သင့်ရဲ့ကလေးကို ကောင်းမွန်တဲ့အမူအကျင့်တွေရှိတဲ့ ကလေးအဖြစ် ဘယ်လိုပြုစုပျိုးထောင်ပေးသင့်လဲ
0
610
- Advertisement -
၂ နှစ်ကလေးတွေအတွက် အရုပ်တည်ဆောက်ခြင်း ကျွမ်းကျင်မှု (၈)ခု
#Chit_May_May
Unicode
တခါတရံမှာမိဘများသူတို့ကလေးတွေကိုဘယ်လိုအလေ့အထများသင်ပေးသင့်သည်ကိုသတိမထားမိတတ်ကြပါဘူး။ဒါကြောင့်မိဘများအနေဖြင့်မိမိတို့ရဲ့သားသမီးများအပေါ်ကောင်းမွန်သောဆိုဆုံးမမှုများနှင့်ကောင်းသောအလေ့အထများသင်ကြားပေးနိုင်ဖို့အတွက် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
ကိစ္စများကိုအပြုသဘောဆောင်စိတ်ဖြင့်မြင်စေခြင်း
မိဘတစ်ဦးအနေဖြင့် မိမိရဲ့စိတ်ကို အပြုသဘော ဆောင်သော ဘောင်ထားရှိခြင်းသည် သင့်ကလေးရဲ့ ကနဦးနှစ် ကာလအတွင်း သင်တို့အဘို့ အလွန်မရှိမဖြစ် အရေးပါပါတယ်။ယခုသင်သူ့ကိုသင်ပေးသော အရာ အားလုံးသည် သူရဲ့အတွေးပုံစံ အပေါ်မှာ အမှတ်အသား ချန်ထားလိမ့်မယ်။သင်တို့မဖြစ်ချင်ဆုံး အရာကတော့ သင်တို့ရဲ့ သားသမီးများ ဆယ်ကျော်သက် ဒါမှမဟုတ် အရွယ်ရောက်ပြီး ချိန်တွေမှာ သူတို့ရဲ့ အဆိုးမြင် ခြင်းစိတ် နဲ့စိတ်ဓာတ် ကျဆင်းခြင်း ကိုမြင်ရခြင်း ဖြစ်ပါတယ်။မိမိရဲ့စိတ်က အပြုသဘောဆောင်သော ဘောင်အတွင်း ကိုယ့်ကိုယ်ကို ချမှတ်ရန် နှင့်အိမ်တွင်းပတ်ဝန်းကျင် ပျော်ရွှင်အဆင်ပြေ ဖြစ်စေသင့် ပါတယ်။မကြာခဏ ဆိုသလို သူတို့ကိုယ်သူတို့် ညှဉ်းဆဲခြင်း နဲ့ကိုယ့်ကိုယ်ကို သေကြောင်းကြံစည် လိုသော သဘာဝ နဲ့သဘောထား တွေဖွံ့ဖြိုး တဲ့ကလေးတွေဟာ များသော အားဖြင့် အိမ်မှာရှိ နေတတ်သည်။ဤကဲ့သို့ ကလေးများသည် သက်တောင့် သက်သာမရှိ လုံခြုံမှုမရှိ တဲ့ နေရာများ ရဲ့အလေ့အကျင့်များနဲ့ အများကြီး သက်ဆိုင် ပါတယ်။ဒါကြောင့် သင့်အိမ်သည် သင့်၏ကလေးငယ်ကို လုံခြုံပြီး အဆင်ပြေမှု ခံစား ရသော နေထိုင်ရာ နေအိမ် ဖြစ်သင့်တယ်။
အောက်ပါအချက်များကတော့မိဘများအနေနဲ့အိမ်တွင်းသင်တို့ရဲ့ကလေးငယ်တို့အတွက်ကောင်းမွန်သောပတ်ဝန်းကျင်တစ်ခုဖြစ်စေရန်လုပ်ဆောင်သင့်တဲ့အချက်တွေဖြစ်ပါတယ် –
အေးဆေး တည်ငြိမ်ပြီး အပြုသဘော ဆောင်သွန်သင် ဆုံးမခြင်း နဲ့ သက်သောင့် သက်သာ ရှိသော ပတ်ဝန်းကျင် တို့က မိဘအပေါ်ထား ရှိသော ကလးတို့ရဲ့အမြင် ကိုပိုမို ကောင်းမွန်စေပါတယ်။
ယှဉ်ပြိုင်ခြင်းထက်ပူးပေါင်းဆောင်ရွက်ခြင်းကိုပိုမိုအားပေးသင့်ပါတယ်။
အကျပ်ကိုင်ခြင်းထက် မျှဝေခြင်းကိုအားပေးအကြံပြုပါ။
သင်တို့ရဲ့ ကလေးငယ်တို့ကို စိတ်ထိခိုက် အားငယ် စေမယ့် အမည်ပြောင် များဖြင့်ခေါ်ဆိုခြင်း ကိုမပြု လုပ်ဘဲ သူတို့ပိုမို အားတက်စေပြီး ယုံကြည်မှု ရှိစေမယ့် အပြောအဆို နဲ့ လေးစားမှု တို့ကို ပြသသင့်ပါတယ်။
သင်တို့ရဲ့ကလေးငယ်တို့အမြဲတမ်းချစ်ခင်နှစ်လိုမှုနဲ့ဖော်ရွေမှုကိုပြပါ၊ တိုင်ပင် ဆွေးနွေးတတ် စေရန် အလေ့အကျင့် လုပ်ပေးခြင်းဖြင့် သင်တို့ရဲ့ သားသမီး ယုံကြည်မှု ကိုရယူပါ။ သင့်ကလေးငယ်ရဲ့ အကောငိးဆုံ သူငယ်ချင်း လည်းဖြစ်ပါစေ။
ကလေးငယ်တို့ရဲ့ထင်မြင်ယူဆချက်တို့ကိုစိတ်ရှည်ရှည်အလေးပေးနားထောင်ပေးပြီးသင်တို့ရဲ့အမြင်ကိုရှင်းပြပေးပါ။
သင်ရဲ့သားသမီးတို့ရဲ့အရည်အချင်းများနှင့်အညီအထောက်အကူပြုသင့်ပါတယ်။
ကလေးတစ်ဦးချင်း စီ်မှာမတူညီတဲ့ အရည်အချင်းများ ရှိကြပါတယ်၊ဒါကြောင့် သင်ရဲ့ သားသမီးတို့ကို နှိုင်းယှဉ်ချင်းမလုပ်သင့်ပါ။ သူတို့ကိုတစ်ဦးချင်းစီတန်ဖိုးထား အသိအမှတ်ပြုသင့်ပါတယ်။
သင့်ကလေး အပေါ်ယုံကြည်မှု ထားမှ သူတို့လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိ လာမှာပါ။သူတို့ရဲ့ ကျရှုံးမှုထက် အရည်အချင်းနဲ့အောင်မြင်မှုကို ကြည့်ပါ။
သူတို့ရဲ့အမှားများမှလေ့လာသင်ယူတတ်စေရန် အားပေးပါ။
#Chit_May_May
LEAVE A REPLY
Please enter your comment!
Please enter your name here