သင့္ကေလး ႀကိဳ႕ထိုးေနရင္ ၿငိမ္သက္ေအာင္ ဘယ္လုိလုပ္မလဲ?

0
633
- Advertisement -

ႀကိဳ႕ထိုးတာက ကေလးေရာ လူႀကီးမွာပါ ျဖစ္ေလ့ျဖစ္ထရွိတဲ့ သဘာဝျဖစ္စဥ္တစ္ခုျဖစ္ပါတယ္။ ကေလးႀကိဳ႕ထိုးတဲ့အခါ မိဘေတြအေနနဲ႔ ကေလးေတြ ခံရခတ္မွာကို စိုးရိမ္ပူပန္တတ္ၾကပါတယ္။ ေမြးကင္းစကေလးေတြမွာ ဒီႀကိဳ႕ထိုးတာဟာ မၾကာခဏ ေတြ႕ႀကံဳခံစားရေပမယ့္ အႏၱရာယ္မရွိလို႔ ကုသဖို႔ မလိုအပ္ပါဘူး။ တကယ့္ေတာ့ ဒီႀကိဳ႕ထိုးတာဟာ ရုတ္တရတ္ျဖစ္ေပၚလာသလို အခ်ိန္တိုအတြင္းမွာ သူ႔ဘာသာသူ ေပ်ာက္ကြယ္သြားတတ္ပါတယ္။ ႀကိဳ႕ထိုးတာကို syngultus လို႔လည္းေခၚၿပီး ရင္ဝမ္းျခား ကန္႔လန္႔ကာၾကြက္သား က်ံဳ႕ရာမွ ျဖစ္ေပၚလာျခင္းျဖစ္ပါတယ္။ ရင္ဝမ္းျခားကန္႔လန္ကာ ၾကြက္သားက အဆုတ္နဲ႔ ဝမ္းဗိုက္ကို ခြဲျခားထားေသာၾကြက္သားျဖစ္ၿပီး အသက္ရႈလုပ္ငန္းေဆာင္တာရဲ႕ အေရးပါေသာ အခန္းက႑မွ ပါဝင္ပါတယ္။ တခါတေလ ကၽြန္ေတာ္တို႔ ႀကိဳ႕ထိုးတဲ့အခါ အသက္ေအာင့္ထားရင္ ႀကိဳ႕ထိုးတာက ေပ်ာက္သြားတတ္ပါတယ္။

တခ်ိဳ႕မိဘေတြက ကေလးမွာ ခဏခဏ ႀကိဳ႕ထိုးရင္ ကေလးစိတ္အေႏွာက္အယွက္ျဖစ္မွာကို စိုးရိမ္ပူပန္ၾကပါတယ္။ ဒါ့ေၾကာင့္ သားသားမီးမီးတို႔မွာ ႀကိဳ႕ထိုးတာျဖစ္လာရင္ ဘယ္လိုကာကြယ္မလဲဆိုတဲ့ အႀကံေပးခ်က္ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

ကေလးေတြမွာ ဘာ့ေၾကာင့္ ႀကိဳ႕ထိုးရတာလဲ?

- Advertisement -

ကေလးႀကိဳ႕ထိုးမႈကို ျဖစ္ေပၚေစတဲ့အရာကို တိတိက်က် ဆံုးျဖတ္ႏိုင္ျခင္း မရွိေသးပါဘူး။ သို႔ေသာ္ သီအိုရီအမ်ားစုကေတာ့ ေမြးကင္းစကေလးရဲ႕ ဦးေႏွာက္အာရံုေၾကာမ်ားနဲ႔ အစာေျခစနစ္က ႏုနယ္တာေၾကာင့္လို႔ လက္ခံထားပါတယ္။

