သင့်ကလေးကိုအောင်မြင်ပြီးစမတ်ကျတဲ့သူဖြစ်လာအောင်လုပ်နိုင်မယ့်နည်းလမ်း ၈ ချက်

0
245
- Advertisement -

ပျော်ရွှင်တဲ့မိသားစုဘ၀လေးရဖို့နဲ့အောင်မြင်စမတ်ကျတဲ့ကလေးတွေဖြစ်အောင် မိဘတွေက ဘာတွေလုပ်ပေးသင့်လဲ ဘယ်လိုအုပ်ထိန်းမှုမျိုးက အကောင်းဆုံးလဲဆိုတာ ကို သိပ္ပံနည်းကျအကြံညဏ်တွေကိုပြောပြပေးချင်ပါတယ်။ အခုပြောပြမယ့်အချက်က ဘေဘီလေးတွေကစပြီးဆယ်ကျော်သက်တွေအထိ အသုံး၀င်စေမှာပါနော်။

ဂီတသင်ခန်းစာပေးပါ

ဒါကရိုးရိုးလေးပါနော်။ သုတေသနတွေအရ သီချင်းနားထောင်ခြင်းက ကလေးတွေကို ပိုပြီးစမတ်ကျစေပါတယ်။ အထိန်းချုပ်ခံထားရတဲ့ကလေးတွေအဖွဲ့နဲ့ယှဉ်ပြီးလေ့လာမှုလုပ်တဲ့အခါ ဂီတအဖွဲ့မှာရှိတဲ့ကလေးတွေက IQ ပမာဏာ တော်တော်ပြည့်စုံတိုးပွားလာတယ်လို့ဆိုပါတယ်။

- Advertisement -

ကလေးတွေရဲ့ဦးနှောက်ဟာ ရွှင်လန်းတက်ကြွလာတဲ့အတွက် ပညာရေးမှာလည်း ပိုအောင်မြင်နိုင်ပါတယ်နော်။ ဒါကအသက် ကြီးတဲ့သူတွေအတွက်လည်းကောင်းပါတယ်။ လေ့လာမှုတွေအရဆို ဂီတက အရွယ်တင်အောင်တောင် ကူညီပေးနိုင်ပါတယ်တဲ့။

အားကစားတစ်ခုခုလုပ်ကြည့်ကြပါ

ကလေးတွေကိုစာကြည့်တိုက်ထဲမှာ အချိန်ကုန်ခိုင်းတာထက် အခြားနယ်ပယ်တွေကိုလည်းထိတွေ့ခွင့်ပေးပါ။ အရာအားလုံးမျှတနေမှကောင်းမှာမလား။ “စာ စာ စာ”ပဲ တစာစာနဲ့ မလုပ်ခိုင်းနေပါနဲ့။ ခန္ဓာကိုယ်ကျန်းမာကောင်းမွန်ခြင်းက သင်ယူမှုကို ၂၀ရာ ခိုင်နှုန်းပိုမြန်စေပါတယ်။

အားကစားလေ့ကျင့်ခန်းတစ်ခုခုမလုပ်ခင်နဲ့လုပ်ပြီးနောက်လေ့လာမှုမှာ စကားလုံးပေါင်းများစွာကိုသင်ယူနိုင်တယ်ဆိုပါတယ်။ ၃လကြာ လေ့ကျင့်ခန်း အစီအစဉ်တစ်ခုဟာ မှတ်ညဏ်နဲ့သင်ယူမှုကို ၃၀ရာခိုင်နှုန်းတိုးတက်စေပါတယ်။ ဒီတော့ သင့်နဲ့ သင့်ကလေးအတွက်ဘယ်လေ့ကျင့်ခန်းကအကောင်းဆုံးလဲဆိုတာရွေးချယ်ပီး လုပ်ကြည့်လိုက်တော့နော်။

ကလေးတစ်ယောက်တည်းမဖတ်ခိုင်းနဲ့၊ ကလေးနဲ့အတူဖတ်ပေးပါ။

သင့်ကလေးကစာနည်းနည်း ဖတ်တတ်ဖို့ သင်ယူနေပီလား။ သင်စာတွေဖတ်ပြနေတဲ့အချိန်မှာ စာအုပ်ထဲကရုပ်ပုံတွေကိုကြည့် ခွင့်မပေးပါနဲ့။ စကားလုံးများကိုအာရုံစိုက်ဖို့ သင်ရင်းဖတ်ရင်း ပုံစံနဲ့သွားပါ။ ဒါကသူတို့ကို စာဖတ်ခြင်းစွမ်းရည်တိုးတက်စေဖို့ကူညီပေးပါလိမ့်မယ်။

အချိန်များစွာမအိပ်ခြင်းကိုရှောင်ပါ

Sleep Deprivationလို့ခေါ်တဲ့ အချိန်များစွာမအိပ်စက်ခြင်းဟာခြောက်တန်းကျောင်းသူလေးရဲ့ဦးနှောက်ကိုလေးတန်းကျောင်း သူဦးနှောက်အဆင့်လောက်ပြောင်းလဲစေနိုင်ပါတယ်နော်..တစ်နာရီအိပ်စက်ခြင်းကိုဆုံးရှုံးရတာဟာ နှစ်နှစ်စာသိမြင်မှုနဲ့ရင့်ကျက်ဖွံဖြိုးတိုးတက်မှုကိုဆုံးရှုံးသွားရတာနဲ့ညီမျှတယ်လို့လေ့လာမှုတွေကဆိုပါတယ်။

ဒီတော့ကလေးတွေရော လူလတ်ပိုင်းတွေရော အောင်မြင်မှုပိုရချင်ရင်ကောင်းမွန်တဲ့အိပ်စက်ချိန် အနဲဆုံး ၈နာရီရှိဖို့တော့လိုအပ်ပါတယ်နော်။

