Home Parenting Child Care သင့္ကေလး ဝမ္းခ်ဳပ္ေနရင္ ဘာလုပ္ေပးမလဲ?

သင့္ကေလး ဝမ္းခ်ဳပ္ေနရင္ ဘာလုပ္ေပးမလဲ?

0
2245
ဝမ္းခ်ဳပ္ျခငး္

ကေလးဘဝမွာ ဝမ္းခ်ဳပ္ျခင္းက မိဘေတြအတြက္ စိုးရိမ္ပူပန္မႈ အမ်ားႀကီး ျဖစ္ေပၚေစႏိုင္တဲ့ ေရာဂါျဖစ္ပါတယ္။ ဝမ္းခ်ဳပ္တတ္တာဟာ ကေလးအေတာ္မ်ားမ်ား ေတြ႕ႀကံဳရတဲ့ ျပႆနာတစ္ခုပါ။ ဒါကို ေရာဂါတစ္ခုအေနနဲ႔ ထည့္သြင္းစဥ္းစားျခင္းမရွိေပမယ့္ ဒါက သင့္ကေလးကို ခံစားမႈဆိုးေစတဲ့ အစာေျချပႆနာမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါ့အျပင္ အခ်ိန္ၾကာျမင့္စြာ ျဖစ္လာတာ ခဏခဏျဖစ္တာဟာ ေနာက္ဆံုးမွာ ေဆးကုသမႈခံယူဖိို႔ လိုအပ္လာႏိုင္ပါတယ္။
ဝမ္းခ်ဳပ္ျခငး္ကို အစားအေသာက္ေျပာင္းလဲမႈႏွင့္ သဘာဝကုသမႈတခ်ိဳ႕ကေနတဆင့္ ေျဖရွင္းႏိုင္ပါတယ္။ ဒါ့ေၾကာင့္ဝမ္းခ်ဳပ္တာကို ကုသဖို႔ နည္းလမ္းမ်ားနဲ႔ အဓိကေရာဂါလကၡဏာတခ်ိဳ႕ကို မွ်ေဝေပးလိုက္ပါတယ္။

ကေလးေတြ ဘာ့ေၾကာင့္ ဝမ္းခ်ဳပ္တာလဲ?
အူသိမ္အူမ လႈပ္ရွားမႈမ်ားရဲ႕ ပံုမွန္ႀကိမ္ႏႈန္းက ေလ်ာ့နည္းသြားတဲ့အခါ ကေလးေတြမွာ ဝမ္းခ်ဳပ္ျခင္း ျဖစ္ေပၚပါတယ္။
သူတို႔ဖြံ႕ၿဖိဳးလာတာနဲ႕အမွ် သူတို႔ရဲ႕အိမ္သာတတ္တဲ့အေလ့အထမ်ားက ေျပာင္းလဲလာတာေၾကာင့္ ကေလးေတြမွာ ခြဲျခားသိရွိႏိုင္ဖို႔ ခဲယဥ္းႏိုင္ပါတယ္။ ေယဘုယ်အားျဖင့္ တစ္ပတ္မွာ အူသိမ္အူမ လႈပ္ရွားမႈ ၃ႀကိမ္ထက္နည္းလွ်င္၊ သို႔မဟုတ္ မစင္က ေျခာက္ေသြ႕ၿပီးမာေနလွ်င္ ဒါက ဝမ္းခ်ဳပ္ျခင္းရဲ႕ အရိပ္အေယာင္ျဖစ္ပါတယ္။
ဒီျပႆနာက လသားအရြယ္ႏို႔စို႔ကေလးေတြမွာသာမက နည္းနည္းႀကီးတဲ့ ကေလးေတြမွာလည္း ျဖစ္ေပၚႏိုင္ပါတယ္။

ကေလးေတြမွာ ဝမ္းခ်ဳပ္ျခင္းရဲ႕ လကၡဏာမ်ား
ဝမ္းခ်ဳပ္ျခင္းရဲ႕ လကၡဏာမ်ားကို အသိအမွတ္ျပဳဖို႔ သင့္ကေလးရဲ႕ အေလ့အထမ်ားကို ေကာင္းေကာင္းသိဖို႔ လိုအပ္ပါတယ္။ သူတုိ႔ရဲ႕ ဝမ္းသြားတဲ့အႀကိမ္ အေရအတြက္က ရုတ္တရက္ ေလ်ာ့နည္းသြားမယ္ဆိုရင္ ေမေမတို႔ သတိထားေပးသင့္ပါတယ္။
အူသိမ္အူလႈပ္ရွားမႈနည္းပါးလာတဲ့အျပင္ အျခားေရာဂါလကၡဏာမ်ားအျဖစ္ ေအာက္ပါတို႔လည္း ပါဝင္ပါတယ္။

