သင့်ရဲ့ကလေး အိပ်ရာထဲဆီးသွားတဲ့ အကြောင်းရင်းနဲ့ ဘယ်လိုဖြေရှင်းရင် ရနိုင်လဲ

0
330
- Advertisement -

ကလေးတွေ အိပ်ရာထဲသေးပေါက်ချတတ်တာဟာ အမြဲလိုလို ဖြစ်တတ်တဲ့ သဘာဝပါ။ အမေရိကန်ပြည်နယ်မှာ ကလေး ၅သန်းလောက်က သူတို့ရဲ့အိပ်ရာထဲကို နေ့စဉ်သေးပေါက်ချတတ်ကြပါတယ်။ ဒီလိုကလေးတွေထဲမှာ ၅နှစ်သားကလေး ၂၀ ရာခိုင်နှုန်း၊ ၇နှစ်အရွယ်ကလေး ၁၀ ရာခိုင်နှုန်းနဲ့ ၁၀ နှစ်အရွယ်ကလေး ၁၀ ရာခိုင်နှုန်းပါဝင်တယ်လို့ အမေရိကန်အထူးကုသင်တန်းကျောင်းက သုတေသနပြုခဲ့ကြပါတယ်။
ကလေးအများစု ဘာကြောင့်သေးပေါက်ချတတ်ကြလဲဆိုတော့ သူတို့ရဲ့ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာ မဦးဆောင်နိုင်သေးတာကြောင့် ဖြစ်ပါတယ်။ သင့်ကလေးက ယခုလိုအိပ်ရာထဲသေးပေါက်ချတဲ့ လက္ခဏာတွေတွေ့ရင် ဒါဟာသာမာန်ဖြစ်လေ့ရှိတဲ့ အရာပါပဲ။ ကလေးတစ်ယောက်အနေနဲ့ ယခုလိုအခြေအနေကို ထိန်းသိမ်းနိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် မိဘတွေအနေနဲ့ ကူညီပေးနိုင်မယ့် နည်းလမ်းတွေတော့ ရှိပါတယ်။

ကလေးအများစုအတွက် အိပ်ရာထဲသေးပေါက်ချတတ်ခြင်းဟာ သာမာန်ဖွံ့ဖြိုးမှုအဆင့်တစ်ခုသာ ဖြစ်ပါတယ်။ ကလေးရဲ့ရုပ်ပိုင်းစိတ်ပိုင်း ဖွံ့ဖြိုးမှုက ရပ်တန့်မနေပါဘူး။ ကလေးအိပ်နေပေမယ့် သူ့ရဲ့ဆီးအိမ်၊ အာရုံကြောစနစ်တွေနဲ့ ဦးနှောက်ကဖွံ့ဖြိုးနေတဲ့အတွက် ယခုလိုဖြစ်ပွားရခြင်းဖြစ်ပါတယ်။ မျိုးရိုးဗီဇအရ မိဘဖြစ်သူတွေက အိပ်ရာထဲသေးပေါက်ချတတ်တဲ့ အလေ့အကျင့်ရှိခဲ့ရင်လည်း ကလေးမှာယခုလိုပိုဖြစ်နိုင်ခြေရှိပါတယ်။
သင့်ရဲ့ကလေးဟာ ညအချိန်မှာ ဆီးကိုမြောက်များစွာထုတ်လုပ်တတ်တယ်။ ကလေးအရွယ်မှာ ဟော်မုန်းကိုလုံလောက်အောင် မထုတ်နိုင်သေးတာကြောင့်လည်း ဖြစ်ပြီး ညအိပ်တဲ့အချိန်နဲ့နီးကပ်စွာ ရေသောက်များခြင်းကြောင့်လည်း ပိုဖြစ်တတ်ပါတယ်။ ကလေးတွေဟာ လူကြီးတွေထက် ပိုပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်စက်တတ်ကြသလိုပဲ အိပ်ရာကထဖို့လည်း လူကြီးတွေထက် ပိုမိုခက်ခဲပါတယ်။ ကလေးရဲ့ဆီးအိမ်မှာ ဆီးတွေပြည့်တဲ့အခါ ဦးနှောက်ကဆီးသွားဖို့အတွက် အချက်ပြပါလိမ့်မယ်။

