ကေလးေတြရဲ႕ေရွ႕မွာ ႀကီးမားတဲ့ အနာဂတ္တစ္ခုရွိေၾကာင္း ညႊန္ျပေနတဲ့ သြင္ျပင္လကၡဏာ အေတာ္မ်ားမ်ား ရွိပါတယ္။ သူတို႔က ထင္ရွားတဲ့ အႏုပညာရွင္၊ ေအာင္ျမင္တဲ့ စီးပြားေရးသမား ျဖစ္ႏိုင္သလို၊ နိုင္ငံေရးသမားႀကီးလည္း ျဖစ္လာႏိုင္ပါတယ္။ သင့္ကေလးရဲ႕ အရည္အခ်င္းကို သတိျပဳမိဖို႔နဲ႕ ဖြံ႕ၿဖိဳးတိုးတတ္ေအာင္ ကူညီေပးဖို႔ လိုပါတယ္။ သင့္ကေလးဟာ အနာဂတ္မွာ ဥာဏ္ႀကီးရွင္တစ္ေယာက္ျဖစ္ႏုိင္တယ္ဆိုတာ ဘယ္လိုသိႏိုင္မလဲ?
၁။ သူတို႔ဟာ အျမင္အာရံုနဲ႔ ဆြဲေလ့ရွိပါတယ္
ဥာဏ္ရည္ျမင့္မားလြန္းတဲ့ ကေလးတစ္ေယာက္ဟာ သတင္းအခ်က္အလက္ စုေဆာင္းသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူတို႔ဟာ သူတို႔ျမင္တဲ့ အရာရာတိုင္းကို မွတ္ဥာဏ္မွာ သိမ္းဆည္းထားပါတယ္။ သင့္ကေလးဟာ ေနရာတစ္ခုကို အလည္သြားၿပီးေနာက္ ဓါတ္ပံုေတြ ၾကည့္စရာမလိုဘဲ အေသးစိတ္ကို ဆြဲႏိုင္လွ်င္ သူတို႔ဟာ အရည္အခ်င္းရွိသူတစ္ေယာက္ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ သိပၸံပညာရွင္မ်ားက ဒီသဘာဝျဖစ္စဥ္ကို ” ဓါတ္ပံုမွတ္ဥာဏ္” လို႔ေခၚၾကပါတယ္။၂-၁၀%ေသာ ကေလးေတြသာ ဒီစြမ္းရည္ ပိုင္ဆိုင္ပါတယ္။ အရြယ္ေရာက္သူမ်ားထဲမွာ ဒါကို နည္းနည္းပဲ ေတြ႕ရိွရပါတယ္။
လီယိုနာဒို ဒါဗင္ခ်ီႏွင့္ ဂယ္လီလီယုိ ဂယ္လီေလးရီ တို႔မွာ ဒီ thinking strategy အမ်ိဳးအစား ရွိခဲ့ပါတယ္။
၂။ သူတိုမွာ ကိုယ္ပိုင္အေတြးေတြ ရွိပါတယ္

စမတ္က်တဲ့ကေလးဟာ angel ေလးေတြ မဟုတ္ပါဘူး။ သူတို႔ဟာ ကိုယ့္အေတြးနဲ႔ ကိုယ္အာရံုမ်ားတဲ့သူေတြျဖစ္ၿပီး မိဘေတြေျပာရင္ နားမေထာင္တတ္ၾကပါဘူး။ သူတို႔ဟာ ပံုျပင္ေျပာတာ စိတ္အားထက္သန္သူေတြလည္းျဖစ္ၿပီး သူတို႔ရဲ႕ ကြက္ကြက္ကြင္းကြင္း စိတ္ကူးစိတ္သန္းမ်ားက အမ်ားအားျဖင့္ မိဘေတြ၊ ဆရာေတြကို ေရွာ့ရေစပါတယ္။ ဒါေပမယ့္ ထင္ရွင္းျမင္သာတဲ့ စိတ္ကူးစိတ္သန္းေတြက ဥာဏ္ရည္ဥာဏ္ေသြးရဲ႕ လကၡဏာတစ္ခုျဖစ္ပါတယ္။
ဥာဏ္ရည္ျမင့္မားလြန္းတဲ့ ကေလးေတြဟာ ေက်ာင္းမွာ ပ်င္းတတ္ၾကပါတယ္။ မိဘေတြက ဒီအျပဳအမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ‘ပညာေရးဟာ တကယ္အေရးႀကီးေၾကာင္း’ ရွင္းျပဖို႔သာလိုပါတယ္။
