Home Parenting Parent Guide သင်ကိုယ်တိုင်အကောင်အထည်ဖော်သင့်သော မိဘအုပ်ထိန်းခြင်းဆိုင်ရာ ကျွမ်းကျင်မှု (၇) ခု

သင်ကိုယ်တိုင်အကောင်အထည်ဖော်သင့်သော မိဘအုပ်ထိန်းခြင်းဆိုင်ရာ ကျွမ်းကျင်မှု (၇) ခု

0
သင်ကိုယ်တိုင်အကောင်အထည်ဖော်သင့်သော မိဘအုပ်ထိန်းခြင်းဆိုင်ရာ ကျွမ်းကျင်မှု (၇) ခု

မိဘဖြစ်ရခြင်းက ပင်ပန်းမှုကို မိဘဖြစ်ဖူးသူတွေက ပိုနားလည်ပါလိမ့်မယ်။ အပြန်အလှန်အနေနဲ့ သားသမီးတွေကြောင့် ကြည်နူးပျော်ရွှင်ရတယ်ဆိုတာကလည်း မိဘဖြစ်ဖူးသူမှသာ ပိုခံစားတတ်ပါလိမ့်မယ်။ ဒါ့ကြောင့် အကောင်းဆုံးပြုစုပျိုးထောင်ပြီး အသီးအပွင့်ကိုလည်း ဝမ်းသာပီတိအပြည့်ဖြင့် ကြည်ကြည်နူးနူးခံစားပါ။ သို့ပေမယ့် ဘယ်လိုအကောင်းဆုံးပျိုးထောင်ကြမလဲ? အကောင်းဆုံးပျိုးထောင်နည်းဆိုတာ ဘာလဲ?

၁။ ချွင်းခြင်းမရှိ ချစ်ခြင်းမေတ္တာနှင့် ကြင်နာမှုကို ပေးစွမ်းနိုင်ခြင်း

ကျွန်မတို့ရဲ့ ကလေးတွေကို ခြွင်းချက်မရှိ ချစ်ခြင်းမေတ္တာနှင့် ကြင်နာမှုကို ပေးနိုင်စွမ်းက မိဘအုပ်ထိန်းမှုစွမ်းရည်အားလုံးရဲ့ အရေးကြီးဆုံးအပိုင်းဖြစ်ပါတယ်။ ခြွင်းချက်မရှိဆိုတဲ့ စကားလုံးက ကျွန်မတို့ရဲ့ ကလေးတွေဟာ ဘယ်လိုတွေပဲဖြစ်နေပါစေ ကျွန်မတို့ချစ်ပေးဖို့ လိုအပ်တယ်ဆိုတာပါပဲ။ တစ်ခါတလေမှာ ဒီအရာက ထင်သလောက်မလွယ်ကူပါဘူး။ ကလေးတွေက မိုးလင်းကတည်းက အိပ်ချိန်တွေအထိ (အိပ်ချိန်တွေမှာတောင်) မိဘတွေရဲ့ သည်းခံနိုင်စွမ်းကို စမ်းသပ်နေကြတာကြောင့်ပါ။ တစ်ချို့ရက်တွေမှာ ဆယ်စက္ကန့်တောင် ပြည့်အောင်မထိုင်ရတဲ့နေ့တွေလည်းရှိပါလိမ့်မယ်။
ဒါပေမယ့် ကျွန်မတို့ကလေးတွေကို ချစ်ရပါမယ်။ ချစ်ခြင်းမေတ္တာမှာ လေးစားမှုပါ ပေါင်းထည့်ပြီး ချစ်ပေးရပါမယ်။ ကျွန်မရဲ့ ချစ်ခင်လေးစားမှုတွေကို ကျွန်မတို့ရဲ့ သားသမီးက ဘယ်သူတွေဖြစ်နေပါစေ အပြည့်အဝေပေးနိုင်ရပါမယ်။

သင့်အနေနဲ့ အကျင့်စာရိတ္တကောင်းမွန်ပြီး တန်ဖိုးထားမှုမြင့်မားသော ကလေးတစ်ယောက်ကို ပျိုးထောင်ချင်မှာ အမှန်ပါပဲ။ စည်းကမ်းလိုက်နာတဲ့ ကလေးတစ်ယောက်လည်း ဖြစ်စေချင်ပါလိမ့်မယ်။ အဲဒီလိုဖြစ်ဖို့ အကြမ်းဖက်အနိုင်ကျင့်ဖို့ မလိုပါဘူး။ မိဘအုပ်ထိန်းခြင်းဟာ အမှန်တကယ်ခက်ခဲသော အလုပ်ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာဟာ အမြဲတမ်းတော့ သက်တန့်တွေနဲ့ လိပ်ပြာတွေချည်းပဲရှိနေမှာ မဟုတ်ပါဘူး။ တစ်ခါတရံ ကလေးငယ်ကို သင့်လျော်သော ပုံစံဖြင့် ခိုင်မာစွာဆုံးမသွန်သင်ရတာတွေရှိပါလိမ့်မယ်။ ဒါဟာလည်း ချစ်ခြင်းမေတ္တာပါပဲ။

