သင်ကိုယ်ဝန်ဆောင်စဉ်အတွင်း ဝမ်းနည်းလို့ ငိုတဲ့အခါ သင့်ကလေး ဘာခံစားရသလဲ?

0
803
- Advertisement -

သင့်ဗိုက်ထဲက ဘေဘီလေး တွေ့ကြုံ၊ ခံစားရတဲ့အရာက သင်ဖြစ်ပျက်နေတဲ့အရာနှင့် တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ ယခုအချိန်မှာ မိခင်ဟာ ကလေးရဲ့အခရာဖြစ်ပါတယ်။ မိခင်ဟာ ကလေးရဲ့ အတွင်းကမ္ဘာနှင့် ပြင်ပကမ္ဘာ နှစ်ခုစလုံးမှာ အရင်းနှီးဆုံးထိတွေ့သူ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ မိခင်ခံစားရတဲ့ ခံစားချက်နှင့်ထပ်တူ ကလေးခံစားတယ်ဆိုတာ သိပ္ပံပညာက ပြသခဲ့ပါတယ်။ သင်ဝမ်းနည်းပူဆွေးပြီး အော်ငိုပါက သင့်ကလေးလည််း အလားတူခံစားမှုမျိုး ခံစားရပါလိမ့်မယ်။

“ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ကလေးဟာ ဘဝအတွက် သူ့ဘာသာသူ ပြင်ဆင်ရပါတယ်။ ပြီးတော့ မိခင်တစ်ယောက်အနေနဲ့ သူ့ကိုပေးပို့တဲ့ သတင်းစကားတွေကို သူကြားရပါတယ်”လို့ ကယ်လီဖိုးနီးယား၊ အိုင်းဗင်းတက္ကသိုလ်မှ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ သိရပါတယ်။ ဒီလေ့လာမှုမှာ မိခင်တစ်ယောက်ရဲ့ စိတ်ခံစားမှုအခြေအနေဟာ ကလေးမမွေးမီနှင့် မွေးအပြီးမှာ ကလေးရဲ့ ဖွံ့ဖြိုးတိုးတတ်မှုကို လွှမ်းမိုးတယ်လို့ ဆိုပါတယ်။ ဒီလေ့လာမှုက ကလေးငယ်ဟာ မိခင်ရဲ့ သားအိမ်အတွင်းမှာ ရှိနေစဉ် သူဟာ သူ့ရဲ့ဖွံ့ဖြိုးတိုးတတ်မှုမှာ တတ်ကြွစွာ ပါဝင်သူဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

  • အချင်းက ဝမ်းနည်းမှုဟော်မုန်း အချက်ပြတွေကို လက်ခံရရှိပါတယ်

ကလေးဟာ ကြီးထွားလာတာနှင့်အမျှ မိခင်ရဲ့နှလုံးခုန်သံ (ဒါမှမဟုတ်) မိခင်ရဲ့ ဝမ်းဗိုက်နားကပ်ပြီး ဖွင့်ထားတဲ့ ဂီတသံသာမက သူ့မိခင်ဆီကနေ မက်ဆေ့ချ်တွေ အမြဲရပါတယ်။ ဒီအဆင့်မှာ ကလေးငယ်ဟာ အချင်းမှတဆင့် ဓါတုဗေဒဆိုင်ရာအချက်ပြမှုကို လက်ခံရရှိပါတယ်။ဒီအချက်ပြမှုတွေမှာ မိခင်ရဲ့ စိတ်ခံစားမှုအဆင့်နှင့် ပတ်သတ်သော အချက်ပြမှုတွေပါဝင်ပါတယ်။

မိခင် စိတ်သောကရောက်နေတာ (သို့) အကြီးအကျယ် စိတ်ဓါတ်ကျနေခြင်း ဖြစ်ပါက ကလေးငယ်လည်း ထိုအရာကို တွေ့ကြုံခံစားရပါတယ်။ ဒီစိတ်ခံစားမှုအဆင့်က သူ့ဘဝရဲ့ ကြီးမားသော အစိတ်အပိုင်းအတွက် ကလေးရဲ့ ဖွံ့ဖြိုးတိုးတတ်မှုကို သက်ရောက်ပါတယ်။ ရေရှည်မှာ စိတ်ဓါတ်ကျတဲ့ မိခင်တစ်ယောက်ဖြစ်ခြင်းဟာ အာရုံကြောဆိုင်ရာ ပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်တယ်လို့ လေ့လာသူ စဲန်မန်းက ပြောပါတယ်။