  • မစင္မာၿပီး ေျခာက္ေသြ႕တာ
  • ဝမ္းသြားတဲ့အခါ ပိုၿပီး အားထုတ္ညွစ္ရတာ၊ နာက်င္မႈခံစားရတာ
  • အစာစားခ်င္စိတ္ ဆံုးရံႈးတာ
  • ဝမ္းဗိိုက္ေရာင္ရမ္းျခင္း
  • ဂတ္စ္ႏွင့္ ေလခ်ဥ္တတ္ျခင္း

ကေလးေတြမွာ ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းရင္းမ်ား
ကေလးဘဝ ဝမ္းခ်ဳပ္ျခင္းက အထိုင္မ်ားတဲ့ လူေနမႈပံုစံကို ဦးတည္ျခင္းႏွင့္ အစားအေသာက္ အေလ့အထ ခ်ိဳ႕တဲ့မႈတို႔ေၾကာင့္ျဖစ္ရတာပါ.

  • ေရေသာက္နည္းျခင္းႏွင့္ အမွ်င္ဓါတ္ပါဝင္တဲ့ အစားအစာလံုေလာက္ေအာင္ မစားျခငး္
  • ငွက္ေပ်ာသီး၊ အာလူး၊ ဆန္၊ ပန္းသီး၊ ေခ်ာကလက္ႏွင့္ ခ်ိဳခ်ဥ္မ်ား အလြန္အကၽြံ စားသံုးျခငး္
  • အစာစားခ်ိန္မမွန္ျခင္း
  • ႏို႔စို႔ကေလးအရြယ္မွာ အစိုင္အခဲအစားအစာမ်ားႏွင့္ ေစာေစာမိတ္ဆတ္ျခင္း
  • စိတ္ဖိစီးမႈမ်ားျခင္း
  • မ်ိဳးဗီဇ
  • အခ်ိဳ႕ေသာ ေဆးဝါးမ်ား ေသာက္ေနရျခင္း
  • အိမ္သာတတ္ဖို႔ ေစာင့္ဆုိင္းရျခင္း

ကေလးေတြမွာ ဝမ္းခ်ဳပ္ျခင္းကို ကုသဖို႔ Tips
သင့္ႏို႔စို႔ကေလး သို႔ ကေလး ဝမ္းခ်ဳပ္တဲ့အခါ တျခားေရာဂါနဲ႔ ဆက္စပ္ေနလွ်င္ ဒါမွမဟုတ္ ဝမ္းခ်ဳပ္ျခင္းက ယာယီျပႆနာတစ္ခုျဖစ္လွ်င္ ကေလးအထူးကုကိုသြားျပတာ အေကာင္းဆံုးျဖစ္ပါတယ္။ ဒီျပႆနာက အေပ်ာ့စားျဖစ္လွ်င္ အစားအေသာက္ ေျပာင္းလဲမႈေတြကတဆင့္ ပံုမွန္အားျဖင့္ ေျဖရွင္းႏိုင္ပါတယ္။

သူတို႔ရဲ႕ အစားအေသာက္ကို တိုးတတ္ေစပါ
ပထမအဆင့္က သူတို႔ရဲ႕ အစားအေသာက္ပံုစံကို တုိးတတ္ေစဖို႔နဲ႔ အမွ်င္ဓါတ္ၾကြယ္ဝတဲ့ အစားအစာမ်ားထည့္ေကၽြးဖိို႔ ျဖစ္ပါတယ္။ ဒီအာဟာရမ်ားက အစာေျခစနစ္ေကာင္းေအာင္ ေဆာင္ရြက္ေပးပါတယ္။ အမွ်င္ဓါတ္ကို ႏွံစားသီးႏွံမ်ား၊ အသီးအႏွံမ်ားႏွင့္ ဟင္းသီးရြက္မ်ားကဲ့သို႔ေသာ အစားအစာမ်ားမွာ ေတြ႕ႏိုင္ပါတယ္။

