Home Parenting သင်ဟာ မိဘတစ်ယောက်အနေနဲ့ ထူးချွန်ပြောင်မြောက်သောအလုပ်ကို လုပ်နေတဲ့ လက္ခဏာ (၆)ချက်

သင်ဟာ မိဘတစ်ယောက်အနေနဲ့ ထူးချွန်ပြောင်မြောက်သောအလုပ်ကို လုပ်နေတဲ့ လက္ခဏာ (၆)ချက်

0
သင်ဟာ မိဘတစ်ယောက်အနေနဲ့ ထူးချွန်ပြောင်မြောက်သောအလုပ်ကို လုပ်နေတဲ့ လက္ခဏာ (၆)ချက်

” ကလေးတွေကို ပြုစုပျိုးထောင်ဖို့ အကောင်းဆုံးနည်းလမ်းက သူတို့ကို ပျော်ရွင်အောင်လုပ်ပေးဖို့ပါ” လို့ တစ်ချိန်တုန်းက အော်စကာဝဲလ်က ပြောခဲ့ပါတယ်။

ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်နေခြင်းက မိဘအုပ်ထိန်းမှုပန်းတိုင်အတွက် ဦးစားပေးဖြစ်နိုင်ပေမယ့် ပိုပြီးအရေးပါ၊ အကျိုးရှိစေတဲ့ အခြားအချက်တွေ၊ လုပ်ဆောင်မှုတွေ၊ အလေ့အထတွေလည်း ရှိပါတယ်။ သားသမီးကို ပြုစုပျိုးထောင်ရတယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်တာကြောင့် သားသမီးတွေကို ပြုစုပျိုးထောင်ဖို့ ကြိုးစားခဲ့တဲ့ မေမေတို့ရဲ့ လုပ်ရပ်ကို ချီးကျူးမိပါတယ်။ ဒါ့ကြောင့် ကလေးတွေနဲ့ မိဘရဲ့ဆက်ဆံရေးကို တိုးတတ်ကောင်းမွန်လာစေဖို့နဲ့ ပိုမိုကောင်းမွန်တဲ့လူတွေဖြစ်လာစေဖို့ သင်ကောင်းမွန်စွာ ပျိုးထောင်ပေးနေတဲ့ လက္ခဏာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ communication နည်းလမ်း ၂မျိုးနဲ့ မွေးမြူပေးခြင်း

MIT နှင့် Harvard မှသုတေသီများအဆိုအရ မိဘတွေဟာ မိမိတို့ကလေးတွေနဲ့ communication(စကားပြောဆိုဆက်ဆံမှု) အသွားအလာရှိဖို့ အရေးကြီးပါတယ်။ ဒီပြောဆိုဆက်ဆံမှုကို စတင်ဖို့ အဓိပ္ပာယ်အရှိဆုံးနည်းလမ်းက ကလေးနဲ့ စကားပြောတဲ့အခါ မျက်လုံးချင်းဆုံပြီး တိုက်ရိုက်ကြည့်ခြင်းဖြစ်ပါတယ်။ ဒီအရာက ကလေးအား သူတို့ကို အလွယ်တကူ နားထောင်ပေးနေတယ်လို့ ခံစားရစေပြီး တစ်ချိန်တည်းမှာပဲ မိဘကို ပွင့်ပွင့်လင်းလင်း စကားပြောဆိုဖို့ လှုံ့ဆော်ပေးပါတယ်။

၂။ တောင်းပန်ဖို့ နှိမ့်ချမှုရှိခြင်း

မိဘနဲ့ သားသမီးအကြားမှာ အငြင်းပွားမှုတွေနဲ့ ရန်ပွဲတွေ ဖြစ်ပွားနိုင်တာက သဘာဝပဲဖြစ်ပါတယ်။ သို့သော် မိဘအနေနဲ့ တောင်းပန်ဖို့ အလှည့်ရောက်ချိန်ကို နားလည်ဖို့ အရေးကြီးပါတယ်။ ကိုယ့်အမှားတွေကို ဘယ်လိုကိုင်တွယ်ရမယ်၊ ကိုယ့်အမှားကို ဘာ့ကြောင့်ရှင်းပြရမယ်ဆိုတာကို သိခြင်းက သင့်အတွက် ခက်ခဲတဲ့အရာဖြစ်ပေမယ့် သင့်ကလေးရဲ့ ရိုးသားမှုနဲ့ ပွင့်လင်းမှုကို သင်ပေးရုံသာမက အမှားလုပ်မိရင်လည်း ထိုနည်းတူပြုလုပ်ဖို့ ဖိတ်ခေါ်စေပါတယ်။

၃။ ကလေးနှင့်အတူ အိပ်မက်မက်ခြင်း

ဝေါ့ဒစ္စနေးရဲ့ အင်အားအရှိဆုံးမက်ဆေ့ချ်တစ်ခုက ” မင်းအိပ်မက်မက်နိုင်ရင် မင်းလုပ်နိုင်တယ်” ဆိုတာ ဖြစ်ပါတယ်။ မိဘတစ်ယောက်အနေနဲ့ ကလေးတွေကို အိပ်မက်မက်ဖို့နဲ့ ရည်မှန်းချက်ကြီးဖို့ အားပေးရပါမယ် ။ သို့သော် ပိုအရေးကြီးတာက သူတို့စွမ်းရည်တွေနဲ့ ဝါသနာတွေကို ထောက်ခံမှုပြသဖို့နဲ့ သူတို့ရဲ့ ပန်းတိုင်တွေကို ရောက်ရှိအောင် ကူညီဖို့ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ထောက်ပံ့ကူညီပေးတဲ့ မိဘတွေဟာ သားသမီးတွေရဲ့အဓိကအောင်မြင်မှုအတွက် အဂိကအချက်ဖြစ်ကြောင်း ပြသထားပါတယ်။

