သင်ဟာ အရက်စွဲနေတဲ့ မိဘတွေရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာရတဲ့ ကလေးတစ်ယောက်လား?

0
1026
- Advertisement -

အရက်စွဲခြင်းက မိသားစုဘဝတွေကို ဖျက်ဆီးစေပါတယ်။ မိဘတွေ အရက်စွဲလျှင် ကလေးရဲ့ ဘဝက ဖရိုဖရဲ အခြေအနေ ဖြစ်လာနိုင်ပြီး သူတို့ကို စိတ်ဒဏ်ရာတွေ ထာဝရ စွဲကျန်စေပါတယ်။

ကလေးတွေဟာ များသောအားဖြင့် သူတို့မိဘတွေကို ကြည့်ပြီး စံနမူနာယူသူတွေ ဖြစ်ကြပါတယ်။ သူတို့ဆီကနေ ဘဝရဲ့တန်ဖိုးတွေကို သင်ယူကြပါတယ်။ သို့သော် စဲနမူထားဖို့ မျှော်လင့်ထားသူတွေဟာ အရက်ရဲ့ကျွန်ဖြစ်လာတဲ့အခါ ဘယ်လိုဖြစ်လာမလဲ? ဒီဆောင်းပါးမှာ အရက်စွဲနေတဲ့ မိဘတွေတစ်ယောက်က ကလေးတစ်ယောက်ရဲ့ ဘဝအပေါ် ဘယ်လို ဆိုးကျိုးသက်ရောက်နိုင်သလဲဆိုတာနှင့် သူတို့ဆီမှာ ကျန်ခဲ့နိုင်တဲ့ အမာရွတ်တွေအကြောင်းကို မျှဝေပေးချင်ပါတယ်။

မိဘတွေ အရက်သောက်ခြင်းရဲ့ ကလေးအပေါ် ဆိုးကျိုးသက်ရောက်မှုများ

အရက်စွဲလမ်းမှု ပြဿနာရှိသော မိဘတွေနဲ့ ကြီးပြင်းလာရခြင်းက စိတ်ထိခိုက်စရာ ဖြစ်နိုင်ပါတယ်။ သင့်မိဘကို စိတ်မကောင်းစရာ အခြေအနေတစ်ခုမှာ မြင်တွေ့ခဲ့ရနိုင်ပါတယ်။ (သို့) သင့်ရဲ့ မောင်ငယ်၊ ညီမငယ်တွေကို ငယ်ငယ်ကတည်းက ကြည့်ရှုစောင့်ရောက်ခဲ့ရနိုင်ပါတယ်။ ထိုကဲ့သို့သော အတွေ့အကြုံတွေက အောက်ဖော်ပြပါ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု အချို့ရှိနိုင်ပါတယ်။

၁။ မိမိကိုယ်ကို ယုံကြည်မှု နိမ့်ကျခြင်း- အားပေးအားမြှောက်ပြုတဲ့ ပတ်ဝန်းကျင်မှာ ပြုစုစောင့်ရှောက်ခံရတဲ့ ကလေးတွေဟာ တန်ဖိုးရဲ့အရသာကို ခံစားရလေ့ရှိပါတယ်။ ထို့သို့သော ကလေးတွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါတယ်။ ဒါပေမယ့် အရက်သမားဖြစ်နေတဲ့ မိဘနှင့်အတူ ကြီးပြင်းရတဲ့ကလေးတွေဟာ abuse လုပ်မှုနှင့် လှောင်ပြောင်မှုတွေကို အမြဲတစေ ထိတွေ့နေရတဲ့အတွက် မိဘတွေရဲ့ အပြုအမှုအတွက် သူတို့ကိုယ်သူတို့ အပြစ်တင်စေပါတယ်။ မကောင်းတဲ့ အတွေးတွေက သူတို့ရဲ့ self-confidence ကိုပျက်ပြားစေပါတယ်။

၂။ အတည်ပြုချက်ကို အမြဲလိုလို လိုအပ်ခြင်း – ဒါက မိမိကိုယ်ကို ယုံကြည်မှုနိမ့်ကျခြင်းရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ညှင်းပမ်းနှိပ်စက်မှုနှင့် ဝေဖန်မှုတွေခံရတဲ့ ကလေးတွေဟာ အခြားသူတွေထံမှ ခွင့်ပြုချက်ကို တောင်းခံဖို့ အမြဲတမ်း လိုအပ်နေတတ်ပါတယ်။ သူတို့ဟာ လူတွေကို စိတ်ကျေနပ်စေပြီး ဝေဖန်မှုကို အရမ်း sensitive ဖြစ်ကြပါတယ်။