အရည္မ်ားမ်ား တိုက္ပါ
ေရနဲ႔ က်န္းမာတဲ့ အရည္မ်ားမ်ားေသာက္ျခင္းက ကေလးေတြကို ဝမ္းခ်ဳပ္ျခင္းမွ တားဆီးေပးပါတယ္။ အရည္မ်ားက သူတို႔စားတဲ့ အမွ်င္ဓါတ္ကို တုိးပြားေစၿပီး ဝမ္းေပ်ာ့ေစတာေၾကာင့္ ျဖစ္ပါတယ္။

ညင္သာစြာႏွိပ္နယ္ေပးပါ
ဒီရိုးရွင္းတဲ့ နည္းက ႏို႔စို႔ကေလးနဲ႔ ငယ္ရြယ္တဲ့ ကေလးေတြအတြက္ သက္သာေစႏိုင္ပါတယ္။ ႏွိပ္ေပးျခင္းက အူလမ္းေၾကာင္း အကူးအေျပာင္းကို အားေပးအားေျမွာက္တာေၾကာင့္ ဝမ္းခ်ဳပ္ျခင္းကို ေလ်ာ့က်ေစပါတယ္။
နာရီလက္တံအတိုင္း စက္ဝိုင္းပံုလႈပ္ရွားမႈႏွင့္ ညင္သာစြာ ႏွိပ္နယ္ေပးပါ။

ကိုယ္လက္လႈပ္ရွားမႈကို အားေပးပါ
ကိုယ္လက္လႈပ္ရွားမႈ ရယူျခင္းက ကေလးဘဝ ဝမ္းခ်ဳပ္ျခင္းကို ေရွာင္ရွားႏိုင္ၿပီး ထိန္းခ်ဳပ္ေပးတာေၾကာင့္ အေရးပါပါတတာ္။ အထိုင္မ်ားေသာ ကေလးေတြမွာ ျပႆနာ ျဖစ္ႏိုင္ေျခ ပိုၿပီး ရွိပါတယ္။ အလြန္တတ္ၾကြတဲ့ သူေတြဟာ အူလမ္းေၾကာင္း ပိုေကာင္းၿပီး အစာေျခ က်န္းမာေရးကို ပိုေကာင္းေစပါတယ္။

ကေလးဝမ္းခ်ဳပ္ျခင္းအတြက္ အိမ္သံုးေဆးနည္း
က်န္းမာေရး ကၽြမ္းက်င္ပညာရွင္မ်ားနဲ႔ ကေလးအထူးကုမ်ားက လံုးဝလိုအပ္လာမွသာ ဝမ္းႏႈတ္ေဆးေသာက္ျခင္းကို အႀကံျပဳထားပါတယ္။ အစာေျခစနစ္ခ်ိဳ႕တဲ့တာက အမ်ားအားျဖင့္ မက်န္းမာတဲ့ အစားအစာမ်ားရဲ႕ ရလဒ္ေၾကာင့္ ျဖစ္တာေၾကာင့္ အခ်ိဳ႕ေသာ သဘာဝ ေျဖရွင္းနည္းေလးေတြက ကူညီေပးႏိုင္ပါတယ္။

၁။ ဇီးသီးလက္ဖက္ရည္
ဇီးသီးမွာ ဝမ္းသက္ေစတဲ့ ဂုဏ္သတိၱမ်ား ပါဝင္တာေၾကာင့္ အူသိမ္အူလႈပ္ရွားမႈမ်ားကို လံႈ႕ေဆာ္ေပးပါတယ္။ ဒါကို ေဖ်ာ္ရည္အျဖစ္ေသာက္ႏိုင္သလို ရိုးရိုးလက္ဖက္ရည္အျဖစ္လည္း ေသာက္ႏုိင္ပါတယ္။
ပါဝင္ပစၥည္း
ဇီးသီး ၁လံုး
ေရ ၁ခြက္ (၂၅၀ မိလီ)
ေရတစ္ခြက္ထဲမွာ ဇီးသီးကို ျပဳတ္ၿပီး အနည္ထိုင္ေအာင္ ထားပါ။
အဆင္သင့္ျဖစ္တ့အခါ ေရစစ္နဲ႔ စစ္ပါ။
သင့္ကေလးကို တစ္ေန႔ကုိ ႏွစ္ႀကိမ္ ဒီလက္ဖက္ရည္ ၁ေအာင္စမွ ၂ေအာင္စအထိ တိုက္ႏိုင္ပါတယ္။

