မိဘတွေဆိုတာ သားသမီးတွေဆီက ဘာမျှော်လင့်ချက်မှ မရှိပဲ ပေးဆပ်ခြင်းသက်သက်နဲ့ ချစ်တယ်လို့ ပြောကြပေမယ့် တကယ်တော့ သားသမီးတွေဆီက တောင်းတတတ်ကြတဲ့ အရာတချို့ ရှိပါတယ်။ ဒါပေမယ့် ဘယ်တော့မှသင့်ဆီက မတောင်ခံတတ်သလိုပဲ တခါတလေသူတို့ကိုယ်တိုင် မေ့လျော့နေတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ဆန္ဒကို သင်သိရှိနိုင်ဖို့အတွက် မိဘတွေစိတ်ထဲက တောင့်တတတ်တဲ့ အရာတချို့ကို မျှဝေပေးပါရစေ။
၁။ ကောင်းမွန်တဲ့အချိန်တချို့

သင့်ဆီကနေ သူတို့အတွက် အချိန်ပေးမှုဟာ တကယ့်ကိုအရေးကြီးတဲ့ အရာတစ်ခုဖြစ်ပြီးတော့ သူတို့အိုမင်းလာတဲ့အခါမှာ ပိုပြီးတော့တောင် မျှော်လင့်လာတတ်ကြပါတယ်။ သင်ရော မိဘကိုလုံလောက်တဲ့ အချိန်ပေးမယ်လို့ စိတ်ကူဖူးရဲ့လား။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ရက်ကို သူတို့အတွက် နာရီပိုင်းလောက်ပဲဖြစ်ဖြစ် တပတ်မှာ တရက်လောက်ပဲ ဖြစ်ဖြစ်အချိန်ပေးနိုင်အောင် သင်ကြိုးစားပေးပါ။ သင့်ဆီကယခုလိုအချိန်ပေးဖို့ ဘယ်တော့မှမတောင်းဆိုပေမယ့် သူတို့မျှော်လင့်နေမှာတော့ အသေအချာပါပဲ။ သင့်အတွက်ဘာမှမဟုတ်ဖူးလို့ ထင်ရပေမယ့် ယခုလိုသင်ကအချိန်ပေးတာဟာ သူတို့အတွက်အရာအားလုံး တန်ဖိုးရှိနေမှာပါ။
၂။ မိဘတွေနဲ့ ညစာအတူစားတာ

သင်မှတ်မိသေးရဲ့လား? သင်ကလေးဘဝတုန်းက ညစာစားတဲ့အချိန်တွေမှာဆို မိသားစုစုံစုံညီညီနဲ့ အမြဲတမ်းအစဉ်အလာတစ်ခုလိုပဲ ဖြတ်သန်းခဲ့ကြတာကို၊ ကောင်းပါပြီ.. ယခုသင်ကအလုပ်တွေများနေတော့ အရင်လိုအဖေ၊ အမေနဲ့ လက်ဆုံမစားရတဲ့အချိန်တွေ၊ သင်အိမ်ထောင်ကျပြီးလို့ မိဘတွေနဲ့ အတူမနေတော့တဲ့အတွက် လက်ဆုံမစားဖြစ်တော့တဲ့ အချိန်တွေ၊ တနယ်တကျေးမှာ တာဝန်ထမ်းဆောင်နေလို့ မိဘတွေနဲ့ညစာအတူမစားရတော့တဲ့ အချိန်တွေ သင့်အတွက် ပိုများလာနေတာ သတိထားမိရဲ့လား။ သင့်ရဲ့မိဘတွေကတော့ သင်ငယ်ငယ်ကလိုပဲ ထမင်းဝိုင်းမှာ အတူတူစားရင်း သင့်ကိုဂရုစိုက်နေချင်ကြပါသေးတယ်၊ စကားတွေဖောင်ဖွဲ့ချင်ကြပါသေးတယ်။ ဒါကြောင့် သူတို့နဲ့ညစာလက်ဆုံစားဖို့ သင်အားထုတ်သင့်ပြီး သင့်ကိုငယ်ငယ်က ဂရုစိုက်ခဲ့သလိုမျိုး တဖန်ပြန်ဂရုစိုက်လိုက်ပါဦး။ သင့်မိဘတွေရဲ့သက်တမ်းကတဖြည်းဖြည်းနည်းလာနေပြီဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့။
