သင့္ရဲ႕တစ္ႏွစ္ေအာက္ ေဘဘီေလးကို မေကၽြးသင့္ေသးတဲ့ အစားအစာ (၁၀)မ်ိဳး

0
2281
- Advertisement -

ေမေမတို႔ရဲ႕ ေဘဘီေလးေတြကို ျဖည့္စြက္စာေကၽြးဖို႔ ၊ အစားအစာေတြနဲ႔ မိတ္ဆက္ေပးဖို႔ စဥ္းစားေနၿပီလား? ပံုမွန္အားျဖင့္ ကေလးအသက္ ၅လေက်ာ္၊ ၆လေလာက္မွ ျဖည့္စြက္စာကို စတင္ေကၽြးၾကပါတယ္။ တစ္ႏွစ္ေအာက္ေဘဘီေလးေတြကို အဲဒီလို ေကၽြးတဲ့အခါမွာ ေရွာင္ရမယ့္ အစားအစာေလးေတြ ရွိပါတယ္ေနာ္။

၁။ ၾကက္ဥအကာ
ၾကက္ဥအကာဟာ ပရိုတိန္းအရင္းအျမစ္ ျမင့္မားၿပီး က်န္းမာေရး အက်ိဳးေက်းဇူးေတြ ရွိပါတယ္။ တစ္ႏွစ္ေအာက္ငယ္တဲ့ ကေလးေတြ အတြက္ေတာ့ အႏၱရာယ္ရွိႏိုင္ပါတယ္။ ၾကက္ဥအကာထဲက ဘက္တီးရီးယားဟာ ဗိုက္ေအာင့္/ဗိုက္နာတာေတြ ျဖစ္ေစၿပီး အျခားေနာက္ဆက္တြဲဆိုးက်ိဳးမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။

၂။ ေျမပဲေထာပတ္
ေျမပဲေထာပတ္ မွာ ပိုတတ္စီယမ္၊ ပရိုတိန္းႏွင့္ အမွ်င္ဓါတ္ၾကြယ္ဝပါတယ္။ သို႔ေသာ္လည္း ေျမပဲေထာပတ္ရဲ႕ေစးကပ္မႈေၾကာင့္ နင္တာေတြ၊ သြားျပႆနာေတြ ျဖစ္ေပၚေစနိုင္ပါတယ္။

- Advertisement -

၃။ ဟင္းသီးဟင္း၇ြက္အစိမ္း
ဟင္းသီးဟင္းရြက္မ်ားက အာဟာရ၏ အေရးပါေသာ အရင္းအျမစ္ျဖစ္ၿပီး နာတာရွည္ေရာဂါအမ်ားစုရဲ႕ အႏၱရာယ္ကို ေလွ်ာ့ခ်ေပးပါတယ္။ ေနာက္ထပ္အစားအစာမ်ားကို ေဘဘီေလးေတြ ေရွာင္ၾကဥ္သင့္ပါတယ္။ မုန္လာဥနီကဲ့သို႔ေသာ ဟင္းသီးဟင္းရြက္မ်ားက ေဘဘီေလးကို သီးေစႏိုင္တာေၾကာင့္ ေရွာင္ရွားဖို႔ လိုအပ္ပါတယ္။

၄။ အေစ့အဆန္မ်ား
အေစ့အဆန္ေတြမွာ အမွ်င္ဓါတ္၊ ဗီတာမင္အီးႏွင့္ L-arginine တို႔ၾကြယ္ဝပါတယ္။ သို႔ေသာ္လည္း အေစ့အဆန္မ်ားရဲ႕ အရြယ္အစားက အစာျပြန္ပိတ္ဆို႔ျခင္းႏွင့္ သင့္ကေလးေသးေသးေလးကို နင္ျခင္းေတြ ျဖစ္ႏိုင္ေခ်ရွိပါတယ္။ ဒါ့ေၾကာင့္ ဘာအေစ့အဆန္မွ သင့္ကေလးကို မေကၽြးတာေကာင္းပါတယ္။

၅။ စည္သြပ္အစားအစာ
စည္သြပ္အစားအစာေတြက သင့္ေဘဘီေလးအတြက္ အႏၱရာယ္ရွိပါတယ္။ စည္သြပ္အစားအစာ စားျခင္းကေန သင့္ကေလးကို ဘက္တီးရီးယားေရာဂါပိုး ကူးစက္မႈႏွင့္ botulismကို ျဖစ္ေပၚႏိုင္ပါတယ္။