အာရံုေၾကာစနစ္၏ ႏုနယ္မႈ

အာရံုေၾကာစနစ္က ခႏၶာကိုယ္ရဲ႕ ၾကြက္သားအားလံုးကို ထိန္းခ်ဳပ္တဲ့ အရာတစ္ခုျဖစ္ပါတယ္။ ႀကိဳ႕ထိုးရတာဟာ ရင္ဝမ္းျခားၾကြက္သားနဲ႔ ဆက္သြယ္ထားတဲ့ phrenic အာရံုေၾကာ ႏွင့္ vagus အာရံုေၾကာ ကိုထိခိုက္မိျခင္းေၾကာင့္ ျဖစ္ပါတယ္။
လမေစ့တဲ့ကေလးရဲ႕ ကိုယ္တြင္းအဂၤါက ပိုၿပီးႏုနယ္တာေၾကာင့္ ပံုမွန္ကေလးတစ္ေယာက္ထက္ ပိုၿပီးႀကိဳ႕ထိုးပါတယ္။ ဒါ့အျပင္ ဒီလကၡဏာဟာ အသက္ ၆လမျပည့္ခင္ မၾကာခဏ ပိုၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။

အစာေျခစနစ္ရဲ႕ ႏုနယ္မႈ

ကေလးေတြဟာ အစာေျခစနစ္ ႏုနယ္တာေၾကာင့္ ဒီႀကိဳ႕ထိုးမႈကို ပိုျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။ ကေလးေတြရဲ႕အစာႁပြန္က ေကာင္းစြာ မဖြံ႕ၿဖိဳးေသးတာေၾကာင့္ ႀကိဳ႕ထိုးတာ ျဖစ္ႏိုင္ပါတယ္။

ဒါ့အျပင္ ကေလးဟာ ႏို႔စို႔ေနရင္း ဗိုက္ထဲကို ေလအမ်ားႀကီး မ်ိဳခ်မိတာေၾကာင့္လည္း ႀကိဳ႕ထိုးတတ္ပါတယ္။
ကေလးရဲ႕ ဇီဝကမၼအတြက္ မသင့္ေလ်ာ္တဲ့ ပံုသ႑န္ႏွင့္အတူ ခ်ိဳလိမ္အသံုးျပဳျခင္း
ႏို႔ဘူးေခါင္းက အရမ္းႀကီးလြန္းျခင္း သို႔မဟုတ္ အေပါက္အရမ္းေသးလြန္းျခင္း
ကေလးႏို႔စို႔ေနတဲ့အခါ ခႏၶာကိုယ္ အေနအထားမသင့္ေလ်ာ္ျခင္း
အစာအိမ္အက္ဆစ္ျပန္ဆန္တတ္ျခင္း
စိုးရိမ္စိတ္သို႔မဟုတ္ စိတ္ပိုင္းဆိုင္ရာ ဖိစီးမႈရွိျခင္း
အစာအိမ္ႏွင့္ ခႏၶာကိုယ္အပူခ်ိန္ အေျပာင္းအလဲမ်ား
ကေလးကို အစာေကၽြးၿပီးျပီးျခင္း လဲေလ်ာင္းျခငး္
ကေလးရဲ႕ အစားအေသာက္ထဲကို မသင့္ေလ်ာ္ေသာ အစားအစာမ်ား မိတ္ဆက္ျခင္း

ႀကိဳ႕ထိုးတာက ကေလးေတြမွာ အမ်ားအားျဖင့္ မိနစ္အနည္းငယ္ေလာက္သာ ၾကာတတ္ပါတယ္။ တခ်ို႕မိဘေတြက ကေလးဆင္းရဲဒုကၡခံစားရတာကို မၾကည့္ရက္ၾကပါဘူး။ ႀကိဳ႕ထိုးတာကို ျမန္ျမန္ေပ်ာက္ေစဖို႔ တခ်ိဳ႕နည္းစနစ္ကို သိရင္ အကူအညီျဖစ္ေစပါတယ္။