ထို့အပြင် ယခင်လေ့လာမှုတစ်ခုအရ မိခင်တွေဟာ ကိုယ်ဝန်ဆောင်စဉ် (စိတ်ဓါတ်ကျခြင်းလက္ခဏာများ) စိုးရိမ်ပူပန်မိခဲ့သော မိခင်တွေရဲ့ ကလေးတွေမှာ ဦးနှောက်ဖွဲ့စည်းပုံ ကွဲပြားခြားနားမှုများရှိကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။

  • စိတ်အပြောင်းလဲများက ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုအပေါ် အကျိုးသက်ရောက်ပါတယ်

အမှန်က မိခင်တစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုအဆင့်က မမွေးခင်နှင့် မွေးပြီး ကလေးရဲ့ ဖွံ့ဖြိုးတိုးတတ်မှုအပေါ် လွှမ်းမိုးမှုရှိနိုင်ပါတယ်။ ဒီအကြောင်းရင်းအတွက် အကောင်းဆုံးနည်းဗျူဟာကတော့ ကိုယ်ဝန်ဆောင်စဉ် စိတ်ကျရောဂါကို ကုသဖို့ ဖြစ်ပါတယ်။ သို့သော် ပြဿနာတစ်ခုက အမျိုးသမီးတွေဟာ ကလေးမမွေးခင် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးတာ၊ အကဲဖြတ်တာနှင့် စိတ်ပညာကျွမ်းကျင်သူတစ်ယောက်နှင့် ဆွေးနွေးတိုင်ပင်တာ ရှားတယ်လို့ သိပ္ပံပညာရှင်များ သတိပေးထားပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်တစ်ယောက်လုပ်နိုင်တဲ့ အကောင်းဆုံးအရာက စိတ်ခံစားမှုအခြေအနေကို ဟန်ချက်ညီအောင်ထားဖို့နှင့် ကလေးကို စနစ်တကျ ဖွံ့ဖြိုးစေအောင် စိတ်ချမ်းသာစွာ နေဖို့ ဖြစ်ပါတယ်။
ထို့အပြင် ကလေးတွေဟာ မိခင်ရဲ့ စိတ််ခံစားမှုတွေ ခံစားရခြင်းအပြင် မိခင်ရဲ့ အကြံအစည်ကို ရိပ်မိကြောင်းလည်း ကိုယ်ဝန်ဆောင်စိတ်ပညာကို လေ့လာခဲ့တဲ့ လေ့လာသူများကပြောပါတယ်။ ဆိုလိုတာက ကိုယ်ဝန်မလိုချင်တဲ့ မိခင်တစ်ယောက်ရဲ့ကလေးဟာ ငြင်းပယ်ခံရခြင်းကို ခံစားရစေပါတယ်။ ဒီအရာက အနာဂတ်မှာ ကလေးငယ်အတွက် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။

အကောင်းဆုံးကတော့ သင်နှင့် သင့်ကလေးအကြား ရင်းနှီးသော နှောင်ကြိုးကို ဖန်တီးပေးသော ဒီအဆင့်မှာ တတ်နိုင်သလောက် စိတ်ချမ်းသာအောင် နေပါ။ စိတ်ခံစားမှုနှင့် မကောင်းတဲ့ ခံစားချက်တွေကို ရှောင်ဖို့ ကြိုးစားပါ။ ထို့သိုပြုလုပ်ဖို့ တရားထိုင်ခြင်း၊ အပန်းဖြေခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ယောဂလေ့ကျင့်ခန်းလုပ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ သင့်ပတ်ဝန်းကျင်မှ လူတွေက သင့်ရဲ့စိုးရိမ်ပူပန်မှုတွေ၊ ဝမ်းနည်းမှုတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here