
စိတ်ပျက်ခြင်းနှင့် အမျက်ဒေါသက သင့်ကလေးကို မိမိရဲ့စိတ်လှုပ်ရှားမှုတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ မသိရင် ကလေးတွေကဖီဆန်ခြင်း၊ မလေးစားခြင်းနှင့် ဆန့်ကျင်ခြင်း စတဲ့အပျက်သဘောဆောင်တဲ့ ခံစားချက်တွေဖြစ်ပေါ်လာနိုင်ပါတယ်။ တိုက်ခိုက်ခြင်း၊ တံတွေးထွေးခြင်းနှင့် ကဲ့ရဲ့ခြင်းစတဲ့ ကလေးဘဝမှာ ကျူးကျော်ဝင်ရောက်ခြင်းက ပညာရေးဆိုင်ရာ ပြဿနာတွေ၊ ရွယ်တူခြင်းငြင်းပယ်ခြင်းနှင့် လူကြီးဘဝ စိတ်ရောဂါတို့နှင့် ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် သင့်ကလေးက သူမဒေါသကို ဘယ်လိုယဥ်ပါးအောင် လုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ဒီမဟာဗျူဟာငါးခုက သူမကို ဒေါသထိန်းချုပ်မှုစွမ်းရည်ကို သင်ပေးနိုင်ပါတယ်။

၁။ ခံစားချက်နှင့် အပြုအမူတွေကို ခွဲခြားပါ
ဒေါသက ပုံမှန်ကျန်းမာရေး စိတ်လှုပ်ရှားမှုတစ်ခုဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ကလေးတွေက ဒေါသစိတ်နှင့် ရန်လိုသော အပြုအမူတွေအကြား ခြားနားချက်ကို နားလည်ဖို့ ရုန်းကန်နေကြပါတယ်။ သင့်ကလေးကို သူ့ခံစားချက်တွေကို တံဆိပ်ကပ်ဖို့ သင်ပေးပါ။ သို့မှသာ ဒေါသ၊ စိတ်ပျက်စရာနှင့် စိတ်ပျက်ရတဲ့ ခံစားချက်တွေကို နှုတ်နဲ့ ပြောနိုင်ပါလိမ့်မယ်။ သူဒေါသထွက်တဲ့အခါ သူ့လုပ်ရပ်တွေကို ထိန်းချုပ်နိုင်ဖို့သာ ကူညီပေးပါ။
တစ်ခါတရံမှာ ရန်လိုသောအပြုအမူတွေက ဝမ်းနည်းခြင်း (သို့) ရှက်ရွှံ့ခြင်း ကဲ့သို့သော မသက်မသာခံစားမှုအမျိုးမျိုးက ဖြစ်ပေါ်လာတတ်ပါတယ်။ မကြာခဏဆိုသလို အချိန်ကြာလာသည်နှင့်အမျှ ခံစားချက်တွေကို ပြောဆိုပါ။ သင့်ကလေးက သူ့ခံစားချက်တွေကို ပိုမိုနားလည်လာပါလိမ့်မယ်။

၂။ သင့်လျော်တဲ့အမျက်ဒေါသ စီမံခန့်ခွဲမှုကျွမ်းကျင်မှု စံပြထားခြင်း
ဒေါသကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သင့်ကလေးကိုသင်ပေးဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဒေါသထွက်တဲအခါ သင့်စိတ်ခံစားမှုကို ဘယ်လိုကိုင်တွယ်တယ်ဆိုတာ သင်ပြပေးခြင်းဖြစ်ပါတယ်။ သင့်ဒေါသပျောက်နေတာကို သင့်ကလေးတွေတွေ့တဲ့အခါ သူတို့လည်းပဲ အလားတူပြုလုပ်ပါလိမ့်မယ်။ သင့်ခံစားချက်တွေကို နူးညံ့သိမ်မွေ့စွာ ဆက်ဆံတာကို သူမြင်လျှင် သူလည်းပဲ ထိုအရာကို ယူပါလိမ့်မယ်။ သင့်ကလေးကို အရွယ်ရောက်ပြီး ပြဿနာများစွာကနေ ကာကွယ်ဖို့ အရေးကြီးပေမယ့် ဒေါသစိတ်တွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ပြသခြင်းက ပိုကျန်းမာစေပါတယ်။

၃။ ဒေါသစည်းကမ်းတွေကို ချမှတ်ပါ
မိသားစုအများစုက တရားဝင်မဟုတ်တဲ့ မိသားစုစည်းမျဥ်းလေးတွေရှိပါတယ်။ ဘယ်လိုအပြုအမူကို လက်ခံသင့်တယ်ဆိုတာမျိုး။ အချို့သော မိသားစုဝင်တွေက တံခါးတွေကို ဆောင့်ပိတ်ခြင်းနှင့် ခြေသံပြင်းပြင်းလမ်းလျှောက်ခြင်းအပေါ်မှာ လုံးဝသည်းမခံနိုင်တဲ့ မိသားစုဝင်ရှိပါတယ်။ သို့ပေမယ့် တစ်ချို့က ဒီလိုကိစ္စလေးအပေါ်မှာ အရေးမလုပ်တာတွေရှိပါတယ်။ သင့်မျှော်လင့်ချက်တွေကို ဖော်ပြချက်တွေကို အိမ်ထောင်စုစည်းမျဥ်းစည်းကမ်းတွေကို ရေးဆွဲပါ။ ဒေါသစည်းမျဥ်းစည်းကမ်းတွေကို ရေးဆွဲတဲ့နေရာမှာ သူတစ်ပါးကို လေးလေးစားစားဆက်ဆံတာကို အဓိကထားသင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျူးကျော်မှု၊ နာမည်ခေါ်ခြင်းနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများ ဖျက်ဆီးခြင်းစတဲ့ နယ်ပယ်တွေကို ဖြေရှင်းပါ။ သို့မှသာ သူအလွန်အကျွံအသိစိတ်လွတ်နေတဲ့အခါ အရာဝတ္ထုတွေကို ချိုးဖျက်ခြင်း၊ ပစ္စည်းတွေကို စွန့်ပစ်ခြင်း စတာတွေမပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

