သင့်ကလေးကသင့်ကို လိမ်နေတဲ့အခါ ဘာလုပ်ရမလဲ

0
2746
- Advertisement -

မိဘတစ်ယောက်ဖြစ်တဲ့သင့်အနေနဲ့ သင့်ကလေးက အမြဲတမ်းအမှန်တရားကိုသာ ပြောစေချင်ပါလိမ့်မယ်။ သို့ပေမယ့် လိမ်ပြောခြင်းဆိုတာ ကလေးအများစုတစ်ချိန်မဟုတ် တစ်ချိန်စမ်းသပ်တတ်တဲ့အရာဖြစ်ပါတယ်။ မိဘတွေအနေနဲ့ လိမ်လည်ခြင်းက ကလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကအစိတ်အပိုင်းဖြစ်တယ်ဆိုတာ သတိရသင့်ပါတယ်။

ဘာကြောင့်လိမ်ကြတာလဲ

ဒီပြဿနာကိုဖြေရှင်းတဲ့အခါ မိဘတွေက ကလေးရဲ့အသက်၊ လိမ်ရတဲ့အကြောင်းရင်းများနှင့် ဘဝပုံစံကို ဂရုပြုသင့်ပါတယ်။ လိမ်လည်မှုတွေနှင့် အဖြစ်မှန်အကြောင်းရင်းတွေက သူမနဲ့ ပါဝင်ပတ်သက်မှုဘယ်လောက်ရှိတယ်ဆိုတာ စဥ်းစားပါ။ ဥပမာအားဖြင့် အသက်၆နှစ်အရွယ်အောက်ကလေးတွေဟာ စိတ်ကူးယဥ်ခြင်းနှင့် အဖြစ်မှန်ကို ရှင်းလင်းစွာခွဲခြားသိမြင်နိုင်ခြင်းမရှိသေးပါဘူး။ သူတို့ရဲ့ မုသားက သူတို့ရဲ့စိတ်ကူးသင်္ကတဖြစ်နိုင်ပါတယ်။

- Advertisement -

ကလေးတွေလိမ်တဲ့အခါ ဘာလုပ်ရမလဲ

၁။ မုသားရဲ့အကြောင်းရင်းကို ရှာပါ

သင့်ကလေးက စိတ်ကူးယဥ်ကစားခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရှည်လျားသောဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေခြင်းလော။ သူမအပြစ်ပေးခြင်းကို မခံချင်တာာကြောင့် သူမက သင့်ကိုတမင်တကာလှည့်ဖြားဖို့ကြိုးစားနေပါသလား။ တကယ်လို့ သင့်ကလေးကသူ့ရဲ့စိတ်ကူးစိတ်သန်းကိုသာ အသုံးပြုနေတယ်ဆိုရင် တီထွင်ဖန်တီးမှုကို အားမပေးဘဲ အချက်အလက်နှင့် စိတ်ကူးယဥ်မှုတွေကို ခွဲခြားသိမြင်နိုင်ဖို့ ကူညီပါ။ အခြားတစ်ဖက်မှာလည်း ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကို အမှန်တကယ်ပြောပြမယ်ဆိုရင် သူမဒုက္ခမရောက်ဘူးလို့ သူမကိုအရင်အာမခံပါ။ နောက်ပြီး သင်နားလည်ကြောင်းရှင်းပြပါ။ တစ်ခါတရံမှာ မဖြစ်သင့်တဲ့အမှားတစ်ခုခုကို လုပ်မိတယ်ဆိုတာ ယုံကြည်ဖို့ မလွယ်ကူသော်လည်း အမှန်တရားကို အမြဲပြောခြင်းက အရာရာကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်တယ်ဆိုတာ ရှင်းပြပါ။

