သင်သိထားဖို့လိုတဲ့ ကလေးဘဝ စိတ်ကစဉ့်ကလျားရောဂါ

0
177
- Advertisement -

ကလေးဘဝ စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) အကြောင်း သင်ကြားဖူးပါသလား။ ဒါက ကျွမ်းကျင်သူတွေတောင် စုံစမ်းဖို့ လိုနေဆဲဖြစ်တဲ့ ရှားပါးစိတ်ရောဂါဖြစ်ပါတယ်။ Schizophrenia က နာတာရှည် စိတ်ပိုင်းဆိုင်ရာရောဂါ ဖြစ်တာကြောင့် တစ်သက်လုံးကုသနေဖို့ လိုအပ်ပါတယ်။ ဒါက အကြားအမြင် မှောက်မှားခြင်း၊ ကိုယ်ရည်ကိုယ်သွေး ချို့တဲ့ခြင်း၊ စိတ်အာရုံခြောက်ခြားခြင်းနှင့် အဖြစ်မှန်နဲ့ အဆက်အသွယ်ပြတ်တောက်ခြင်းတို့နဲ့ ပတ်သတ်ပါတယ်။ ဒီနေ့မှာတော့ ကလေးငယ်တွေမှာ ဖြစ်တဲ့ ဒီစိတ်ရောဂါအကြောင်းကို မျှဝေပေးချင်ပါတယ်။

ကလေးဘဝ စိတ်ကစဉ့်ကလျားနှင့်ပတ်သတ်သော အထွေထွေအချက်များ

အများဆုံးကိစ္စတွေမှာ စိတ်ကစဉ့်ကလျား စတင်ခြင်းက အသက် ၁၄နှစ်မှ ၃၅နှစ်အကြား ဖြစ်ပွားပါတယ်။ အသက် ၁၃နှစ်မှ ၁၈နှစ်ကြား ဖြစ်တဲ့အခါ အစောပိုင်း-စတင်ခြင်းလို့ စဉ်းစားပါတယ်။

ကလေး ၁၀၀၀၀ မှာ ၁ယောက်သာ ကလေးဘဝမှာ ဒီရောဂါရှိကြပါတယ်။ ဒီအချက်အလက်က ကလေးဘဝ စိတ်ကစဉ့်ကလျားဖြစ်တာ ရှားပါးသော်လည်း ရှုပ်ထွေးသော စိတ်မကျန်းမာမှုကို ဖြစ်စေပါတယ်။

စိတ်အာရုံခြောက်ခြားခြင်း(hallucination)က အဓိကလက္ခဏာလား?

မရှိတာကို အရှိဟုထင်မှတ်မှားနေခြင်း (hallucination)က အမြဲတမ်းတော့ ကလေးဘဝ schizophrenia လို့ အတည်ပြုလို့မရပါဘူး။ ၎င်းတို့က စိတ်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာ (သို့) အထီးကျန်စိတ်ဝေဒနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

စိတ်ကစဉ့်ကလျားရောဂါခံစားနေရတဲ့ ကလေးတွေဟာ အတွေးမမှန်တာတွေ၊ ရန်လိုတဲ့ အပြုအမှုတွေနဲ့ လျစ်လျူရှုခြင်း၊ လူတွေနဲ့ ဝေးဝေးနေခြင်း ကဲ့သိုသော အခြားမကောင်းတဲ့ လက္ခဏာများကို ခံစားကြရပါတယ်။

childhood schizophrenia ရဲ့အခြားလက္ခဏာများ

ယေဘုယျဖြင့် စိတ်ကစဉ့်ကလျားရောဂါရဲ့ လက္ခဏာတွေမှာ ထူးဆန်းတဲ့ အတွေးအခေါ် တွေးတောခြင်း၊ ပြုမှုခြင်းနှင့် စိတ်ခံစားမှုကို ထိခိုက်စေတဲ့ ပြဿနာတွေပါဝင်ပါတယ်။ အစီအစဉ်မကျတဲ့ စကားပြောခြင်း၊ စိတ်အာရုံခြောက်ခြားခြင်းတို့ မကြာခဏ ဖြစ်ကြပါတယ်။

ဒီရောဂါက အစောပိုင်းအဆင့်မှာ ရှာဖွေတွေ့ရှိဖို့ ခက်ခဲပါတယ်။ သို့သော် ကလေးတွေဟာ စကားပြောခြင်း၊ တွားသွားခြင်းနှင့် လမ်းလျှောက်ခြင်းတို့မှာ နှောင့်နှေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းများကို လှုပ်ခါခြင်းနှင့် ယိမ်းယိုင်ခြင်းစတဲ့ အခြားပုံမှန်မဟုတ်သော motor အပြုအမှုတွေ ပါဝင်ပါတယ်။

