သင့်ရဲ့(၉)လသား ကလေးကို ဘယ်အစားအစာတွေ မကျွေးသင့်ဘူးလဲ?

0
15

သင့်ရဲ့ (၉)လသားကလေးကို မကျွေးသင့်တဲ့ အစားအစာတစ်ချို့ရှိပါတယ်။ ဒီအသက်အရွယ်မှာ သူတို့ရဲ့အစာခြေစနစ်က အစားအစာ မျိုးစုံအတွက် အဆင်သင့်မဖြစ်သေးပါဘူး။ ဒါ့ကြောင့် ရှောင်ကြဉ်ရမယ့်အရာတွေကို ဖော်ပြပေးချင်ပါတယ်။
သင့်ကလေးကို မကျွေးသင့်တဲ့အစားအစာတစ်ချို့ရှိပါတယ်။ ဒါအပြင့် ကလေးတွေရဲ့ဘဝ ပထမဆုံးလတွေမှာ စားသုံးတဲ့အစားအစာတွေဟာ အာဟာရဖြစ်ရပါမယ်။ ဒါ့ကြောင့် မိခင်နို့ချိုတိုက်ကျွေးခြင်းနှင့်အတူ စတင်တာက အကောင်းဆုံးပါ။ မိခင်နို့က သူတို့လိုအပ်သမျှ အာဟာရတွေကို ပေးစွမ်းတာကြောင့် ဖြစ်ပါတယ်။
ထို့နောက် အစိုင်အခဲအစားအစာများနဲ့ မိတ်ဆက်ပေးဖို့ အချိန်ရောက်လာတဲ့အခါ သင့်တင့်လျောက်ပတ်တဲ့ ဖွံဖြိုးမှုအတွက် သူတို့လိုအပ်တဲ့ ဗီတာမင်တွေ ပါဝင်သော အစားအစာများဖြစ်ရပါမယ်။ ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပေမယ့် ကလေးအများစုက ၉လအရွယ်မှာ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲအမျိုးုမျိုးုနဲ့ အသားငါးတွေကို စားနေကြပါပြီ။ သင့်ကလေးရဲ့ အစာခြေစနစ်က ကျန်းမာရင် အာဟာရတွေက သူတို့ကို ကျန်းမာစွာ ကြီးပြင်းဖို့ ကူညီပေးနိုင်ပါတယ်။ သို့သော် အစာကြေဖို့ ကလေးတွေအတွက်ခက်ခဲပြီး တခြားရောဂါများကို ဖြစ်ပေါ်စေနိုင်တဲ့ ဓါတ်မတည့်တုံ့ပြန်မှုများဖြစ်ပွားနိုင်တဲ့ အစားအစာတွေရှိပါတယ်။ ဒါ့ကြောင့် သင့်ကလေးကို မကျွေးရမယ့်အစားအစာများနှင့် ပတ်သတ်ပြီး သတိထားသင့်တဲ့ အစားအစာအချို့ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
၁။ နွားနို့/ပဲနို့

အသက် ၉လအရွယ်မှာ သူတို့ရဲ့ အူလမ်းကြောင်းအင်ဇိုင်းတွေက သူတို့ရဲ့အမြင့်ဆုံးဖွံဖြိုးတိုးတတ်မှုအဆင့်ကို မရောက်ရှိသေးပါဘူး။ ကလေးတစ်ယောက်ဟာ ဒီအသက်အရွယ်မှာ ဒီနို့အမျိုးအစားတွေထဲက ပရိုတိန်းတွေကို အစာမခြေနိုင်ပါဘူး။ ဒါ့အပြင် နို့တွေမှာ သူတို့ရဲ့ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ သတ္တုဓါတ်တွေ ပါဝင်ပါတယ်။
၂။ ဟင်းနုနွယ်ရွက်