၃။ သူတို့နဲ့အတူ အပြင်ထွက်ဖို့အတွက်

သင်ကလေးဘဝ လမ်းမလျှောက်တတ်ခင် အချိန်တည်းက သင့်ရဲ့အဖေနဲ့အမေဟာ သူတို့ဈေးဝယ်ထွက်တဲ့အခါတိုင်း သင့်ကိုအဖော်အဖြစ် ခေါ်သွားရတာကို ပျော်ရွင်နေခဲ့ကြပါတယ်။ သင်ပူဆာသမျှကိုလည်း တတ်နိုင်သလောက်ဖြည့်ဆည်းပေးဖို့ သူတို့မပျက်ကွက်ခဲ့ကြပါဘူး။ ယခုအချိန်မှာ သင်ကမိဘတွေနဲ့အတူတူအပြင်ထွက်ဖို့အတွက် အစီအစဉ်ဆွဲမှာကို သူတို့မျှော်လင့်နေကြတုန်းပါပဲ။
၄။ မိသားစုခရီး

တကယ်လို့ သင်နဲ့အတူယခုအချိန်မှာ မိသားစုခရီးလေးထွက်ဖို့အတွက် သူတို့ဖွင့်မပြောရင်တောင်မှ သင့်လို သူတို့ရဲ့တန်ဖိုးထားရတဲ့ သားသမီးတစ်ယောက်နဲ့ ပျော်ရွင်စွာခရီးထွက်ဖို့အတွက် မျှော်လင့်နေတတ်ကြပါတယ်။ သင်ကတော့ မိဘတွေနဲ့အစား သူငယ်ချင်းတွေနဲ့ အတူတူ ခရီးထွက်ရင် ပိုပျော်စရာကောင်းမှာပဲလို့ တွေးကောင်းတွေးနေနနိုင်ပါတယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ နှစ်တိုင်းခရီးထွက်ဖို့ တိုင်ပင်နေတတ်ပါလိမ့်မယ်။ သင်ငယ်ငယ်တုန်းကလိုမျိုး မိဘတွေနဲ့ အတူတူခရီးသွားရင်း သူတို့ကိုပြန်လည်စောင့်ရှောက်ရတာကို ပျော်စရာကောင်းတယ်လို့ သင်မထင်မိဘူးလား၊ သိပ်ပြီးတော့ အချိန်ဆွဲမနေပါနဲ့၊ သူတို့သွားချင်တဲ့နေရာကို မသေခင် သင်နဲ့အတူတူသွားချင်နေမှာ အသေအချာပါပဲ။
၅။ အမှန်တရား
သင့်ရဲ့မိဘတွေဟာ သင့်ကိုအမြဲတမ်း ကလေးတစ်ယောက်လိုပဲ မြင်နေတဲ့အတွက် သင်ဘယ်ကိုသွားသွား၊ ဘာပဲလုပ်နေနေ၊ ဘယ်အချိန်ပြန်လာမှာလဲ” ” ဘယ်ကိုရောက်နေတာလဲ” စသဖြင့် အမြဲတမ်းမေးနေတတ်ကြပါတယ်။ ဒါပေမယ့် သူတို့စိတ်ပူနေတဲ့ ယခုလိုအသေးအမွှား ကိစ္စလေးတွေကအစ သင်ဘာကြောင့် အမှန်မပြောနိုင်ပဲ လိမ်ဖို့ကြိုးစားနေရတာလဲ။ သင်ကလေးဘဝတည်းက မိဘတွေကို လိမ်ညာပြောပြီး ကြီးပြင်းလာပေမယ့် ဒါဟာ အနည်းဆုံးတော့ ကြီးမားတဲ့ပြစ်မှုမမြောက်ပါဘူး။ ဒါပေမယ့် ယခုလိုသင်အရွယ်ရောက်လာတဲ့အချိန်မှာတော့ သူတို့ကိုဆက်ပြီး လိမ်ညာဖို့ မကြိုးစားပါနဲ့။ မိဘတွေက သင်ညာနေတာကိုမပြောပေမယ့် စိတ်ထဲကအလိုလို သိနေတတ်လို့ပါ။ ဒါကြောင့် သင့်ရဲ့အခက်အခဲတွေ လုပ်နေတာကို အမှန်အတိုင်းပြောခြင်းဖြင့် သူတို့ကိုပိုပြီးစိတ်အေးစေပါလိမ့်မယ်။
၆။ အိမ်ရောက်တဲ့အခါ သင်ပြုံးနေစေဖို့
သင့်ရဲ့မိဘတွေက ဒါကိုတော့ သင့်ကိုပြောလား၊ မပြောလား ကျွန်တော်တကယ်မသိပါဘူး။ ဒါပေမယ့် သင်စိတ်ဆိုးနေတဲ့အခါ၊ ဒေါသထွက်နေတဲ့အခါနဲ့၊ စိတ်ဆင်းရဲနေတဲ့အခါတွေမှာ မျက်နှာပျက်နေတာကို သူတို့တွေမုန်းကြပါတယ်။ သင့်ရဲ့မိဘတွေဟာ သင့်ကိုကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားအဖြစ် မြင်တွေ့လိုကြပြီး သင့်မှာမကောင်းတဲ့ ခံစားချက်ဖြစ်နေရင်တော့ သင့်ထက်ပိုဆိုးအောင် သူတို့ကခံစားနေရပါလိမ့်မယ်။
၇။ သင့်ရဲ့မွေးနေ့မှာ သူတို့ကိုမမေ့ပါနဲ့

မွေးနေ့ပါတီတွေမှာဆိုရင် သူငယ်ချင်းတွေနဲ့အတူတူ ပျော်မြူးနေတတ်ကြပြီး စက္ကန့်တိုင်းဟာ မွေးနေ့ရှင်အတွက် ပျော်စရာတွေပဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် တစ်ခုတော့ပြောပါရစေ။ သင့်ရဲ့မွေးနေ့ဖြစ်လာတဲ့အစဟာ သူတို့တွေကိုယ်တိုင် ဝမ်းနဲ့လွယ်ပြီးမွေးထားရသလို၊ တသက်လုံးပဲ သင့်ရဲ့မွေးနေ့ကို သင့်ထက်အမှတ်ရနေခဲ့ကြသူတွေဆိုတာပါပဲ။ တကယ်ပြောတာပါ၊ သင့်မွေးနေ့ရောက်ဖို့ သင့်ထက်သူတို့ကပိုပြီးစောင့်ဆိုင်းတတ်ကြပြီး သင့်အတွက်လုပ်ပေးတယ်ဆိုပေမယ့် သူတို့ကပိုပျော်ရသလို သင်ဒါမှမဟုတ် သင့်ရဲ့သူငယ်ချင်းတွေအတွက် အထူးပွဲလိုမျိုးပဲ သူတို့စိတ်မှာ မှတ်ယူနေတတ်ကြပါတယ်။ ဒါကြောင့် သင်မွေးနေ့လုပ်တဲ့အခါမှာ မိဘတွေအတွက် အစီအစဉ်တစ်ခုပြုလုပ်ဖို့ ကြိုးစားပေးပါ။ သူတို့ကိုဘေးဖယ်မထားမိပါစေနဲ့။ သူတို့တွေဟာ သင့်ရဲ့သွေးတွေပဲဆိုတာ မမေ့ပါနဲ့။