၃။ သူတို႕ဟာ စကားေျပာျမန္ေလ့ရွိပါတယ္

စကားေျပာႏႈန္းျမန္တဲ့ ကေလးတစ္ေယာက္ဟာ ေဝါဟာရ ၾကြယ္ဝသူတစ္ေယာက္ျဖစ္တာေၾကာင့္ ဥာဏ္ႀကီးရွင္ျဖစ္ေၾကာင္း ေဖာ္ျပေနပါတယ္။ သာမန္ကေလးတစ္ေယာက္ဟာ အသက္၂ႏွစ္မွာ စၿပီးစကားေျပာပါတယ္။ ဥာဏ္ရည္ျမင့္မားလြန္းတဲ့ ၂ႏွစ္အရြယ္ကေလးဟာ မ်ားေသာအားျဖင့္ ရႈပ္ေထြးတဲ့စကားအသံုးအႏႈန္းေတြ တည္ေဆာက္ႏိုင္ၾကပါတယ္။ လူနဲ႔မလိုက္ေအာင္ စကားလံုးႀကီးႀကီးေတြ ေျပာတတ္ၾကပါတယ္။
ရွားပါးကိစၥေတြမွာေတာ့ ကေလးငယ္ဟာ ေနာက္က်မွ စကားေျပာဖို႔ သင္ယူၾကပါတယ္။ သိပံၸပညာရွင္မ်ားက ဒီကေလးေတြမွာ အိုင္းစတုိင္း Syndrome ရွိတယ္လို႔ ထင္ၾကပါတယ္။ အဲလ္ဘတ္အိုင္းစတိုင္းဟာ သူ ၇ႏွစ္မေရာက္ခင္အထိကို လူေတြအမ်ားႀကီးနဲ႔ စကားမေျပာခ်င္ခဲ့ပါဘူး။ ရူပေဗဒပညာရွင္ Richard Feynman၊ သခၤ်ာပညာရွင္ ဂ်ဴလီယာေရာ္ဘင္ဆင္ႏွင့္ အျခားေသာ ထင္ရွားတဲ့သူအေတာ္မ်ားမ်ားဟာ စကားေျပာေနာက္က်သူေတြ ျဖစ္ခဲ့ၾကပါတယ္။
၄။ သူတို႔ဟာ ၿပီးျပည့္စံုတဲ့သူေတြ မဟုတ္ပါဘူး
ဥာဏ္ရည္ျမင့္မားတဲ့ကေလးဟာ အမ်ားအားျဖင့္ အသိပညာရွင္နယ္ပယ္တစ္ခုကို ေရြးခ်ယ္ၾကၿပီး ဘာသာရပ္ကို ႀကိဳက္ႏွစ္သက္ပါက နာရီေပါင္းမ်ားစြာ ေလလ့လာႏိုင္ၾကပါတယ္။ သင့္ကေလးဟာ အနာဂတ္သခ်ၤာပညာရွင္တစ္ေယာက္ဆိုရင္ ဘာသာစကားေတြကို သိပ္ၿပီးဂရုစိုက္မွာမဟုတ္ပါဘူး။
လက္ေရးဆိုးျခင္းက ဥာဏ္ျမင့္မားတဲ့ကေလးေတြရဲ႕ အျခားသြင္ျပင္လကၡဏာ တစ္ခုျဖစ္ပါတယ္။ သူတို႔ရဲ႕ဦးေႏွာက္ထဲက အေတြးေတြကို ဖမ္းဖို႔ၾကိဳးစားရင္း အျမန္ေရးတာေၾကာင့္ သူတို႔လက္ေရးက ဆိုးရတာပါ။ ဒါ့အျပင္ ေက်ာင္းစည္းမ်ဥ္းစည္းကမ္းေတြကို မလိုက္နာခ်င္တာေၾကာင့္လည္း ျဖစ္ပါတယ္။
၅။ သူတို႔ဟာ sociable ေတြလည္းျဖစ္ပါတယ္
စမတ္က်တဲ့ ကေလးေတြဟာ ေဖာ္ေဖာ္ေရြေရြမရွိတဲ့ ကေလးေတြျဖစ္တယ္လို႔ဆိုၾကပါတယ္။ ဒါေပမယ့္ “social intelligence” လို႔ေခၚတဲ့ အသံုးအႏႈန္း တစ္ခုရွိပါတယ္။ genius တစ္ေယာက္ျဖစ္ဖို႔ လူတစ္ေယာက္ဟာ သခ်ၤာပံုေသနညး္အရွည္ႀကီးကို မွတ္မိဖို႔ မလိုပါဘူး။ Social geniuses ေတြဟာ သူတို႔နားကလူေတြနဲ႕ ေပါင္းသင္းဆက္ဆံေရးတည္ေဆာက္ႏိုင္စြမ္း ရွိၾကပါတယ္။ သင့္ကေလးဟာ သူတို႔ရဲ႕သူငယ္ခ်င္းေတြကို စိတ္ဝင္စားၿပီး တရားမွ်တသူျဖစ္လွ်င္ သူတို႔ဟာ ဥာဏ္ရည္ထက္ျမတ္သူေတြ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။