၃။ ယုံကြည်မှုဆိုင်ရာ ပြဿနာများ- လိမ်လည်ခြင်း၊ ကတိချိုးဖောက်ခြင်းနှင့် ချစ်ခြင်းမေတ္တာ ထိန်ချန်ခြင်းက အရက်စွဲသော မိဘတွေရှိတဲ့ မိသားစုဝင်တွေမှာ အဖြစ်များပါတယ်။ မိဘတွေကို မယုံကြည်နိုင်တဲ့ ကလေးတွေဟာ ကြီးပြင်းလာတာနှင့်အမျှ ပြင်းထန်တဲ့ ယုံကြည်မှု ပြဿနာတွေကို ဖြစ်ပေါ်လေ့ရှိပါတယ်။

၄။ စိုးရိမ်ပူပန်မှု- မိဘတွေရဲ့ အပြုအမှုက ခန့်မှန်းရခက်ပါတယ်။ ကလေးတွေဟာ အမြဲလိုလို အရက်သောက်တတ်တဲ့ ဖခင်တွေ မိုးချုပ်လို့ ပြန်မလာသေးရင် အဖေ မူးပြီးအိမ်ပြန်လာမှာလား? ပြန်လာရင် အမေနဲ့ ရန်ဖြစ်ဦးမှာလား? ငါတို့ကို ရိုက်ဦးမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ခံစားကြရပါတယ်။ ကလေးတွေဟာ အန္တရာယ်ကို ကြိုတင်ခန့်မှန်းဖို့ နိုးနိုးကြားကြားရှိနေရန် လိုအပ်တာကြောင့် အမြဲလိုလို စိုးရိမ်ပူပန်မှု ခံစားကြရပါတယ်။

၅။ ဒေါသဖြစ်ခြင်း- ကလေးတွေဟာ အမြဲတမ်းနှိပ်စက်ခံ၊ လျစ်လျူရှုခံရတဲ့အခါ သူတို့ရဲ့ ဘဝက အခြားလူတွေနဲ့ ဘာ့ကြောင့်မတူတာလဲဆိုတာ မသိကြပါဘူး။ သူတို့ဟာ မိဘတွေဆီကနေ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို အမြဲတမ်းလိုချင်ကြပြီး ငြင်းပယ်ခံရပါက မိဘတွေကိုသာမက လူ့အဖွဲ့အစည်းအပေါ် မုန်းတီးမှုနှင့် ဒေါသများ ဖြစ်ပေါ်လာစေပါတယ်။

၆။ ရှက်ကြောက်ခြင်း- များသောအားဖြင့် ကလေးတွေဟာ မိဘတွေအရက်သေစာသောက်စားခြင်းကို လျှို့ဝှက်ထားတတ်ကြပါတယ်။ တခြားလူတွေ ပြက်ရယ်ပြုမှာ အကဲဖြတ်မှာကို ကြောက်ကြပါတယ်။ ကလေးက မိဘအကြောင်းကို သတိထားပြီး ပြောရပါလိမ့်မယ်။ အချို့က သူတို့မိဘတွေနှင့် ပတ်သတ်ပြီး ဇာတ်လမ်းအမှားတစ်ပုဒ်ကို ဖန်တီးနိုင်ပါတယ်။ ထိုသို့သော ကိစ္စတွေမှာ ကလေးတွေဟာ သူတို့သူငယ်ချင်းတွေအကြား (သို့) ကျောင်းမှာ သူတို့ဂရုတစိုက် ထိန်းသိမ်းထားတဲ့ လျှို့ဝှက်ချက် ထွက်ပေါ်လာတဲ့အခါ လုံးဝရှက်သွားပါလိမ့်မယ်။

မိဘရဲ့ အရက်သောက်စားမှုက ရေရှည်ဆိုးကျိုးသက်ရောက်မှု ရှိလာပြီး ကလေးရဲ့လူကြီးဘဝထဲသို့ သယ်ဆောင်သွားရနိုင်ပါတယ်။