  • ကေလးႀကိဳ႕မထိုးေအာင္ ကေလးႏို႔ အရမ္းမဆာခင္/ သူၿငိမ္ေနတဲ့ အခ်ိန္မွာ ႏို႔တုိက္ဖို႔ မိခင္ေတြအတြက္ အေရးႀကီးပါတယ္။ ဒါက ကေလးဗိုက္မဆာေသးတာေၾကာင့္ ႏို႔ေျဖးေျဖးစို႔မွာ ျဖစ္တဲ့အတြက္ ေလအမ်ားႀကီး မ်ိိဳခ်မိေတာ့မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ ႏို႔တိုက္တဲ့အခါ ကေလးရဲ႕ႏႈတ္ခမ္းဟာ မိခင္ရဲ႕ရင္သားနဲ႔ ထိကပ္ၿပီး ေလမ၀င္ေအာင္ တိုက္ရပါမယ္။
  • ကေလးႏို႔စို႔ေနခ်ိန္ ႀကိဳ႕ထိုးရင္ ပထမဆံုး အေနအထားကို ေျပာင္းလဲပါ။ ကေလးကို ေလထုတ္ဖို႔၊ အနားေပးဖို႔ ႀကိဳးစားပါ။ အေကာင္းဆံုးကေတာ့ ႏို႔ျပန္မတိုင္ခင္ ကေလးႀကိဳ႕ထိုးတာ ေပ်ာက္သြားတဲ့အထိ ေစာင့္ဆိုင္းပါ။
  • ကေလးႏို႔ျမန္ျမန္စို႔တဲ့အခါ ရပ္တန္႔ၿပီး မိနစ္အနည္းငယ္အၾကာမွ ျပန္တိုက္တာ အေကာင္းဆံုးပါပဲ။ ႏို႔စို႔ေနရင္း ေလမ်ိဳခ်မိျခင္းကေန ကေလးကို ကာကြယ္ဖို႔ ျဖစ္ပါတယ္။
  • ကေလးႏို႔စို႔ၿပီးတာနဲ႔ ေလပိုေတြ ဖယ္ရွားဖို႔ ေဒါင္လိုက္အေနအထားနဲ႔ ကေလးကိုခ်ီထားဖို႔ အႀကံျပဳလိုပါတယ္။
  • အပူခ်ိန္ေျပာင္းလဲမႈမ်ားက ႀကိဳ႕ထိုးမႈကို ျဖစ္ေစႏိုင္တာေၾကာင့္ သင့္ကေလးကို ေႏြးေႏြးေထြးေထြး ထားဖို႔အေရးႀကီးပါတယ္။
    ႀကိဳ႕ထိုးတာက သင့္ရဲ႕ကေလးကို နာက်င္မႈ မျဖစ္ေပၚေစတဲ့ သဘာဝျဖစ္စဥ္တစ္ခုပါ။ ကေလးဟာ ျပင္းထန္စြာငိုေနရင္ သို႔မဟုတ္ နာရီေပါင္းမ်ားစြာ ႀကိဳ႕ထိုးတာၾကာရွည္လွ်င္ ကေလးအထူးကုႏွင့္ တုိင္ပင္သင့္ပါတယ္။

Chit_MayMay

LM_Nandar

Source- steptohealth.