မိသားစု၊ သူငယ်ချင်းတွေနဲ့ ထူးဆန်းသော အပြုအမှုတွေ၊ အမူအကျင့်ဆိုင်ရာ အနှောက်အယှက်တွေကဲ့သို့သော အခြားရောဂါတွေဟာ နောက်ပိုင်းမှာ ပေါ်ပေါက်လာနိုင်ပါတယ်။ အိပ်စက်ခြင်းပြဿနာ၊ စိတ်တိုလွယ်ခြင်း၊ မိုတီဗေးရှင်းကင်းမဲ့ခြင်းတို့က သာမန်လက္ခဏာများဖြစ်ပါတယ်။

ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းကဘာလဲ?

အရွယ်ရောက်ပြီးသူများကဲ့သို့ တူညီနိုင်သော်လည်း ကလေးဘဝ စိတ်ကစဉ့်ကလျားဖြစ်ရတဲ့ အကြောင်းရင်းကို ယခုအချိန်ထိ မသိရှိရသေးပါဘူး။ ဦးနှောက်ရဲ့ ဓါတုဖြစ်စဉ်များ (dopamine and glutamate)မှာ မျိုးရိုးဗီဇဆိုင်ရာ အကြောင်းတရားများနဲ့ ပြောင်းလဲမှုများကြောင့်လို့ လေ့လာမှုများက ထောက်ပြထားပါတယ်။

သို့သော် ဒီရောဂါရဲ့ အသွင်အပြင်ကို လွှမ်းမိုးနိုင်သော အချက်တွေက

  • မိသားစုရာဇဝင်ထဲမှာ ဒီရောဂါရှိခြင်း
  • စိတ်ကြွ မူးယစ်ဆေးဝါးသုံးစွဲမှု
  • ကိုယ်ခံအားစနစ် ချို့တဲ့ခြင်း
  • ကိုယ်ဝန်ဆောင်စဉ် (သို့) ကလေးမွေးဖွားစဉ်အတွင်း ပြဿနာများ
  • အသက်ကြီးတဲ့အမျိုးသားဖြင့် ကိုယ်ဝန်ယူခြင်း

ကိုယ့်ကိုယ်ကို သတ်သေမှု မြင့်မားပါတယ်

ကိုယ့်ကိုယ်ကို သတ်သေမှုက လူနာများနှင့် သူတို့ရဲ့ မိသားစုဝင်အပြင် ဆရာဝန်တွေရဲ့ အများဆုံးကြောက်ရွံမှုဖြစ်ပါတယ်။ ဒီအချက်ကို စိတ်ထဲမှာ မှတ်ထားဖို့ အရမ်းအရေးကြီးပါတယ်။ စာရင်းဇယားများအရ မိမိကိုယ်ကို သတ်သေသော လူငယ် ၉၀%ဟာ စိတ်ပိုင်းဆိုင်ရာရောဂါ ခံစားကြရလို့ဖြစ်ပါတယ်။

အထူးသဖြင့် စိတ်ကစဉ့်ကလျားခံစားနေရတဲ့ လူငယ် ၃၀ရာခိုင်နှုန်းဟာ သူတို့ ဘဝတစ်လျှောက်လုံး suicide လုပ်ဖို့ ကြိုးပမ်းကြပါလိမ့်မယ်။ ဒါ့ကြောင့် စောင့်ကြပ်ကြည့်ရှု့ခြင်းက ငယ်ရွယ်စဉ်ကတည်းက မရှိမဖြစ်လိုအပ်ပါတယ်။

ကလေးဘဝ စိတ်ကစဉ့်ကလျားဖြစ်ခြင်းအတွက် ကုသမှု

Schizophrenia ဟာ ကလေးဘဝမှ စတင်တာပဲဖြစ်ဖြစ်၊ လူကြီးဘဝမှာ စတင်တာပဲဖြစ်ဖြစ် တစ်သက်တာ ကုသမှုလိုအပ်ပါတယ်။ ရောဂါလက္ခဏာများစွာက အခြားစိတ်ပိုင်းဆိုင်ရာ ရောဂါတွေနဲ့ ဆက်နွယ်နိုင်တာကို စိတ်ထဲမှာ စွဲမှတ်ထားပါ။ ဆရာဝန်က သာလျှင် ရောဂါကို ဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Chit_MayMay

LM_Nandar

Source-steptohealth

LEAVE A REPLY

Please enter your comment!
Please enter your name here