LM_Naung_Naung
Chit_MayMay
Zawgyi Font
သင့္ကိုဖြင့္မေျပာေပမယ့္သင့္ရဲ႕မိဘေတြသင့္ဆီကလိုခ်င္တဲ့အရာ(၇)ခ်က္ကဘာေတြလဲ
မိဘေတြဆိုတာ သားသမီးေတြဆီက ဘာေမွ်ာ္လင့္ခ်က္မွ မရွိပဲ ေပးဆပ္ျခင္းသက္သက္နဲ႔ ခ်စ္တယ္လို႔ ေျပာၾကေပမယ့္ တကယ္ေတာ့ သားသမီးေတြဆီက ေတာင္းတတတ္ၾကတဲ့ အရာတခ်ိဳ႕ ရွိပါတယ္။ ဒါေပမယ့္ ဘယ္ေတာ့မွသင့္ဆီက မေတာင္ခံတတ္သလိုပဲ တခါတေလသူတို႔ကိုယ္တိုင္ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ရဲ႕ဆႏၵကို သင္သိရွိႏိုင္ဖို႔အတြက္ မိဘေတြစိတ္ထဲက ေတာင့္တတတ္တဲ့ အရာတခ်ိဳ႕ကို မွ်ေဝေပးပါရေစ။
၁။ ေကာင္းမြန္တဲ့အခ်ိန္တခ်ိဳ႕
သင့္ဆီကေန သူတို႔အတြက္ အခ်ိန္ေပးမႈဟာ တကယ့္ကိုအေရးႀကီးတဲ့ အရာတစ္ခုျဖစ္ၿပီးေတာ့ သူတို႔အိုမင္းလာတဲ့အခါမွာ ပိုၿပီးေတာ့ေတာင္ ေမွ်ာ္လင့္လာတတ္ၾကပါတယ္။ သင္ေရာ မိဘကိုလုံေလာက္တဲ့ အခ်ိန္ေပးမယ္လို႔ စိတ္ကူဖူးရဲ႕လား။ ဘယ္လိုပဲျဖစ္ျဖစ္ တစ္ရက္ကို သူတို႔အတြက္ နာရီပိုင္းေလာက္ပဲျဖစ္ျဖစ္ တပတ္မွာ တရက္ေလာက္ပဲ ျဖစ္ျဖစ္အခ်ိန္ေပးႏိုင္ေအာင္ သင္ႀကိဳးစားေပးပါ။ သင့္ဆီကယခုလိုအခ်ိန္ေပးဖို႔ ဘယ္ေတာ့မွမေတာင္းဆိုေပမယ့္ သူတို႔ေမွ်ာ္လင့္ေနမွာေတာ့ အေသအခ်ာပါပဲ။ သင့္အတြက္ဘာမွမဟုတ္ဖူးလို႔ ထင္ရေပမယ့္ ယခုလိုသင္ကအခ်ိန္ေပးတာဟာ သူတို႔အတြက္အရာအားလုံး တန္ဖိုးရွိေနမွာပါ။
၂။ မိဘေတြနဲ႔ ညစာအတူစားတာ
သင္မွတ္မိေသးရဲ႕လား? သင္ကေလးဘဝတုန္းက ညစာစားတဲ့အခ်ိန္ေတြမွာဆို မိသားစုစုံစုံညီညီနဲ႔ အၿမဲတမ္းအစဥ္အလာတစ္ခုလိုပဲ ျဖတ္သန္းခဲ့ၾကတာကို၊ ေကာင္းပါၿပီ.. ယခုသင္ကအလုပ္ေတြမ်ားေနေတာ့ အရင္လိုအေဖ၊ အေမနဲ႔ လက္ဆုံမစားရတဲ့အခ်ိန္ေတြ၊ သင္အိမ္ေထာင္က်ၿပီးလို႔ မိဘေတြနဲ႔ အတူမေနေတာ့တဲ့အတြက္ လက္ဆုံမစားျဖစ္ေတာ့တဲ့ အခ်ိန္ေတြ၊ တနယ္တေက်းမွာ တာဝန္ထမ္းေဆာင္ေနလို႔ မိဘေတြနဲ႔ညစာအတူမစားရေတာ့တဲ့ အခ်ိန္ေတြ သင့္အတြက္ ပိုမ်ားလာေနတာ သတိထားမိရဲ႕လား။ သင့္ရဲ႕မိဘေတြကေတာ့ သင္ငယ္ငယ္ကလိုပဲ ထမင္းဝိုင္းမွာ အတူတူစားရင္း သင့္ကိုဂ႐ုစိုက္ေနခ်င္ၾကပါေသးတယ္၊ စကားေတြေဖာင္ဖြဲ႕ခ်င္ၾကပါေသးတယ္။ ဒါေၾကာင့္ သူတို႔နဲ႔ညစာလက္ဆုံစားဖို႔ သင္အားထုတ္သင့္ၿပီး သင့္ကိုငယ္ငယ္က ဂ႐ုစိုက္ခဲ့သလိုမ်ိဳး တဖန္ျပန္ဂ႐ုစိုက္လိုက္ပါဦး။ သင့္မိဘေတြရဲ႕သက္တမ္းကတျဖည္းျဖည္းနည္းလာေနၿပီဆိုတာကို ဘယ္ေတာ့မွမေမ့ပါနဲ႔။
၃။ သူတို႔နဲ႔အတူ အျပင္ထြက္ဖို႔အတြက္
သင္ကေလးဘဝ လမ္းမေလွ်ာက္တတ္ခင္ အခ်ိန္တည္းက သင့္ရဲ႕အေဖနဲ႔အေမဟာ သူတို႔ေဈးဝယ္ထြက္တဲ့အခါတိုင္း သင့္ကိုအေဖာ္အျဖစ္ ေခၚသြားရတာကို ေပ်ာ္႐ြင္ေနခဲ့ၾကပါတယ္။ သင္ပူဆာသမွ်ကိုလည္း တတ္ႏိုင္သေလာက္ျဖည့္ဆည္းေပးဖို႔ သူတို႔မပ်က္ကြက္ခဲ့ၾကပါဘူး။ ယခုအခ်ိန္မွာ သင္ကမိဘေတြနဲ႔အတူတူအျပင္ထြက္ဖို႔အတြက္ အစီအစဥ္ဆြဲမွာကို သူတို႔ေမွ်ာ္လင့္ေနၾကတုန္းပါပဲ။
၄။ မိသားစုခရီး
တကယ္လို႔ သင္နဲ႔အတူယခုအခ်ိန္မွာ မိသားစုခရီးေလးထြက္ဖို႔အတြက္ သူတို႔ဖြင့္မေျပာရင္ေတာင္မွ သင့္လို သူတို႔ရဲ႕တန္ဖိုးထားရတဲ့ သားသမီးတစ္ေယာက္နဲ႔ ေပ်ာ္႐ြင္စြာခရီးထြက္ဖို႔အတြက္ ေမွ်ာ္လင့္ေနတတ္ၾကပါတယ္။ သင္ကေတာ့ မိဘေတြနဲ႔အစား သူငယ္ခ်င္းေတြနဲ႔ အတူတူ ခရီးထြက္ရင္ ပိုေပ်ာ္စရာေကာင္းမွာပဲလို႔ ေတြးေကာင္းေတြးေနနႏိုင္ပါတယ္။ ဒါမွမဟုတ္ သူငယ္ခ်င္းေတြနဲ႔ ႏွစ္တိုင္းခရီးထြက္ဖို႔ တိုင္ပင္ေနတတ္ပါလိမ့္မယ္။ သင္ငယ္ငယ္တုန္းကလိုမ်ိဳး မိဘေတြနဲ႔ အတူတူခရီးသြားရင္း သူတို႔ကိုျပန္လည္ေစာင့္ေရွာက္ရတာကို ေပ်ာ္စရာေကာင္းတယ္လို႔ သင္မထင္မိဘူးလား၊ သိပ္ၿပီးေတာ့ အခ်ိန္ဆြဲမေနပါနဲ႔၊ သူတို႔သြားခ်င္တဲ့ေနရာကို မေသခင္ သင္နဲ႔အတူတူသြားခ်င္ေနမွာ အေသအခ်ာပါပဲ။
၅။ အမွန္တရား
သင့္ရဲ႕မိဘေတြဟာ သင့္ကိုအၿမဲတမ္း ကေလးတစ္ေယာက္လိုပဲ ျမင္ေနတဲ့အတြက္ သင္ဘယ္ကိုသြားသြား၊ ဘာပဲလုပ္ေနေန၊ ဘယ္အခ်ိန္ျပန္လာမွာလဲ” ” ဘယ္ကိုေရာက္ေနတာလဲ” စသျဖင့္ အၿမဲတမ္းေမးေနတတ္ၾကပါတယ္။ ဒါေပမယ့္ သူတို႔စိတ္ပူေနတဲ့ ယခုလိုအေသးအမႊား ကိစၥေလးေတြကအစ သင္ဘာေၾကာင့္ အမွန္မေျပာႏိုင္ပဲ လိမ္ဖို႔ႀကိဳးစားေနရတာလဲ။ သင္ကေလးဘဝတည္းက မိဘေတြကို လိမ္ညာေျပာၿပီး ႀကီးျပင္းလာေပမယ့္ ဒါဟာ အနည္းဆုံးေတာ့ ႀကီးမားတဲ့ျပစ္မႈမေျမာက္ပါဘူး။ ဒါေပမယ့္ ယခုလိုသင္အ႐ြယ္ေရာက္လာတဲ့အခ်ိန္မွာေတာ့ သူတို႔ကိုဆက္ၿပီး လိမ္ညာဖို႔ မႀကိဳးစားပါနဲ႔။ မိဘေတြက သင္ညာေနတာကိုမေျပာေပမယ့္ စိတ္ထဲကအလိုလို သိေနတတ္လို႔ပါ။ ဒါေၾကာင့္ သင့္ရဲ႕အခက္အခဲေတြ လုပ္ေနတာကို အမွန္အတိုင္းေျပာျခင္းျဖင့္ သူတို႔ကိုပိုၿပီးစိတ္ေအးေစပါလိမ့္မယ္။
၆။ အိမ္ေရာက္တဲ့အခါ သင္ၿပဳံးေနေစဖို႔
သင့္ရဲ႕မိဘေတြက ဒါကိုေတာ့ သင့္ကိုေျပာလား၊ မေျပာလား ကြၽန္ေတာ္တကယ္မသိပါဘူး။ ဒါေပမယ့္ သင္စိတ္ဆိုးေနတဲ့အခါ၊ ေဒါသထြက္ေနတဲ့အခါနဲ႔၊ စိတ္ဆင္းရဲေနတဲ့အခါေတြမွာ မ်က္ႏွာပ်က္ေနတာကို သူတို႔ေတြမုန္းၾကပါတယ္။ သင့္ရဲ႕မိဘေတြဟာ သင့္ကိုကမာၻေပၚမွာ အေပ်ာ္ဆုံးလူသားအျဖစ္ ျမင္ေတြ႕လိုၾကၿပီး သင့္မွာမေကာင္းတဲ့ ခံစားခ်က္ျဖစ္ေနရင္ေတာ့ သင့္ထက္ပိုဆိုးေအာင္ သူတို႔ကခံစားေနရပါလိမ့္မယ္။
၇။ သင့္ရဲ႕ေမြးေန႔မွာ သူတို႔ကိုမေမ့ပါနဲ႔
ေမြးေန႔ပါတီေတြမွာဆိုရင္ သူငယ္ခ်င္းေတြနဲ႔အတူတူ ေပ်ာ္ျမဴးေနတတ္ၾကၿပီး စကၠန႔္တိုင္းဟာ ေမြးေန႔ရွင္အတြက္ ေပ်ာ္စရာေတြပဲဆိုတာ ကြၽန္ေတာ္သိပါတယ္။ ဒါေပမယ့္ တစ္ခုေတာ့ေျပာပါရေစ။ သင့္ရဲ႕ေမြးေန႔ျဖစ္လာတဲ့အစဟာ သူတို႔ေတြကိုယ္တိုင္ ဝမ္းနဲ႔လြယ္ၿပီးေမြးထားရသလို၊ တသက္လုံးပဲ သင့္ရဲ႕ေမြးေန႔ကို သင့္ထက္အမွတ္ရေနခဲ့ၾကသူေတြဆိုတာပါပဲ။ တကယ္ေျပာတာပါ၊ သင့္ေမြးေန႔ေရာက္ဖို႔ သင့္ထက္သူတို႔ကပိုၿပီးေစာင့္ဆိုင္းတတ္ၾကၿပီး သင့္အတြက္လုပ္ေပးတယ္ဆိုေပမယ့္ သူတို႔ကပိုေပ်ာ္ရသလို သင္ဒါမွမဟုတ္ သင့္ရဲ႕သူငယ္ခ်င္းေတြအတြက္ အထူးပြဲလိုမ်ိဳးပဲ သူတို႔စိတ္မွာ မွတ္ယူေနတတ္ၾကပါတယ္။ ဒါေၾကာင့္ သင္ေမြးေန႔လုပ္တဲ့အခါမွာ မိဘေတြအတြက္ အစီအစဥ္တစ္ခုျပဳလုပ္ဖို႔ ႀကိဳးစားေပးပါ။ သူတို႔ကိုေဘးဖယ္မထားမိပါေစနဲ႔။ သူတို႔ေတြဟာ သင့္ရဲ႕ေသြးေတြပဲဆိုတာ မေမ့ပါနဲ႔။
LM_Naung_Naung
Chit_MayMay