မိဘတွေအားလုံးက သူတို့ရဲ့ကလေးတွေအတွက် ပြီးပြည့်စုံဖို့အတွက် ကြိုးစားကြပါတယ်။ တစ်ချို့က စည်းကမ်းတင်းကြပ်ကြတယ်။ တစ်ချို့ကတော့ အလိုလိုက်ကြတယ်။ ဒါပေမယ့်အားလုံးကတော့ သူတို့မှန်တယ်ထင်တဲ့အတိုင်း လုပ်ကြပါတယ်။ သို့ပေမယ့် မိဘတွေက မကြာခဏဆိုသလို ကလေးတွေအတွက် အရေးကြီးဆုံးအရာတွေကို မေ့လျော့နေတတ်ကြပါတယ်။ ဒီကနေ့မှာတော့ ကျွန်တော်တို့က သင့်ရဲ့တကယ့်အေးအေးဆေးဆေးမှန်ကန်တဲ့မိဘဖြစ်ကြောင်း ပြသနေတဲ့လက္ခဏာတစ်ချို့ကို မျှဝေပေးမှာဖြစ်ပါတယ်။

၁။ သင့်ကလေးက သူတို့ပြဿနာတွေကို သင့်ကို ပြောပြတယ်
သင့်ရဲ့သား (သို့) သင့်သမီးက သူတို့ရဲ့အောင်မြင်မှုတွေနှင့် ကျရှုံးမှုတွေအကြောင်း သင့်ကို ပြောပြတဲ့အခါ အလွန်ကောင်းပါတယ်။ သို့ပေမယ့် သူတို့ရဲ့ ပြဿနာတွေကို ပြောပြဖို့ သူတို့အတွက် ပိုအရေးကြီးပါတယ်။ သင့်ရဲ့ပြဿနာတွေအကြောင်း တစ်စုံတစ်ယောက်ကိုပြောပြခြင်းက အလွန်သဘာဝကျပါတယ်။ ပြီးတော့ ကျွန်တော်တိုက လူတွေကို ကျွန်တော်တို့စကားတွေကို နားထောင်စေချင်တယ်။ ထောက်ပံ့ပေးစေချင်တယ်။ ကလေးတွေအနေနဲ့လည်း ကွဲပြားခြားနားသောအခြေအနေတွေမှာ ပြဿနာအမျိုးမျိုးရှိတတ်ကြောင်းနှင့် အမှားတွေလုပ်တာဟာ မကောင်းမှုသက်သက်မဟုတ်ဘူးဆိုတာ နားလည်သင့်ပါတယ်။

၁။ အဆင့်သတ်မှတ်ချက်တွေကောင်းရုံနဲ့ အရာအားလုံးကောင်းတယ်လို့ သင်က မခံယူထားဘူး
တကယ်လို့ သင့်ကလေးက ကျောင်းမှာအဆင့်နိမ့်နေခြင်းနဲ့ပတ်သက်ပြီးတော့ သင့်ကို ပြောပြဖို့ တွန့်ဆုတ်နေတာက မဖြစ်သင့်ပါဘူး။ ကြောက်လန့်နေတဲ့ကလေးတွေက သူတို့ရဲ့အဆင့်တွေကို မကြာခဏဖုံးကွယ်လေ့ရှိပြီးတော့ မိဘတွေ တစ်ခုခုသိသွားမှာ ထိတ်လန့်နေတတ်ကြပါတယ်။ ကောင်းမွန်သောမိဘတွေဟာ မိမိတို့ရဲ့ ကလေးတွေကို ကျောင်းမှာ ကောင်းမွန်သောကလေးတစ်ဦးဖြစ်ဖို့က ပိုအရေးကြီးကြောင်း ရှင်းပြနိုင်ပါတယ်။ ၎င်းက အဆင့်သတ်မှတ်ချက်မဟုတ်ဘဲ အမှန်တကယ်အရေးကြီးတာက အသိပညာဖြစ်ပါတယ်။

၃။ သင့်မိသားစုမှာ လူတိုင်းက ကိုယ်ပိုင်နယ်ပယ်တွေကို လေးစားတယ်
မိဘအများစုက ကလေးတွေရဲ့အခန်းထဲမဝင်ခင်မှာ တံခါးခေါက်သင့်တယ်လို့ ယူဆကြတယ်။ သို့ပေမယ့်လည်း မိဘအများစုကပဲ ဒီနည်းဥပဒေကို အမြဲတမ်းလိုက်နာခြင်းမရှိပါဘူး။ မိသားစုအတွင်း စည်းမျဥ်းစည်းကမ်းတွေက လူတိုင်းအတွက် တူညီမှုရှိရပါမယ်။ သင့်ကလေးရဲ့ သီးသန့်နေရာကို လေးစားပါ။