၂။ ကလေးတွေကို ကြောက်လန့်မှုတွေမဖြစ်ပါစေနှင့်

ကလေးတစ်ယောက်က သင်ဒေါသထွက်မှာကို စိုးရိမ်နေမယ်ဆိုရင် သူက အဖြစ်အပျက်ကို အမှန်အတိုင်းမပြောဖို့သာ စဥ်းစားပါလိမ့်မယ်။ သင့်အတွက်အရေးကြီးတဲ့အရာက သင့်ကလေးကို သင့်ချစ်ခင်မှုနှင့် ချစ်ခြင်းမေတ္တာကို မဆုံးရှုံးစေဘဲ သူနှင့်စကားပြောနိုင်တာကို သိရှိဖို့သင့်ကလေးကို လုံခြုံစိတ်ချမှုရှိစေဖို့ ကူညီပါ။ သုတေသနပြုချက်တွေအရကလေးတွကို လိမ်ပြောခြင်းအတွက် အပြစ်ပေးမယ်လို့ ခြိမ်းခြောက်တဲ့အခါ အမှန်တရားကိုပြောဖို့ အခွင့်အလမ်းနည်းသွားပါလိမ့်မယ်။ အမှန်တရားက သင့်အတွက်အရာအားလုံးထက်ပိုအရေးကြီးတယ်လို့ သင့်ကလေးကိုရှင်းပြပါ။ နောက်ပြီးအေးအေးဆေးဆေးနားထောင်ပြီး မကောင်းသောအပြုအမူမှန်သမျှကို ဖြေရှင်းပါ။ သူ့လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို အာရုံစိုက်ပါ။ တကယ်လို့ သူက လိမ်လည်လှည့်ဖြားဖို့ ကြိုးစားခဲ့တယ်ဆိုရင် သူ့အနေနဲ့ အမှန်တရားကိုပြောဆိုဖို့ အရမ်းခက်ခဲကြောင်း အသိအမှတ်ပြုပါ။

၃။ သင့်ကလေးကို လိမ်လည်သူတစ်ယောက်လို့ ဘယ်တော့မှမခေါ်ပါနဲ့

တံဆိပ်တွေက ထိခိုက်နစ်နာစေရုံသာမက ကလေးတစ်ဦးဦးမိမိကိုယ်ကို ဘယ်လိုရှုမြင်ပုံကအစ ရေရှည်အကျိုးသက်ရောက်နိုင်ပါတယ်။ သူ့ကိုလိမ်လည်သူလို့ သတ်မှတ်မယ်ဆိုရင် သူကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို ယုံကြည်ပြီးတော့ ဒီအတိုင်းပဲပြုလုပ်ပါတယ်။

၄။ သင့်မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပါစေ

လိမ်ပြောခြင်းက သင့်အိမ်မှာ မလိုချင်သော၊ မဖြစ်စေချင်သောအကြောင်းအရာတစ်ခုဖြစ်တယ်ဆိုတာ သင့်ကလေးကို ပြောပါ။ အမှန်တရားကိုပြောပြခြင်းက သူမထံက သင်မျှော်လင့်ထားတဲ့အခြားကောင်းသော အပြုအမူတွေလိုပဲ အရေးကြီးတယ်ဆိုတာ သတိပေးထားပါ။ သင့်ကိုရိုသေလေးစားစွာ စကားပြောခြင်းနှင့် မွေးချင်းတွေနှင့် တိုက်ခိုက်ရန် ကြိုးစားခြင်းကို ရှောင်ရှားခြင်းတွေပါဝင်ပါတယ်။

၅။ လိမ်ပြောခြင်းက ဆက်ဆံရေးကိုအကျိုးသက်ရောက်နိုင်ကြောင်း သတိပေးပါ

လိမ်ပြောခြင်းက တစ်ဦးကို တစ်ဦးချစ်မြတ်နိုးသူများအကြား ယုံကြည်မှုကို ပျက်စီးနိုင်တာကို ရှင်းပြပါ။ တကယ်လို့ သင်က တစ်ခုခုအကြောင်း လိမ်ပြောရင် သူမဘယ်လိုခံစားရမယ်ဆိုတာ သင့်ကလေးကို မြင်ယောင်ကြည့်စေပါ။ နောက်တစ်ခါ သင့်ကို သူမသံသယဝင်မလား (သို့) ၎င်းက သူမက သင့်ကိုယုံကြည်မှုအပေါ်အကျိုးသက်ရောက်မှုရှိမရှိ မေးမြန်းပါ။

နောက်ဆုံးအနေနဲ့ တကယ်လို့ကလေးတစ်ဦးက ထပ်တလဲလဲနှင့် မကြာခဏလိမ်ပြောနေတယ်ဆိုရင် သင့်ရဲ့အထူးကု (သို့) အခြားပရော်ပဖက်ရှင်နယ်ကလေးအမူအကျင့်ဆိုင်ရာကျွမ်းကျင်သူနှင့် စကားပြောရမယ့်အချိန်ဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

ref – verywell

LEAVE A REPLY

Please enter your comment!
Please enter your name here