ဟင်းသီးဟင်းရွက်တွေမှာ များသောအားဖြင့် အကျိုးပြုနိုက်ထရိတ်ဓါတ်တွေ ပါဝင်ပါတယ်။ Nitrates(နိုက်ထရိတ်ဓါတ်)က ခန္ဓာကိုယ်အတွင်းပိုင်းမှာ nitrites(နိုက်ထရိုက်) အဖြစ်သို့ အသွင်ပြောင်းသွားပါတယ်။ ပမာဏများပြားတဲ့အခါ နိုက်ထရိုက်က သွေးဆဲလ်များဖြင့် အောက်ဆီဂျင်ရဲ့ မှန်ကန်တဲ့ ဖြန့်ဖြူးမှုကို သက်ရောက်စေတဲ့ ရောဂါတစ်ခုကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်လာလျှင် သင့်ကလေးရဲ့အသားအရေက ပြာနှမ်းနှမ်းဖြစ်လာပါလိမ့်မယ်။
၃။ ဆား

ကလေးရဲ့ကျောက်ကပ် တစ်ခုခုဖြစ်တာက ဆား(အငန်)များလွန်းလို့ ဖြစ်ပါတယ်။ ဆိုဒီယံများပြားတာက ကျောက်ကပ်ကို ထိစေတာကြောင့် ကလေးကိုတိုက်ကျွေးမယ် ဟင်းချိုတွေမှာတောင် ဆားအများကြီးမထည့်သင့်ပါဘူး။ ဆားကို တတ်နိုင်သမျှရှောင်ပါ။
၄။ သန့်စင်ပြီးသကြား

ချိုချဉ်တွေ၊ ဖျော်ရည်တွေနဲ့ တခြားစားသောက်ကုန်တွေမှာထည့်ထားတဲ့ သကြားက သွေးအတွင်းဂလူးကို့စ်အဆင့်ကို သိသိသာသာ အတတ်အကျဖြစ်စေပါတယ်။ သင့်ကလေးရဲ့အစားအစာထဲမှာ အချိုလျော့ချင်ရင် ကြိတ်ချေထားတဲ့ ငှက်ပျောသီး သို့မဟုတ် မိခင်နို့ရည်ကို သုံးပါ။ အသီးထဲမှာတွေ့ရှိရတဲ့ သဘာဝသကြားဓါတ်ကိုစားသုံးတာက ကလေးအတွက် ပိုကောင်းပါတယ်။
၅။ ပျားရည်

အများအားဖြင့် ပျားရည်မှာ ၉လသားကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ အစာနဲ့မတည့်တာလည်း ဖြစ်နိုင်ပါတယ်။
၆။ အချိုရည်

သကြား၊ ကဖိန်းဓါတ်နှင့် တခြားအပိုထည့်ထားတဲ့အရာတွေကြောင့် ဆိုဒါနှင့် တခြားအချိုရည်တွေက ကလေးတစ်ယောက်အတွက် အန္တရာယ်ရှိပါတယ်။ သူတို့က ကလေးရဲ့အစာအိမ်ကို ထိခိုက်စေနိုင်ပြီး စိတ်လှုပ်ရှား ဂနာမငြိမ်ခြင်းနှင့် အိပ်စက်ချိန် ပြောင်းလဲခြင်းတို့ ဖြစ်နိုင်ပါတယ်။
၇။ ဆန်နို့

သူတို့မှာ တခြားဓါတ်သတ္တုများနှင့် အာဆင်းနစ် ပြင်းအား မြင့်မားစွာ ပါဝင်တာကြောင့် ၁နှစ်အောက်ကလေးတွေကို ဆန်နို့မပေးဖို့ အကြံပြုလိုပါတယ်။ အသက်ကြီးတဲ့ကလေးတောင်မှ ဒါကိုအသင့်အတင့်ပဲ သောက်သုံးသင့်ပါတယ်။
၈။ မီးဖုတ်ထားတဲ့ အစားအစာတွေ

ကိတ်များ၊ ဖုတ်ထားတဲ့မုန့်များ၊ အာလူးချစ်ပ်တွေကဲ့သို့ အာဟာရဓါတ်နည်းတဲ့အစားအစာတွေမှာ ဆားနှင့် သကြားတွေ ထည့်ထားပြီး ကယ်မီကယ်ပမာဏကြီးမားတာကြောင့် ကလေးတွေကို ကျွေးဖို့ အကြံမပြုပါဘူး။
၉။ ဥများ

