သင့်ကလေးရဲ့ ကိုယ်ခံစွမ်းအားအပေါ် အံ့သြစွာအလုပ်လုပ်နိုင်တဲ့ အစွမ်းထက်အစားအစာ (၄)မျိုး

0
111
- Advertisement -

စွမ်းအင်အတွက်သာမက ကိုယ်ခံအားစနစ်ကြံ့ခိုင်မှုကို တည်ဆောက်ဖို့ သင့်တင့်လျောက်ပတ်တဲ့ အစာအာဟာရ လိုအပ်ပါတယ်။ အာဟာရချို့တဲ့တာက ကလေးတစ်ယောက်ရဲ့ ကိုယ်ခံအားကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်၊ သတ္တုဓါတ်နှင့် ဗီတာမင်ကဲ့သို့သော အာဟာရပြည့်ဝမှုက သင့်ကလေးရဲ့ နေ့စဉ်အစားအစာမှာ မရှိမဖြစ်လိုအပ်သောအရာများ ဖြစ်ပါတယ်။ ဇင့်၊ ဆယ်လီနီယမ်၊ ကော့ပါး၊ သံ၊ ဖောလစ်အက်စစ်၊ ဗီတာမင် A,C,D,E နှင့်B6 တို့က ကောင်းမွန်သော ကိုယ်ခံအားစွမ်းအားကို တည်ဆောက်ရာမှာ ကူညီပေးပါတယ်။ ၎င်းက ကိုယ်ခံအားတုံ့ပြန်မှုနှင့် ကလေးရဲ့ ကြီးထွားမှုအပေါ် များစွာသက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် သင့်ကလေးဟာ ကိုယ်ခံအားကို မြှင့်တင်ပေးတဲ့ အစားအစာများ စားသုံးသင့်ပါတယ်။

၁။ ဒိန်ချဉ်

ဒိန်ချဉ်တွင် ရောဂါများကို တိုက်ဖျက်ရာမှာ ကူညီပေးနိုင်တဲ့ ဘက်တီးရီးယားကောင်း ပါဝင်ပါတယ်။ ဒိန်ချဉ်ကို ပုံမှန်သောက်တဲ့ကလေးဟာ အအေးမိခြင်း၊ လည်ချောင်းနာခြင်းနှင့် နားလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်နိုင်ခြေနည်းပါတယ်။

- Advertisement -

၂။ သစ်ကြားသီး

သစ်ကြားသီးမှာ ကျန်းမာသော အိုမီဂါ- ၃ဖက်တီးအက်စစ်များ ပါဝင်ပြီး ရောဂါများကို တိုက်ဖျက်ရာမှာ အထောက်အကူပြုပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ကုသရာမှာလည််း ကောင်းမွန်ပါတယ်။ သစ်ကြားသီးကို သရေစာအဖြစ်ကျွေးနိုင်သလို စီရီရယ်ထဲထည့်ပြီးလည်း ကျွေးနိုင်ပါတယ်။

၃။ ဗီတာမင်စီပါသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ

ဗီတာမင်စီ ပါသော အစားအစာများက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ပန်းငရုတ်ပွ၊ စတော်ဘယ်ရီ နှင့် ကန်စွန်းဥတွေကို ကလေးရဲ့ အစားအစာထဲမှာ ထည့်သွင်းပေးပါ။

၄။ ပရိုတိန်းနှင့် ဇင့်ကြွယ်ဝေသာ အဆီနည်းအသားများ

အဆီနည်းတဲ့ အသားတွေမှာ ခန္ဓာကိုယ် တည်ဆောက်ရာမှာ လိုအပ်တဲ့ ပရိုတင်းများနှင့် သွေးဖြူဆဲလ်တွေကို ထောက်ပံ့ပေးတဲ့ ဇင့်ဓါတ်တွေ ပါဝင်ပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here