Home Lotaya သင်သိထားသင့်တဲ့ ပြိဿရာသီဖွား(ဧပရယ် ၂၀- မေ ၂၀) ကလေးငယ်တွေအကြောင်း (၁၀) ချက်

သင်သိထားသင့်တဲ့ ပြိဿရာသီဖွား(ဧပရယ် ၂၀- မေ ၂၀) ကလေးငယ်တွေအကြောင်း (၁၀) ချက်

0
သင်သိထားသင့်တဲ့ ပြိဿရာသီဖွား(ဧပရယ် ၂၀- မေ ၂၀) ကလေးငယ်တွေအကြောင်း (၁၀) ချက်

ပြိဿရာသီဆိုတာ မက်ဆိုပိုတေးမီးယားတို့တည်ထောင်ခဲ့တဲ့ ပထမဆုံးသော ရာသီခွင်လက္ခဏာဖြစ်တယ်ဆိုတာ သင်သိပါသလား။ ဧပရယ် ၂၀ရက်နေကနေပြီးတော့ မေလ၂၀ရက်နေ့အကြားမွေးဖွားလာတဲ့ကလေးတွေကို ဒီကမ္ဘာနိမိတ်အောက်က မှတ်ယူကြပါတယ်။ သင့်မှာ ပြိဿရာသီဖွားကလေးငယ်တွေရှိတယ်ဆိုရင် ဒီအရာတွေကို ကြိုတင်ပြင်ဆင်ထားပါ။

လူအများစုက ပြိဿရာသီဖွားတော်တော်များများဟာ ဒေါသထွက်လွယ်တယ်လို့ ထင်ကြတယ်။ သူတို့ရဲ့ ကိုယ်ရေးကိုယ်သွေးတွေထဲမှာ စိတ်၀င်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီရာသီခွင်အမှတ်အသားမှာပါတဲ့ ကလေးတွေက သူတို့ရဲ့မယိမ်းယိုင်တတ်တဲ့ သဘာ၀ကြောင့် လူသိများကြတယ်။ ဒါပေမယ့် အခြားရောင်စုံစရိုက်တွေလည်း ရှိနေပါသေးတယ်။ ကောင်းပြီ ကျွန်မတို့ ပြိဿရာသီဖွားကလေးတွေနဲ့ ပတ်သက်ပြီးတော့ သိသာထင်ရှားစရိုက်လက္ခဏာတွေကို လေ့လာကြည့်ကြပါစို့။

၁။ သူတို့က တည်ငြိမ်ပြီးတော့ ကိုယ့်ကိုယ်ကိုအမြဲသေချာတယ်၊ အိန္ဒြေသိက္ခာအပြည့်ရှိတယ်

Taurusကလေးတွေက ထူးခြားတဲ့လမ်းတွေအတွက် ယုံကြည်မှုတွေရှိကြတယ်။ သူတို့က အာရုံစူးစိုက်မှုကို ဆွဲဆောင်လိုစိတ် သူတို့မှာ ရှိမနေပါဘူး။ ဒါပေမယ့် သူတို့ဟာ ကလေးတွေချည်းပဲ ပြည့်နှက်နေတဲ့ အခန်းကျဥ်းလေးမှာ ရှိနေမယ်ဆိုရင်တောင် သူတို့ရဲ့ ကျက်သရေ၊ ဆွဲဆောင်နိုင်တဲ့ အရည်အချင်း၊ ကိုယ်နေဟန်ထား၊ ခြေလှမ်းဟန်ပန်အနေအထားတွေက တကူးတကသတိထားကြည့်စရာ မလိုဘဲ အလိုလိုသတိထားမိနိုင်တာမျိုးပါ။

၂။ သူတို့လေးတွေက ယုတ္တိရှိပြီး လက်တွေ့ကျတယ်

ပြိဿရာသီဖွားလေးတွေဟာ သူတို့ပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါ စနစ်တကျချဥ်းကပ်ကိုင်တွယ်တတ်ကြတယ်။ တစ်ခါတလေမှာတော့ အထူးသဖြင့် ကျောင်းစာတွေမှာ နှေးကွေးတတ်ပြီး အိမ်စာနှင့် စာသင်ခန်းတွေနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ဖြစ်စေတယ်။ သူတို့ရဲ့ အဆင့်တွေကိုတော့ များသောအားဖြင့် ဆက်လက်ထိန်းသိမ်းထားနိုင်တာကြောင့် မျက်နှာသာတော့ ရစေပါတယ်။ နှေးနှေးနှင့် မှန်မှန်ပြိုင်ပွဲကို အနိုင်သိမ်းမယ့် Taurusလေးတွေပါ။

