မျိုးပွားအင်္ဂါအစိတ်အပိုင်းတွေနဲ့ အရိုးတွေ ဖွံ့ဖြိုးမှုအတွက် ဗီတာမင် A ဟာအရေးပါပါတယ်။ မုန်လာဥနီ၊ ကန်စွန်းဥ၊ တရုတ်ဇီးသီး၊ ဟင်းနုနယ်ရွက်၊ ကိုက်လန်၊ စတာတွေမှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်ပါတယ်

ဗီတာမင်B

ဗီတာမင်B ဟာ ခန္ဓာကိုယ်တွင်းက သကြားဓါတ်၊ အဆီဓါတ်နဲ့၊ အသားဓါတ်တွေရဲ့ ဇီဝဖြစ်စဉ်လုပ်ငန်းများကိုမြှင့်တင်ပေးဖို့အတွက် ကူညီပေးပြီး ဗီတာမင် B1 ဟာ ကလေးတွေကို အစာစားချင်စိတ် ဖြစ်စေပါတယ်။ ဗီတာမင် B ကို အသား၊ ကြက်၊ ဘဲ၊ ငါး၊ ဥ၊ နွားနို့ နှင့် ပင်လယ်စာတွေဖြစ်တဲ့ ကမာကောင်၊ ယောက်သွား စတာတွေမှ ကြွယ်ဝစွာ ရရှိနိုင်ပါတယ်

ဗီတာမင်C

ဗီတာမင်C ဟာ ကလေးရဲ့ အရိုး၊ သွား၊ အရွတ်၊ သွေးကြော ကိုဖွံ့ဖြိုးစေဖို့နဲ့ ကူးစက်ရောဂါပိုးအမျိုးမျိုးမှ ကာကွယ်ပေးတဲ့အပြင် ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များ ထုတ်လုပ်မှုကို လျှော့ချဖို့အတွက်ကူညီပေးပါတယ် ဗီတာမင် C ကို သင်္ဘောသီး၊ အချဉ်ဓာတ်ကြွယ်ဝပြီး အရည်ရွမ်းသော ရှောက်၊ သံပရာအသီးများ၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရင့်ရောင် အရွက်တွေဖြစ်တဲ့ ကိုက်လန်၊ မုန်ညှင်း စတဲ့ အစားအစာတွေမှာ ကြွယ်ဝစွာပါဝင်ပါတယ်

ဗီတာမင်D

ဗီတာမင်D ဟာ အရိုးတွေနဲ့ သွားတွေကို သန်မာစေဖို့ ကူညီပေးတဲ့အပြင် ခန္ဓာကိုယ်တွင်း ကယ်လစီယမ်ရဲ့ဇီဝလုပ်ငန်းစဉ်တွေကိုလည်း ထိန်းညှိပေးပါတယ် ဗီတာမင်ဒီကို နွားနို့၊ ဥများ၊ ဆယ်လမွန်ငါးနဲ့ ပင်လယ်ထွက်အစားအစာတွေမှ ကြွယ်ဝစွာရရှိနိုင်ပါတယ်

ဗီတာမင်E

ဗီတာမင်E ဟာ ကလေးရဲ့ အရေပြားအလှအပနဲ့ ဆဲလ်အမြှေးပါးတွေကို ကာကွယ်ကူညီပေးတဲ့အပြင် ခန္ဓာကိုယ်တွင်အဆိပ်တွေကို ဖယ်ရှားဖို့ကိုလည်း ကူညီပေးပါတယ်။ ဗီတာမင် E ကို ပျားရည်၊ နေကြာစေ့၊ ဟင်းနုနယ်ရွက် စတဲ့ အစားအစာတွေမှတဆင့် ကြွယ်ဝစွာရရှိနိုင်ပါတယ်

ဗီတာမင်K

ဗီတာမင်K ဟာသွေးခဲတွေ အားကောင်းဖို့အတွက် ကူညီပေးတဲ့အပြင် ကယ်လစီယမ်နဲ့ပေါင်းစပ်ပြီး အရိုးတွေပိုပြီးသန်မာလာစေဖို့လည်းကူညီပေးပါတယ်။ ဗီတာမင်K ကို ပန်းဂေါ်ဖီစိမ်း၊ ကညွှတ်၊ နံနံပင်၊ မုန်ညှင်း၊ ကိုက်လန်၊ ဟင်းနုနယ်ရွက် စတဲ့အရွက်တွေမှတဆင့်ကြွယ်ဝစွာရရှိနိုင်ပါတယ်။

LM_Naung_Naung

Chit_May_May

Zawgyi Font

သင့္ကေလးရဲ႕ဖြံ႔ၿဖိဳးမႈအတြက္ ဗီတာမင္ေတြက ဘယ္လိုအေရးပါသလဲ

ဗီတာမင္ေတြဟာတစ္မ်ိဳးနဲ႔တစ္မ်ိဳး ဓာတုနဲ႔႐ုပ္ပိုင္းဆိုင္ရာ ဂုဏ္သတၱိေတြ ကြဲျပားၾကေပမယ့္ သင့္ကေလးရဲ႕ႀကီးထြားဖြံ႔ၿဖိဳးမႈအတြက္ေတာ့ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ကူညီေပးၾကပါတယ္။ ဗီတာမင္ကို အုပ္စုႏွစ္စု ခြဲျခားထားပါတယ္

ေရမွာေပ်ာ္ဝင္ေသာဗီတာမင္မ်ား

ဗီတာမင္ B, ဗီတာမင္ C

ေရမွာမေပ်ာ္ဝင္ေသာဗီတာမင္မ်ား ( ဆီမွာဆိုရင္ေတာ့ ေပ်ာ္ဝင္ႏိုင္ပါတယ္) ဗီတာမင္ A, D, E, K, F

ဗီတာမင္ A, B, C, D, E, K ဟာ အာဟာရေတြဆီမွ စြမ္းအင္ကို ကေလးရဲ႕ခႏၶာကိုယ္ ခုခံအားတိုးျမွင့္ေစဖို႔အတြက္ ေျပာင္းလဲေပးပါတယ္

ဗီတာမင္A

ဗီတာမင္ A ဟာ ကေလးရဲ႕အျမင္အာ႐ံုကို ေကာင္းေစၿပီး မ်က္စိနဲ႔ပတ္သတ္တဲ့ ေရာဂါေတြကို ကာကြယ္ေပးတဲ့အျပင္ ဆံပင္နဲ႔ လက္သည္းေတြရဲ႕ က်န္းမာေရးအတြက္လည္း အေရးပါပါတယ္

ဒါ့အျပင္ကေလးရဲ႕မ်ိဳးပြားအဂၤါအစိတ္အပိုင္းေတြနဲ႔ အ႐ိုးေတြ ဖြံ႔ၿဖိဳးမႈအတြက္ ဗီတာမင္ A ဟာအေရးပါပါတယ္။ မုန္လာဥနီ၊ ကန္စြန္းဥ၊ တ႐ုတ္ဇီးသီး၊ ဟင္းႏုနယ္ရြက္၊ ကိုက္လန္၊ စတာေတြမွာ ဗီတာမင္ A ၾကြယ္ဝစြာပါဝင္ပါတယ္

ဗီတာမင္B

ဗီတာမင္B ဟာ ခႏၶာကိုယ္တြင္းက သၾကားဓါတ္၊ အဆီဓါတ္နဲ႔၊ အသားဓါတ္ေတြရဲ႕ ဇီဝျဖစ္စဥ္လုပ္ငန္းမ်ားကိုျမွင့္တင္ေပးဖို႔အတြက္ ကူညီေပးၿပီး ဗီတာမင္ B1 ဟာ ကေလးေတြကို အစာစားခ်င္စိတ္ ျဖစ္ေစပါတယ္။ ဗီတာမင္ B ကို အသား၊ ၾကက္၊ ဘဲ၊ ငါး၊ ဥ၊ ႏြားႏို႔ ႏွင့္ ပင္လယ္စာေတြျဖစ္တဲ့ ကမာေကာင္၊ ေယာက္သြား စတာေတြမွ ၾကြယ္ဝစြာ ရရွိႏိုင္ပါတယ္

