သင်သိသင့်သော ဒီမိုကရေစီဆန်သော မိဘအုပ်ထိန်းမှုပုံစံများ

သင်သိသင့်သော ဒီမိုကရေစီဆန်သော မိဘအုပ်ထိန်းမှုပုံစံများ

0
346
- Advertisement -

မိဘအုပ်ထိန်းမှုစတိုင် အများအပြားစတိုင်များစွာရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီမိုကရေစီဆန်သော မိဘအုပ်ထိန်းမှုပုံစံအကြောင်းပြောကြတာပေါ့။ အရင်ဆုံး အုပ်ထိန်းမှုပုံစံတွေကို ခွဲခြားကြည့်ကြရအောင်။ အများစုပုံစံကတော့ ၁၉၆၇ခုနှစ်က စိတ်ပညာရှင် ဒိုင်ယာနာဘိုင်မရင့် ရေးသားခဲ့သော အာဏာရှင်ဆန်လွန်းခြင်းနှင့် ခွင့်ပြုပေးလွန်းခြင်း ဒီနှစ်မျိုးက အသုံးအများဆုံးဖြစ်ခဲ့ပါတယ်။ နှစ်အနည်းငယ်အကြာ ၁၉၈၃မှာ Maccoby နှင့် Martin တို့ဟာ သီအိုရီကို ပြန်လည်ပြုပြင်ခဲ့တယ်။

ကွဲပြားခြားနားသော မိဘအုပ်ထိန်းမှုပုံစံများ

ကွဲပြားသော မိဘအုပ်ထိန်းအုပ်ထိန်းမှုပုံစံများက ရှုထောင့်နှစ်ခုကြား အပြန်အလှန်အကျိုးသက်ရောက်မှုရှိကြောင်း အကြံပြုခဲ့တယ်။ ဒီနေရာမှာ ချစ်ခင်ခြင်းနှင့် ဆက်သွယ်ရေးအကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။ ဒါကတော့ ကလေးများကို အားပေးသော ချစ်ခြင်း၊ အတည်ပြုခြင်း၊ လက်ခံခြင်းနှင့် အထောက်အပံ့ကို ရည်ညွှန်းပါတယ်။ ထိန်းချုပ်မှုနှင့် စည်းကမ်းအကြောင်းပါ ထည့်ပြောချင်ပါတယ်။ စည်းမျဥ်းစည်းကမ်းများ ချမှတ်ခြင်းနှင့် ကလေးများကို ကြီးကြပ်ခြင်းတွေ ပါ၀င်ပါတယ်။ အာဏာရှင်ဆန်မှုမှာ အဆင့်မြင့်ထိန်းချုပ်မှုနှင့် စည်းကမ်းလိုအပ်ပေမယ့်လည်း ချစ်ခင်မှုနှင့် ဆက်သွယ်မှု အနည်းငယ်သာရှိနိုင်ပါတယ်။ ခွင့်ပြုခြင်းဆိုတာက အလွန်ချစ်ခင်တွယ်တာမှုနှင့် ဆက်သွယ်မှုအလွန်နည်းပါးသော်လည်း ထိန်းချုပ်မှုနှင့် စည်းကမ်းအနည်းငယ်သာရှိပါတယ်။ ဒီမိုကရေစီဆန်သော ထိန်းသိမ်းမှုမှာ ထိန်းချုပ်မှုနှင့် စည်းကမ်းများအပြင် ချစ်ခင်မှုနှင့် ဆက်သွယ်မှု အဆင့်မြင့်ပါတယ်။ လျစ်လျူရှုခြင်း (သို့) ဥပေက္ခာဆန်သော ထိန်းသိမ်းမှုမှာတော့ ချစ်ခင်တွယ်တာမှုကို မပြသနိုင်တဲ့အပြင် ဆက်သွယ်မှုကိုလည်း မတည်ဆောက်နိုင်ပါဘူး။ ဒါ့အပြင် သူတို့ဟာ ဘယ်လိုထိန်းချုပ်မှု (သို့) စည်းကမ်းကိုမှ မကျင့်သုံးကြပါဘူး။