၂။ လူသားဆန်မှုနှင့် စာနာမှုတို့ကို သင်ကြားပေးပါ

နောင်နှစ်အနည်းငယ်အကြာမှာ ကျွန်မတို့ရဲ့ကမ္ဘာမှာ ကျွန်မတို့ရဲ့ ကလေးငယ်တွေရဲ့ လက်ထဲမှာပဲ ရှိနေပါလိမ့်မယ်။ ကလေးတွေကို ကရုဏာတရားနှင့် စာနာမှုတွေအကြောင်း မသင်ပေးဘဲ ကြီးပြင်းခွင့်ပေးမယ်ဆိုရင် လာမယ့်အနှစ် (၂၀) မှာ ကျွန်မတို့ရဲ့ ကမ္ဘာကြီးက ဘယ်လိုဖြစ်နေမလဲဆိုတာ စိတ်ကူးကြည့်ပါ။ ကျွန်မတို့ရဲ့ ကလေးတွေက ကိုယ်ကျိုးမဖက်ဘဲ အားပေးကူညီဖို့နှင့် လိုအပ်နေသူတွေကိုကူညီတတ်ဖို့ အင်မတန်အရေးကြီးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြင်နာမှုနှင့် ဂရုစိုက်မှုရဲ့ အရေးပါမှုကို အလေးထားဖို့ လိုအပ်ပါတယ်။ လူတိုင်းမှာ ခံစားချက်တွေရှိကြပြီး တစ်စုံတစ်ယောက်ရဲ့ ခံစားချက်တွေကို မလှောင်ပြောင်မိဖို့လည်း သင်ပေးဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် ကလေးတွေကို လူသားဆန်မှုနှင့် စာနာမှုကို သင်ပေးရမှာက မိဘတွေရဲ့ အလုပ်ဖြစ်ပါတယ်။

၃။ ပညာသင်ပေးပါ

မိဘတိုင်းရှိထားသင့်တဲ့ မိဘအုပ်ထိန်းမှုစွမ်းရည်တစ်ခုက သားသမီးတွေကို ပညာပေးနိုင်စွမ်းပါ။ ကလေးတွေကိုယ်တိုင်က သူတို့ကိုယ်ပိုင်ပါရမီတွေနဲ့ မွေးဖွားလာကြမှာ မှန်ပေမယ့် မိဘတွေက ဒီအရာတွေကို ထူးချွန်အောင်ပံ့ပိုးပေးရပါမယ်။ မိဘကောင်းတစ်ယောက်အနေနဲ့ ကိုယ်တိုင်သင်ပေးဖို့ အဆင်မပြေနိုင်ဘူးဆိုရင်တောင် သူတို့အတွက် သင့်လျော်မယ့် ပတ်ဝန်းကျင်မျိုးကို ပို့ပေးသင့်ပါတယ်။ သင်ယူခြင်းနှင့် ပညာသင်ကြားခြင်းရဲ့ အရေးကြီးမှုကို အမြဲ ဦးစားပေးသင့်ပါတယ်။

ကလေးတွေ ဝါသနာပါနိုင်မယ့် စက်မှု၊ လက်မှု ဘယ်အရာကိုမဆို အသာတကြည်ခွင့်ပြုပြီး ပံ့ပိုးပေးသင့်ပါတယ်။ ဒီအရာကလည်း မိဘအုပ်ထိန်းမှု စွမ်းရည်တစ်ခုဖြစ်ပါတယ်။

၄။ ပံ့ပိုးပေးခြင်း

ကလေးငယ်အား သင့်လျော်သော ပံ့ပိုးကူညီမှုပေးခြင်းက မိဘတိုင်းမှာရှိထားသင့်သော မိဘအုပ်ထိန်းမှုဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ ဆိုလိုတာက သင့်အနေနဲ့ ကလေးရဲ့ အခြေခံအုတ်မြစ်၊ ကျောရိုးတစ်ခုအဖြစ် ရှိနေသင့်တယ်လို့ ဆိုလိုပါတယ်။ သင့်ကလေးက သင့်ကို အားကိုးနိုင်တယ်လို့ ခံစားမိခြင်းက ကလေးရဲ့ ကြီးထွားရှင်သန်မှုတွေကို ပံ့ပိုးကူညီနေခြင်းဖြစ်နိုင်ပါတယ်။ ထောက်ပံ့မှုက ငွေကြေးဆိုင်ရာ ပြဿနာလည်းဖြစ်နိုင်သလို စိတ်ပိုင်းဆိုင်ရာပြဿနာလည်းဖြစ်နိုင်ပါတယ်။ အမြဲလိုလို သင့်ကလေးအတွက် အားတက်စရာစကားလုံးတွေရှိနေဖို့ပါပဲ။