သိပၸံပညာရွင္မ်ားက ကိုယ့္ရဲ႕စိတ္ခံစားမႈႏွင့္ အျခားသူမ်ားရဲ႕စိတ္ခံစားမႈကို အသိအမွတ္ျပဳၿပီး manage လုပ္ဖို႔ တစ္ဦးခ်င္းစီရဲ႕စြမ္းရည္ (emotional intelligence) ကိုလည္း မီးေမာင္းထုိးျပခဲ့ပါတယ္။ ဒီကေလးေတြဟာ မန္ေနဂ်ာေတြ၊ ႏိုင္ငံေရးသမားေတြနဲ႔ မားကတ္တင္းကၽြမ္းက်င္သူမ်ားအျဖစ္သို႔ ေျပာင္းလဲႏိုင္ပါတယ္။
၆။ သူတို႔ဟာ လူႀကီးေတြနဲ႔ အခ်ိန္အမ်ားႀကီး ျဖဳန္းၾကပါတယ္
အနာဂတ္ဥာဏ္ႀကီးရွင္ေတြဟာ လူႀကီးေတြနဲ႔ စကားေျပာရတာကို ႏွစ္သက္ပါတယ္။ သာမန္ကေလးေတြက မ်ားေသာအားျဖင့္ လူႀကီးေတြနဲ႔ အေပါင္းအသင္းလုပ္ရတာဟာ သီးသန္႔ျဖစ္ေနသလို ခံစားရေပမယ့္ ဥာဏ္ရည္ထက္ျမက္တဲ့ကေလးေတြကေတာ့ လူႀကီးေတြနဲ႔ ေပါင္းရတာကို ႏွစ္သက္ပါတယ္။ အရည္အခ်င္းရွိတဲ့ ကေလးေတြဟာ မ်ားေသာအားျဖင့္ အသက္ပိုႀကီးတဲ့ သူငယ္ခ်င္းေတြနဲ႔ ေပါင္းၾကပါတယ္။ ဒီကေလးေတြဟာ သက္တူရြယ္တူ ကေလးေတြနဲ႔လည္း ေပါင္းသင္းဆက္ဆံဖို႔ လိုအပ္ပါတယ္။ စိတ္ပညာရွင္မ်ားက စမတ္က်တဲ့ကေလးေတြဟာ အထီးက်န္မႈကိုခံစားရႏိုင္တာေၾကာင့္ မိဘေတြကို သတိေပးၾကပါတယ္။
၇။ သူတို႔က တက္ၾကြသူေတြျဖစ္ပါတယ္
အနာဂတ္ဥာဏ္ႀကီးရွင္ေတြဟာ တကယ္ေတာ့ တတ္ၾကြသူေတြျဖစ္ပါတယ္။ သူတို႔က တျခားကေလးေတြထက္ ေစာၿပီး စကားေျပာျခင္း၊ လမ္းေလွ်ာက္ျခင္း စတင္ပါတယ္။ စမတ္က်တဲ့ကေလးေတြက အားကစားေတြကို မုန္းတယ္လို႔ဆိုပါတယ္။ သူတို႔ဟာ အားကစားလုပ္ရမွာထက္ အိမ္မွာေနၿပီး စာအုပ္ေတြ ဖတ္ပါတယ္။ ဒါေပမယ့္ ဒါက အမွားတစ္ခုျဖစ္ပါတယ္။ သိပၸံပညာရွင္မ်ားက child prodigies ေတြဟာ ဂနာမၿငိမ္သူေတြျဖစ္ၿပီး သူတို႔ဟာ တစ္ခုခု မလုပ္ရရင္ မေနႏိုင္သူေတြလို႔ ဆိုပါတယ္။ ဒါေၾကာင့္လည္း ကမာၻေပၚမွာ တီထြင္ႀကံဆမႈ၊ ရွာေဖြေတြ႕ရွိမႈေတြ ရရွိလာတာျဖစ္ပါတယ္။
၈။ သူတို႔ရဲ႕fine motor skill ဖြံ႕ၿဖိဳးတဲ့ လႈပ္ရွားမႈေတြကို ႀကိဳက္ၾကပါတယ္
