သင့်ကလေးရဲ့ အမှောင်ကြောက်တဲ့စိတ်ကို ကျော်လွှားနိုင်အောင် ဘယ်လိုကူညီပေးမလဲ?

0
187
- Advertisement -

မှောင်နေရင် ကြောက်တတ်တာက လူအားလုံးမှာရှိတတ်တဲ့ သာမန်အကြောက်တရားတစ်ခုပဲဖြစ်ပါတယ်။ သားသားမီးမီးလေးတွေမှ အမှောင်ကြောက်တာ မဟုတ်ပါဘူး။ လူကြီးတွေလည်း ကြောက်တတ်ပါတယ်။ ငယ်ငယ်တည်းက အမှောင်ကြောက်တယ်ဆိုရင် အသက်ကြီးလာတဲ့အခါမှာလည်း ကြောက်တာတွေ ဖြစ်နိုင်ပါတယ်။

မိဘတွေက အမှောင်ကြောက်တဲ့ ကလေးတွေကို ဒီကြောက်စိတ်ကို ကျော်လွှားနိုင်အောင် ကူညီပေးချင်ကြပါတယ်။ ယနေ့ဆောင်းပါးမှာ အမှောင်ကြောက်တတ်တဲ့ ကလေးတွေကို ဘယ်လိုကူညီပေးမလဲဆိုတဲ့ နည်းလမ်းအချို့ကို မျှဝေပေးချင်ပါတယ်။

ဒီနည်းလမ်းများက ကလေးရဲ့အမှောင်ကြောက်စိတ်ကို ကျော်လွှားဖို့ ကူညီပေးပါလိမ့်မယ်။ သင်ဟာ မွေးကတည်းကနေ ဒီအကြောက်လွန်စိတ်ကို တိုက်ခိုက်ပေးလျှင် ကလေးတွေ ကြီးပြင်းလာတဲ့အချိန်မှာ ဒါကို ကျော်လွှားပြီးသား ဖြစ်ပါလိမ့်မယ်။ တခါတရံမှာ ကလေးတွေဟာ မြီးကောင်ပေါက်အရွယ်၊ လူကြီးဖြစ်လာတဲ့အချိန်ထိ သူတို့ရဲ့ကြောက်စိတ်ကို ဘယ်လိုထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာ မသိကြပါဘူး။

- Advertisement -

၁။ ပျော်ရွှင်ပါစေ

ကလေးတွေကို အမှောင်ထဲမှာ ဂိမ်းတွေ၊ ပညာရေးလှုပ်ရှားမှုတွေအဖြစ် ကြိုးစားပေးတာက သူတို့ရဲ့အမှောင်ကြောက်တတ်တဲ့စိတ်ကို ကျော်လွှားနိုင်မယ့် အိုင်ဒီယာကောင်းတစ်ခု ဖြစ်ပါတယ်။
ကလေးတွေ နှစ်သက်လိမ့်မယ့် တကယ့်ပျော်စရာကောင်းတဲ့ activity တစ်ခုကတော့ အရိပ်တွေနဲ့ ကစားခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ လက်ကလေးတွေသုံးပြီး ပုံသဏ္ဍာန်အမျိုးမျိုး ပြုလုပ်ကစားခြင်းက သူတို့ရဲ့ကြောက်စိတ်ကို ချိုးဖျက်နိုင်မယ့် စိတ်ကူးကောင်းတစ်ခုဖြစ်ပါတယ်။

၂။ ညမီး အသုံးပြုပါ

ကလေးရဲ့အခန်းထဲမှာ ညအိပ်မီး အလင်းမှိန်မှိန်လေးထွန်းပေးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၃။ သူတို့ရဲ့ကြောက်စိတ်ကို ကျော်လွှားနိုင်ဖို့