တက်တက်ကြွကြွလေ့လာသင်ယူတတ်ဖို့လေ့ကျင့်ပေးပါ

ဦးနှောက်ကိုကစားခိုင်းတဲ့ဂိမ်းတွေကတစ်ကယ်တေ့ာအလုပ်မဖြစ်ဘူးလို့သုတေသနတွေကဆိုပါတယ်။ အဲ့ဒီကစားနည်းတွေက ၁၇လကနေ၂နှစ်သား ကလေးကို ထုံထိုင်းအောင်တောင်လုပ်နိုင်ပါတယ်။

ကလေးကငယ်တွေနဲ့ပက်သက်တဲ့ တီဗီအစီအစဉ်တွေ ကိုကြည့်တဲ့ကလေးတွေက တစ်နာရီတိုင်း တစ်နာရီတိုင်းမှာ မကြည့်တဲ့ကလေးတွေဖထက် စကားလုံး၀ေါဟာရ ၈လုံးထိနာလည်တတ်မြောက်စေပါတယ်။ ကလေးတွေကိုစာဖတ်ရုံသာမဟုတ်ပဲ တက်ကြွစွာစူးစမ်းတတ်အောင်လုပ်ပေးပါ။

တစ်ကယ်လို့ သင်က စာတစ်ပိုဒ်ကို ပြန်ပြောပြလောက်အောင်မှတ်မိနေစေချင်ရင် ၃၀ရာခိုင်နှုန်းလောက်က ဒီစာပိုဒ်ကိုဖတ်ပီး ၇၀ရာခိုင်နှုန်းက သင်ဖတ်ထားတာရဲ့ အသိပညာအပေါ် သင်ကိုယ်တိုင် စစ်ဆေးခြင်းက ပိုကောင်းမွန်ထိရောက်တယ်လို့ဆိုပါတယ်။

ဒါကြောင့် ကျောင်းမှာအောင်မြင်တဲ့ကလေးတစ်ယောက်ဖြစ်အောင် သူ့ကိုအလွတ်ကျက်တာမျိုးမလုပ်စေပဲ စူးစမ်းလေ့လာတတ်ဖို့ သူ့ဦးနှောက်ကိုစဉ်းစားတတ်အောင် သင်ကြားပေးပါ။ အားကစားပိုင်းတွေမှာလည်း တက်ကြွစွာ သင်ယူနိုင်ကြပါစေနော်..

ကလေးတွေကိုကောင်းကောင်းကျွေးပါ

ကောင်းကောင်းဆိုတာက စျေးကြီးတာတွေကိုပြောတာမဟုတ်ပါဘူးနော်။ ကျန်းမာတဲ့အစားအစာတွေကိုကျွေးမွေးဖို့ပါ။ သုတေ သနတွေအရ အစားအစာကြောင့် ကလေးတွေရဲ့စွမ်းဆောင်ရည်တွေကွာခြားသွားကြတယ်လို့ဆိုပါတယ်။

ဒါကြောင့်လူတွေရဲ့ ကျန်းမာရေးနဲ့ ဦးနှောက်ကို မြှင့်တင်ပေးနိုင်စေတဲ့အစားအစာတွေကိုစားတာပိုကောင်းပါတယ်။ သကြားနဲ့ကဖင်းဓါတ်တွေက ဦးနှောက်မြင့်တင်တဲ့အစားအစာတွေပဲဖြစ်ပါတယ်။ကဖိန်းဓါတ်နဲ့ဂလူးကို့စ်ဟာအာရုံစူးစိုက်မှုစနစ်ရဲ့စွမ်းဆောင်ရည်၊ သိမြင်နိုင်နိုင်မှုစွမ်းရည်နဲ့တီထွင်ဖန်တီးနိုင်မှုကို တိုးမြင့်စေနိုင်ပါတယ်။

ပျော်ရွှင်တဲ့ကလေးတွေကအောင်မြင်ကြတယ်

ပျ်ောရွှင်တဲ့ကလေးတွေက အသက်ကြီးလာတဲ့အခါမှာလည်း အောင်မြင်မှုတွေကို ပိုရအောင်ယူနိုင်ကြပါတယ်။ ပျော်ရွှင်တဲ့က လေးတွေဖြစ်အောင်ဖန်တီးဖို့ ပထမဆုံးလိုအပ်ချက်ကတော့ ပျော်ရွှင်တဲ့မိဘဖြစ်ဖို့ပါပဲ။ ဘ၀ကတိုပါတယ်.ပျော်ရွှင်အောင်နေ ထိုင်ကြပါနော်။

သူတို့ကိုယုံကြည်ပါ

သင့်ကလေးကိုယုံကြည်ပေးခြင်းဟာ စမတ်ကျတာထက်ပိုတဲ့အောင်မြင်မှုတွေကို ဖြစ်ထွန်းစေမှာပါ။ ယုံကြည်မှုဟာ IQ စွမ်းအားတွေကို ပိုကောင်းလာစေပြီး စိတ်ဖိစီမှုတွေကို လျော့ချနိုင်တဲ့အတွက် ကျောင်းစာတွေ အလုပ်တွေကို သူများတွေထက်ကောင်းအောင် တော်အောင်လုပ်နိုင်မှာပါ။ ကဲ ဒီလောက်ဆိုရင် သင့်ကလေးကို စမတ်ကျတဲ့ အောင်မြင်တဲ့ကလေးတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်သိသွားလောက်ပါပြီနော်။

#Chit_May_May

#MG_Htet

REF_time.com

LEAVE A REPLY

Please enter your comment!
Please enter your name here