၄။ ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းတတ်ဖို့ သင်ကြားပါ
ကလေးတွေက သူတို့အမျက်ဒေါသကို ကိုင်တွယ်ဖို့ သင့်လျော်သောနည်းလမ်းတွေကို သိဖို့ လိုအပ်ပါတယ်။ ”မင်းအစ်ကိုကို မထိနဲ့”လို့ ပြောမယ့်အစား သူမစိတ်ပျက်တဲ့အခါ သူမဘာလုပ်နိုင်တယ်ဆိုတာ ရှင်းပြပါ။ နောက်တစ်ခါ သင့်စကားလုံးတွေကို သုံးပါ (သို့) ‘စိတ်ဆိုးတဲ့အခါ သူနဲ့ ဝေးရာကို ထွက်သွားပါ” လို့ပြောပါ။ သင်က ”ရိုက်မယ့်အစား မင်းဘာလုပ်နိုင်မလဲ” လို့ မေးနိုင်ပါတယ်။ သင့်ကလေးအတွက် ကူညီနိုင်မယ့် မဟာဗျူဟာတွေကို စတင်ဖော်ထုတ်နိုင်ဖို့ကူညီပါ။ သူစိတ်ဆိုးတဲ့အခါ သူသုံးနိုင်တဲ့ အေးဆေးတည်ငြိမ်တဲ့ ကိရိယာကို သင်ဖန်တီးပါ။ ရောင်စုံစာအုပ်တွေနှင့် အရောင်များ၊ အနံကောင်းများ (သို့) တည်ငြိမ်အေးချမ်းစေမယ့် တေးဂီတများ စသည့် သူမရဲ့စိတ်ကို အေးအေးဆေးဆေးကူညီနိုင်မယ့် အရာတွေကို သိမ်းဆည်းထားပါ။ သူမရဲ့အာရုံထိတွေ့ခြင်းက သူမရဲ့စိတ်နှင့် ကိုယ်ခန္ဓာကို ငြိမ်သက်စေပါတယ်။

သင့်ကလေးက အေးဆေးတည်ငြိမ်စေဖို့ ကူညီပေးမယ့်အရာအဖြစ် သင့်အချိန်ကို သုံးပါ။ သူမအခက်အခဲတွေ မကြုံတွေ့ရခင်အချိန်မှာ သူမကိုယ်သူမတားနိုင်ကြောင်း သင်ပေးပါ။ အခြေအနေကနေ သူမကို ဖယ်ရှားခြင်း နှင့် သူ့ကိုယ်သူမိနစ်အနည်းငယ်ယူပြီး သူမစိတ်အေးအေးထားနိုင်ဖို့ ကူညီနိုင်ပါတယ်။ ပြဿာနာကို ဖြေရှင်းနိုင်တဲ့စွမ်းရည်တွေကို သင်ပေးပါ။ သိုမှသာ သင့်ကလေးက သူမဟာ ပြဿနာကို ရန်လိုဖို့မလိုဘဲ ဖြေရှင်းနိုင်မယ်ဆိုတာ အသိအမှတ်ပြုနိုင်ပါလိမ့်မယ်။ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ နည်းလမ်းများအကြောင်း ကလေးနားလည်အောင် ရှင်းပြပါ။

၅။ လိုအပ်လျှင်အကျိုးဆက်တွေကို ကမ်းလှမ်းပါ
သင့်ကလေးကို ဒေါသစည်းမျဥ်းတွေကို လိုက်နာခြင်းနှင့် စည်းကမ်းတွေကို ချိုးဖောက်တဲ့အခါ အပျက်သဘောဆောင်တဲ့ အကျိုးဆက်တွေကို ရှင်းပြပေးပြီး အပြုသဘောဆောင်တဲ့ အကျိုးဆက်တွေကို ပေးပါ။ ဆုလာဘ်စနစ် (သို့) စီးပွားစနစ်ကဲ့သို့သော အပြုသဘောဆောင်တဲ့ အကျိုးဆက်တွေက ကလေးငယ်တစ်ဦးကို စိတ်ဆိုးချိန်မှာ သူရဲ့ ဒေါသထိန်းချုပ်နိုင်မှုုစွမ်းရည်တွေကို အသုံးပြုဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။
တကယ်လို သင့်ကလေးက ရန်လိုလာရင် ချက်ချင်းအကျိုးဆက်တွေကို လိုက်နာစေပါ။ ထိရောက်သော အကျိုးဆက်တွေမှာ အချိန်ကုန်ခြင်း၊ အခွင့်ထူးများ ဆုံးရှုံးခြင်း (သို့) အိမ်မှုကိစ္စအပိုများ ပြုလုပ်ခြင်းတွေ ပါဝင်ပါတယ်။
Chit_May_May
Nyein_Thu
ref-verywell