၄။ အချိန်ဇယားကို ထိန်းသိမ်းခြင်း

သူတို့ရဲ့တစ်ရက်တာမှာ ဘာတွေဖြစ်ပျက်လိမ့်မယ်ဆိုတာကို သိထားခြင်းက ကလေးကို လုံခြုံမှု၊ ယုံကြည်မှုနှင့် ထိန်းချုပ်မှုသဘောမျိုးကို ပေးပါတယ်။ ဥပမာ- ဘယ်အချိန်က ထမင်းစားချိန်၊ ဘယ်အချိန်က အိပ်ရာဝင်ချိန်၊ ကျောင်းသွားချိန် စသဖြင့် ငယ်စဉ်ကတည်းက ကလေးတွေကို schedules တွေပြီးစီးအောင်အကောင်အထည်ဖော်ပေးခြင်းက သူတို့ဘာကို မျှော်လင့်ရမယ်ဆိုတာ သိစေတာကြောင့် ကလေးနဲ့ မိဘကြား ယုံကြည်မှုကို တည်ဆောက်ပေးပါတယ်။

အရွယ်ကြီးတဲ့ကလေးတွေမှာဆိုရင် ပုံမှန်လုပ်ရိုးလုပ်စဉ်တွေက သူတို့ဘဝတွေမှာ စည်းကမ်းနဲ့ တည်ဆောက်ပုံကို လေ့ကျင့်ပေးပါတယ်။ ဒါက ရေရှည်မှာ သူတို့အား ပိုမိုလွတ်လပ်ပြီး တာဝန်ယူမှုရှိဖို့ သင်ပေးပါတယ်။ လေ့လာမှုများအရ မိသားစုတစ်စုအနေနဲ့ အတူတူ စားသောက်ခြင်းက ကလေးတွေကို ပိုပျော်ရွှင်စေပြီး ပိုမိုကောင်းမွန်တဲ့ ပြောဆိုဆက်ဆံသူတွေဖြစ်လာဖို့ သင်ကြားပေးပါတယ်။

၅။ လက်ဦးဆရာအခန်းကဏ္ဍနှင့်အညီ နေထိုင်ခြင်း

မိဘတစ်ယောက်ဟာ ကလေးရဲ့ လက်ဦးဆရာဖြစ်ပါတယ်။ ကလေးတွေကို ပထမဆုံး စကားလုံးလေးတွေ သင်ကြားပေးခြင်းကနေ အကျင့်ကောင်းတွေဖွံ့ဖြိုးဖို့နဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်အကြောင်းတွေ သင်ကြားပေးခြင်းဟာ သူတို့ကိုပျိုးထောင်ဖို့သာမက သင်ကြားပေးဖို့ပါဖြစ်တဲ့ မိဘတစ်ယောက်ရဲ့အလုပ်ဖြစ်ပါတယ်။ မအိပ်ခင် စာအုပ်ဖက်ပြခြင်း (သို့) ကစားချိန်မှာ လွတ်လွတ်လပ်လပ်ဆော့စေခြင်းက ကလေးရဲ့ဘဝနဲ့ အတွေ့အကြုံတွေကို ကြွယ်ဝစေရုံသာမက မိဘရဲ့အချစ်၊ အချိန်နဲ့ ဂရုစိုက်မှုတို့ကို ခံစားစေခွင့်ပြုပါတယ်။ ဆရာတစ်ယောက်အနေနဲ့ သူတို့ အမှားလုပ်မိတဲ့အခါ အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်တွေ ပေးသင့်ပါတယ်။ သို့မှသာ သူတို့မှားတဲ့အခါ နားလည်နို်ငမှာပါ။ ဒါက သူတို့ရဲ့စိတ်ကို တတ်ကြွစေဖို့နဲ့ ပိုကောင်းတဲ့ လူကြီးတွေဖြစ်လာစေဖို့ ကူညီပါလိမ့်မယ်။

၆။ ဘယ်အချိန်မှာ ကလေးရဲ့ နောက်မှာ ရပ်တည်ရမယ်ဆိုတာ သိခြင်း

မိဘတွေဟာ ကလေးတွေကို ကာကွယ်ဖို့နဲ့ ထောက်ပံ့ဖို့ တာဝန်ရှိပါတယ်။ သို့သော် overprotective ဖြစ်ပြီး ၊ အမြဲတမ်းကလေးရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးခြင်းက မကောင်းတဲ့ ပင်ကိုယ်စရိုက်နှင့်အတူ ဆယ်ကျော်သက်တွေ၊ လူကြီးတွေအဖြစ်သို့ ဦးတည်စေနို်ငပါတယ်။ overprotective မိဘအုပ်ထိန်းမှုက ကလေးတွေကို လိမ်လည်ဖို့၊ ကြိုးကိုင်ချယ်လှယ်သူတွေ ဖြစ်လာစေဖို့ အားပေးပြီး စွန့်စားမှုတွေ၊ အတွေ့အကြုံသစ်တွေ ရယူရမှာကို ကြောက်ရွံ့စေတယ်လို့ လေ့လာမှုများက ဖော်ပြထားပါတယ်။ ကလေးတွေကို ဘယ်လိုအရာမျိုးမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခွင့်ပြုသင့်တယ်၊ ဘယ်လိုအချိန်မျိုးမှာ သူတို့ ခြေတစ်လှမ်းဆုတ်သင့်သလဲဆိုတာကို မှန်းဆတွက်ချက်ဖို့ မိဘတွေအနေနဲ့ အရေးကြီးပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here