လူကြီးဘဝမှာ မိဘရဲ့ အရက်သေစာသောက်စားခြင်းရဲ့ ဆိုးကျိုးများ

ငယ်ရွယ်သော အသက်အရွယ်မှာ စွဲထင်နေတဲ့ မှားယွင်းသော ယုံကြည်မှုတွေ၊ မကောင်းတဲ့ စိတ်ခံစားမှုတွေက သူတို့ရဲ့ လူကြီးဘဝမှာပါ လွှမ်းမိုးမှု ရှိလာပါတယ်။ ကလေးငယ်တွေဟာ ကြီးပြင်းလာတဲ့အထိ ဒီဝန်ထုပ်ဝန်ပိုးကို ဘယ်လိုထမ်းဆောင်ရနိုင်ကြောင်း ဒီမှာ ဖော်ပြထားပါတယ်။

၁။ Relationships ကိုဝင်ရောက်ဖို့နှင့် ထိန်းသိမ်းဖို့ ခက်ခဲခြင်း- ယုံကြည်မှုဆို်ငရာ ပြဿနာတွေနဲ့ မိမိကိုယ်ကို လေးစားမှုမရှိခြင်းက တစ်ချို့အတွက် လူချင်းနီးစပ်စေဖို့ ခက်ခဲစေပါတယ်။ ထိုသို့သော အပြုအမှုက သူတို့ရဲ့ အချစ်ရေးနှင့် အခြားလူမှုဆက်ဆံရေးမှား ပြဿနာများ ဖြစ်စေနိုင်ပါတယ်။

၂။ ဖျက်လိုဖျက်ဆီး အပြုအမှုများ- ငယ်ရွယ်စဉ်က လျစ်လျူရှုခံရခြင်း၊ အနှိပ်စက်ခံရခြင်းက သူတို့ကို လောကကြီးအပေါ် မုန်းတီးမှု ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် ဂရုစိုက်မှုနှင့် စောင့်ရှောက်မှု မခံရခြင်းက သူတို့ကို ရန်လိုစေနိုင်ပါတယ်။ ထိုကဲ့သို့သော အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေနဲ့ ကြီးပြင်းလာခြင်းဟာ ။ အကြမ်းဖက်ပြုမှုခြင်း၊ ရန်လိုခြင်းနှင့် အာရုံခံစားမှု-ရှာဖွေခြင်းကဲ့သို့သော စရိုက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အချို့က လူမှုရေးခေါင်းပါးခြင်းနှင့် တရားမဝင်သော လုပ်ဆောင်မှုတွေတောင် ပြုလုပ်လာနိုင်ပါတယ်။

၃။ Substance abuse – အရက်စွဲနေသူ၏ ကလေး (COAs)ဟာ အရက်မသောက်သူတွေရဲ့ ကလေးတွေထက် အရက်သမား ပိုဖြစ်လွယ်နိုင်ပါတယ်။ အကြောင်းက သူတို့အတွက် အရက်ယမကာက နေ့စဉ်ကိစ္စလိုဖြစ်နေတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အချို့သော (COAs)တွေဟာ အရက်(သို့) မူးယစ်ဆေးဝါးကို သူတို့ဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်။

၄။ စွဲလမ်းခြင်းနှင့်အတူ အကောင်းဆုံးဖြစ်စေဖို့ ကြိုးပမ်းခြင်း- အရက်သမားမိဘတွေရဲ့ ကလေးတွေဟာ ခြောက်ပစ်ကင်း သဲလဲစင်ဖြစ်ဖို့ (သို့) ဆန့်ကျင်ဘက်ဖြစ်ဖို့ ကြိုးစားတတ်ကြပါတယ်။ နုနယ်သော အသက်အရွယ်မှာ ညှင်းပမ်းနှိပ်စက်မှုနှင့် ပြင်းထန်သော ဝေဖန်မှုတွေကို ထိတွေ့ရပြီး သူတို့ဟာ အမြဲတမ်း perfect ဖြစ်လိုတဲ့ ဆန္ဒပြင်းပြနိုင်ပါတယ်။(ဝေဖန်မှုတွေကို ကြောက်ရွေ့ခြင်းဖြစ်နိုင်ပါတယ်)။

အရက်စွဲနေတဲ့ မိဘတစ်ယောက်နဲ့ ဘယ်လိုဆက်ဆံမလဲ?

