သင့္ကေလးရဲ႕ကိုယ္ဟန္အေနအထား မွန္ကန္ေအာင္ ဂ႐ုစိုက္သင့္တဲ့ အရာ (၃) ခ်က္

0
937
- Advertisement -

မိဘတိုင္းဟာ သားသမီးေတြရဲ႕ က်န္းမာေရး၊ ဖြံ႕ၿဖိဳးမႈနဲ႔ အရြယ္ေရာက္မႈကို စိုးရိမ္ပူပန္ေနတတ္ၾကပါတယ္။ အရြယ္ေရာက္လာတဲ့အခါ ကိုယ္ေနဟန္ထားေကာင္းမြန္မႈမရွိရင္ က်န္းမာေရးဆိုးက်ိဳးေတြနဲ႔ ခႏၶာကိုယ္အလွအပအတြက္ မ်ားစြာထိခိုက္ေစပါတယ္။မေကာင္းတဲ့ ကိုယ္ေနဟန္ထားဟာ ရလာဒ္အျဖစ္ ၀မ္းဗိုက္နဲ႕ေနာက္ေက်ာေတြအားနည္းျခင္း၊ ဗဟိုအာ႐ံုေၾကာစနစ္အေျခအေနမ်ား၊ အၾကားအား႐ံုႏွင့္အျမင္အာ႐ံုျပႆနာမ်ား၊ ေက်ာရိုးၾကြက္သားျပႆနာမ်ားကို ခံစားရႏိုင္ပါတယ္။ ဒါေၾကာင့္ မတ္တပ္ရပ္တဲ့အခါနဲ႕ ထိုင္တဲ့အခါမွာ မွန္ကန္တဲ့ကိုယ္ေနဟန္ထားရရွိဖို႕အတြက္ အေလ့အက်င့္ျပဳလုပ္ေပးႏိုင္မယ့္ အခ်က္ (၃)ခ်က္ကို ေဖာ္ျပလိုက္ပါတယ္။

၁။ သင့္ကေလး တီဗြီၾကည့္တဲ့အခ်ိန္၊ ဒါမွမဟုတ္ဂိမ္းကစားတဲ့ အခ်ိန္ေတြမွာ ေလ့က်င့္ခန္းေဘာလံုးေပၚကို ထိုင္ေစျခင္းျဖင့္ ကိုယ္ဟန္ဟန္ထားကို ပိုမိုေကာင္းမြန္ေစပါတယ္။ ေလ့က်င့္ခန္းေဘာလံုးဟာ ေနာက္ေက်ာၾကြက္သားမ်ားကို သန္မာေစသလို ေက်ာရိုးတည္ျငိမ္မႈကိုလည္း သန္မာေစေအာင္ ကူညီေပးႏိုင္ပါတယ္။ အျမဲတမ္းမဟုတ္ေတာင္မွ ေန႔စဥ္ေလ့က်င့္ခန္းကဲ့သို႔ ျပဳလုပ္ေပးသင့္ပါတယ္။

Young physiotherapist explaining exercises to smiling school girls sitting on exercise balls

၂။ သင့္ကေလး အိမ္စာလုပ္တဲ့အခါ၊ ကြန္ျပဳတာသံုးတဲ့အခါမွာ သူတို႔ရဲ႕စားပြဲခံုမွာ ထိုင္လုပ္တယ္ဆိုပါက သူတိို႕အရြယ္နဲ႕သင့္ေတာ္တဲ့ကုလားထိုင္အရြယ္အစား၊ ေျဖာင့္တန္းမႈမွန္ကန္တဲ့ ခံုမ်ိဳးကိုသူတို႕အတြက္ ျပဳလုပ္ေပးသင့္ပါတယ္။ သင့္ကေလးသက္ေတာင့္သက္သာ အနားယူႏိုင္ဖို႔အတြက္ ကုလားထိုင္ေနာက္မွီကိုလည္း မွန္ကန္စြာျပဳလုပ္ေပးဖို႕အေရးႀကီးပါတယ္။ ဒါမွသာ သူတို႕ရဲ႕လည္ပင္းနဲ႕ေက်ာ႐ိုးေတြကို သန္မာေစမွာျဖစ္ပါတယ္။

၃။သင့္ကေလးေက်ာင္းသံုးလြယ္အိတ္ကို မွန္ကန္ေအာင္အထူးဂ႐ုစိုက္ေစခ်င္ပါတယ္။ သူတို႔အတြက္သယ္ေဆာင္ရတာ သက္ေတာင့္သက္သာျဖစ္ေစမယ့္ ပခံုးႏွစ္ဖက္နဲ႔ လြယ္ရတဲ့ ေက်ာပိုးအိတ္ကိုသာ အသံုးျပဳေပးပါ။ ပခံုးတစ္ဖက္တည္းနဲ႕လြယ္ရတဲ့ လြယ္အိတ္မ်ိဳး ေပးမသံုးသင့္ပါဘူး။ တကယ္လို႔သူတို႕ အေလးခ်ိန္မ်ားမ်ားသယ္ေဆာင္ပါက ပခံုးႏွစ္ဖက္နဲ႕ညီတူညီမွ် သယ္ေဆာင္ရတဲ့အတြက္ ကိုယ္ေနဟန္ထားကို ညီမွ်ေစပါတယ္။