၂။ ပ်ားရည္နဲ႔ နို႔
ပ်ားရည္နဲ႔ ႏို႔က ဝမ္းခ်ဳပ္ျခင္းကို သက္သာေစၿပီး ကေလးေတြ အလြယ္တကူေသာက္ႏိုင္မယ့္ ေဆးလည္း ျဖစ္မွာပါ။
ပါဝင္ပစၥည္းမ်ား
ေအာ္ဂဲနစ္ပ်ားရည္ စားပြဲတင္ဇြန္း ၂ဇြန္း( ၂၀ဂရမ္)
Lactose- free milk တစ္ခြက္ (၂၀၀မီလီ)
ႏို႔ေႏြးေႏြးတစ္ခြက္ထဲသို႔ ပ်ားရည္ထည့္ပါ။ ေကာင္းစြာေပ်ာ္ဝင္သြားတဲ့အထိ ေမႊပါ။
သင့္ကေလးကို အိပ္ရာမဝင္ခင္ သို႔မဟုတ္ ဗိုက္ထဲမွာ အစာမရွိခင္ တိုက္ႏိုင္ပါတယ္။

LM_Nandar

Chit_MayMay

Unicode

သင့်ကလေး ဝမ်းချုပ်နေရင် ဘာလုပ်ပေးမလဲ?
ကလေးဘဝမှာ ဝမ်းချုပ်ခြင်းက မိဘတွေအတွက် စိုးရိမ်ပူပန်မှု အများကြီး ဖြစ်ပေါ်စေနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ဝမ်းချုပ်တတ်တာဟာ ကလေးအတော်များများ တွေ့ကြုံရတဲ့ ပြဿနာတစ်ခုပါ။ ဒါကို ရောဂါတစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားခြင်းမရှိပေမယ့် ဒါက သင့်ကလေးကို ခံစားမှုဆိုးစေတဲ့ အစာခြေပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် အချိန်ကြာမြင့်စွာ ဖြစ်လာတာ ခဏခဏဖြစ်တာဟာ နောက်ဆုံးမှာ ဆေးကုသမှုခံယူဖိို့ လိုအပ်လာနိုင်ပါတယ်။
ဝမ်းချုပ်ခြငး်ကို အစားအသောက်ပြောင်းလဲမှုနှင့် သဘာဝကုသမှုတချို့ကနေတဆင့် ဖြေရှင်းနိုင်ပါတယ်။ ဒါ့ကြောင့်ဝမ်းချုပ်တာကို ကုသဖို့ နည်းလမ်းများနဲ့ အဓိကရောဂါလက္ခဏာတချို့ကို မျှဝေပေးလိုက်ပါတယ်။

ကလေးတွေ ဘာ့ကြောင့် ဝမ်းချုပ်တာလဲ?
အူသိမ်အူမ လှုပ်ရှားမှုများရဲ့ ပုံမှန်ကြိမ်နှုန်းက လျော့နည်းသွားတဲ့အခါ ကလေးတွေမှာ ဝမ်းချုပ်ခြင်း ဖြစ်ပေါ်ပါတယ်။
သူတို့ဖွံ့ဖြိုးလာတာနဲ့အမျှ သူတို့ရဲ့အိမ်သာတတ်တဲ့အလေ့အထများက ပြောင်းလဲလာတာကြောင့် ကလေးတွေမှာ ခွဲခြားသိရှိနိုင်ဖို့ ခဲယဉ်းနိုင်ပါတယ်။ ယေဘုယျအားဖြင့် တစ်ပတ်မှာ အူသိမ်အူမ လှုပ်ရှားမှု ၃ကြိမ်ထက်နည်းလျှင်၊ သို့မဟုတ် မစင်က ခြောက်သွေ့ပြီးမာနေလျှင် ဒါက ဝမ်းချုပ်ခြင်းရဲ့ အရိပ်အယောင်ဖြစ်ပါတယ်။
ဒီပြဿနာက လသားအရွယ်နို့စို့ကလေးတွေမှာသာမက နည်းနည်းကြီးတဲ့ ကလေးတွေမှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။