၄။ သင်က သင့်ကလေးကို မဝေဖန်ဘူး
ကောင်းမွန်သောမိဘတွေဟာ မိမိတို့ရဲ့ ကလေးတွေကို ဝေဖန်လေ့မရှိကြပါဘူး။ သူတို့က သူတို့ကလေးတွေကို မိုက်မဲသူ၊ ဉာဏ်ထိုင်းသူ၊ အဝလွန်နေသူ၊ ပျင်းရိသူ စတဲ့အပျက်သဘောအခေါ်အဝေါ်တွေကို ဘယ်တော့မှ မခေါ်ကြပါဘူး။ ဒီစကားတွေက ကလေးတွေကို အချိန်ကြာလာတာနဲ့အမျှ မလုံခြုံမှုတွေကိုဖြစ်စေနိုင်ပါတယ်။ သင့်အနေနဲ့ သင်စိတ်ပျက်မိကြောင်းကို ဂရုတစိုက်အသုံးအနှုန်းတွေနဲ့ အတိအကျပြောပါ။ သို့ပေမယ့် သင့်ကလေးတွေကို မစော်ကားပါနှင့်။

၅။ သင်က သင့်အမှားကို ဝန်ခံပြီးတောင်းပန်ပါလိမ့်မယ်
လူတိုင်းအမှားလုပ်တတ်ကြပါတယ်။ ကလေးတွေအမှားလုပ်တတ်ကြသလို လူကြီးတွေလည်း အမှားနဲ့မကင်းပါဘူး။ သို့ပေမယ့် မိဘအများစုက သူတို့ရဲ့ကလေးတွေကို တောင်းပန်ဖို့သင်ပေးရုံမကဘဲ ဘယ်လိုတောင်းပန်ရမယ်ဆိုတာကိုပါ မေ့သွားတတ်ကြပါတယ်။ သင့်အနေနဲ့ အလွန်အမင်းတုံ့ပြန်မှု(ဒေါသအလွန်အကျွံထွက်ခြင်း)နှင့် သင်မလုပ်သင့်ကြောင်း သတိပြုမိတဲ့အခါ သင့်ကလေးကို တောင်းပန်ဖို့မတွန့်ဆုတ်ပါနှင့်။ သူတို့ရဲ့ အားနည်းချက်တွေကို ဝန်ခံနိုင်တဲ့သူဟာ အားကြီးသူတစ်ယောက်ပါ။

၆။ သင့်အကျိုးစီးပွားအတွက် ကလေးတွေကို မတင်းကြပ်ဘူး
ကလေးတွေက သူတို့ကြိုက်တာကို လုပ်သင့်ပါတယ်။ ဖခင်တစ်ဦးက ဘောလုံးကစားသူတစ်ယောက်ဖြစ်ပြီးတော့ ကလေးကလည်း ဒီအရာကို နှစ်သက်တယ်ဆိုရင်တော့ ကောင်းပါတယ်။ သို့ပေမယ့် သင့်ကလေးက တေးဂီတ (သို့) အကကို နှစ်သက်တယ်ဆိုရင် သင့်ကလေးရဲ့ စွမ်းရည်ကို သတိပြုမိဖို့ သင်ယူပါ။ ကောင်းမွန်တဲ့ မိဘတွေက ကလေးတွေကို ဖွံ့ဖြိုးတိုးတက်ဖို့နှင့် မိမိတို့ကြိုက်နှစ်သက်တဲ့အတိုင်း ပျော်ရွှင်သောလူတွေအဖြစ် ကြီးထွားရှင်သန်ဖို့အတွက် ကူညီကြပါတယ်။

၇။ သင်က သင့်သားသမီးတွေရဲ့ စကားကို ယုံကြည်စိတ်ချတယ်
ဒီအခြေအနေက မကြာခဏဖြစ်လေ့ရှိပါတယ်။ မိခင် (သို့) ဖခင်တစ်ဦးက ကလေးရဲ့ မတော်မတရားအပြုအမူကြောင့် ကျောင်းကို အခေါ်ခံရတယ်။ ဒါဆိုရင် ဒေါသထွက်နေတဲ့ မိဘတစ်ဦးအနေနဲ့ အခြေအနေနှင့်ပတ်သက်ပြီးတော့ အသေးစိတ်အချက်အလက်တွေကို ရှာဖွေဖို့မကြိုးစားတော့ဘဲ အိမ်ကို ပြန်လာပြီး ပြဿနာကို စဖြေရှင်းမယ်။ အော်ဟစ်ခြင်းမပြုခင်မှာ ကလေးတွေကို သူတို့အခြေအနေကိုဘယ်လိုမြင်တယ်ဆိုတာကို မေးမြန်းခြင်းက ပိုကောင်းပါတယ်။
အားလုံးက သင့်ကလေးအမှားမဟုတ်ပါဘူး။ သူတို့အနေနဲ့ အခြေအနေကို ကိုင်တွယ်ဖို့ သင့်အကူအညီလိုအပ်ပါတယ်။
မိသားစုပျော်ရွှင်ရဖို့ အရေးကြီးဆုံးသောအရာတွေက ဘာတွေလဲ။ သင့်မှာရော ကိုယ်ပိုင်မိသားစုစည်းမျဥ်းစည်းကမ်းတွေရှိနိုင်လား။
Chit_May_May
Nyein_Thu
Ref-brightside-me