သင့်ကလေးလေးတွေကို ရယ်မောပျော်ရွှင်စေမယ့် နည်းလမ်းကောင်းလေးများ

0
1164
- Advertisement -

သင်ကလေးလေးအတွက် ရယ်မောခြင်းလိုမျိုး အဖိုးတန်တဲ့အရာ ကမ္ဘာပေါ်မှာအနည်းငယ်သာရှိပါတယ်။ ကလေးလေးတွေဟာ သုံးလအရွယ်လောက်မှာ စတင်ပြီးပြုံးတတ်လာပါတယ်။ အဲဒီ့ကနေစပြီး ရယ်မောဖို့ ၊ ပျော်ရွှင်ဖို့တွေဖြစ်ပေါ်လာရပါတယ်။ ကလေးတစ်ဦးရဲ့ ရယ်မောခြင်းက အလွန်ကူးစက်မြန်ပြီးတော့ လူတွေအားလုံးကို ပြုံးစေ၊ ရယ်မောစေပါတယ်။

၁။ ရယ်စရာကောင်းတဲ့အသံ

ထူးဆန်းတဲ့ အသံတစ်ခုနဲ့ စကားပြောခြင်းက သင့်ကလေးကို ပျော်ရွှင်စေပါတယ်။ အကြိုက်ဆုံးကာတွန်းဇာတ်ကောင်ကို တုပခြင်း၊ စကားစမြည်ပြောတဲ့အခါ သင့်နှာခေါင်းကို ကိုင်ထားတာက သင့်ကလေးကို ရယ်မောစေပါတယ်။ ကား (သို့) မော်တော်ဆိုင်ကယ် ပြန်လည်ရှင်သန်လာတဲ့ အသံလိုမျိုးပြုလုပ်ခြင်းကလည်း ကလေးကိုအလားတူပျော်ရွှင်မှုမျိုး အကျိုးသက်ရောက်စေပါတယ်။

- Advertisement -

၂။ အက်စကီမိုးအနမ်းများ

သင့်ကလေးရဲ့ နှာခေါင်းကို နူးညံ့ညင်သာစွာ ပွတ်သပ်ပေးခြင်းကလည်း တစ်ခါတရံအနည်းငယ်ရယ်မောခြင်းက ကြိုဆိုနေပါလိမ့်မယ်။ ကလေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ခြင်းက သင့်ကလေးနှင့် ဆက်သွယ်မှုနည်းလမ်းတစ်မျိုးလည်းဖြစ်ပါတယ်။ တစ်ချို့ကလေးတွေဟာ ပွတ်သပ်ထိတွေ့ခြင်းကို တစ်နေ့လျှင် အကြိမ်၁၀၀ခန့်အထိ အဆက်မပြတ်လိုချင်ကြပါတယ်တဲ့။

၃။ တူတူပုန်းတမ်း ကစားခြင်း

ဒီနည်းလမ်းလေးကတော့ ရှေးပဝေသဏီကတည်းက လူတွေအကြိုက်ဆုံးနည်းလမ်းလေးဖြစ်ခဲ့ပါတယ်။ သင့်မျက်နှာပေါ်မှာ သင့်လက်တွေတင်ပြီးတော့ ”တူတူရေး”လို့ သာပြောပါ။ နောက်ပြီး သင့်လက်ကို ဖယ်လိုက်ပြီးတော့ ”ဝါး”လို့ ပြောပါ။ ဒီနေ့ကာလအထိလည်း လူအများစုအသုံးပြုနေတဲ့ နည်းလမ်းဖြစ်ပါတယ်။

၄။ ကလေးဓာတ်ပုံများ

တစ်ခြားကလေးတွေရဲ့ ပြုံးနေတဲ့ မျက်နှာတွေက သင့်ကလေးကိုအလားတူတုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဝတ်စုံလေးတွေ ဝတ်ဆင်ထားတဲ့သင့်ကလေးရဲ့ ရုပ်ပုံတွေက သင့်ကလေးတွေကို ရယ်မောဖွယ်အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

