သင့်ကလေးရဲ့ IQ ကို မြှင့်တင်နိုင်မယ့် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေ

0
829
- Advertisement -

ဘယ်မိဘကမှတော့ ကိုယ့်ရဲ့သားသမီးလေးတွေကို ဥာဏ်ထိုင်း၊ တုံးအတာမျိုး မလိုလား၊ မဖြစ်စေချင်ကြပါဘူး။ သုတေသနတွေအရ IQ မြင့်မားတဲ့ ကလေးငယ်တွေဟာ ပိုပြီးတော့အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းပိုများကြပါတယ်။ ဘယ်အရွယ်ကျမှ IQ ကို မြှင့်တင်ရမယ်ဆိုပြီးတော့ ခြားထားတဲ့ အသက်အရွယ်အပိုင်းအခြားဆိုပြီး သီးသန့်ထားတာမရှိပေမယ့်လည်း ကလေးရဲ့အရာရာကို ပုံသွင်းစနှစ်တွေမှာတော့ ကလေးရဲ့ IQ ကို မြှင့်တင်ဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကလေးရဲ့ IQ ကို မြှင့်တင်နိုင်မယ့် အကောင်းဆုံးနည်းလမ်းငါးခုကို ပြောပြပေးချင်ပါတယ်။

တူရိယာတစ်ခုခု တီးတတ်အောင် သင်ကြားပေးပါ

ဘယ်လိုတူရိယာအမျိုးအစားဖြစ်ဖြစ် တီးတတ်အောင်သင်ယူခြင်းက IQ ပမာဏတွေကို မြှင့်တင်ပေးတဲ့ ဦးနှောက်အတွက် ကောင်းတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် သင်္ချာစွမ်းရည်၊ ဘက်စုံကနေ အမျိုးမျိုးပြောင်းပီး လွှဲရွေ့ရင်ရော ဘယ်လိုပုံတွေဖြစ်သွားမလဲ ဆိုတာတွေကို ပုံဖော်ကြည့်ရင်း အရာဝတ္ထုတွေ အနေအထားကို တွေးတောနိုင်တဲ့ စွမ်းရည်ကိုလည်း တိုက်ရိုက်တိုးတက်စေမှာဖြစ်ပါတယ်။ ဂစ်တာ၊ ကီးဘုတ်၊ ဒရမ်၊ တယော စတဲ့ တူရိယာအစုံတွေထဲက ကြိုက်နှစ်သက်ပြီး ကလေးအတွက် အဆင်ပြေစေမယ့် တစ်ခုကို ရွေးချယ်နိုင်ပါတယ်။

အားကစားတစ်ခုခု သင်အောင်လို့ တွန်းအားပေးပါ

ကိုယ်လက်လှုပ်ရှားမှုဆိုတာဟာ ကလေးရဲ့ အလုံးစုံဖွံ့ဖြိုးမှုအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ ကျွေးမွေးခြင်းနည်းတူ အင်မတန်အရေးကြီးပါတယ်။ ဘယ်လိုအားကစားမျိုးဖြစ်နေပါစေ အားကစားတစ်ခုခု ဆော့ကစားပေးခြင်းက Endorphins တွေထုတ်လွှတ်မှုကို ဖြစ်ပေါ်စေလို့ ဦးနှောက်အလုပ်လုပ်မှုကို တိုးတက်စေပါတယ်။

သင်္ချာတွက်ချက်မှုတွေလုပ်ခိုင်းပါ

သင်္ချာတွက်ချက်မှုတွေက ဦးနှောက်အလုပ်လုပ်မှုကို တိုးတက်စေသလို ကောင်းမွန်တဲ့အတိုင်းအတာတစ်ခုလောက်အထိကို ကလေးရဲ့ IQ ကိုလည်း မြှင့်တင်နိုင်ပါလိမ့်မယ်။ နေ့စဥ်နေ့တိုင်း ၁၀ မိနစ်လောက်ဖြစ်ဖြစ် သင်္ချာအတွက်အချက်လေးတွေ လုပ်တတ်အောင် တွန်းအားပေးပါ။

အသက်ပြင်းပြင်းရှူခိုင်းပါ

ပုံမှန်နှုန်းထက်ကို အသက်ပြင်းပြင်း ရှူရှိုက်ခြင်းကလည်း ဦးနှောက်တိုးတက်မှုအတွက် အထောက်အကူဖြစ်စေပါတယ်။ အတွေးတွေကို ရှင်းလင်းစေလို့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး အာရုံစူးစိုက်မှုအားကို တိုးတက်စေပါတယ်။ မနက်ခင်းမှာ ၁၀ မိနစ် ၁၅ မိနစ်လောက် လမ်းလျှောက်ထွက်ပြီး အသက်ပြင်းပြင်းရှူတက်အောင်လို့ ကူညီသင်ကြားပေးပါ။

ဦးနှောက်သုံးရတဲ့ ဂိမ်းလေးတွေ ဆော့ခိုင်းပါ

မိုဘိုင်းလ်ဖုန်းတွေကိုသုံးပြီးတော့ ကလေးတွေဂိမ်းမဆော့အောင် ဘယ်လောက်တားတား ဆက်ပြီးဆော့နေကြတုန်းပါပဲ။ ဒါပေမယ့် မိဘတွေအနေနဲ့ လုပ်နိုင်တာကတော့ ကလေးတွေဦးနှောက်အတွက် အထောက်အကူဖြစ်စေမယ့် ဂိမ်းလေးတွေဒေါင်းလုတ်လုပ်ပြီးတော့ ဆော့ခိုင်းမယ်ဆိုရင် ကလေးတွေရဲ့ IQ ကို မြှင့်တင်နိုင်ပါလိမ့်မယ်။

#Chit_May_May

#Thinzar

Ref- timesofindia

LEAVE A REPLY

Please enter your comment!
Please enter your name here