သင့္ကေလးဟာ ပုတီးလံုးေတြကို ႀကိဳးနဲ႕သီရတာ၊ ေမေမနဲ႔အတူတူ ပေဟဠိဖြက္ဖို႔ ႀကိဳးစားရတာ ႀကိဳက္တယ္ဆိုရင္ အဲ့ဒီအေပၚမွာ အရည္အခ်င္းရွိတဲ့ကေလးတစ္ေယာက္အျဖစ္ ျပဳစုပ်ိဳဴးေထာင္ေပးပါ။ လက္ေခ်ာင္းေလးေတြရဲ႕ လုပ္ေဆာင္ႏိုင္မႈနဲ႕ ေျခလက္ေတြရဲ႕ သန္စြမ္းမႈ ျဖစ္တဲ့ fine motor skill က ဥာဏ္ရည္ဥာဏ္ေသြးျမင့္မားမႈ တိုးတတ္ေစဖို႔ အေထာက္အကူျဖစ္ပါတယ္။ ေသးငယ္တဲ့ details ေတြကို ႏွစ္သက္တဲ့ ကေလးက စာေရး၊ စကားေျပာေကာင္းတယ္ဆိုတာ ဆရာေတြ အေသအခ်ာသိရပါမယ္။ သင့္ကေလးဟာ အရာဝတၱဳေသးေသးေလးေတြနဲ႔ ကစားေနတဲ့အခါ ကေလးကို ေစာင့္ၾကည့္ေနသင့္ေၾကာင္း မေမ့ပါနဲ႔ ။
၉။ သူတို႔ဟာ ဟာသဥာဏ္ေကာင္းပါတယ္
ဟာသဥာဏ္က လူတစ္ေယာက္ရဲ႕ ဥာဏ္ရည္ဥာဏ္ေသြးကို ေဖာ္ျပပါတယ္။ လူတစ္ေယာက္ရဲ႕ ဟာသလုပ္ႏိုင္စြမ္းနဲ႔ တျခားဟာေတြကို နားလည္ႏိုင္စြမ္းက စဥ္းစားေတြးေခၚႏိုင္မႈႏွင့္ ဆက္စပ္ေနပါတယ္။ ဒီကေလးေတြဟာ သူငယ္ခ်င္းေတြ အမ်ားႀကီးရပါလိမ့္မယ္။ ဒါေပမယ့္ မသိမသာကြဲျပားတာတစ္ခုရွိပါတယ္။ တစ္ခါတစ္ရံမွာ လူေတြဟာ ေကာင္းမြန္တဲ့ စိတ္ခံစားမႈေနာက္ကြယ္မွာ စိတ္ဖိစီးမႈ၊ နာက်င္မႈေတြ ဖံုးကြယ္ထားပါတယ္။
၁၀။ သူတို႔မွာ မိဘေကာင္းေတြ ရွိၾကပါတယ္
သိပၸံပညာရွင္မ်ားရဲ႕အဆိုအရ အနာဂတ္ဥာဏ္ႀကီးရွင္ေတြရဲ႕ စံျပမိဘေတြက ဒီလိုအရည္အခ်င္းေတြ ရွိပါတယ္။
မိဘေတြဟာ ခ်မ္းသာၾကြယ္ဝတာထက္ ပညာတတ္ေတြ ျဖစ္ၾကပါတယ္။
ဖခင္က တည္ၿငိမ္ၿပီး စိုးမိုးခ်ယ္လွယ္မႈမရွိပါဘူး။ သားသမီးေတြကို လြတ္လပ္ခြင့္၊ တီထြင္ဖန္တီးခြင့္ အျပည့္ေပးထားပါတယ္။
မိခင္ဟာ ဥာဏ္ေကာင္းတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ကေလးရဲ႕ဥာဏ္ရည္ဥာဏ္ေသြး အေမြဆက္ခံမႈက မိခင္ကေနျဖစ္ေၾကာင္း သိပၸံပညာရွင္ေတြက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
#Lifestyle_Myanmar
#LM_Nandar
Unicode
သင့်ကလေးဟာ ဉာဏ်ကြီးရှင် တစ်ယောက်ဖြစ်နိုင်ကြောင်း သိစေမယ့် လက္ခဏာ (၁၀)ချက်