ကလေးတွေမှာ ဝမ်းချုပ်ခြင်းရဲ့ လက္ခဏာများ
ဝမ်းချုပ်ခြင်းရဲ့ လက္ခဏာများကို အသိအမှတ်ပြုဖို့ သင့်ကလေးရဲ့ အလေ့အထများကို ကောင်းကောင်းသိဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ဝမ်းသွားတဲ့အကြိမ် အရေအတွက်က ရုတ်တရက် လျော့နည်းသွားမယ်ဆိုရင် မေမေတို့ သတိထားပေးသင့်ပါတယ်။
အူသိမ်အူလှုပ်ရှားမှုနည်းပါးလာတဲ့အပြင် အခြားရောဂါလက္ခဏာများအဖြစ် အောက်ပါတို့လည်း ပါဝင်ပါတယ်။

  • မစင်မာပြီး ခြောက်သွေ့တာ
  • ဝမ်းသွားတဲ့အခါ ပိုပြီး အားထုတ်ညှစ်ရတာ၊ နာကျင်မှုခံစားရတာ
  • အစာစားချင်စိတ် ဆုံးရှုံးတာ
  • ဝမ်းဗိိုက်ရောင်ရမ်းခြင်း
  • ဂတ်စ်နှင့် လေချဉ်တတ်ခြင်း

ကလေးတွေမှာ ဝမ်းချုပ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများ
ကလေးဘဝ ဝမ်းချုပ်ခြင်းက အထိုင်များတဲ့ လူနေမှုပုံစံကို ဦးတည်ခြင်းနှင့် အစားအသောက် အလေ့အထ ချို့တဲ့မှုတို့ကြောင့်ဖြစ်ရတာပါ.

  • ရေသောက်နည်းခြင်းနှင့် အမျှင်ဓါတ်ပါဝင်တဲ့ အစားအစာလုံလောက်အောင် မစားခြငး်
  • ငှက်ပျောသီး၊ အာလူး၊ ဆန်၊ ပန်းသီး၊ ချောကလက်နှင့် ချိုချဉ်များ အလွန်အကျွံ စားသုံးခြငး်
  • အစာစားချိန်မမှန်ခြင်း
  • နို့စို့ကလေးအရွယ်မှာ အစိုင်အခဲအစားအစာများနှင့် စောစောမိတ်ဆတ်ခြင်း
  • စိတ်ဖိစီးမှုများခြင်း
  • မျိုးဗီဇ
  • အချို့သော ဆေးဝါးများ သောက်နေရခြင်း
  • အိမ်သာတတ်ဖို့ စောင့်ဆိုင်းရခြင်း

ကလေးတွေမှာ ဝမ်းချုပ်ခြင်းကို ကုသဖို့ Tips
သင့်နို့စို့ကလေး သို့ ကလေး ဝမ်းချုပ်တဲ့အခါ တခြားရောဂါနဲ့ ဆက်စပ်နေလျှင် ဒါမှမဟုတ် ဝမ်းချုပ်ခြင်းက ယာယီပြဿနာတစ်ခုဖြစ်လျှင် ကလေးအထူးကုကိုသွားပြတာ အကောင်းဆုံးဖြစ်ပါတယ်။ ဒီပြဿနာက အပျော့စားဖြစ်လျှင် အစားအသောက် ပြောင်းလဲမှုတွေကတဆင့် ပုံမှန်အားဖြင့် ဖြေရှင်းနိုင်ပါတယ်။

သူတို့ရဲ့ အစားအသောက်ကို တိုးတတ်စေပါ
ပထမအဆင့်က သူတို့ရဲ့ အစားအသောက်ပုံစံကို တိုးတတ်စေဖို့နဲ့ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာများထည့်ကျွေးဖိို့ ဖြစ်ပါတယ်။ ဒီအာဟာရများက အစာခြေစနစ်ကောင်းအောင် ဆောင်ရွက်ပေးပါတယ်။ အမျှင်ဓါတ်ကို နှံစားသီးနှံများ၊ အသီးအနှံများနှင့် ဟင်းသီးရွက်များကဲ့သို့သော အစားအစာများမှာ တွေ့နိုင်ပါတယ်။

အရည်များများ တိုက်ပါ
ရေနဲ့ ကျန်းမာတဲ့ အရည်များများသောက်ခြင်းက ကလေးတွေကို ဝမ်းချုပ်ခြင်းမှ တားဆီးပေးပါတယ်။ အရည်များက သူတို့စားတဲ့ အမျှင်ဓါတ်ကို တိုးပွားစေပြီး ဝမ်းပျော့စေတာကြောင့် ဖြစ်ပါတယ်။

