သင့်ရဲ့တီထွင်ဖန်တီးနိုင်မှုစွမ်းရည်ကို ပတ်ဝန်းကျင်နဲ့အသိုင်းအဝိုင်းက ဘယ်လိုမျိုးဖျက်ဆီးနေလဲဆိုတာ မီးမောင်းထိုးပြနေတဲ့ ဇာတ်လမ်းတိုလေး

0
111
- Advertisement -

လူအများစုဟာ ကလေးဘဝကနေ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့အချိန်မှာ ငယ်စဥ်တုန်းက ကိုယ့်ကိုပျော်အောင်လုပ်ပေးခဲ့တဲ့ အရာတွေကို မေ့လျော့သွားတတ်လေ့ရှိကြပါတယ်။ နှစ်ပေါင်းများစွာ ကြာလာပြီးနောက် ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ကိုယ့်ဆီမှာရှိတဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်ကို အကျိုးရှိရှိ အသုံးချတတ်စေဖို့သင်ပေးတာထက် ကိုယ့်ဘာသာသိမ်းထားဖို့ကိုသာ သင်ပေးကြပါတယ်။ Alike လို့ အမည်ရတဲ့ ၇ မိနစ်စာ အန်နီမေးရှင်းဇာတ်လမ်းတိုလေးဟာဆိုရင် ကျွန်ုပ်တို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းရည်တွေကို ပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းက ဘယ်လိုမျိုး ချိုးနှိမ်နေလဲဆိုတာကို စကားလုံးတွေမပါဘဲနဲ့ သေချာမီးမောင်းထိုးပြသွားတာပဲဖြစ်ပါတယ်။

ဇာတ်လမ်းတိုလေးဖြစ်ပေမယ့်လည်း လူသားတွေကိုပေးချင်တဲ့ အနက်အဓိပ္ပာယ်က အင်မတန်နက်နဲတဲ့အတွက်ကြောင့် ဆုတွေလည်းဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါကြောင့် ကလေးတွေငယ်စဥ်ကတည်းက သူတို့လေးတွေရဲ့ စိတ်ကူးဥာဏ်တွေကို ဖိနှိမ်ထားမယ်ဆိုပါက ကြီးလာတဲ့အခါ ဘယ်လိုတွေဖြစ်လာနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။

ဒီဇာတ်လမ်းတိုလေးထဲမှာ လူသားတွေရဲ့ စိတ်ခံစားချက်အတွက် မတူညီကွဲပြားတဲ့ အရောင်တွေကို အသုံးပြုထားကာ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ကျွန်ုပ်တို့ရဲ့ ဘဝတွေပေါ်မှာ ဘယ်လိုမျိုး သက်ရောက်မှုရှိနေလဲဆိုတာကို ဖော်ပြထားပါတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင်တော့ လူတစ်ယောက်က အရောင်လျော့လာလေလေ ပျော်ရွှင်မှုတွေလည်း နည်းပါးလာလေဆိုပြီးတော့ လက်တွေ့မှာခံစားရတဲ့ ခံစားချက်တွေကို ပြန်ဆိုပေးထားတာပါ။

ဒါ့အပြင် လူ့အသိုင်းအဝိုင်းမှာ ဝင်ဆံ့ဖို့အတွက် အတင်းရုန်းကန်ပြီး ကြိုးစားတာထက် ကိုယ့်အတွက် ပျော်ရွှင်မှုဖြစ်စေတဲ့ အရာပေါ်မှာ အချိန်ကုန်ခံကြိုးစားခြင်းဖြင့် ကိုယ့်ဘဝတက်လမ်းကောင်းအောင် ကြိုးစားတတ်ဖို့ကိုလည်း ပြသထားပါသေးတယ်။