ကလေးတွေရဲ့ရှေ့မှာ ကြီးမားတဲ့ အနာဂတ်တစ်ခုရှိကြောင်း ညွှန်ပြနေတဲ့ သွင်ပြင်လက္ခဏာ အတော်များများ ရှိပါတယ်။ သူတို့က ထင်ရှားတဲ့ အနုပညာရှင်၊ အောင်မြင်တဲ့ စီးပွားရေးသမား ဖြစ်နိုင်သလို၊ နိုင်ငံရေးသမားကြီးလည်း ဖြစ်လာနိုင်ပါတယ်။ သင့်ကလေးရဲ့ အရည်အချင်းကို သတိပြုမိဖို့နဲ့ ဖွံ့ဖြိုးတိုးတတ်အောင် ကူညီပေးဖို့ လိုပါတယ်။ သင့်ကလေးဟာ အနာဂတ်မှာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်နိုင်တယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ?
၁။ သူတို့ဟာ အမြင်အာရုံနဲ့ ဆွဲလေ့ရှိပါတယ်
ဉာဏ်ရည်မြင့်မားလွန်းတဲ့ ကလေးတစ်ယောက်ဟာ သတင်းအချက်အလက် စုဆောင်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူတို့ဟာ သူတို့မြင်တဲ့ အရာရာတိုင်းကို မှတ်ဉာဏ်မှာ သိမ်းဆည်းထားပါတယ်။ သင့်ကလေးဟာ နေရာတစ်ခုကို အလည်သွားပြီးနောက် ဓါတ်ပုံတွေ ကြည့်စရာမလိုဘဲ အသေးစိတ်ကို ဆွဲနိုင်လျှင် သူတို့ဟာ အရည်အချင်းရှိသူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သိပ္ပံပညာရှင်များက ဒီသဘာဝဖြစ်စဉ်ကို ” ဓါတ်ပုံမှတ်ဉာဏ်” လို့ခေါ်ကြပါတယ်။၂-၁၀%သော ကလေးတွေသာ ဒီစွမ်းရည် ပိုင်ဆိုင်ပါတယ်။ အရွယ်ရောက်သူများထဲမှာ ဒါကို နည်းနည်းပဲ တွေ့ရှိရပါတယ်။
လီယိုနာဒို ဒါဗင်ချီနှင့် ဂယ်လီလီယို ဂယ်လီလေးရီ တို့မှာ ဒီ thinking strategy အမျိုးအစား ရှိခဲ့ပါတယ်။
၂။ သူတိုမှာ ကိုယ်ပိုင်အတွေးတွေ ရှိပါတယ်
စမတ်ကျတဲ့ကလေးဟာ angel လေးတွေ မဟုတ်ပါဘူး။ သူတို့ဟာ ကိုယ့်အတွေးနဲ့ ကိုယ်အာရုံများတဲ့သူတွေဖြစ်ပြီး မိဘတွေပြောရင် နားမထောင်တတ်ကြပါဘူး။ သူတို့ဟာ ပုံပြင်ပြောတာ စိတ်အားထက်သန်သူတွေလည်းဖြစ်ပြီး သူတို့ရဲ့ ကွက်ကွက်ကွင်းကွင်း စိတ်ကူးစိတ်သန်းများက အများအားဖြင့် မိဘတွေ၊ ဆရာတွေကို ရှော့ရစေပါတယ်။ ဒါပေမယ့် ထင်ရှင်းမြင်သာတဲ့ စိတ်ကူးစိတ်သန်းတွေက ဉာဏ်ရည်ဉာဏ်သွေးရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။
ဉာဏ်ရည်မြင့်မားလွန်းတဲ့ ကလေးတွေဟာ ကျောင်းမှာ ပျင်းတတ်ကြပါတယ်။ မိဘတွေက ဒီအပြုအမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ‘ပညာရေးဟာ တကယ်အရေးကြီးကြောင်း’ ရှင်းပြဖို့သာလိုပါတယ်။