ညင်သာစွာနှိပ်နယ်ပေးပါ
ဒီရိုးရှင်းတဲ့ နည်းက နို့စို့ကလေးနဲ့ ငယ်ရွယ်တဲ့ ကလေးတွေအတွက် သက်သာစေနိုင်ပါတယ်။ နှိပ်ပေးခြင်းက အူလမ်းကြောင်း အကူးအပြောင်းကို အားပေးအားမြှောက်တာကြောင့် ဝမ်းချုပ်ခြင်းကို လျော့ကျစေပါတယ်။
နာရီလက်တံအတိုင်း စက်ဝိုင်းပုံလှုပ်ရှားမှုနှင့် ညင်သာစွာ နှိပ်နယ်ပေးပါ။

ကိုယ်လက်လှုပ်ရှားမှုကို အားပေးပါ
ကိုယ်လက်လှုပ်ရှားမှု ရယူခြင်းက ကလေးဘဝ ဝမ်းချုပ်ခြင်းကို ရှောင်ရှားနိုင်ပြီး ထိန်းချုပ်ပေးတာကြောင့် အရေးပါပါတတာ်။ အထိုင်များသော ကလေးတွေမှာ ပြဿနာ ဖြစ်နိုင်ခြေ ပိုပြီး ရှိပါတယ်။ အလွန်တတ်ကြွတဲ့ သူတွေဟာ အူလမ်းကြောင်း ပိုကောင်းပြီး အစာခြေ ကျန်းမာရေးကို ပိုကောင်းစေပါတယ်။

ကလေးဝမ်းချုပ်ခြင်းအတွက် အိမ်သုံးဆေးနည်း
ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များနဲ့ ကလေးအထူးကုများက လုံးဝလိုအပ်လာမှသာ ဝမ်းနှုတ်ဆေးသောက်ခြင်းကို အကြံပြုထားပါတယ်။ အစာခြေစနစ်ချို့တဲ့တာက အများအားဖြင့် မကျန်းမာတဲ့ အစားအစာများရဲ့ ရလဒ်ကြောင့် ဖြစ်တာကြောင့် အချို့သော သဘာဝ ဖြေရှင်းနည်းလေးတွေက ကူညီပေးနိုင်ပါတယ်။

၁။ ဇီးသီးလက်ဖက်ရည်
ဇီးသီးမှာ ဝမ်းသက်စေတဲ့ ဂုဏ်သတ္တိများ ပါဝင်တာကြောင့် အူသိမ်အူလှုပ်ရှားမှုများကို လှုံ့ဆော်ပေးပါတယ်။ ဒါကို ဖျော်ရည်အဖြစ်သောက်နိုင်သလို ရိုးရိုးလက်ဖက်ရည်အဖြစ်လည်း သောက်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
ဇီးသီး ၁လုံး
ရေ ၁ခွက် (၂၅၀ မိလီ)
ရေတစ်ခွက်ထဲမှာ ဇီးသီးကို ပြုတ်ပြီး အနည်ထိုင်အောင် ထားပါ။
အဆင်သင့်ဖြစ်တ့အခါ ရေစစ်နဲ့ စစ်ပါ။
သင့်ကလေးကို တစ်နေ့ကို နှစ်ကြိမ် ဒီလက်ဖက်ရည် ၁အောင်စမှ ၂အောင်စအထိ တိုက်နိုင်ပါတယ်။

၂။ ပျားရည်နဲ့ နို့
ပျားရည်နဲ့ နို့က ဝမ်းချုပ်ခြင်းကို သက်သာစေပြီး ကလေးတွေ အလွယ်တကူသောက်နိုင်မယ့် ဆေးလည်း ဖြစ်မှာပါ။
ပါဝင်ပစ္စည်းများ
အော်ဂဲနစ်ပျားရည် စားပွဲတင်ဇွန်း ၂ဇွန်း( ၂၀ဂရမ်)
Lactose- free milk တစ်ခွက် (၂၀၀မီလီ)
နို့နွေးနွေးတစ်ခွက်ထဲသို့ ပျားရည်ထည့်ပါ။ ကောင်းစွာပျော်ဝင်သွားတဲ့အထိ မွှေပါ။
သင့်ကလေးကို အိပ်ရာမဝင်ခင် သို့မဟုတ် ဗိုက်ထဲမှာ အစာမရှိခင် တိုက်နိုင်ပါတယ်။

LM_Nandar

Chit_MayMay

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here