ဇာတ်လမ်းတိုလေးထဲမှာဆိုရင် ကလေးတစ်ယောက်ဟာ သူ့ရဲ့ဖန်တီးဥာဏ်စွမ်းရည်အတိုင်း ကြိုးစားချင်ပေမယ့်လည်း သင်ကြားခံထားရတဲ့အတိုင်း စည်းမျဥ်းတွေကိုသာ လိုက်နာဖို့အမြဲစိတ်ထဲပေါ်ပေါ်လာပြီး တားဆီးခံလိုက်ရပါတယ်။ ထိုမျှသာမက လက်တွေ့လောကမှ အဖေအများစုကဲ့သို့ပဲ ဇာတ်လမ်းထဲက အဖေဟာဆိုရင်လည်း သူ့ရဲ့သားလေးကို ဘဝရဲ့စစ်မှန်တဲ့ တန်ဖိုးကို သင်ကြားပေးဖို့ ကြိုးစားနေသူပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဘဝရဲ့ တန်ဖိုးရှိတဲ့သင်ခန်းစာတွေကို သင်ယူလိုက်ရသူကတော့ သူဖြစ်နေတာပါပဲ။

Alike ဇာတ်လမ်းလေးကနေ ပြောပြပေးချင်တာက လူ့အသိုင်းအဝိုင်းကချမှတ်ထားတဲ့ စည်းမျဥ်းတွေကို မဖြစ်မနေ လိုက်နာခြင်းဟာ ပျော်ရွှင်မှုကို မုချသယ်ဆောင်လာပေးနိုင်မှာမဟုတ်ဘူးဆိုတာပါပဲ။ လိုက်နာဖို့အတွက် စည်းမျဥ်းတွေချမှတ်ထားတာဆိုပေမယ့်လည်း ကိုယ့်ဘဝအတွက် ပျော်ရွှင်မှုတွေသယ်ဆောင်လာနိုင်တဲ့ အခြားအရာတွေအတွက်လည်း နေရာပေးရန် မမေ့ပါနဲ့။

Alike ရဲ့ ဒါရိုက်တာများဖြစ်ကြတဲ့ Daniel Martínez Lara နှင့် Rafa Cano Méndez တို့ဟာဆိုရင် သူတို့ရဲ့ လက်တွေ့ဖခင်အတွေ့အကြုံတွေကို အခြေခံပြီးတော့ ၄ နှစ်ကြာအချိန်ယူကာ ဒီ ၇ မိနစ်စာ ဇာတ်လမ်းတွဲတိုလေးကို ကြိုးစား ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ သူတို့အဓိကပြောချင်တဲ့ အမှာစကားကတော့ မိဘတိုင်းဟာ သားသမီးအတွက် အကောင်းဆုံးကိုဖြစ်စေချင်ကြတာဆိုပေမယ့်လည်း တစ်ခါတစ်လေမှာ အမှားတွေလုပ်မိတတ်ကြောင်းကို ဖြစ်ပါတယ်။

ဗွီဒီယို Youtube လင့်လေးကိုလည်း ထည့်သွင်းပေးထားတာကြောင့် ဒီဇာတ်လမ်းတိုလေးကြည့်ပြီးတော့ ကိုယ့်သားသမီးလေးတွေကို ဆုံးမတဲ့အချိန်မှာ သူတို့လေးတွေရဲ့ စိတ်ကူးဥာဏ်လေးတွေကို အရှေ့ကနေပိတ်ပြီးတော့ တားဆီးမယ့်အစား အကျိုးရှိရှိ အသုံးချတတ်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ဘယ်လိုမျိုး ကူညီရမလဲဆိုတာကို စဥ်းစားပေးလိုက်ပါ။

Chit_MayMay

Thinzar

Zawgyi

သင့္ရဲ႕တီထြင္ဖန္တီးႏိုင္မႈစြမ္းရည္ကို ပတ္ဝန္းက်င္နဲ႔အသိုင္းအဝိုင္းက ဘယ္လိုမ်ိဳးဖ်က္ဆီးေနလဲဆိုတာ မီးေမာင္းထိုးျပေနတဲ့ ဇာတ္လမ္းတိုေလး