၆။ ငါး
ငါးက လူႀကီးတစ္ေယာက္အတြက္ အသားအေရ၊ ဆံပင္နဲ႔ ႏွလံုးက်န္းမာေရးအတြက္ ေကာင္းႏိုင္ပါတယ္။ ဒါေပမယ့္ သင့္ရဲ႕ကေလးငယ္ကို ဓါတ္မတည့္မႈ ျဖစ္ေပၚေစျခင္းႏွင့္ က်န္းမာေရးကို ဆိုးရြားစြာ ထိခိုက္ေစႏိုင္ပါတယ္။ ဓါတ္မတည့္မႈျဖစ္ေပၚေစတာေၾကာင့္ အခြံမာေရသတၱဝါ၊ ကဏန္းကဲ့သို႔ေသာ ပင္လယ္စာေတြ ေကၽြးတာေရွာင္ပါ။ ပင္လယ္စာေတြမွာ သင့္ကေလးအတြက္ အႏၱရာယ္ျဖစ္ေစႏိုင္တဲ့ မာက်ဴရီပမာဏျမင့္မားစြာ ပါဝင္ေလ့ရွိပါတယ္။ ေရခ်ိဳငါးေတြ ေကၽြးမယ္ဆိုရင္ေတာ့ ေကၽြးလို႔ရပါတယ္။

၇။ ပ်ားရည္
ပ်ားရည္က ေရွးအက်ဆံုးနဲ႔ လူႀကိဳက္အမ်ားဆံုး သဘာဝအခ်ိဳအစားထိုးျဖစ္ပါတယ္။ ပ်ားရည္က ေဆးဘက္ဝင္ေပမယ့္ တစ္ႏွစ္ေအာက္ သင့္ကေလးအတြက္ေတာ့ အႏၱရာယ္ ျဖစ္ေစႏိုင္ပါတယ္။ ပ်ားရည္က ကေလးငယ္ေတြအတြက္ ေရာဂါပိုးကူးစက္မႈကို ဦးတည္ေစႏိုင္တဲ့ အျခားညစ္ညမ္းမႈမ်ားနဲ႔ အပင္မ်ိဳးမႈန္ေတြပါဝင္ပါတယ္။

၈။ သစ္သီးေဖ်ာ္ရည္
သစ္သီးေဖ်ာ္ရည္ေတြဟာ အရသာေကာင္းၿပီး က်န္းမာေရးကို အေထာက္အကူျပဳပါတယ္။ သို႔ေသာ္ အထူးသျဖင့္ ထုတ္ပိုးမႈအမ်ိဳးမ်ိဳးနဲ႔ သစ္သီးေဖ််ာ္ရည္ေတြမွာ သင့္ကေလးရဲ႕ အစာေျခစနစ္ကို မေဆာင္ရြက္ႏို္င္တဲ့ တာရွည္ခံအမ်ားအျပားပါဝင္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ကေလးေသးေသးေလးကို သစ္သီးေဖ်ာ္ရည္ တိုက္ေကၽြးမႈ ေရွာင္ပါ။ သင့္ကေလးရဲ႕ အစားအစာအတြက္ လတ္ဆတ္တဲ့ သစ္သီးေဖ်ာ္ရည္ကို မိတ္မဆက္ခင္မွာ ဆရာဝန္နဲ႔ တုိင္ပင္ပါ။

၉။ Whole Milk
ပရိုတိန္းႏွင့္ သတၱဳဓါတ္ေတြ ႏြားႏို႔မွာ ပါဝင္ေပမယ့္ ၁၂လေအာက္ကေလးကို မေကၽြးသင့္ပါဘူး။ သူတို႔ရဲ႕ အူလမ္းေၾကာင္းအင္ဇိုင္းေတြက သူတို႔ရဲ႕အျမင့္ဆံုးဖြံၿဖိဳးတိုးတတ္မႈအဆင့္ကို မေရာက္ရွိေသးပါဘူး။ ကေလးတစ္ေယာက္ဟာ ဒီအသက္အရြယ္မွာ ဒီႏို႔အမ်ိဳးအစားေတြထဲက ပရိုတိန္းေတြကို အစာမေျခႏိုင္ပါဘူး။ ဒါ့အျပင္ ႏို႔ေတြမွာ သူတို႔ရဲ႕ေက်ာက္ကပ္ကို ထိခိုက္ေစႏို္င္တဲ့ သတၱဳဓါတ္ေတြ ပါဝင္ပါတယ္။