ဥတွေက ဓါတ်မတည့်တုံ့ပြန်မှု အမျိုးအစားအတော်များများကို ဖြစ်ပေါ်နိုင်ပါတယ်။ ကလေးကိုစကျွေးမယ်ဆိုရင် အနှစ်ကိုအရင်ကျွေးတာက အကောင်းဆုံးပါ။ လအနည်းငယ်လောက်မှ ဥအကာကို မိတ်ဆက်ပေးပါ။
၁၀။ စေးကပ်တဲ့အစားအစာတွေ

ကောက်ညင်းနဲ့လုပ်ထားတဲ့ အစားအစာတွေ၊ ပီကေတွေ၊ ပဲလှော်တွေ၊ ဂျယ်လီ ပျော့အိအိသကြားလုံးကဲ့သို့ စေးကပ်တဲ့အစာအစာတွေက ကလေးရဲ့အာခေါင်မှာကပ်နိုင်/ လည်ချောင်းမှာတစ်နိုင်ပါတယ်။ ဒါ့အပြင် ပီကေတွေ၊ သကြားလုံးတွေမှာ ဓါတုပစ္စည်းတွေ ၊သကြားတွေပါဝင်တာကြောင့် ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။
လည်ချောင်းထဲမှာ နင်ခြင်းကို တားဆီးဖို့

အစားအစာကျွေးတဲ့အခါမှာ သတိထားပေးပါ။ ကလေးမှာ အစာနင်တာ၊ အစာသီးတာတွေ ဖြစ်နိုင်ချေ အရမ်းများပါတယ်။ကလေးကို အစားအစာ ပေးတဲ့အခါ ကလေးရဲ့တစ်ကိုက်စာကိုသာပေးပါ။ အစားအစာအများစုကို အနှစ်တိုက်ပြီး၊ ကြိတ်ချေပြီးမှ ကျွေးသင့်ပါတယ်။သူတို့ကို သစ်သီးတို့ ဟင်းသီးဟင်းရွက်တို့ အတုံးလိုက်ကျွေးမယ်ဆိုရင် ½ inch ထက်မကျော်စေပါနဲ့။ ကလေးကို အဆော့မက်နေတုန်း၊ လှဲနေတုန်းမှာ အစာမကျွေးပါနဲ့။ နင်တတ်လို့ပါ။
ကလေးဆရာဝန်တွေက အလာ့ဂျစ်ဖြစ်နိုင်မယ့် အစားအစာများကို ကလေးကိုကျွေးဖို့ တစ်နှစ်လောက်စောင်းဆိုင်းဖို့ အကြံပြုကြပါတယ်။ တစ်ချို့က မြေပဲနဲ့ ဓါတ်မတည့်တာတို့ ရှိတတ်ကြပါတယ်။ အထူးသဖြင့် ဓါတ်မတည့်မယ့် မျိုးရိုးဗီဇရှိလျှင် သူတို့ရဲ့တုံ့ပြန်မှုကို အနီးကပ်စောင့်ကြည့်ရင်း တဖြည်းဖြည်းမှ ဒီအစားအစာများကို မိတ်ဆက်ဖို့ အကြံပြုထားပါတယ်။

Lifestyle_Myanmar

LM_Nandar

Source- steptohealth

Zawgyi Font

သင့္ရဲ႕(၉)လသား ကေလးကို ဘယ္အစားအစာေတြ မေကၽြးသင့္ဘူးလဲ?

