သင်ဟာ Toxic Parent တစ်ယောက်ဖြစ်နိုင်တယ်ဆိုတာကို လက်ခံထားဖို့ နည်းလမ်း(၈)ခု

0
4575
- Advertisement -

မိဘတွေဆီကနေ စိတ်ဓါတ်ရေးရာ abuse လုပ်ခံရတဲ့ ကလေးတွေဟာ ကြီးပြင်းလာတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေဖြစ်ခြင်းနဲ့ ဆက်စပ်မှုရှိတယ်လို့ ဒီလေ့လာမှုက ဆိုပါတယ်။ အိမ်ဆိုတာ ကလေးတွေအတွက် လုံခြုံမှုရှိတယ်လို့ ခံစားရသင့်တဲ့ နေရာဖြစ်ပါတယ်။ အဆိပ်အတောက်ဖြစ်စေသော အိမ်ပတ်ဝန်းကျင်ကို ဖန်တီးခြင်းက ကလေးတွေကို ရေရှည်မှာ ထိခိုက်စေနိုင်ပါတယ်။ ဒါကို အသိအမှတ်ပြုခြင်းက ယခုအချိန်နဲ့အနာဂတ်မှာ ဘယ်လိုရှောင်ကြဉ်ရမယ်ဆိုတာကို သိရှိဖို့ ပထမခြေလှမ်းဖြစ်ပါတယ်။ ထို့ကြောင့် မိဘတွေအနေနဲ့ ပိုပြီး ငြိမ်းချမ်းတဲ့ အိမ်တစ်လုံးရရှိဖို့ အထောက်အကူပြုနိုင်တဲ့ အသစ်သောအရာတွေကို လေ့လာနေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

၁။ ကလေးတွေကို တစ်ယောက်နဲ့တစ်ယောက် နှိုင်းယှဉ်ခြင်း

မိဘတစ််ယောက်အနေနဲ့ ကိုယ့်ကလေးရဲ့အပြုအမှု၊ စိတ်ထားနှင့် အတွေးအခေါ်တွေမှာ ခြားနားချက်တွေရှိတာကို သတိမပြုမိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ သို့သော် မိဘအုပ်ထိန်းမှုဆိုင်ရာ ကျွမ်းကျင်သူ Dr.Justin Coulsonရဲ့အဆိုအရ နှိုင်းယှဉ်တာကို ရှောင်ရှားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ မောင်နှမတွေနဲ့ အမြဲတမ်းနှိုင်းယှဉ်ခံရတဲ့ ကလေးတွေဟာ motivation လျော့နည်းပြီး စိုးရိမ်မှုတွေ များတတ်ပါတယ်။

- Advertisement -

၂။ ကိုယ့်ရဲ့ပြဿနာတွေနဲ့ ကလေးပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်း

ကျွန်မတို့အားလုံးမှာ ကိုယ်ရေးကိုယ်တာပြဿနာတွေ ရှိကြပါတယ်။ ကျွန်မတို့မှာ ဂရုစိုက်ရမယ့် ကလေးတွေရှိရင်လည်း ဒီပြဿနာတွေကို ကိုင်တွယ်ဖို့ ပိုခက်ခဲပါလိမ့်မယ်။ ကလေးတွေနဲ့စကားပြောတာ၊ စိတ်ခံစားမှုကို ကျန်းမာတဲ့နည်းလမ်းနဲ့ ပြသတာက ကောင်းပေမယ့် ကိုယ့်ရဲ့ပါစင်နယ်ကိစ္စတွေနဲ့ ကလေးတွေ အပေါ်မှာ ဝန်ထုတ်ဝန်ပိုးတွေ မလုပ်မိအောင် ရှောင်ကြဉ်သင့်ပါတယ်။ သားသမီးနဲ့ တိုင်ပင်စရာမဟုတ်သော ( ဥပမာ-လျှို့ဝှက်ထားရမည့် သူတို့၏ အိမ်ထောင်ရေးပြသာနာတွေကို သားသမီးများအား အသေးစိတ် ပြောဆိုရင်ဖွင့်လေ့ရှိသော မိဘတွေကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ ဒါက ကလေးအား မိဘ (သို့) သူငယ်ချင်းဖြစ်လာနိုင်တဲ့ ထူးဆန်းသော ပြောင်းလဲမှုတစ်ခုကို ဖန်တီးနိုင်ပါတယ်။ ကျွန်မတို့ရဲ့ ကလေးတွေကို စိတ်ခံစားမှု အကူအညီအတွက် မပြောင်းလဲသင့်ပါဘူး။ သူတို့က ကလေးတွေသာ ဖြစ်ပါတယ်။

၃။ စိတ်ပျက်စရာတွေကို ကလေးအပေါ်မှာ ထုတ်ပစ်ခြင်း

ကျွန်မတို့ဟာ ကလေးတွေနဲ့ အပြစ်မရှိသူတွေအပေါ်မှာ စိတ်ပျက်စရာတွေကို ဘယ်တော့မှ မထုတ်ပစ်သင့်ပါဘူး။ ကလေးတွေကို သူတို့အမှားမဟုတ်တာကို သူတို့အမှားလို့ ခံစားရအောင် ကျွန်မတို့ မလုပ်သင့်ပါဘူး။ အဲဒီအစား ကိုယ့်ရဲ့စိတ်ခံစားမှုတွေနဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို အသိအမှတ်ပြုပြီး ကိုယ့်စိတ်တည်ငြိမ်စေဖို့ ကိုယ့်အတွက်ကိုယ် အချိန်ပေးသင့်ပါတယ်။

