သင်သိထားသင့်တဲ့ မိဿရာသီဖွား( မတ်လ ၂၁- ဧပြီလ ၁၉) ကလေးငယ်တွေအကြောင်း (၉)ချက်

0
225
- Advertisement -

မေမေတို့ရေ …။ မေမေတို့ မိသားစုထဲမှာ မတ် ၂၁ရက်နေကနေပြီး ဧပြီလ ၁၉အကြား မွေးဖွားလာတဲ့သူတွေ ရှိနေပြီလား။ ရိုးသားပြီး ရက်ရောတဲ့အပြင် အရှိန်အဟုန်မြင့်မားတဲ့ မိဿရာသီဖွားလေးတွေရဲ့ စရိုက်နှင့် အရည်အသွေးတွေကို မျှ၀ေပေးပါ့မယ်။ သင့်ရဲ့ မိဘအုပ်ထိန်းခရီးစဥ်ဟာ စွန့်စားခန်းကြီးတစ်ခုပါ။ ဒါ့ကြောင့် ကလေးငယ်တွေအကြောင်း ဒီ့ထက်ပိုသိအောင် လေ့လာကြရအောင်ပါနော်။

၁။ သူတို့ဟာ သဘာ၀ခေါင်းဆောင်တွေ

နှစ်အနည်းငယ်အကြာလောက်မှာ သင့်ကလေးတွေက ကစားကွင်းတစ်ခုမှာ ကစားနေတယ်။ ဒီအချိန်မှာ သင့်ကလေးက ကစားသမားတွေကို တာ၀န်ယူတယ်။ နောက်ပြီး တစ်ခြားကလေးတွေကို ဦးဆောင်နေတာမြင်ရင် ဒါဟာအံ့အားသင့်စရာကိစ္စ မဟုတ်ပါဘူး။ Ariesလေးတွေဟာ ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ သဘာ၀တရားက တာ၀န်ပေးထားခံရသူလေးတွေပါ။ ဒါမှသာ အခြေအနေတစ်ခုမှာ သူတို့တောင်းဆိုတဲ့အခါတိုင်း သင့်ကလေးကို ခေါင်းဆောင်မှုနေရာတွေ ယူနိုင်ဖို့ မျှော်လင့်ပါ။ ဒီအကျင့်လေးကို အားပေးခြင်းက ကောင်းမွန်တဲ့အကြံဉာဏ်တစ်ခုဖြစ်ပေမယ့်လည်း အဓမ္မအနိုင်ကျင့်ခြင်းကိုတော့ ရှောင်ကြဥ်ပါ။

- Advertisement -

၂။ သူတို့ဟာ ယုံကြည်မှုအပြည့်အ၀ရှိကြပြီးတော့ အကြောက်အရွံ့ကင်းမဲ့ကြတယ်

မိဿရာသီဖွားလေးတွေမှာ ရဲရင့်ခြင်းနှင့် ယုံကြည်မှုအပြည့်ရှိပါတယ်။ သူတို့ဟာ အလွန်အကျွံကိုယ့်ကိုယ်ကို မောင်းနှင်တတ်ပြီး စိန်ခေါ်မှုအသစ်တွေကို အမြဲတမ်းလိုလိုလားလားနဲ့ အောင်မြင်ဖို့ ကြိုးစားအားထုတ်နေတယ်။ ၎င်းတို့အတွက် ခံနိုင်ရည်ရှိခြင်းနှင့် ခံယူလိုစိတ်ရှိခြင်းက သူတို့ကိုခေါင်းဆောင်ပိုင်းရာထူးတွေမှာ မကြာခဏပါ၀င်ရလေ့ရှိတယ်။