၃။ သူတို့ဟာ စကားပြောမြန်လေ့ရှိပါတယ်
စကားပြောနှုန်းမြန်တဲ့ ကလေးတစ်ယောက်ဟာ ဝေါဟာရ ကြွယ်ဝသူတစ်ယောက်ဖြစ်တာကြောင့် ဉာဏ်ကြီးရှင်ဖြစ်ကြောင်း ဖော်ပြနေပါတယ်။ သာမန်ကလေးတစ်ယောက်ဟာ အသက်၂နှစ်မှာ စပြီးစကားပြောပါတယ်။ ဉာဏ်ရည်မြင့်မားလွန်းတဲ့ ၂နှစ်အရွယ်ကလေးဟာ များသောအားဖြင့် ရှုပ်ထွေးတဲ့စကားအသုံးအနှုန်းတွေ တည်ဆောက်နိုင်ကြပါတယ်။ လူနဲ့မလိုက်အောင် စကားလုံးကြီးကြီးတွေ ပြောတတ်ကြပါတယ်။
ရှားပါးကိစ္စတွေမှာတော့ ကလေးငယ်ဟာ နောက်ကျမှ စကားပြောဖို့ သင်ယူကြပါတယ်။ သိပ္ပံပညာရှင်များက ဒီကလေးတွေမှာ အိုင်းစတိုင်း Syndrome ရှိတယ်လို့ ထင်ကြပါတယ်။ အဲလ်ဘတ်အိုင်းစတိုင်းဟာ သူ ရနှစ်မရောက်ခင်အထိကို လူတွေအများကြီးနဲ့ စကားမပြောချင်ခဲ့ပါဘူး။ ရူပဗေဒပညာရှင် Richard Feynman၊ သင်္ချာပညာရှင် ဂျူလီယာရော်ဘင်ဆင်နှင့် အခြားသော ထင်ရှားတဲ့သူအတော်များများဟာ စကားပြောနောက်ကျသူတွေ ဖြစ်ခဲ့ကြပါတယ်။
၄။ သူတို့ဟာ ပြီးပြည့်စုံတဲ့သူတွေ မဟုတ်ပါဘူး
ဉာဏ်ရည်မြင့်မားတဲ့ကလေးဟာ အများအားဖြင့် အသိပညာရှင်နယ်ပယ်တစ်ခုကို ရွေးချယ်ကြပြီး ဘာသာရပ်ကို ကြိုက်နှစ်သက်ပါက နာရီပေါင်းများစွာ လေလ့လာနိုင်ကြပါတယ်။ သင့်ကလေးဟာ အနာဂတ်သချင်္ာပညာရှင်တစ်ယောက်ဆိုရင် ဘာသာစကားတွေကို သိပ်ပြီးဂရုစိုက်မှာမဟုတ်ပါဘူး။
လက်ရေးဆိုးခြင်းက ဉာဏ်မြင့်မားတဲ့ကလေးတွေရဲ့ အခြားသွင်ပြင်လက္ခဏာ တစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ဦးနှောက်ထဲက အတွေးတွေကို ဖမ်းဖို့ကြိုးစားရင်း အမြန်ရေးတာကြောင့် သူတို့လက်ရေးက ဆိုးရတာပါ။ ဒါ့အပြင် ကျောင်းစည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာချင်တာကြောင့်လည်း ဖြစ်ပါတယ်။
၅။ သူတို့ဟာ sociable တွေလည်းဖြစ်ပါတယ်