Unicode

သင့်ကလေး ကြို့ထိုးနေရင် ဘယ်လိုငြိမ်သက်အောင် လုပ်မလဲ?
ကြို့ထိုးတာက ကလေးရော လူကြီးမှာပါ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ကလေးကြို့ထိုးတဲ့အခါ မိဘတွေအနေနဲ့ ကလေးတွေ ခံရခတ်မှာကို စိုးရိမ်ပူပန်တတ်ကြပါတယ်။ မွေးကင်းစကလေးတွေမှာ ဒီကြို့ထိုးတာဟာ မကြာခဏ တွေ့ကြုံခံစားရပေမယ့် အန္တရာယ်မရှိလို့ ကုသဖို့ မလိုအပ်ပါဘူး။ တကယ့်တော့ ဒီကြို့ထိုးတာဟာ ရုတ်တရတ်ဖြစ်ပေါ်လာသလို အချိန်တိုအတွင်းမှာ သူ့ဘာသာသူ ပျောက်ကွယ်သွားတတ်ပါတယ်။ ကြို့ထိုးတာကို syngultus လို့လည်းခေါ်ပြီး ရင်ဝမ်းခြား ကန့်လန့်ကာကြွက်သား ကျံု့ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ရင်ဝမ်းခြားကန့်လန်ကာ ကြွက်သားက အဆုတ်နဲ့ ဝမ်းဗိုက်ကို ခွဲခြားထားသောကြွက်သားဖြစ်ပြီး အသက်ရှုလုပ်ငန်းဆောင်တာရဲ့ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ တခါတလေ ကျွန်တော်တို့ ကြို့ထိုးတဲ့အခါ အသက်အောင့်ထားရင် ကြို့ထိုးတာက ပျောက်သွားတတ်ပါတယ်။

တချို့မိဘတွေက ကလေးမှာ ခဏခဏ ကြို့ထိုးရင် ကလေးစိတ်အနှောက်အယှက်ဖြစ်မှာကို စိုးရိမ်ပူပန်ကြပါတယ်။ ဒါ့ကြောင့် သားသားမီးမီးတို့မှာ ကြို့ထိုးတာဖြစ်လာရင် ဘယ်လိုကာကွယ်မလဲဆိုတဲ့ အကြံပေးချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

ကလေးတွေမှာ ဘာ့ကြောင့် ကြို့ထိုးရတာလဲ?

ကလေးကြို့ထိုးမှုကို ဖြစ်ပေါ်စေတဲ့အရာကို တိတိကျကျ ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါဘူး။ သို့သော် သီအိုရီအများစုကတော့ မွေးကင်းစကလေးရဲ့ ဦးနှောက်အာရုံကြောများနဲ့ အစာခြေစနစ်က နုနယ်တာကြောင့်လို့ လက်ခံထားပါတယ်။

အာရုံကြောစနစ်၏ နုနယ်မှု

အာရုံကြောစနစ်က ခန္ဓာကိုယ်ရဲ့ ကြွက်သားအားလုံးကို ထိန်းချုပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကြို့ထိုးရတာဟာ ရင်ဝမ်းခြားကြွက်သားနဲ့ ဆက်သွယ်ထားတဲ့ phrenic အာရုံကြော နှင့် vagus အာရုံကြော ကိုထိခိုက်မိခြင်းကြောင့် ဖြစ်ပါတယ်။
လမစေ့တဲ့ကလေးရဲ့ ကိုယ်တွင်းအင်္ဂါက ပိုပြီးနုနယ်တာကြောင့် ပုံမှန်ကလေးတစ်ယောက်ထက် ပိုပြီးကြို့ထိုးပါတယ်။ ဒါ့အပြင် ဒီလက္ခဏာဟာ အသက် ၆လမပြည့်ခင် မကြာခဏ ပိုပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အစာခြေစနစ်ရဲ့ နုနယ်မှု

ကလေးတွေဟာ အစာခြေစနစ် နုနယ်တာကြောင့် ဒီကြို့ထိုးမှုကို ပိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့အစာပြွန်က ကောင်းစွာ မဖွံ့ဖြိုးသေးတာကြောင့် ကြို့ထိုးတာ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ကလေးဟာ နို့စို့နေရင်း ဗိုက်ထဲကို လေအများကြီး မျိုချမိတာကြောင့်လည်း ကြို့ထိုးတတ်ပါတယ်။
ကလေးရဲ့ ဇီဝကမ္မအတွက် မသင့်လျော်တဲ့ ပုံသဏ္ဍန်နှင့်အတူ ချိုလိမ်အသုံးပြုခြင်း
နို့ဘူးခေါင်းက အရမ်းကြီးလွန်းခြင်း သို့မဟုတ် အပေါက်အရမ်းသေးလွန်းခြင်း
ကလေးနို့စို့နေတဲ့အခါ ခန္ဓာကိုယ် အနေအထားမသင့်လျော်ခြင်း
အစာအိမ်အက်ဆစ်ပြန်ဆန်တတ်ခြင်း
စိုးရိမ်စိတ်သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုရှိခြင်း
အစာအိမ်နှင့် ခန္ဓာကိုယ်အပူချိန် အပြောင်းအလဲများ
ကလေးကို အစာကျွေးပြီးပြီးခြင်း လဲလျောင်းခြငး်
ကလေးရဲ့ အစားအသောက်ထဲကို မသင့်လျော်သော အစားအစာများ မိတ်ဆက်ခြင်း