၃။ သူတို့က သူတို့အကြိုက်နောက် စွဲစွဲမြဲမြဲလိုက်ကြတယ်

Taurusကလေးတွေက သူတို့လုပ်ချင်တဲ့အရာတွေကို ခွဲခြမ်းစိတ်ဖြာပြီးတော့ အချိန်တစ်ခုလောက်ထိတော့ ယူကြပါလိမ့်မယ်။ သူတို့အချိန်အလုံအလောက်ယူပြီးတဲ့အခါ သူတို့လုပ်ချင်တဲ့အရာတစ်ခုအတွက် ဘယ်လိုပြဿနာတွေပဲကြုံကြုံသူတို့ရဲ့ ဘ၀တစ်ခုလုံးနီးပါး ချဥ်းကပ်လေ့ရှိတယ်။

၄။ သူတို့ကိုယ်တိုင် ဖျက်ဆီးနိုင်တယ်

သူတို့လိုချင်တာတွေ ဖြစ်မလာတဲ့အခါ Taurusလေးတွေဟာ ရန်လိုစိတ်ကြီးမားလာတယ်။ Taurusလေးတွေ ဒေါသထွက်တဲ့အခါ ”Bruce Banner”ကနေ ”Hulk” အဖြစ်ကို ပြောင်းလဲနိုင်ပါတယ်။ တကယ်လို့ သူတို့ရဲ့ ဒေါသနှင့် ရန်လိုမှုတွေကို အချိန်မီကောင်းစွာ မစီမံနိုင်ဘူးဆိုရင် တစ်ချို့ကလေးတွေက အပျက်သဘောဆောင်တဲ့နည်းလမ်းတွေနဲ့ အသားကျသွားနိုင်တယ်။

၅။ သူတို့ဟာ ထိုးထွင်းသိမြင်နိုင်သလို ထိခိုက်လွယ်သူလေးတွေလည်းဖြစ်တယ်

Taurusလေးတွေဟာ အလိုလိုသိမြင်နိုင်ပြီး သူတို့ပတ်၀န်းကျင်မှာရှိသူတွေရဲ့ အကျိုးစီးပွားကို တိုင်းတာနိုင်တယ်။ ၎င်းက အခြေအနေအများစုကို အထိအခိုက်မဖြစ်စေဘဲ ကိုင်တွယ်နိုင်တယ်။ သူတို့ကို လိုအပ်နေသူတွေ၊ သနားကြင်နာတတ်သူတွေကို ရှောင်ရှားလေ့မရှိဘူး။ အထက်မှာ ပြောပြထားတဲ့ အချက်အလက်လေးတွေနဲ့ ယှဥ်ရင်ဆန့်ကျင်ဘက်လို ဖြစ်နေတယ်နော်။ ဒါ့ကြောင့် Taurusလေးတွေကို ထူးခြားတယ်လို့ ပြောတာပါ။

၆။ သူတို့လေးတွေဟာ လူသိများကြသူတွေ

Taurusလေးတွေဟာ ရင်းနှီးပြီးတော့ အကျွမ်းတ၀င်ရှိသူတွေကြားထဲမှာ ပေါင်းသင်းရတော်တော်လေးလွယ်ကူပါတယ်။ သူတို့က လူတိုင်းကို စကားပြောကြတယ်၊ သူတို့အရင်းနှီးဆုံးမိသားစု၀င်တွေဖြစ်ကြပြီးတော့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒါပေမယ့် သူတို့ကိုမသိတဲ့ ခန့်မှန်းရခက်တဲ့အခြေအနေတွေမှာထားမယ်ဆိုရင် အပြောင်းအလဲတွေကို ချိန်ညှိဖို့ခက်ခဲတဲ့အချိန်ရှိပါတယ်။