စမတ်ကျတဲ့ ကလေးတွေဟာ ဖော်ဖော်ရွေရွေမရှိတဲ့ ကလေးတွေဖြစ်တယ်လို့ဆိုကြပါတယ်။ ဒါပေမယ့် “social intelligence” လို့ခေါ်တဲ့ အသုံးအနှုန်း တစ်ခုရှိပါတယ်။ genius တစ်ယောက်ဖြစ်ဖို့ လူတစ်ယောက်ဟာ သချင်္ာပုံသေနညး်အရှည်ကြီးကို မှတ်မိဖို့ မလိုပါဘူး။ Social geniuses တွေဟာ သူတို့နားကလူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတည်ဆောက်နိုင်စွမ်း ရှိကြပါတယ်။ သင့်ကလေးဟာ သူတို့ရဲ့သူငယ်ချင်းတွေကို စိတ်ဝင်စားပြီး တရားမျှတသူဖြစ်လျှင် သူတို့ဟာ ဉာဏ်ရည်ထက်မြတ်သူတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သိပ္ပံပညာရှင်များက ကိုယ့်ရဲ့စိတ်ခံစားမှုနှင့် အခြားသူများရဲ့စိတ်ခံစားမှုကို အသိအမှတ်ပြုပြီး manage လုပ်ဖို့ တစ်ဦးချင်းစီရဲ့စွမ်းရည် (emotional intelligence) ကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။ ဒီကလေးတွေဟာ မန်နေဂျာတွေ၊ နိုင်ငံရေးသမားတွေနဲ့ မားကတ်တင်းကျွမ်းကျင်သူများအဖြစ်သို့ ပြောင်းလဲနိုင်ပါတယ်။
၆။ သူတို့ဟာ လူကြီးတွေနဲ့ အချိန်အများကြီး ဖြုန်းကြပါတယ်
အနာဂတ်ဉာဏ်ကြီးရှင်တွေဟာ လူကြီးတွေနဲ့ စကားပြောရတာကို နှစ်သက်ပါတယ်။ သာမန်ကလေးတွေက များသောအားဖြင့် လူကြီးတွေနဲ့ အပေါင်းအသင်းလုပ်ရတာဟာ သီးသန့်ဖြစ်နေသလို ခံစားရပေမယ့် ဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေကတော့ လူကြီးတွေနဲ့ ပေါင်းရတာကို နှစ်သက်ပါတယ်။ အရည်အချင်းရှိတဲ့ ကလေးတွေဟာ များသောအားဖြင့် အသက်ပိုကြီးတဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းကြပါတယ်။ ဒီကလေးတွေဟာ သက်တူရွယ်တူ ကလေးတွေနဲ့လည်း ပေါင်းသင်းဆက်ဆံဖို့ လိုအပ်ပါတယ်။ စိတ်ပညာရှင်များက စမတ်ကျတဲ့ကလေးတွေဟာ အထီးကျန်မှုကိုခံစားရနိုင်တာကြောင့် မိဘတွေကို သတိပေးကြပါတယ်။
၇။ သူတို့က တက်ကြွသူတွေဖြစ်ပါတယ်
အနာဂတ်ဉာဏ်ကြီးရှင်တွေဟာ တကယ်တော့ တတ်ကြွသူတွေဖြစ်ပါတယ်။ သူတို့က တခြားကလေးတွေထက် စောပြီး စကားပြောခြင်း၊ လမ်းလျှောက်ခြင်း စတင်ပါတယ်။ စမတ်ကျတဲ့ကလေးတွေက အားကစားတွေကို မုန်းတယ်လို့ဆိုပါတယ်။ သူတို့ဟာ အားကစားလုပ်ရမှာထက် အိမ်မှာနေပြီး စာအုပ်တွေ ဖတ်ပါတယ်။ ဒါပေမယ့် ဒါက အမှားတစ်ခုဖြစ်ပါတယ်။ သိပ္ပံပညာရှင်များက child prodigies တွေဟာ ဂနာမငြိမ်သူတွေဖြစ်ပြီး သူတို့ဟာ တစ်ခုခု မလုပ်ရရင် မနေနိုင်သူတွေလို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ တီထွင်ကြံဆမှု၊ ရှာဖွေတွေ့ရှိမှုတွေ ရရှိလာတာဖြစ်ပါတယ်။