သင့်ရဲ့ကလေးမှာ စိတ်ဖိစီးမှုရှိနေတဲ့အခါ၊ အရမ်းပင်ပန်းတဲ့အခါ၊ အနည်းငယ်နေမကောင်းဖြစ်တဲ့အခါတွေမှာ ပိုပြီးဖြစ်လေ့ရှိပြီး သူတို့ရဲ့ကြွက်သားက ဆီးကိုထိန်းချုပ်နိုင်စွမ်းလည်း နည်းပါသေးတယ်။ ဒီလိုအိပ်ရာထဲ သေးပေါက်ချတတ်တဲ့ အလေ့အကျင့်ကိုပျောက်စေဖို့အတွက် လေ့ကျင့်ပေးသင့်တဲ့ နည်းလမ်းတွေက ကလေးရဲ့အိပ်ရာနဲ့ အိမ်သာခန်းနဲ့ အရမ်းဝေးနေသလား သတိထားပါ။ ညအမှောင်မှာ toilet သွားရမှာကြောက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ကလေးက ယခုလိုကြောက်တတ်ရင် ဆီးသွားချင်တဲ့အခါတိုင်း မိဘတွေကိုနိုးဖို့အတွက် ပြောထားပေးပါ။ ကလေးအခန်းနဲ့ toilet မှာလည်း ညမီးထွန်းပေးနိုင်ပါတယ်။ သင့်ကလေးရေသောက်တာကို သတိထားကြည့်ပေးပါ။ ရေကိုအိပ်ရာဝင်ခါနီးမှသောက်တာထက် နေ့ခင်းမှာပိုသောက်ဖြစ်အောင် ကြိုးစားပေးပါ။

မနက်ခင်းပိုင်းမှာ ရေကို ၄၀ ရာခိုင်နှုန်း၊ နေ့လည်ခင်းပိုင်းမှာ ၄၀ ရာခိုင်နှုန်းနဲ့ ညနေခင်းမှာ ၂၀ ရာခိုင်နှုန်းလောက်ပဲ သောက်ပါစေ။ တကယ်လို့သင့်ကလေးက သေးပေါက်ချနေရင်တောင်မှ ဆီးပိုနည်းသွားပါလိမ့်မယ်။ အိပ်ရာမဝင်ခင် toilet သွားတဲ့ အလေ့အကျင့်ကိုလည်း ပြုလုပ်ပေးပါ။ ညခင်းဖက်နိုးလာရင်လည်း ဆီးသွားချင်လားဆိုတာကို မေးပေးပါ။ တကယ်လု့ိသင့်ကလေးက သူ့ရဲ့ကျောင်း toilet မှာဆီးသွားရတာ သက်တောင့်သက်သာ မဖြစ်ရင်လည်း ဆီးကိုအောင့်စေပြီး ညအချိန်မှာ ပိုသွားစေပါတယ်။ ဒါကိုလည်း ဂရုစိုက်ပေးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ယခုလိုသင့်ကလေး အိပ်ရာထဲဆီးသွားခြင်းဟာ ကလေးရဲ့အမှားမဟုတ်ပါဘူး သင့်အနေနဲ့ အလေ့အကျင့်ပြုလုပ်ပေးဖို့ပဲ ကြိုးစားသင့်ပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