လူအမ်ားစုဟာ ကေလးဘဝကေန တျဖည္းျဖည္းနဲ႔ အ႐ြယ္ေရာက္လာတဲ့အခ်ိန္မွာ ငယ္စဥ္တုန္းက ကိုယ့္ကိုေပ်ာ္ေအာင္လုပ္ေပးခဲ့တဲ့ အရာေတြကို ေမ့ေလ်ာ့သြားတတ္ေလ့ရွိၾကပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ၾကာလာၿပီးေနာက္ ကိုယ့္ပတ္ဝန္းက်င္ အသိုင္းအဝိုင္းက ကိုယ့္ဆီမွာရွိတဲ့ တီထြင္ဖန္တီးႏိုင္မႈစြမ္းရည္ကို အက်ိဳးရွိရွိ အသုံးခ်တတ္ေစဖို႔သင္ေပးတာထက္ ကိုယ့္ဘာသာသိမ္းထားဖို႔ကိုသာ သင္ေပးၾကပါတယ္။ Alike လို႔ အမည္ရတဲ့ ၇ မိနစ္စာ အန္နီေမးရွင္းဇာတ္လမ္းတိုေလးဟာဆိုရင္ ကြၽႏ္ုပ္တို႔ရဲ႕ တီထြင္ဖန္တီးႏိုင္စြမ္းရည္ေတြကို ပတ္ဝန္းက်င္လူ႔အသိုင္းအဝိုင္းက ဘယ္လိုမ်ိဳး ခ်ိဳးႏွိမ္ေနလဲဆိုတာကို စကားလုံးေတြမပါဘဲနဲ႔ ေသခ်ာမီးေမာင္းထိုးျပသြားတာပဲျဖစ္ပါတယ္။

ဇာတ္လမ္းတိုေလးျဖစ္ေပမယ့္လည္း လူသားေတြကိုေပးခ်င္တဲ့ အနက္အဓိပၸာယ္က အင္မတန္နက္နဲတဲ့အတြက္ေၾကာင့္ ဆုေတြလည္းဆြတ္ခူးရရွိခဲ့ပါတယ္။ ဒါေၾကာင့္ ကေလးေတြငယ္စဥ္ကတည္းက သူတို႔ေလးေတြရဲ႕ စိတ္ကူးဥာဏ္ေတြကို ဖိႏွိမ္ထားမယ္ဆိုပါက ႀကီးလာတဲ့အခါ ဘယ္လိုေတြျဖစ္လာႏိုင္လဲဆိုတာကို ဒီေဆာင္းပါးေလးကေနတဆင့္ ေျပာျပေပးခ်င္ပါတယ္။

ဒီဇာတ္လမ္းတိုေလးထဲမွာ လူသားေတြရဲ႕ စိတ္ခံစားခ်က္အတြက္ မတူညီကြဲျပားတဲ့ အေရာင္ေတြကို အသုံးျပဳထားကာ လူ႔ပတ္ဝန္းက်င္အသိုင္းအဝိုင္းက ကြၽႏ္ုပ္တို႔ရဲ႕ ဘဝေတြေပၚမွာ ဘယ္လိုမ်ိဳး သက္ေရာက္မႈရွိေနလဲဆိုတာကို ေဖာ္ျပထားပါတယ္။ ရွင္းရွင္းေျပာရမယ္ဆိုရင္ေတာ့ လူတစ္ေယာက္က အေရာင္ေလ်ာ့လာေလေလ ေပ်ာ္႐ႊင္မႈေတြလည္း နည္းပါးလာေလဆိုၿပီးေတာ့ လက္ေတြ႕မွာခံစားရတဲ့ ခံစားခ်က္ေတြကို ျပန္ဆိုေပးထားတာပါ။

ဒါ့အျပင္ လူ႔အသိုင္းအဝိုင္းမွာ ဝင္ဆံ့ဖို႔အတြက္ အတင္း႐ုန္းကန္ၿပီး ႀကိဳးစားတာထက္ ကိုယ့္အတြက္ ေပ်ာ္႐ႊင္မႈျဖစ္ေစတဲ့ အရာေပၚမွာ အခ်ိန္ကုန္ခံႀကိဳးစားျခင္းျဖင့္ ကိုယ့္ဘဝတက္လမ္းေကာင္းေအာင္ ႀကိဳးစားတတ္ဖို႔ကိုလည္း ျပသထားပါေသးတယ္။