သင့္ရဲ႕ (၉)လသားကေလးကို မေကၽြးသင့္တဲ့ အစားအစာတစ္ခ်ိဳ႕ရွိပါတယ္။ ဒီအသက္အရြယ္မွာ သူတို႔ရဲ႕အစာေျခစနစ္က အစားအစာ မ်ိဳးစံုအတြက္ အဆင္သင့္မျဖစ္ေသးပါဘူး။ ဒါ့ေၾကာင့္ ေရွာင္ၾကဥ္ရမယ့္အရာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။
သင့္ကေလးကို မေကၽြးသင့္တဲ့အစားအစာတစ္ခ်ိဳ႕ရွိပါတယ္။ ဒါအျပင့္ ကေလးေတြရဲ႕ဘဝ ပထမဆံုးလေတြမွာ စားသံုးတဲ့အစားအစာေတြဟာ အာဟာရျဖစ္ရပါမယ္။ ဒါ့ေၾကာင့္ မိခင္ႏို႔ခ်ိဳတိုက္ေကၽြးျခင္းႏွင့္အတူ စတင္တာက အေကာင္းဆံုးပါ။ မိခင္ႏို႔က သူတို႔လိုအပ္သမွ် အာဟာရေတြကို ေပးစြမ္းတာေၾကာင့္ ျဖစ္ပါတယ္။
ထို႔ေနာက္ အစိုင္အခဲအစားအစာမ်ားနဲ႔ မိတ္ဆက္ေပးဖို႔ အခ်ိန္ေရာက္လာတဲ့အခါ သင့္တင့္ေလ်ာက္ပတ္တဲ့ ဖြံၿဖိဳးမႈအတြက္ သူတို႔လိုအပ္တဲ့ ဗီတာမင္ေတြ ပါဝင္ေသာ အစားအစာမ်ားျဖစ္ရပါမယ္။ ကေလးေတြက တစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကေပမယ့္ ကေလးအမ်ားစုက ၉လအရြယ္မွာ ဟင္းသီးဟင္း႐ြက္၊ အသီးအႏွံ၊ ပဲအမ်ိဳးုမ်ိဳးုနဲ႔ အသားငါးေတြကို စားေနၾကပါၿပီ။ သင့္ကေလးရဲ႕ အစာေျခစနစ္က က်န္းမာရင္ အာဟာရေတြက သူတို႔ကို က်န္းမာစြာ ႀကီးျပင္းဖို႔ ကူညီေပးႏိုင္ပါတယ္။ သို႔ေသာ္ အစာေၾကဖို႔ ကေလးေတြအတြက္ခက္ခဲၿပီး တျခားေရာဂါမ်ားကို ျဖစ္ေပၚေစႏိုင္တဲ့ ဓါတ္မတည့္တံု႔ျပန္မႈမ်ားျဖစ္ပြားႏိုင္တဲ့ အစားအစာေတြရွိပါတယ္။ ဒါ့ေၾကာင့္ သင့္ကေလးကို မေကၽြးရမယ့္အစားအစာမ်ားႏွင့္ ပတ္သတ္ၿပီး သတိထားသင့္တဲ့ အစားအစာအခ်ိဳ႕ကို ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။
၁။ ႏြားႏို႔/ပဲႏို႔

အသက္ ၉လအရြယ္မွာ သူတို႔ရဲ႕ အူလမ္းေၾကာင္းအင္ဇိုင္းေတြက သူတို႔ရဲ႕အျမင့္ဆံုးဖြံၿဖိဳးတိုးတတ္မႈအဆင့္ကို မေရာက္ရွိေသးပါဘူး။ ကေလးတစ္ေယာက္ဟာ ဒီအသက္အရြယ္မွာ ဒီႏို႔အမ်ိဳးအစားေတြထဲက ပရိုတိန္းေတြကို အစာမေျခႏိုင္ပါဘူး။ ဒါ့အျပင္ ႏို႔ေတြမွာ သူတို႔ရဲ႕ေက်ာက္ကပ္ကို ထိခိုက္ေစႏို္င္တဲ့ သတၱဳဓါတ္ေတြ ပါဝင္ပါတယ္။
၂။ ဟင္းႏုႏြယ္ရြက္

ဟငး္သီးဟင္းရြက္ေတြမွာ မ်ားေသာအားျဖင့္ အက်ိဳးျပဳႏိုက္ထရိတ္ဓါတ္ေတြ ပါဝင္ပါတယ္။ Nitrates(ႏိုက္ထရိတ္ဓါတ္)က ခႏၶာကိုယ္အတြင္းပိုင္းမွာ nitrites(ႏိုက္ထရိုက္) အျဖစ္သို႔ အသြင္ေျပာင္းသြားပါတယ္။ ပမာဏမ်ားျပားတဲ့အခါ ႏိုက္ထရိုက္က ေသြးဆဲလ္မ်ားျဖင့္ ေအာက္ဆီဂ်င္ရဲ႕ မွန္ကန္တဲ့ ျဖန္႔ျဖဴးမႈကို သက္ေရာက္ေစတဲ့ ေရာဂါတစ္ခုကို ျဖစ္ေစႏိုင္ပါတယ္။ ဒီလိုျဖစ္လာလွ်င္ သင့္ကေလးရဲ႕အသားအေရက ျပာႏွမ္းႏွမ္းျဖစ္လာပါလိမ့္မယ္။
၃။ ဆား