ကြို့ထိုးတာက ကလေးတွေမှာ အများအားဖြင့် မိနစ်အနည်းငယ်လောက်သာ ကြာတတ်ပါတယ်။ တချို့မိဘတွေက ကလေးဆင်းရဲဒုက္ခခံစားရတာကို မကြည့်ရက်ကြပါဘူး။ ကြို့ထိုးတာကို မြန်မြန်ပျောက်စေဖို့ တချို့နည်းစနစ်ကို သိရင် အကူအညီဖြစ်စေပါတယ်။

  • ကလေးကြို့မထိုးအောင် ကလေးနို့ အရမ်းမဆာခင်/ သူငြိမ်နေတဲ့ အချိန်မှာ နို့တိုက်ဖို့ မိခင်တွေအတွက် အရေးကြီးပါတယ်။ ဒါက ကလေးဗိုက်မဆာသေးတာကြောင့် နို့ဖြေးဖြေးစို့မှာ ဖြစ်တဲ့အတွက် လေအများကြီး မျိိုချမိတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် နို့တိုက်တဲ့အခါ ကလေးရဲ့နှုတ်ခမ်းဟာ မိခင်ရဲ့ရင်သားနဲ့ ထိကပ်ပြီး လေမဝင်အောင် တိုက်ရပါမယ်။
  • ကလေးနို့စို့နေချိန် ကြို့ထိုးရင် ပထမဆုံး အနေအထားကို ပြောင်းလဲပါ။ ကလေးကို လေထုတ်ဖို့၊ အနားပေးဖို့ ကြိုးစားပါ။ အကောင်းဆုံးကတော့ နို့ပြန်မတိုင်ခင် ကလေးကြို့ထိုးတာ ပျောက်သွားတဲ့အထိ စောင့်ဆိုင်းပါ။
  • ကလေးနို့မြန်မြန်စို့တဲ့အခါ ရပ်တန့်ပြီး မိနစ်အနည်းငယ်အကြာမှ ပြန်တိုက်တာ အကောင်းဆုံးပါပဲ။ နို့စို့နေရင်း လေမျိုချမိခြင်းကနေ ကလေးကို ကာကွယ်ဖို့ ဖြစ်ပါတယ်။
  • ကလေးနို့စို့ပြီးတာနဲ့ လေပိုတွေ ဖယ်ရှားဖို့ ဒေါင်လိုက်အနေအထားနဲ့ ကလေးကိုချီထားဖို့ အကြံပြုလိုပါတယ်။
  • အပူချိန်ပြောင်းလဲမှုများက ကြို့ထိုးမှုကို ဖြစ်စေနိုင်တာကြောင့် သင့်ကလေးကို နွေးနွေးထွေးထွေး ထားဖို့အရေးကြီးပါတယ်။
    ကြို့ထိုးတာက သင့်ရဲ့ကလေးကို နာကျင်မှု မဖြစ်ပေါ်စေတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ ကလေးဟာ ပြင်းထန်စွာငိုနေရင် သို့မဟုတ် နာရီပေါင်းများစွာ ကြို့ထိုးတာကြာရှည်လျှင် ကလေးအထူးကုနှင့် တိုင်ပင်သင့်ပါတယ်။

Chit_MayMay

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here