၅။ နူးညံ့တဲ့အရုပ်လေးကို အသုံးပြုခြင်း

တစ်ချိန်တည်းမှာ ကလေးငယ်တွေကို ပုံပြင်တစ်ပုဒ်ပြောနေတဲ့အခါမှာလည်း ကလေးကို ရယ်မောစေနိုင်တဲ့ အပျော့စားကစားနည်းတွေ ကစားနိုင်ပါတယ်။ သို့ပေမယ့် သင်က သင့်ကလေးအတွက် နူးညံ့တဲ့ကစားစရာတွေကိုသာ သုံးသင့်ပါတယ်။ မတူကွဲပြားတဲ့ အရောင်များ၊ ပုံစံတွေနှင့်အရွယ်အစားအမျိုးမျိုးရှိတဲ့ ကစားစရာတွေကို အသုံးချပါ။

၆။ သက်ရှိတိရိစ္ဆာန်တွေနဲ့ ကစားပါ

တကယ်လို့ သင့်ကလေးငယ်တွေကို ရယ်မောစေတဲ့အရာကို စဥ်းစားမယ်ဆိုရင် တိရစ္ဆာန်တွေက သင့်စာရင်းထဲမှာ ထိပ်ဆုံးက ရှိသင့်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေရှိမယ်ဆိုရင်တော့ အရမ်းကြီးတွေးဖို့မလိုတော့ပါဘူး။ ကလေးကို သင့်အိမ်မွေးတိရစ္ဆာန်တွေရဲ့ ပြောင်လှောင်မှုတွေကို ခဏတာကြည့်ရှုစေပြီးတော့ မကြာခင်မှာပဲ ရယ်မောပါလိမ့်မယ်။ အိမ်မွေးတိရစ္ဆာန်တွေကို မရှိဘူးဆိုရင် လမ်းလျှောက်ထွက်တဲ့အခါ ခွေးတွေ၊ ကြောင်တွေနှင့် ငှက်တွေကို ညွှန်ပြပါ။ ဒီလိုနည်းနဲ့ ငယ်ရွယ်စဥ်အခါမှာကတည်းက သင့်ကလေးကို သဘာဝတရားရဲ့ တန်ဖိုးကို သင်ကြားပေးနိုင်ပါတယ်။

၇။ မောင်နှစ်မတွေနဲ့ ထားခြင်း

မောင်နှစ်မတွေနှင့် အချိန်ဖြုန်းခြင်းက ကလေးတွေကို အမြဲတမ်းပျော်ရွှင်စေတယ်။ သူတို့အစ်ကို (သို့)အစ်မတွေက သူတို့ပျော်ရွှင်စေဖို့ အမြဲရှာဖွေစနောက်ကြတယ်။ ကလေးတွေက သူတို့မွေးချင်းတွေနဲ့ ကစားခြင်း၊ ကခုန်ခြင်း (သို့) သီဆိုခြင်းတွေကို ကြည့်ပြီးတော့ပျော်ရွှင်တတ်ကြတယ်။ မွေးချင်းမရှိတဲ့အခါ ဝမ်းကွဲမောင်နှစ်မတွေက ကလေးတွေပျော်ရွှင်ဖို့ ကောင်းကောင်းလုပ်နိုင်ပါတယ်။

၈။ ပြေးလိုက်တမ်းကစားနည်း

သင့်ကလေးက လှည့်လည်သွားလာနေပြီးတော့ သူ/သူမနောက်ကလိုက်ပြီးတော့ လိုက်ဖမ်းတဲ့ဂိမ်းက ရယ်မောစေဖို့သေချာတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒူးထောက်ပြီးတော့ ”ဖေဖေလာနေပြီနော်/ မေမေလာနေပြီ”လို့ ပြောပြီးအိမ်လေးထဲမှာ ပျော်ပျော်ရွှင်ရွှင်နှင့် ကစားပါ။ ဖမ်းဟန်ဆောင်တဲ့ ဂိမ်းကလေးက ကလေးတွေအတွက် ဘယ်တော့မှ ရိုးသွားမှာ မဟုတ်တဲ့ ကစားနည်းဟောင်းလေးပါ။

၉။ ပုံတူကူးခြင်း

ပုံတူလုပ်တာဟာ ကလေးတွေကို ချော့မော့ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကလေးတွေအတွက် အကောင်းဆုံးဖျော်ဖြေရေးပုံစံပါ။ သင့်ကလေးရဲ့ လုပ်ရပ်၊ မျက်နှာအမူအရာ၊ လက်လှုပ်ရှားမှုနှင့် အသံတွေကို အဆက်မပြတ်ရွှင်လန်းစေဖို့အတွက် ကော်ပီကူးယူထားပါ။

Chit_May_May

Nyein_Thu

Ref-parenting.firstcry

LEAVE A REPLY

Please enter your comment!
Please enter your name here