၈။ သူတို့ရဲ့fine motor skill ဖွံ့ဖြိုးတဲ့ လှုပ်ရှားမှုတွေကို ကြိုက်ကြပါတယ်
သင့်ကလေးဟာ ပုတီးလုံးတွေကို ကြိုးနဲ့သီရတာ၊ မေမေနဲ့အတူတူ ပဟေဠိဖွက်ဖို့ ကြိုးစားရတာ ကြိုက်တယ်ဆိုရင် အဲ့ဒီအပေါ်မှာ အရည်အချင်းရှိတဲ့ကလေးတစ်ယောက်အဖြစ် ပြုစုပျိုူးထောင်ပေးပါ။ လက်ချောင်းလေးတွေရဲ့ လုပ်ဆောင်နိုင်မှုနဲ့ ခြေလက်တွေရဲ့ သန်စွမ်းမှု ဖြစ်တဲ့ fine motor skill က ဉာဏ်ရည်ဉာဏ်သွေးမြင့်မားမှု တိုးတတ်စေဖို့ အထောက်အကူဖြစ်ပါတယ်။ သေးငယ်တဲ့ details တွေကို နှစ်သက်တဲ့ ကလေးက စာရေး၊ စကားပြောကောင်းတယ်ဆိုတာ ဆရာတွေ အသေအချာသိရပါမယ်။ သင့်ကလေးဟာ အရာဝတ္တုသေးသေးလေးတွေနဲ့ ကစားနေတဲ့အခါ ကလေးကို စောင့်ကြည့်နေသင့်ကြောင်း မမေ့ပါနဲ့ ။
၉။ သူတို့ဟာ ဟာသဉာဏ်ကောင်းပါတယ်
ဟာသဉာဏ်က လူတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ဖော်ပြပါတယ်။ လူတစ်ယောက်ရဲ့ ဟာသလုပ်နိုင်စွမ်းနဲ့ တခြားဟာတွေကို နားလည်နိုင်စွမ်းက စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဆက်စပ်နေပါတယ်။ ဒီကလေးတွေဟာ သူငယ်ချင်းတွေ အများကြီးရပါလိမ့်မယ်။ ဒါပေမယ့် မသိမသာကွဲပြားတာတစ်ခုရှိပါတယ်။ တစ်ခါတစ်ရံမှာ လူတွေဟာ ကောင်းမွန်တဲ့ စိတ်ခံစားမှုနောက်ကွယ်မှာ စိတ်ဖိစီးမှု၊ နာကျင်မှုတွေ ဖုံးကွယ်ထားပါတယ်။
၁၀။ သူတို့မှာ မိဘကောင်းတွေ ရှိကြပါတယ်
သိပ္ပံပညာရှင်များရဲ့အဆိုအရ အနာဂတ်ဉာဏ်ကြီးရှင်တွေရဲ့ စံပြမိဘတွေက ဒီလိုအရည်အချင်းတွေ ရှိပါတယ်။
မိဘတွေဟာ ချမ်းသာကြွယ်ဝတာထက် ပညာတတ်တွေ ဖြစ်ကြပါတယ်။
ဖခင်က တည်ငြိမ်ပြီး စိုးမိုးချယ်လှယ်မှုမရှိပါဘူး။ သားသမီးတွေကို လွတ်လပ်ခွင့်၊ တီထွင်ဖန်တီးခွင့် အပြည့်ပေးထားပါတယ်။
မိခင်ဟာ ဉာဏ်ကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ကလေးရဲ့ဉာဏ်ရည်ဉာဏ်သွေး အမွေဆက်ခံမှုက မိခင်ကနေဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
#Lifestyle_Myanmar
#LM_Nandar