၃။ သူတို့ဟာ အလွန်ရက်ရောတယ်

မိဿရာသီဖွားလေးတွေဟာ စဥ်းစားတွေးတောတတ်ကြသလို အလွန်ရက်ရောတတ်ကြတယ်။ သူတို့က သဘာ၀တရားအရ ပေးကမ်းသူတွေဖြစ်ကြပြီးတော့ သူတို့ချစ်တဲ့သူတွေကို ပိုက်ဆံချေးလိုက်ဖို့ (သို့) ပေးလိုက်ဖို့ ဘယ်တော့မှ နှစ်ခါမစဥ်စားကြဘူး။ သင့်ကလေးက သူ့မုန့်တွေ (သို့) ကစားစရာတွေကို သူငယ်ချင်းတွေကို မျှ၀ေပေးတဲ့အခါ ဒါဟာ ပုံမှန်ပါပဲ။ သူတို့ကြီးပြင်းလာတဲ့အခါ သူတို့အိတ်ဆောင်ပိုက်ဆံတွေ၊ ပစ္စည်းတွေ၊ အချိန်တွေကို သူငယ်ချင်းတွေဆီမှာပဲ ကုန်ဆုံးပေးကမ်းပါလိမ့်မယ်။ အဓိကရက်ရောတတ်တာပါပဲ။

၄။ သူတို့ဟာ လုံး၀ရိုးသားကြတယ်

မိဿရာသီဖွားလေးတွေဟာ သူတို့ရာသီခွင်အမှတ်အသားအရအဖြစ် အလွန်ရိုးသားကြသူလေးတွေပါ။ ဒါက ကောင်းမွန်တဲ့လက္ခဏာဖြစ်ပေမယ့်လည်း တစ်ခါတရံမှာတော့ ကောင်းတဲ့အရာထက် ပိုပြီးတော့ အန္တရာယ်ရှိနိုင်ပါတယ်။ သင့်ကလေးတွေရဲ့ ရိုးသားဖြောင့်မတ်မှုက သင့်ကို အဆင်မပြေတဲ့အခြေအနေတွေကို တစ်ခါတလေဖြစ်စေနိုင်တာကြောင့် သတိထားပါ။

၅။ သူတို့ဟာ အလွန်အမင်းလွတ်လပ်သူတွေ

လွတ်လပ်မှုဆိုတာ ၎င်းတို့ရဲ့ အထူးခြားဆုံးသော လက္ခဏာပါ။ သူတို့က သူတို့ကိုပုန်ကန်သူတွေ၊ လာတိုက်ခိုက်သူတွေကို ပြန်အကြောတင်းဖို့ လုံး၀စိတ်မပါတဲ့သူတွေ။ မိဿရာသီဖွားလေးတွေဟာ သူတို့ရည်မှန်းချက်ပန်းတိုင်အတွက် အလုပ်ကြိုးစားတာတွေ၊ သူတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ လုပ်ရတာကို ကြိုက်နှစ်သက်တယ်။ မျက်ကန်းနည်းလမ်းနဲ့ သူများနောက်က လိုက်ရတာကို မကြိုက်ဘူး။ ဒါ့ကြောင့် သင့်ကလေးက သင့်အကူအညီတစ်ခုခုကို ငြင်းဆိုတဲ့အခါ စိတ်ဓာတ်မကျပါနှင့်။ သင့်သိုးငယ်လေးက သင့်ကိုချစ်ပြီးတော့ သင့်အကူအညီကို တန်ဖိုးထားတယ်ဆိုတာ သတိရပါ။ ဒါ့အပြင် သူဟာ သူ့ရဲ့လွတ်လပ်မှုကိုလည်း ကြိုက်တယ်။

၆။ သူတို့ဟာ သစ္စာစောင့်သိပြီးတော့ ယုံကြည်ကိုးစားလို့ ရသူတွေ

သင့်ကလေးက သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်လာတဲ့အပြင် သူ့ရဲ့ယုံကြည်စိတ်ချရတဲ့ သဘောသဘာဝကြောင့် သူ့သူငယ်ချင်းတွေက သဘောကျကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတာ့ မိဿလေးတွေဟာ သစ္စာစောင့်သိသူလေးတွေဖြစ်လို့ပါပဲ။ သူငယ်ချင်းတွေရလာတာနဲ့အမျှ တွယ်ကပ်နေပြီး လိုအပ်တဲ့အချိန်မှာ သူတို့ရဲ့လျှို့ဝှက်ချက်တွေကို သိမ်းဆည်းထားနိုင်ဖို့ သူတို့အစွမ်းကုန်ကြိုးစားကြတယ်။