ဒါေၾကာင့္ သင့္ကေလးရဲ႕ကိုယ္ေနဟန္ထားကို ေသခ်ာအေလ့အက်င့္ျပဳလုပ္ေပးရန္ အေရးႀကီးပါတယ္။ ဒါမွသာ သူတို႕အတြက္ က်န္းမာေရးနဲ႕ သန္စြမ္းၾကံ့ခိုင္မႈျပႆနာေတြကို ကင္းေ၀းေစမွာျဖစ္ပါတယ္။
#LM_Naung_Naung
#Source-Mom junction

Unicode

သင့်ကလေးရဲ့ကိုယ်ဟန်အနေအထား မှန်ကန်အောင် ဂရုစိုက်သင့်တဲ့ အရာ (၃) ချက်

မိဘတိုင်းဟာ သားသမီးတွေရဲ့ ကျန်းမာရေး၊ ဖွံ့ဖြိုးမှုနဲ့ အရွယ်ရောက်မှုကို စိုးရိမ်ပူပန်နေတတ်ကြပါတယ်။ အရွယ်ရောက်လာတဲ့အခါ ကိုယ်နေဟန်ထားကောင်းမွန်မှုမရှိရင် ကျန်းမာရေးဆိုးကျိုးတွေနဲ့ ခန္ဓာကိုယ်အလှအပအတွက် များစွာထိခိုက်စေပါတယ်။မကောင်းတဲ့ ကိုယ်နေဟန်ထားဟာ ရလာဒ်အဖြစ် ဝမ်းဗိုက်နဲ့နောက်ကျောတွေအားနည်းခြင်း၊ ဗဟိုအာရုံကြောစနစ်အခြေအနေများ၊ အကြားအားရုံနှင့်အမြင်အာရုံပြဿနာများ၊ ကျောရိုးကြွက်သားပြဿနာများကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် မတ်တပ်ရပ်တဲ့အခါနဲ့ ထိုင်တဲ့အခါမှာ မှန်ကန်တဲ့ကိုယ်နေဟန်ထားရရှိဖို့အတွက် အလေ့အကျင့်ပြုလုပ်ပေးနိုင်မယ့် အချက် (၃)ချက်ကို ဖော်ပြလိုက်ပါတယ်။

၁။ သင့်ကလေး တီဗွီကြည့်တဲ့အချိန်၊ ဒါမှမဟုတ်ဂိမ်းကစားတဲ့ အချိန်တွေမှာ လေ့ကျင့်ခန်းဘောလုံးပေါ်ကို ထိုင်စေခြင်းဖြင့် ကိုယ်ဟန်ဟန်ထားကို ပိုမိုကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်းဘောလုံးဟာ နောက်ကျောကြွက်သားများကို သန်မာစေသလို ကျောရိုးတည်ငြိမ်မှုကိုလည်း သန်မာစေအောင် ကူညီပေးနိုင်ပါတယ်။ အမြဲတမ်းမဟုတ်တောင်မှ နေ့စဉ်လေ့ကျင့်ခန်းကဲ့သို့ ပြုလုပ်ပေးသင့်ပါတယ်။

၂။ သင့်ကလေး အိမ်စာလုပ်တဲ့အခါ၊ ကွန်ပြုတာသုံးတဲ့အခါမှာ သူတို့ရဲ့စားပွဲခုံမှာ ထိုင်လုပ်တယ်ဆိုပါက သူတိို့အရွယ်နဲ့သင့်တော်တဲ့ကုလားထိုင်အရွယ်အစား၊ ဖြောင့်တန်းမှုမှန်ကန်တဲ့ ခုံမျိုးကိုသူတို့အတွက် ပြုလုပ်ပေးသင့်ပါတယ်။ သင့်ကလေးသက်တောင့်သက်သာ အနားယူနိုင်ဖို့အတွက် ကုလားထိုင်နောက်မှီကိုလည်း မှန်ကန်စွာပြုလုပ်ပေးဖို့အရေးကြီးပါတယ်။ ဒါမှသာ သူတို့ရဲ့လည်ပင်းနဲ့ကျောရိုးတွေကို သန်မာစေမှာဖြစ်ပါတယ်။

၃။သင့်ကလေးကျောင်းသုံးလွယ်အိတ်ကို မှန်ကန်အောင်အထူးဂရုစိုက်စေချင်ပါတယ်။ သူတို့အတွက်သယ်ဆောင်ရတာ သက်တောင့်သက်သာဖြစ်စေမယ့် ပခုံးနှစ်ဖက်နဲ့ လွယ်ရတဲ့ ကျောပိုးအိတ်ကိုသာ အသုံးပြုပေးပါ။ ပခုံးတစ်ဖက်တည်းနဲ့လွယ်ရတဲ့ လွယ်အိတ်မျိုး ပေးမသုံးသင့်ပါဘူး။ တကယ်လို့သူတို့ အလေးချိန်များများသယ်ဆောင်ပါက ပခုံးနှစ်ဖက်နဲ့ညီတူညီမျှ သယ်ဆောင်ရတဲ့အတွက် ကိုယ်နေဟန်ထားကို ညီမျှစေပါတယ်။

ဒါကြောင့် သင့်ကလေးရဲ့ကိုယ်နေဟန်ထားကို သေချာအလေ့အကျင့်ပြုလုပ်ပေးရန် အရေးကြီးပါတယ်။ ဒါမှသာ သူတို့အတွက် ကျန်းမာရေးနဲ့ သန်စွမ်းကြံ့ခိုင်မှုပြဿနာတွေကို ကင်းဝေးစေမှာဖြစ်ပါတယ်။
#LM_Naung_Naung
#Source-Mom junction

LEAVE A REPLY

Please enter your comment!
Please enter your name here