ဒီမိုကရေစီဆန်သော မိဘအုပ်ထိန်းမှုရဲ့ ၀ိသေသလက္ခဏာများ

တွေ့ဆုံဆွေးနွေးရေးနှင့် ရောင်ပြန်ဟပ်မှု- တန်ဖိုးရှိတဲ့နည်းနှစ်နည်းကို အသုံးပြုခြင်းဖြင် မိဘအုပ်ထိန်းမှုစနစ်ကို ကျင့်သုံးပါ။ ဒါဟာ သင်ကြားခြင်းမဟုတ်ပါဘူး။ ကလေးများကို စည်းမျဥ်းစည်းကမ်းများ ၊ အခွင့်အရေးများ၊ တန်ဖိုးများကို ရှင်းပြဖို့နှင့် အာဏာရှင်ဆန်သော စည်းကမ်းချက်များကို ရှောင်ကြဥ်ဖို့ အကြောင်းဖြစ်ပါတယ်။ ဒါဟာ မိခင်နှင့် ဖခင်တို့အတွက် စဥ်းစားတွေးခေါ်ဖို့ အားပေးခြင်းနှင့် သူတို့ သားသမီးရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြှင့်တင်ဖို့ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့သားသမီးများရဲ့ လိုအပ်ချက်များကို ထည့်သွင်းစဥ်းစားခြင်းနှင့် သူတို့ကို လိုက်လျောညီထွေဖြစ်အောင် သူတို့ကိုယ်သူတို့လိုအပ်သော ထောက်ခံမှုနှင့် ချစ်ခြင်းတွေကို ပေးခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မိဘများဟာ အာဏာကို အလွဲသုံးစားပြုခြင်းနှင့် အပြစ်ပေးအရေးယူခြင်းတွေကို စဥ်ဆက်မပြတ် ပြုလုပ်မယ့်အစား ဆက်သွယ်ခြင်းနှင့် နားထောင်ခြင်းကို ကလေးများနှင့် သဘောတူညီချက်ရရှိဖို့ ကြိုးစားပါ။

ရလဒ်များ

ဒီမိုကရေစီရဲ့ မိဘအုပ်ထိန်းမှုပုံစံက ကလေးများကို ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေးနဲ့ ကြီးပြင်းစေပါတယ်။ သားသမီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုများစွာထဲမှ တစ်ချို့အချက်တွေက
ကိုယ့်ကိုယ်ကို မြတ်နိုးတန်ဖိုးထားမှု မြင့်မားခြင်း- သူတို့က သူတို့အကောင်းမြင်ခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းတို့ပဲ ဖြစ်ပါတယ်။
လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်း- မတူညီသော အခြေအနေတွေများနှင့် လူမှုရေးအခြေအနေတွေမှာ ပြေပြစ်စေဖို့ အဆင်ပြေစေဖို့ ဘယ်လိုပေါင်းသင်းဆက်ဆံရမယ်ဆိုတာ သူတို့က နားလည်ကြတယ်။
မိမိကိုယ်ကိုထိန်းချုပ်ခြင်း- ဒါ့အပြင် သူတို့ဟာ ဘယ်လိုကြီးမားသော ပြဿနာတွေကြုံလာပါစေ သူတို့ရဲ့ စိတ်ခံစားမှုများနှင့် အပြုအမူများကို ထိန်းညှိခြင်းနှင့် စီမံခန့်ခွဲနိုင်ပါလိမ့်မယ်။

ကိုယ်ပိုင်အုပ်ချုပ်နိုင်ခြင်း-ဒီကလေးတွေဟာ သူတစ်ပါးကို အားကိုးခြင်းမရှိဘဲ မိမိတို့ ကိုယ်တိုင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ပြီးတော့ ပြုမူဆောင်ရွက်နိုင်ပါတယ်။
ဒါ့ကြောင့် သင့်ရဲ့ ကလေးကို ပျော်ရွှင်စွာကြီးပြင်းစေပြီး လွတ်လပ်သော သမာသမတ်ရှိသော လူတစ်ဦးဖြစ်စေချင်တယ်ဆိုရင် ဒီမိုကရေစီနည်းနဲ့ မြှင့်တင်ရပါမယ်။ သိသာထင်ရှားတဲ့ ချစ်ခင်မြတ်နိုးခြင်းနှင့် စည်းကမ်းအကြား မျှတမှုကို ရှာဖွေဖို့ လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ သို့သော် သင့်ရဲ့ ကြိုးစားအားထုတ်မှုများက အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ကျွန်မတို့ အာမခံနိုင်ပါတယ်။ ဒါ့အပြင် ကလေးတစ်ယောက်ကို ပျိုးထောင်ခြင်းဟာ လွယ်ကူတယ်လို့ ဘယ်ပညာရှိကမှ မမိန့်ကြားခဲ့ဖူးပါဘူး။

Chit_May_May

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here