၄။ ကလေးရဲ့ခံစားချက်တွေကို ပယ်ချခြင်း

ကလေးရဲ့ ပူပန်သောကကို ဖြေဖျောက်ပေးလိုတဲ့အခါ ” အဆင်ပြေသွားမှာပါ” လို့ပြောခြင်းဖြင့် ကျွန်မတို့ တုံ့ပြန်တတ်ကြပါတယ်။ ဒါက ပြောလို့ကောင်းတယ်လို့ထင်ရပေမဘ့် တကယ်တော့ အဲ့လိုမဟုတ်ပါဘူး၊ ကလေးတွေရဲ့ ခံစားချက်တွေကို ထုတ်ပစ်တာမျိုးမလုပ်ဖို့ ကျွန်မတို့ သင်ယူရပါမယ်။ အဲဒီအစား သူတို့ကိုလက်ခံပါ၊ သူတို့အကြောင်းပြောဆိုပါ၊ သူတို့ရဲ့ပြဿနာတွေကို အသေးအဖွဲလို့ ထင်ရလောက်အောင် ဖြေရှင်းပေးပါ။ တစ်ခါတစ်ရံမှာ “ဒါကအဆင်ပြေပါတယ်”လို့ ပြောရုံထက် သူတို့ပိုလိုအပ်ပါတယ်။

၅။ သင်ပြပေးနိုင်တဲ့ အချိန်လေးမှာ အပြစ်ပေးတာကို ရွေးချယ်ခြင်း

အပြစ်ပေးခြင်းက အပြစ်လုပ်တတ်တဲ့ကလေးကို ကိုင်တွယ်ဖို့ အလွယ်ဆုံးနည်းလမ်းဖြစ်တယ်လို့ မိဘတွေအနေနဲ့ တွေးမိကြပါလိမ့်မယ်။ သို့သော် အခြေအနေများစွာမှာ ဒါက မကောင်းတဲ့အပြုအမှုကိုသာ အားဖြည့်ပေးပြီး ကလေးတွေကို မပြုပြင်ပေးနိုင်ပါဘူး။ မိဘတွေအနေနဲ့ မကောင်းတဲ့အပြုအမှုကို သင်ကြားနိုင်သော အချိန်များအဖြစ်သို့ ပြောင်းလဲသင့်ပါတယ်။ ဘာ့ကြောင့်မှားလဲဆိုတာကို ကလေးက သင်ယူနိုင်ပါတယ်။ ကျွန်မတို့အနေနဲ့ ကလေးတွေ ကောင်းနေချိန်မှာလည်း အပြုသဘောဆောင်တဲ့ အားဖြည့်မှုကို ပေးသင့်ပါတယ်။

၆။ ကလေးကို အမြဲတမ်းဝေဖန်ခြင်း

ကလေးတွေကို မကြာခဏ ဝေဖန်လွန်းတဲ့အခါ အဲဒါက နည်းလမ်းများစွာနဲ့ သူတို့ကို ထိခိုက်စေပါလိမ့်မယ်။ လေ့လာမှုအရ မိဘတွေရဲ့ဝေဖန်မှုကို ခံစားရတဲ့ကလေးတွေဟာ အခြားသူတွေရဲ့ စိတ်ခံစားမှုကို ဂရုမစိုက်တတ်ကြကြောင်း တွေ့ရှိရပါတယ်။ ဒီအရာက သူတို့ရဲ့ပေါင်းသင်းဆက်ဆံရေး တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်းမှာ အရမ်းအရေးပါတဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်သော လူတွေအား read လုပ်နိုင်စွမ်းကို ကန့်သတ်စေပါတယ်။

၇။ သူတို့ရဲ့လုပ်ရပ်တွေကို ဖော်ပြဖို့ negative ဆန်တဲ့စကားလုံးများကို အသုံးပြုခြင်း

ကလေးတွေကို အပျက်သဘောဆောင်တဲ့ စကားလုံးတွေ များများသုံးလေလေ သူတို့ရဲ့self-esteem ဝေဒနာ ပိုခံစားရလေလေဖြစ်ပါတယ်။ သူတို့ကို ပိုပျက်စီးစေနိုင်ပါတယ်။ သူတို့ရဲ့အပြုအမှုကို သက်ရောက်မှုရှိစေနိုင်ပါတယ်။ ကလေးအား ဥပမာ- “ပေကတ်ကတ်နိုင်တဲ့ကောင်၊ ကြောင်ချေးရုပ်၊ ထစ်ခနဲဆို ငိုတတ်တဲ့ကောင် စသဖြင့် သူတို့ကိုခေါ်ခြင်းက ငယ်ရွယ်စဉ်မှာတောင် သူတို့အပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ရှိပါတယ်။

၈။ စည်းတွေဘောင်တွေ မသိခြင်း၊ သူတို့ရဲ့လွတ်လပ်မှုကို မွန်းကျပ်စေခြင်း

ကလေးကို သီးခြားလွတ်လပ်စွာ နေခွင့်မပြုခြင်းက အဆိပ်အတောက်ဆန်သော သွင်ပြင်အခြေအနေကို ဖြစ်စေနို်င်ပါတယ်။ ကလေးရဲ့အတွေးတွေ၊ ခံစားချက်တွေနှင့် အရာရာတိုင်းကို သိဖို့ ၊ ထိန်းချူပ်ဖို့ ကြိုးစားခြင်း၊ သူ့လမ်းကြောင်းအတိုင်းသွားနေတဲ့ ကလေးကို တားဆီးခြင်း၊ သူတို့ရဲ့ပါစင်နယ် space ကို အမြဲတမ်းကျူးကျော်ခြင်းက enmeshment ရဲ့လက္ခဏာဖြစ်ပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here