ဗီတာမင္C

ဗီတာမင္C ဟာ ကေလးရဲ႕ အ႐ိုး၊ သြား၊ အရြတ္၊ ေသြးေၾကာ ကိုဖြံ႕ၿဖိဳးေစဖို႔နဲ႔ ကူးစက္ေရာဂါပိုးအမ်ိဳးမ်ိဳးမွ ကာကြယ္ေပးတဲ့အျပင္ ခႏၶာကိုယ္တြင္း အဆိပ္အေတာက္မ်ား ထုတ္လုပ္မႈကို ေလွ်ာ့ခ်ဖို႔အတြက္ကူညီေပးပါတယ္ ဗီတာမင္ C ကို သေဘၤာသီး၊ အခ်ဥ္ဓာတ္ၾကြယ္ဝၿပီး အရည္ရြမ္းေသာ ေရွာက္၊ သံပရာအသီးမ်ား၊ စေတာ္ဘယ္ရီ၊ ပန္းေဂၚဖီစိမ္း၊ အစိမ္းရင့္ေရာင္ အရြက္ေတြျဖစ္တဲ့ ကိုက္လန္၊ မုန္ညွင္း စတဲ့ အစားအစာေတြမွာ ၾကြယ္ဝစြာပါဝင္ပါတယ္

ဗီတာမင္D

ဗီတာမင္D ဟာ အ႐ိုးေတြနဲ႔ သြားေတြကို သန္မာေစဖို႔ ကူညီေပးတဲ့အျပင္ ခႏၶာကိုယ္တြင္း ကယ္လစီယမ္ရဲ႕ဇီဝလုပ္ငန္းစဥ္ေတြကိုလည္း ထိန္းညွိေပးပါတယ္ ဗီတာမင္ဒီကို ႏြားႏို႔၊ ဥမ်ား၊ ဆယ္လမြန္ငါးနဲ႔ ပင္လယ္ထြက္အစားအစာေတြမွ ၾကြယ္ဝစြာရရွိႏိုင္ပါတယ္

ဗီတာမင္E

ဗီတာမင္E ဟာ ကေလးရဲ႕ အေရျပားအလွအပနဲ႔ ဆဲလ္အေျမွးပါးေတြကို ကာကြယ္ကူညီေပးတဲ့အျပင္ ခႏၶာကိုယ္တြင္အဆိပ္ေတြကို ဖယ္ရွားဖို႔ကိုလည္း ကူညီေပးပါတယ္။ ဗီတာမင္ E ကို ပ်ားရည္၊ ေနၾကာေစ့၊ ဟင္းႏုနယ္ရြက္ စတဲ့ အစားအစာေတြမွတဆင့္ ၾကြယ္ဝစြာရရွိႏိုင္ပါတယ္

ဗီတာမင္K

ဗီတာမင္K ဟာေသြးခဲေတြ အားေကာင္းဖို႔အတြက္ ကူညီေပးတဲ့အျပင္ ကယ္လစီယမ္နဲ႔ေပါင္းစပ္ၿပီး အ႐ိုးေတြပိုၿပီးသန္မာလာေစဖို႔လည္းကူညီေပးပါတယ္။ ဗီတာမင္K ကို ပန္းေဂၚဖီစိမ္း၊ ကညႊတ္၊ နံနံပင္၊ မုန္ညွင္း၊ ကိုက္လန္၊ ဟင္းႏုနယ္ရြက္ စတဲ့အရြက္ေတြမွတဆင့္ၾကြယ္ဝစြာရရွိႏိုင္ပါတယ္။

LM_Naung_Naung

Chit_May_May

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here