ကလေးလေးကို အမှောင်ထဲမှာ ထားတာမျိုး လေ့ကျင့်ထားပေးပါ။ ကလေးက အမှောင်ကြောက်လို့ ငိုနေရင် မီးဖွင့်ပေးတာမျိုး မလုပ်ပါနဲ့။ သူတို့အနားမှာနေပေးပြီး သူတို့ငြိမ်သွားစေဖို့ နည်းလမ်းရှာပါ။ သူတို့မနှစ်သက်တဲ့ အမှောင်ကို ထိပ်တိုက်ရင်ဆိုင်မပေးဘူးဆိုရင် ၊ သူတို့ကျင့်သားမရဘူးဆိုရင် မှောင်နေတဲ့အခန်းထဲမှာ အကြောက်လွန်စိတ်ကို ကျော်လွှားနိုင်မှာမဟုတ်ပါဘူး။
ဒီကြောက်စိတ်ကို မကျော်လွှားနိုင်ဘူးဆိုရင် အရွယ်ရောက်တဲ့အထိ သူတို့ရဲ့အခန်းထဲမှာ တစ်ယောက်တည်း အိပ်နိုင်မှာ မဟုတ်ပါဘူး။

၎။ သူတို့ကို စကားပြောပေးပါ

ဆက်သွယ်ပြောဆိုမှုက အခြေခံကျပါတယ်။ ကြောက်စရာမလိုတဲ့ ခံစားချက်တွေ၊ စိတ်လုံခြုံမှုတွေ ပေးဖို့ လိုပါတယ်။ သူတို့နေတဲ့နေရာဟာ ကြောက်စရာမရှိကြောင်း၊ လုံခြုံစိတ်ချရကြောင်း ကလေးကို နားလည်စေဖို့ စကားပြောပေးသင့်ပါတယ်။ သူတို့ကို စကားပြောခြင်းဖြင့် အမှောင်ထဲမှာ ကြောက်ဖို့ မလိုဘူးဆိုတာ သိသွားပါလိမ့်မယ်။

၅။ အမှောင်ကို ကျော်လွှားဖို့ ပုံပြင်များ ပြောပြပါ

ကလေး အမှောင်ကြောက်စိတ်ကို ကျော်လွှားနိုင်စေဖို့ အထောက်အကူပြုတဲ့နည်းလမ်းက အိပ်ရာဝင်တိုင်း ပုံပြင်ပြောပြပေးဖို့ ဖြစ်ပါတယ်။

၆။ ကလေးတွေကို လန့်အောင် မခြောက်ပါနဲ့

တချို့က ကလေးကို အမှောင်ထဲမသွားရဲ၊ မနေရဲအောင် သရဲပုံပြင်တွေနဲ့ ခြောက်လှန့်တတ်ပါတယ်။ အပျော်သဘောဖြစ်ပေမယ့် ကလေးမှာ ကြောက်စိတ်ဝင်သွားစေတာကြောင့် မပြုလုပ်သင့်ပါဘူး။ တစ်ချို့မိဘတွေက ကလေးမြန်မြန်အိပ်အောင်၊ အစာစားအောင် တစ်ခုခုနဲ့ ကြောက်အောင် ခြောက်လှန့်တတ်ပါသေးတယ်။ ဒါကို မိဘတွေ ဆင်ခြင်ရမှာဖြစ်ပါတယ်။ ကလေးရဲ့ကြောက်စိတ်ကို ကျော်လွှားနိုင်တဲ့အထိ သူတို့ကို ရှော့ခ်ရစေနိုင်တဲ့ အခြေအနေများကို ကာကွယ်တားဆီးပေးရပါမယ်။

၇။ ဂီတ

ကလေးတွေရဲ့ အမှောင်ကြောက်စိတ်ကို ကျော်လွှားနိုင်မယ့် နည်းလမ်းကောင်းတစ်ခုက ဂီတပဲဖြစ်ပါတယ်။ ကလေးအိပ်ခါနီးရင် သီချင်းဖွင့်ပေးထားခြင်းဖြင့် စိတ်အေးလက်အေး အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။ အိပ်ပျော်သွားရင်တော့ သီချင်းကို ပိတ်ထားပေးနိုင်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဖြင့် သင့်ကလေးဟာ နှစ်ပတ်လောက်နေရင် သူတို့ရဲ့ စိုးရိမ်မှုကို မေ့လျော့သွားပြီး ကျော်လွှားသွားနိုင်ပါလိမ့်မယ်။

Chit_MayMay

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here