၁၀။ ခ်ဥ္တဲ့အသီးမ်ား
လိေမၼာ္၊ သံပုရာႏွင့္ တျခားခ်ဥ္တဲ့ အသီးအႏွံေတြဟာ က်န္းမာေရးနဲ႔ ညီညြတ္ၿပီး ဗီတာမင္စီ၊ ကယ္လ္စီယမ္ႏွင့္ ပိုတတ္စီယမ္ကဲ့သို႔ေသာ မရွိမျဖစ္လိုအပ္တဲ့ အာဟာရေတြ ပါဝင္ပါတယ္။ သို႔ေသာ္ ဒီအသီးအႏွံေတြက အက္ဆစ္အလြန္အမင္းပါတာေၾကာင့္ ကေလးအတြက္ အစာအိမ္ျပႆနာမ်ားကို ဦးတည္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ တစ္ႏွစ္အရြယ္ထိ ခ်ဥ္တဲ့ ဘာအသီးမဆို ကေလးကို ေကၽြးျခငး္ ေရွာင္ၾကဥ္ပါ။
#Chit_MayMay
#LM_Nandar

Unicode

သင့်ရဲ့တစ်နှစ်အောက် ဘေဘီလေးကို မကျွေးသင့်သေးတဲ့ အစားအစာ (၁၀)မျိုး
မေမေတို့ရဲ့ ဘေဘီလေးတွေကို ဖြည့်စွက်စာကျွေးဖို့ ၊ အစားအစာတွေနဲ့ မိတ်ဆက်ပေးဖို့ စဉ်းစားနေပြီလား? ပုံမှန်အားဖြင့် ကလေးအသက် ၅လကျော်၊ ၆လလောက်မှ ဖြည့်စွက်စာကို စတင်ကျွေးကြပါတယ်။ တစ်နှစ်အောက်ဘေဘီလေးတွေကို အဲဒီလို ကျွေးတဲ့အခါမှာ ရှောင်ရမယ့် အစားအစာလေးတွေ ရှိပါတယ်နော်။

၁။ ကြက်ဥအကာ
ကြက်ဥအကာဟာ ပရိုတိန်းအရင်းအမြစ် မြင့်မားပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။ တစ်နှစ်အောက်ငယ်တဲ့ ကလေးတွေ အတွက်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ ကြက်ဥအကာထဲက ဘက်တီးရီးယားဟာ ဗိုက်အောင့်/ဗိုက်နာတာတွေ ဖြစ်စေပြီး အခြားနောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ မြေပဲထောပတ်
မြေပဲထောပတ် မှာ ပိုတတ်စီယမ်၊ ပရိုတိန်းနှင့် အမျှင်ဓါတ်ကြွယ်ဝပါတယ်။ သို့သော်လည်း မြေပဲထောပတ်ရဲ့စေးကပ်မှုကြောင့် နင်တာတွေ၊ သွားပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

၃။ ဟင်းသီးဟင်းရွက်အစိမ်း
ဟင်းသီးဟင်းရွက်များက အာဟာရ၏ အရေးပါသော အရင်းအမြစ်ဖြစ်ပြီး နာတာရှည်ရောဂါအများစုရဲ့ အန္တရာယ်ကို လျှော့ချပေးပါတယ်။ နောက်ထပ်အစားအစာများကို ဘေဘီလေးတွေ ရှောင်ကြဉ်သင့်ပါတယ်။ မုန်လာဥနီကဲ့သို့သော ဟင်းသီးဟင်းရွက်များက ဘေဘီလေးကို သီးစေနိုင်တာကြောင့် ရှောင်ရှားဖို့ လိုအပ်ပါတယ်။

၄။ အစေ့အဆန်များ
အစေ့အဆန်တွေမှာ အမျှင်ဓါတ်၊ ဗီတာမင်အီးနှင့် L-arginine တို့ကြွယ်ဝပါတယ်။ သို့သော်လည်း အစေ့အဆန်များရဲ့ အရွယ်အစားက အစာပြွန်ပိတ်ဆို့ခြင်းနှင့် သင့်ကလေးသေးသေးလေးကို နင်ခြင်းတွေ ဖြစ်နိုင်ချေရှိပါတယ်။ ဒါ့ကြောင့် ဘာအစေ့အဆန်မှ သင့်ကလေးကို မကျွေးတာကောင်းပါတယ်။

၅။ စည်သွပ်အစားအစာ
စည်သွပ်အစားအစာတွေက သင့်ဘေဘီလေးအတွက် အန္တရာယ်ရှိပါတယ်။ စည်သွပ်အစားအစာ စားခြင်းကနေ သင့်ကလေးကို ဘက်တီးရီးယားရောဂါပိုး ကူးစက်မှုနှင့် botulismကို ဖြစ်ပေါ်နိုင်ပါတယ်။

၆။ ငါး
ငါးက လူကြီးတစ်ယောက်အတွက် အသားအရေ၊ ဆံပင်နဲ့ နှလုံးကျန်းမာရေးအတွက် ကောင်းနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ကလေးငယ်ကို ဓါတ်မတည့်မှု ဖြစ်ပေါ်စေခြင်းနှင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဓါတ်မတည့်မှုဖြစ်ပေါ်စေတာကြောင့် အခွံမာရေသတ္တဝါ၊ ကဏန်းကဲ့သို့သော ပင်လယ်စာတွေ ကျွေးတာရှောင်ပါ။ ပင်လယ်စာတွေမှာ သင့်ကလေးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ မာကျူရီပမာဏမြင့်မားစွာ ပါဝင်လေ့ရှိပါတယ်။ ရေချိုငါးတွေ ကျွေးမယ်ဆိုရင်တော့ ကျွေးလို့ရပါတယ်။

၇။ ပျားရည်
ပျားရည်က ရှေးအကျဆုံးနဲ့ လူကြိုက်အများဆုံး သဘာဝအချိုအစားထိုးဖြစ်ပါတယ်။ ပျားရည်က ဆေးဘက်ဝင်ပေမယ့် တစ်နှစ်အောက် သင့်ကလေးအတွက်တော့ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ပျားရည်က ကလေးငယ်တွေအတွက် ရောဂါပိုးကူးစက်မှုကို ဦးတည်စေနိုင်တဲ့ အခြားညစ်ညမ်းမှုများနဲ့ အပင်မျိုးမှုန်တွေပါဝင်ပါတယ်။

၈။ သစ်သီးဖျော်ရည်
သစ်သီးဖျော်ရည်တွေဟာ အရသာကောင်းပြီး ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ သို့သော် အထူးသဖြင့် ထုတ်ပိုးမှုအမျိုးမျိုးနဲ့ သစ်သီးဖျျော်ရည်တွေမှာ သင့်ကလေးရဲ့ အစာခြေစနစ်ကို မဆောင်ရွက်နို်င်တဲ့ တာရှည်ခံအများအပြားပါဝင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကလေးသေးသေးလေးကို သစ်သီးဖျော်ရည် တိုက်ကျွေးမှု ရှောင်ပါ။ သင့်ကလေးရဲ့ အစားအစာအတွက် လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်ကို မိတ်မဆက်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

၉။ Whole Milk
ပရိုတိန်းနှင့် သတ္တုဓါတ်တွေ နွားနို့မှာ ပါဝင်ပေမယ့် ၁၂လအောက်ကလေးကို မကျွေးသင့်ပါဘူး။ သူတို့ရဲ့ အူလမ်းကြောင်းအင်ဇိုင်းတွေက သူတို့ရဲ့အမြင့်ဆုံးဖွံဖြိုးတိုးတတ်မှုအဆင့်ကို မရောက်ရှိသေးပါဘူး။ ကလေးတစ်ယောက်ဟာ ဒီအသက်အရွယ်မှာ ဒီနို့အမျိုးအစားတွေထဲက ပရိုတိန်းတွေကို အစာမခြေနိုင်ပါဘူး။ ဒါ့အပြင် နို့တွေမှာ သူတို့ရဲ့ကျောက်ကပ်ကို ထိခိုက်စေနို်င်တဲ့ သတ္တုဓါတ်တွေ ပါဝင်ပါတယ်။

၁၀။ ချဉ်တဲ့အသီးများ
လိမ္မော်၊ သံပုရာနှင့် တခြားချဉ်တဲ့ အသီးအနှံတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဗီတာမင်စီ၊ ကယ်လ်စီယမ်နှင့် ပိုတတ်စီယမ်ကဲ့သို့သော မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေ ပါဝင်ပါတယ်။ သို့သော် ဒီအသီးအနှံတွေက အက်ဆစ်အလွန်အမင်းပါတာကြောင့် ကလေးအတွက် အစာအိမ်ပြဿနာများကို ဦးတည်စေနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နှစ်အရွယ်ထိ ချဉ်တဲ့ ဘာအသီးမဆို ကလေးကို ကျွေးခြငး် ရှောင်ကြဉ်ပါ။
#Lifestyle_Myanmar
#LM_Nandar

 

LEAVE A REPLY

Please enter your comment!
Please enter your name here