သင့်ရဲ့ ကလေးဘဝက နှစ်သက်ဖွယ်ကောင်းမှာ မဟုတ်သော်လည်း အရွယ်ရောက်သူတစ်ယောက်အနေဖြင့် သင့်ဘဝပြောင်းလဲမှုကို ယူဆောင်လာချင်ပါလိမ့်မယ်။ အရက်သမားမိဘနှင့် သင်ဆက်ဆံနိုင်တဲ့ နည်းလမ်းအနည်းငယ်ရှိပါတယ်။

၁။ မကောင်းမှုပြုတဲ့သူကို မဟုတ်ဘဲ မကောင်းမှုကို မုန်းပါ

ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုးတွေ (သို့) relationship ပြဿနာတွေ စတဲ့ပြဿနာတွေကြောင့် သင့်မိဘဟာ အရက်အလွန်အကျွံသောက်ဖို့ ရွေးချယ်ခဲ့နိုင်ပါတယ်။ အကြောင်းပြချက်ကို ဖော်ထုတ်ပြီး အရက်သမားဘဝမှ ရုန်းထွက်နိုင်ဖို့ ကူညီပေးပါ။ သင့်မိဘတွေ အရက်မမူးခဲ့စဉ်က သာယာလှပတဲ့အချိန်ကို မှတ်မိဖို့ ကြိုးစားပါ။ ဒါက သူတို့အပေါ် ထားရှိသော သင့်ရဲ့မကောင်းတဲ့ ခံစားချက်တွေကို လျှော့ချပေးပါလိမ့်မယ်။

၂။ သင့်မိဘမူးနေတဲ့အချိန်ကို ရှောင်ပါ

သင်ဟာ သင့်မိဘကိုချစ်ပြီး ကူညီလိုပါလိမ့်မယ်။ သို့သော် သူတို့အရက်မူးနေချိန်မှာ သူတို့နဲ့ ဝေးဝေးနေသင့်ပါတယ်၊ အရက်အလွန်အကျွံသောက်သူတစ်ယောက်ဟာ သူတို့ပြောတဲ့၊ လုပ်တဲ့ အပြုအမှုကို သတိမပြုမိတတ်ကြပါဘူး။ ကိုယ်က စိတ်မထိန်းနိုင်လို့ ပြန်ပြောမိတဲ့အခါမှာ ကိုယ်ပဲငရဲရနိုင်ပါတယ်။

၃။ သင့်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြပါ

မိဘနှင့် ပွင့်ပွင့်လင်းလင်းပြောဆိုပါ။ ဝေဖန်ပြောဆိုခြင်းမပြုဘဲ သူတို့ကို ဘယ်လောက်ချစ်ကြောင်း ပြောပြပါ။ အရက်မူးနေချိန်နှင့် အရက်မမူးချိန် ခြားနားမှုကို ထောက်ပြပါ။ အရက်ဖြတ်ဖို့ (သို့) အရက်လျှော့သောက်ဖို့ စစ်မှန်သော စိုးရိမ်ပူပန်မှုကို ပြသခြင်းအားဖြင့် တွန်းအားပေးပါ။

၄။ စိတ်ပိုင်းဆိုင်ရာ ခွန်အားတိုးတတ်စေဖို့ ကြိုးစားပါ

အရက်မူးနေသော မိဘနှင့် ဆက်ဆံဖို့ သင့်မှာ ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ခွန်အားလိုအပ်ပါလိမ့်မယ်။ ထို့ကြောင့် သင့်ရဲ့ စိတ်ခံစားချက်တွေ၊ စိုးရိမ်မှုတွေကို စီမံနိုင်အောင် အပြုသဘောမြင်တတ်ဖို့ ကြိုးစားပါ။

၅။ သင့်ဘဝကို မဖျက်ဆီးပါနဲ့

သင့်ဘဝကို မထိခိုက်ပါစေနဲ့။ သင့်ရဲ့ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်နှင့် ပျော်ရွင်မှုကို အာရုံစိုက်ပါ။ သူတို့အမှောင်က သင့်ကို မလွှမ်းမိုးပါစေနဲ့ ၊ ပိုကောင်းတဲ့ အနာဂတ်ဆီ ဦးတည်ဖို့ ကြိုးပမ်းပါ။
သင့်မိဘတစ်ယောက် အရက်စွဲနေပါက သူတို့ကို မုန်းတီးခြင်းမပြုပါနဲ့။ သူတို့ဟာ သူတို့ရဲ့ အခြေအနေမှာ အကူအညီမဲ့သလို ခံစားရနိုင်ပါတယ်၊ သင့်ရဲ့ support လုပ်မှုကို လိုအပ်ပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here