၇။ သူတို့ကိုယ်တိုင် အထီးကျန်မှုတွေကို ရွေးချယ်ကြတယ်

Taurus လေးတွေဟာ မိသားစုအတွင်းရင်းနှီးချစ်ခင်မှုကို နှစ်သက်ကြသလို တစ်ဦးတည်းကိုယ်ပိုင်အာကာသကိုလည်း ကြိုက်နှစ်သက်ကြတယ်။ မိဘတွေက သူတို့ရဲ့ Taurusကလေးတွေတစ်ယောက်တည်း ထိုင်နေတတ်တာကို တွေ့ရပါလိမ့်မယ်။ သူတို့လေးတွေရဲ့ ကိုယ်ပိုင်နေရာတွေကိုလည်း ရှာဖွေကြတယ်။ ဒါက ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးအစိတ်အပိုင်းဖြစ်ပြီးတော့ အနှောက်အယှက်ခံရတဲ့ ပုံမျိုးမပေါ်ဘူးဆိုရင် ဒါဟာပုံမှန်အနေအထားပါပဲ။ ဘာမှ မှားယွင်းခြင်းမရှိပါဘူး။

၈။ သူတို့က နေနှင့် အိမ်အပြင်မှာ နေရတာကိုကြိုက်တယ်

သူတို့လေးတွေက အပြင်မှာနေရတာ၊ နေရောင်ခြည်အရသာကိုခံရတာကို နှစ်သက်ကြတယ်။ ကစားကွင်းမှာ ရှိတဲ့အခါ Taurusလေးတွေက သူတို့ရဲနယ်ပယ်ဖြစ်တာကြောင့် တက်ကြွစွာနဲ့ပဲ အသံကျယ်လောင်စွာ အော်ဟစ်ဆော့ကစားကြတယ်။ သူတို့လွတ်လပ်ပျော်ရွှင်ပါစေ။ ဒါက တစ်ခြားသောနောက်ထပ်ဒေးဗစ်ဘက်ခမ်းကို တွေ့ရပါလိမ့်မယ်။

၉။ သူတို့လေးတွေက တာ၀န်ယူမှုရှိပြီးတော့ လုံး၀ယုံကြည်စိတ်ချရပါတယ်

Taurusကလေးတွေက ထိခိုက်လွယ်မှုနှင့် မယိမ်းယိုင်နိုင်တဲ့ သဘောသဘာ၀က သူတို့ကို အလွန်အားကိုးအားထားဖြစ်စေပါတယ်။ ဒါတွေက သင်ကိုင်တွယ်ဖို့ အလွန်ငယ်ရွယ်လွန်းတယ်လို့ သင်ထင်တဲ့အလုပ်အများစုကို ဂရုစိုက်နိုင်ပါတယ်။ သူတို့ရဲ့ တာ၀န်အသစ်တွေကို ကိုင်တွယ်တဲ့အခါ သူတို့ကိုကူညီပံ့ပိုးပေးပြီး လမ်းညွှန်ပါ။

Singing and playing on musical instruments with my mommy

၁၀။ သူတို့လေးတွေက ဂီတကို မြတ်နိုးတယ်

Taurusကလေးတွေက ဂီတဆီကို သဘာဝလိုအင်ဆန္ဒတွေနဲ့ပဲ သွားတယ်။ သင့်ရဲ့ ကလေးက ဂီတကို ကျွမ်းကျင်စွာလိုက်စားဖို့ ဆန္ဒရှိကောင်းရှိနိုင်ပါတယ်။ နာမည်ကြီးအဆိုတော်အချို့က ပြိဿနာရာသီဖွားလေးတွေဖြစ်ကြပါတယ်။ နောက်တစ်ခါ ကလေးငယ်တွေကို ဂီတနဲ့ပတ်သက်ပြီး သင်ခန်းစာတွေပေးတဲ့အခါ Arijit Singh ၊ Benny Dayal၊ Adele Stevie Wonder တို့ကိုသတိရပါ။

Chit_May_May

Nyein_Thu

Ref-parenting.firstcry

LEAVE A REPLY

Please enter your comment!
Please enter your name here