ကေလးရဲ႕ေက်ာက္ကပ္ တစ္ခုခုျဖစ္တာက ဆား(အငန္)မ်ားလြန္းလို႔ ျဖစ္ပါတယ္။ ဆိုဒီယံမ်ားျပားတာက ေက်ာက္ကပ္ကို ထိေစတာေၾကာင့္ ကေလးကိုတိုက္ေကၽြးမယ္ ဟင္းခ်ိဳေတြမွာေတာင္ ဆားအမ်ားႀကီးမထည့္သင့္ပါဘူး။ ဆားကို တတ္ႏိုင္သမွ်ေရွာင္ပါ။
၄။ သန္႔စင္ၿပီးသၾကား

ခ်ိဳခ်ဥ္ေတြ၊ ေဖ်ာ္ရည္ေတြနဲ႔ တျခားစားေသာက္ကုန္ေတြမွာထည့္ထားတဲ့ သၾကားက ေသြးအတြင္းဂလူးကို႔စ္အဆင့္ကို သိသိသာသာ အတတ္အက်ျဖစ္ေစပါတယ္။ သင့္ကေလးရဲ႕အစားအစာထဲမွာ အခ်ိဳေလ်ာ့ခ်င္ရင္ ႀကိတ္ေခ်ထားတဲ့ ငွက္ေပ်ာသီး သို႔မဟုတ္ မိခင္ႏို႔ရည္ကို သံုးပါ။ အသီးထဲမွာေတြ႕ရွိရတဲ့ သဘာဝသၾကားဓါတ္ကိုစားသံုးတာက ကေလးအတြက္ ပိုေကာင္းပါတယ္။
၅။ ပ်ားရည္

အမ်ားအားျဖင့္ ပ်ားရည္မွာ ၉လသားကေလးတစ္ေယာက္ရဲ႕ခႏၶာကိုယ္ထဲမွာ အဆိပ္အေတာက္ျဖစ္ေစတဲ့ ဘက္တီးရီးယားေတြ ပါဝင္ပါတယ္။ အစာနဲ႔မတည့္တာလည္း ျဖစ္ႏိုင္ပါတယ္။
၆။ အခ်ိဳရည္

သၾကား၊ ကဖိန္းဓါတ္ႏွင့္ တျခားအပိုထည့္ထားတဲ့အရာေတြေၾကာင့္ ဆိုဒါႏွင့္ တျခားအခ်ိဳရည္ေတြက ကေလးတစ္ေယာက္အတြက္ အႏၱရာယ္ရွိပါတယ္။ သူတို႔က ကေလးရဲ႕အစာအိမ္ကို ထိခိုိက္ေစနိုင္ၿပီး စိတ္လႈပ္ရွား ဂနာမၿငိမ္ျခင္းႏွင့္ အိပ္စက္ခ်ိန္ ေျပာင္းလဲျခင္းတို႔ ျဖစ္ႏိုင္ပါတယ္။
၇။ ဆန္ႏို႔

သူတို႔မွာ တျခားဓါတ္သတၱဳမ်ားနွင့္ အာဆင္းနစ္ ျပင္းအား ျမင့္မားစြာ ပါဝင္တာေၾကာင့္ ၁ႏွစ္ေအာက္ကေလးေတြကို ဆန္ႏို႔မေပးဖို႔ အႀကံျပဳလိုပါတယ္။ အသက္ႀကီးတဲ့ကေလးေတာင္မွ ဒါကိုအသင့္အတင့္ပဲ ေသာက္သံုးသင့္ပါတယ္။
၈။ မီးဖုတ္ထားတဲ့ အစားအစာေတြ