ဇာတ္လမ္းတိုေလးထဲမွာဆိုရင္ ကေလးတစ္ေယာက္ဟာ သူ႔ရဲ႕ဖန္တီးဥာဏ္စြမ္းရည္အတိုင္း ႀကိဳးစားခ်င္ေပမယ့္လည္း သင္ၾကားခံထားရတဲ့အတိုင္း စည္းမ်ဥ္းေတြကိုသာ လိုက္နာဖို႔အၿမဲစိတ္ထဲေပၚေပၚလာၿပီး တားဆီးခံလိုက္ရပါတယ္။ ထိုမွ်သာမက လက္ေတြ႕ေလာကမွ အေဖအမ်ားစုကဲ့သို႔ပဲ ဇာတ္လမ္းထဲက အေဖဟာဆိုရင္လည္း သူ႔ရဲ႕သားေလးကို ဘဝရဲ႕စစ္မွန္တဲ့ တန္ဖိုးကို သင္ၾကားေပးဖို႔ ႀကိဳးစားေနသူပါ။ ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ ဘဝရဲ႕ တန္ဖိုးရွိတဲ့သင္ခန္းစာေတြကို သင္ယူလိုက္ရသူကေတာ့ သူျဖစ္ေနတာပါပဲ။

Alike ဇာတ္လမ္းေလးကေန ေျပာျပေပးခ်င္တာက လူ႔အသိုင္းအဝိုင္းကခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြကို မျဖစ္မေန လိုက္နာျခင္းဟာ ေပ်ာ္႐ႊင္မႈကို မုခ်သယ္ေဆာင္လာေပးႏိုင္မွာမဟုတ္ဘူးဆိုတာပါပဲ။ လိုက္နာဖို႔အတြက္ စည္းမ်ဥ္းေတြခ်မွတ္ထားတာဆိုေပမယ့္လည္း ကိုယ့္ဘဝအတြက္ ေပ်ာ္႐ႊင္မႈေတြသယ္ေဆာင္လာႏိုင္တဲ့ အျခားအရာေတြအတြက္လည္း ေနရာေပးရန္ မေမ့ပါနဲ႔။

Alike ရဲ႕ ဒါ႐ိုက္တာမ်ားျဖစ္ၾကတဲ့ Daniel Martínez Lara ႏွင့္ Rafa Cano Méndez တို႔ဟာဆိုရင္ သူတို႔ရဲ႕ လက္ေတြ႕ဖခင္အေတြ႕အႀကဳံေတြကို အေျခခံၿပီးေတာ့ ၄ ႏွစ္ၾကာအခ်ိန္ယူကာ ဒီ ၇ မိနစ္စာ ဇာတ္လမ္းတြဲတိုေလးကို ႀကိဳးစား ဖန္တီးခဲ့ျခင္းျဖစ္ပါတယ္။ သူတို႔အဓိကေျပာခ်င္တဲ့ အမွာစကားကေတာ့ မိဘတိုင္းဟာ သားသမီးအတြက္ အေကာင္းဆုံးကိုျဖစ္ေစခ်င္ၾကတာဆိုေပမယ့္လည္း တစ္ခါတစ္ေလမွာ အမွားေတြလုပ္မိတတ္ေၾကာင္းကို ျဖစ္ပါတယ္။

ဗြီဒီယို Youtube လင့္ေလးကိုလည္း ထည့္သြင္းေပးထားတာေၾကာင့္ ဒီဇာတ္လမ္းတိုေလးၾကည့္ၿပီးေတာ့ ကိုယ့္သားသမီးေလးေတြကို ဆုံးမတဲ့အခ်ိန္မွာ သူတို႔ေလးေတြရဲ႕ စိတ္ကူးဥာဏ္ေလးေတြကို အေရွ႕ကေနပိတ္ၿပီးေတာ့ တားဆီးမယ့္အစား အက်ိဳးရွိရွိ အသုံးခ်တတ္ဖို႔အတြက္ တစ္ဖက္တစ္လမ္းကေန ဘယ္လိုမ်ိဳး ကူညီရမလဲဆိုတာကို စဥ္းစားေပးလိုက္ပါ။

Chit_MayMay

Thinzar

LEAVE A REPLY

Please enter your comment!
Please enter your name here