ဒါ့အပြင် သူတို့လေးတွေဟာ အလွန်ယုံကြည်စိတ်ချရပြီး သူတို့ရဲ့ အရည်အသွေးကိုလည်း ဂုဏ်ယူကြတယ်။ သင့်ကလေးကို စိတ်တိုစရာကောင်းတာက ဒီအချက်ပါ။ သင့်ကလေးက တစ်ယောက်ယောက်ကို အလွယ်တကူယုံကြည်ပြီး သူတို့ရဲ့ သစ္စာစောင့်သိမှုကို မျှော်လင့်တယ်။ ဒါပေမယ့် တစ်ခြားသူတွေကို စိတ်ပျက်စေမယ့်အချိန်တွေလည်း ရှိလာနိုင်ပါတယ်။ အကောင်းဆုံးမျှော်လင့်ဖို့နှင့် အဆိုးဆုံးအတွက်ပြင်ဆင်ဖို့ သင့်ကလေးကို သင်ကြားပေးခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၇။ သူတို့ဟာ လုံ့လ၀ီရိယအားကောင်းသလို ထကြွလွယ်တယ်

မိဿရာသီဖွားတွေဟာ သူတို့ရဲ့ လုံ့လဝီရိယနှင့် ထကြွလွယ်တဲ့ လက္ခဏာလေးကြောင့် လူသိများကြတာပါ။ သူတို့ရဲ့ လှုံဆော်မှုသဘာဝအရ လုံ့လဝီရိယအားကောင်းသူလေးပေါ့။ သူတို့ဟာ ဆုံးဖြတ်ချက်တွေကို အလျင်စလိုချတတ်ပြီး နောက်မှ နောင်တရတတ်သူလေးတွေပါ။ ဒါပေမယ့် ဒါတွေက သူတို့ကိုပြောင်းလဲစေပါတယ်။ သူတို့ရဲ့ ထကြွလွယ်တဲ့စိတ်က ရဲရင့်ခြင်း၊ စွန့်စားခြင်းနှင့် သည်းထိတ်ရင်ဖိုအလုပ်တွေကို ပြုလုပ်စေတယ်။

၈။ သူတို့က ခိုင်မာတယ်ဆိုပေမယ့် စိတ်ခံစားချက်တွေ ရှိတယ်

သူတို့က ရိုးရှင်းပြီးတော့ ဘွင်းဘွင်းသမားတွေဖြစ်တယ်။ သူတို့စိတ်ဆိုးတဲ့အခါ ငိုဖို့ ပခုံးမလိုအပ်ဘူးလို့ မဆိုလိုပါဘူး။ တစ်စုံတစ်ဦးက သူတို့ရဲ့ခံစားချက်တွေကို နာကျင်စေပြီး သင့်ဆီက အထောက်အပံ့တွေလိုအပ်တယ်ဆိုရင် သူ့မှာ ခံနိုင်ရည်အားနည်းတယ်ဆိုတာ သတိရပါ။

၉။ သူတို့ဟာ ပေါက်ကွဲလွယ်တယ်

မိဿရာသီဖွားလေးရဲ့ ကြောက်စရာကောင်းတဲ့အချက်တစ်ချက်က ဒီအချက်ပါပဲ။ ဒါ့ကြောင့် သင့်ကလေးငယ်လေး စိတ်ဆိုးနေတဲ့အခါ ဒေါသပေါက်ကွဲခြင်းအတွက် ပြင်ဆင်ပါ။ အာရုံလွှဲသွားတဲ့အခါ သူတို့ရဲ့ အမျက်ဒေါသပေါက်ကွဲမှုတွေက မိနစ်အနည်းငယ်အတွင်းမှာ ပျောက်ကွယ်သွားပါလိမ့်မယ်။

Chit_May_May

Nyein_Thu

Ref-parenting.firstcry

LEAVE A REPLY

Please enter your comment!
Please enter your name here