ကိတ္မ်ား၊ ဖုတ္ထားတဲ့မုန္႔မ်ား၊ အာလူးခ်စ္ပ္ေတြကဲ့သို႔ အာဟာရဓါတ္နညး္တဲ့အစားအစာေတြမွာ ဆားႏွင့္ သၾကားေတြ ထည့္ထားၿပီး ကယ္မီကယ္ပမာဏႀကီးမားတာေၾကာင့္ ကေလးေတြကို ေကၽြးဖို႔ အႀကံမျပဳပါဘူး။
၉။ ဥမ်ား

ဥေတြက ဓါတ္မတည့္တံု႔ျပန္မႈ အမ်ိဳးအစားအေတာ္မ်ားမ်ားကို ျဖစ္ေပၚႏိုင္ပါတယ္။ ကေလးကိုစေကၽြးမယ္ဆိုရင္ အႏွစ္ကိုအရင္ေကၽြးတာက အေကာင္းဆံုးပါ။ လအနညး္ငယ္ေလာက္မွ ဥအကာကို မိတ္ဆက္ေပးပါ။
၁၀။ ေစးကပ္တဲ့အစားအစာေတြ

ေကာက္ညင္းနဲ႔လုပ္ထားတဲ့ အစားအစာေတြ၊ ပီေကေတြ၊ ပဲေလွာ္ေတြ၊ ဂ်ယ္လီ ေပ်ာ့အိအိသၾကားလံုးကဲ့သို႔ ေစးကပ္တဲ့အစာအစာေတြက ကေလးရဲ႕အာေခါင္မွာကပ္ႏိုင္/ လည္ေခ်ာင္းမွာတစ္နိုင္ပါတယ္။ ဒါ့အျပင္ ပီေကေတြ၊ သၾကားလံုးေတြမွာ ဓါတုပစၥညး္ေတြ ၊သၾကားေတြပါဝင္တာေၾကာင့္ ကေလးအတြက္ အႏၱရာယ္ရွိႏိုင္ပါတယ္။
လည္ေခ်ာင္းထဲမွာ နင္ျခင္းကို တားဆီးဖို႔

အစားအစာေကၽြးတဲ့အခါမွာ သတိထားေပးပါ။ ကေလးမွာ အစာနင္တာ၊ အစာသီးတာေတြ ျဖစ္ႏုိင္ေခ် အရမ္းမ်ားပါတယ္။ကေလးကို အစားအစာ ေပးတဲ့အခါ ကေလးရဲ႕တစ္ကိုက္စာကိုသာေပးပါ။ အစားအစာအမ်ားစုကို အႏွစ္တုိက္ၿပီး၊ ႀကိတ္ေခ်ၿပီးမွ ေကၽြးသင့္ပါတယ္။သူတို႔ကုိ သစ္သီးတို႔ ဟင္းသီးဟင္းရြက္တို႔ အတံုးလိုက္ေကၽြးမယ္ဆိုရင္ ½ inch ထက္မေက်ာ္ေစပါနဲ႔။ ကေလးကို အေဆာ့မက္ေနတုန္း၊ လွဲေနတုန္းမွာ အစာမေကၽြးပါနဲ႔။ နင္တတ္လို႔ပါ။
ကေလးဆရာဝန္ေတြက အလာ့ဂ်စ္ျဖစ္ႏိုင္မယ့္ အစားအစာမ်ားကို ကေလးကိုေကၽြးဖို႔ တစ္ႏွစ္ေလာက္ေစာင္းဆိုင္းဖို႔ အႀကံျပဳၾကပါတယ္။ တစ္ခ်ိဳ႕က ေျမပဲနဲ႔ ဓါတ္မတည့္တာတို႔ ရွိတတ္ၾကပါတယ္။ အထူးသျဖင့္ ဓါတ္မတည့္မယ့္ မ်ိဳးရိုးဗီဇရွိလွ်င္ သူတို႔ရဲ႕တံု႔ျပန္မႈကို အနီးကပ္ေစာင့္ၾကည့္ရင္း တျဖည္းျဖည္းမွ ဒီအစားအစာမ်ားကို မိတ္ဆက္ဖို႔ အႀကံျပဳထားပါတယ္။

Lifestyle_Myanmar

LM_Nandar

Source- steptohealth

LEAVE A REPLY

Please enter your comment!
Please enter your name here