Zawgyi Font

သင့္ရဲ႕ကေလး အိပ္ရာထဲဆီးသြားတဲ့ အေၾကာင္းရင္းနဲ႔ ဘယ္လိုေျဖရွင္းရင္ ရႏိုင္လဲ

ကေလးေတြ အိပ္ရာထဲေသးေပါက္ခ်တတ္တာဟာ အျမဲလိုလို ျဖစ္တတ္တဲ့ သဘာဝပါ။ အေမရိကန္ျပည္နယ္မွာ ကေလး ၅သန္းေလာက္က သူတို႔ရဲ႕အိပ္ရာထဲကို ေန႔စဥ္ေသးေပါက္ခ်တတ္ၾကပါတယ္။ ဒီလိုကေလးေတြထဲမွာ ၅ႏွစ္သားကေလး ၂၀ ရာခိုင္ႏႈန္း၊ ၇ႏွစ္အရြယ္ကေလး ၁၀ ရာခိုင္ႏႈန္းနဲ႔ ၁၀ ႏွစ္အရြယ္ကေလး ၁၀ ရာခိုင္ႏႈန္းပါဝင္တယ္လို႔ အေမရိကန္အထူးကုသင္တန္းေက်ာင္းက သုေတသနျပဳခဲ့ၾကပါတယ္။
ကေလးအမ်ားစု ဘာေၾကာင့္ေသးေပါက္ခ်တတ္ၾကလဲဆိုေတာ့ သူတို႔ရဲ႕ခႏၶာကိုယ္က ႐ုပ္ပိုင္းဆိုင္ရာ မဦးေဆာင္ႏိုင္ေသးတာေၾကာင့္ ျဖစ္ပါတယ္။ သင့္ကေလးက ယခုလိုအိပ္ရာထဲေသးေပါက္ခ်တဲ့ လကၡဏာေတြေတြ႕ရင္ ဒါဟာသာမာန္ျဖစ္ေလ့ရွိတဲ့ အရာပါပဲ။ ကေလးတစ္ေယာက္အေနနဲ႔ ယခုလိုအေျခအေနကို ထိန္းသိမ္းႏိုင္စြမ္း ရွိမွာမဟုတ္ပါဘူး။ ဒါေပမယ့္ မိဘေတြအေနနဲ႔ ကူညီေပးႏိုင္မယ့္ နည္းလမ္းေတြေတာ့ ရွိပါတယ္။

ကေလးအမ်ားစုအတြက္ အိပ္ရာထဲေသးေပါက္ခ်တတ္ျခင္းဟာ သာမာန္ဖြံ႕ၿဖိဳးမႈအဆင့္တစ္ခုသာ ျဖစ္ပါတယ္။ ကေလးရဲ႕႐ုပ္ပိုင္းစိတ္ပိုင္း ဖြံ႔ၿဖိဳးမႈက ရပ္တန္႔မေနပါဘူး။ ကေလးအိပ္ေနေပမယ့္ သူ႔ရဲ႕ဆီးအိမ္၊ အာ႐ံုေၾကာစနစ္ေတြနဲ႔ ဦးေႏွာက္ကဖြံ႔ၿဖိဳးေနတဲ့အတြက္ ယခုလိုျဖစ္ပြားရျခင္းျဖစ္ပါတယ္။ မ်ိဳး႐ိုးဗီဇအရ မိဘျဖစ္သူေတြက အိပ္ရာထဲေသးေပါက္ခ်တတ္တဲ့ အေလ့အက်င့္ရွိခဲ့ရင္လည္း ကေလးမွာယခုလိုပိုျဖစ္ႏိုင္ေျခရွိပါတယ္။
သင့္ရဲ႕ကေလးဟာ ညအခ်ိန္မွာ ဆီးကိုေျမာက္မ်ားစြာထုတ္လုပ္တတ္တယ္။ ကေလးအရြယ္မွာ ေဟာ္မုန္းကိုလံုေလာက္ေအာင္ မထုတ္ႏိုင္ေသးတာေၾကာင့္လည္း ျဖစ္ၿပီး ညအိပ္တဲ့အခ်ိန္နဲ႔နီးကပ္စြာ ေရေသာက္မ်ားျခင္းေၾကာင့္လည္း ပိုျဖစ္တတ္ပါတယ္။ ကေလးေတြဟာ လူႀကီးေတြထက္ ပိုၿပီးႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္စက္တတ္ၾကသလိုပဲ အိပ္ရာကထဖို႔လည္း လူႀကီးေတြထက္ ပိုမိုခက္ခဲပါတယ္။ ကေလးရဲ႕ဆီးအိမ္မွာ ဆီးေတြျပည့္တဲ့အခါ ဦးေႏွာက္ကဆီးသြားဖို႔အတြက္ အခ်က္ျပပါလိမ့္မယ္။