၅။ စံပြကောင်းတစ်ယောက် ဖြစ်ပေးပါ

ကလေးတွေက သူတို့မွေးဖွားချိန်ကနေစတင်ပြီး ကလေးတွေဟာ မိဘတွေဆီကနေ သင်ယူနေကြတာဖြစ်ပါတယ်။ ကလေးအများစုက သင်ယူခြင်းနည်းလမ်းက စောင့်ကြည့်ခြင်းဖြစ်ပါတယ်။ သူတို့ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရင်း သင်ယူတာက ကျွန်မတို့ တကူးတကသင်ပေးရတာထက် ပိုတတ်ကြပါတယ်။ ဒါ့ကြောင့် မေမေတို့အနေနဲ့ မှန်ကန်သော အရာတွေကို လုပ်ဆောင်ဖို့နှင့် သင့်ကလေးတွေအတွက် စံနမူနာကောင်းဖြစ်ဖို့ လိုအပ်ပါတယ်။ စံနမူနာကောင်းတစ်ဦးဖြစ်ခြင်းက မိခင်နှင့် ဖခင်တို့အတွက် မရှိမဖြစ်အရေးကြီးသော မိဘအုပ်ထထိန်းမှုစွမ်းရည်တစ်ခုဖြစ်ပါတယ်။

၆။ အပြုသဘောဆောင်သော မိဘအုပ်ထိန်းမှုကို လေ့ကျင့်ပါ

မိဘအုပ်ထိန်းခြင်းနည်းလမ်း အမျိုးအစားများစွာရှိပါတယ်။ အာဏာရှင်/စည်းကမ်းကြီးသောမိဘအုပ်ထိန်းမှု၊ ခွင့်လွှတ်ပေးတတ်ပြီး အေးအေးချမ်းချမ်းအုပ်ချုပ်သော မိဘအုပ်ထိန်းမှု၊ လျစ်လျူရှုသော မိဘအုပ်ထိန်းမှုစသဖြင့် အမျိုးမျိုးရှိပါတယ်။ အာဏာရှင်မိဘတွေက ကလေးတွေရဲ့ ခံစားချက် (သို့) အတွေးတွေကို ထည့်မစဉ်းစားဘဲ သူတို့ရဲ့ စည်းကမ်းတွေကို နာခံဖို့ တင်းကြပ်ကြပါလိမ့်မယ်။ ဒီလိုမျိုး မိဘမျိုးတွေက ရေရှညမှာ ကလေးအတွက် အန္တရာယ်ဖြစ်စေနိုင်သော ပြစ်ဒဏ်တွေကို အသုံးပြုမိတတ်ကြပါတယ်။

၇။ အိမ်အပြင်ဘက်မှာရှိနိုင်မယ့် ကလေးရဲ့ ဘဝအတွက် ကြိုတင်ပြင်ဆင်ပါ

တစ်နေ့နေ့မှာ သင့်ကလေးဟာ သင်မပါဘဲ တစ်ခြားလူနေမှုဘဝတွေကို ဖြတ်သန်းရမယ်ဆိုတာ အမြဲသတိရပါ။ သူတို့ကိုယ်တိုင် ထွက်သွားလို့ပဲဖြစ်ဖြစ် သင်က မရှိတော့တာကြောင့်ပဲဖြစ်ဖြစ် သူတို့ကောင်းကောင်းရှင်သန်နိုင်ဖို့ မိဘတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို အခြေခံအရည်အချင်းတွေ၊ ဘဝသင်ခန်းစာတွေနှင့် ကောင်းမွန်သော ကိုယ်ကျင့်တရားနှင့် တန်ဖိုးတွေကို သင်ကြားပေးသင့်ပါတယ်။

လုပ်ငန်းခွင်မှာ ကြီးပွားတိုးတက်နိုင်တဲ့ ဝန်ထမ်းတစ်ယောက်ကို ပျိုးထောင်ဖို့ ကောင်းမွန်တဲ့ မိဘအုပ်ထိန်းမှုအရည်အချင်းတွေ လိုအပ်ပါတယ်။ လေးစားမှု၊ အထောက်အကူဖြစ်ပြီး စာနာတတ်တဲ့ ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်းက မိဘအုပ်ထိန်းမှုစွမ်းရည် လိုအပ်ပါတယ်။

သင့်ကလေးတွေနဲ့ အတူရှိနေချိန်ဟာ အင်မတန်အဖိုးတန်ပါတယ်။ သူတို့ကို သင်ဖြစ်ချင်တဲ့လူကြီးမျိုးဖြစ်အောင် ပြုစုပျိုးထောင်ပါ။

Chit_May_May

Nyein_Thu

ref-frugalmomguide

LEAVE A REPLY

Please enter your comment!
Please enter your name here