သင့္ရဲ႕ကေလးမွာ စိတ္ဖိစီးမႈရွိေနတဲ့အခါ၊ အရမ္းပင္ပန္းတဲ့အခါ၊ အနည္းငယ္ေနမေကာင္းျဖစ္တဲ့အခါေတြမွာ ပိုၿပီးျဖစ္ေလ့ရွိၿပီး သူတို႕ရဲ႕ၾကြက္သားက ဆီးကိုထိန္းခ်ဳပ္ႏိုင္စြမ္းလည္း နည္းပါေသးတယ္။ ဒီလိုအိပ္ရာထဲ ေသးေပါက္ခ်တတ္တဲ့ အေလ့အက်င့္ကိုေပ်ာက္ေစဖို႔အတြက္ ေလ့က်င့္ေပးသင့္တဲ့ နည္းလမ္းေတြက ကေလးရဲ႕အိပ္ရာနဲ႔ အိမ္သာခန္းနဲ႔ အရမ္းေဝးေနသလား သတိထားပါ။ ညအေမွာင္မွာ toilet သြားရမွာေၾကာက္တာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ တကယ္လို႔ကေလးက ယခုလိုေၾကာက္တတ္ရင္ ဆီးသြားခ်င္တဲ့အခါတိုင္း မိဘေတြကိုႏိုးဖို႔အတြက္ ေျပာထားေပးပါ။ ကေလးအခန္းနဲ႔ toilet မွာလည္း ညမီးထြန္းေပးႏိုင္ပါတယ္။ သင့္ကေလးေရေသာက္တာကို သတိထားၾကည့္ေပးပါ။ ေရကိုအိပ္ရာဝင္ခါနီးမွေသာက္တာထက္ ေန႔ခင္းမွာပိုေသာက္ျဖစ္ေအာင္ ႀကိဳးစားေပးပါ။

မနက္ခင္းပိုင္းမွာ ေရကို ၄၀ ရာခိုင္ႏႈန္း၊ ေန႔လည္ခင္းပိုင္းမွာ ၄၀ ရာခိုင္ႏႈန္းနဲ႔ ညေနခင္းမွာ ၂၀ ရာခိုင္ႏႈန္းေလာက္ပဲ ေသာက္ပါေစ။ တကယ္လို႔သင့္ကေလးက ေသးေပါက္ခ်ေနရင္ေတာင္မွ ဆီးပိုနည္းသြားပါလိမ့္မယ္။ အိပ္ရာမဝင္ခင္ toilet သြားတဲ့ အေလ့အက်င့္ကိုလည္း ျပဳလုပ္ေပးပါ။ ညခင္းဖက္ႏိုးလာရင္လည္း ဆီးသြားခ်င္လားဆိုတာကို ေမးေပးပါ။ တကယ္လု႔ိသင့္ကေလးက သူ႔ရဲ႕ေက်ာင္း toilet မွာဆီးသြားရတာ သက္ေတာင့္သက္သာ မျဖစ္ရင္လည္း ဆီးကိုေအာင့္ေစၿပီး ညအခ်ိန္မွာ ပိုသြားေစပါတယ္။ ဒါကိုလည္း ဂ႐ုစိုက္ေပးပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ယခုလိုသင့္ကေလး အိပ္ရာထဲဆီးသြားျခင္းဟာ ကေလးရဲ႕အမွားမဟုတ္ပါဘူး သင့္အေနနဲ႔ အေလ့အက်င့္ျပဳလုပ္ေပးဖို႔ပဲ ႀကိဳးစားသင့္ပါတယ္။

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here