မိဘများက မိမိတို့ရဲ့ ကလေးတွေအတွက်အကောင်းဆုံးကို လိုလားကြပြီးနေ့စဥ်ဘ၀မှာ သူတို့အတွက် ဆုံးဖြတ်ချက်တွေချတတ်ကြပါတယ်။ ဒါပေမယ့် သူတို့ကိုယ်သူတို့ စဥ်းစားဖို့ အခွင့်အရေးမပေးဘူးဆိုရင်လည်း သူတို့ရဲ့ ပုံရိပ်ကို ထင်ဟပ်နိုင်စွမ်းကို ဖျက်ဆီးပစ်ပါလိမ့်မယ်။
သင့်အနေနဲ့ သင့်ကလေးရဲ့ ပြဿနာကို ဖြေရှင်းချင်တာက ပုံမှန်အခြေအနေဖြစ်ပြီး သင့်ကလေးအား ကာကွယ်စောင့်ရှောက်ခြင်းနှင့်ချစ်မြတ်နိုးခြင်းကို ခံစားရစေဖို့ အမှန်တကယ်ကူညီပေးပါတယ်။ အကယ်၍များ သင့်အနေနဲ့ ဒါကို အလွဲသုံးစားလုပ်မယ်ဆိုရင် သူတို့ကိုကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချခွင့်မပေးဘူးဆိုရင် ဘ၀ထောင်ချောက်ထဲ တွန်းချနေသလိုပါပဲ။ အဲ့ဒီ့အတွက် ဒီကနေ့မှာ သင့်ကလေးတွေကို စဥ်းစားတွေးခေါ်တတ်စေဖို့ သင်ပေးရမယ့်နည်းလမ်းတွေကို မျှ၀ေချင်ပါတယ်။

စိတ်ပညာရှင် Sal Severeက မိဘတစ်ဦးရဲ့ ရည်မှန်းချက်က သူတို့ရဲ့ ကလေး အရွယ်မရောက်ခင်မှာ သင်ပေးသင့်တယ်လို့ဆိုပါတယ်။ ကလေးများဟာ မြီးကောင်ပေါက်အရွယ်ရောက်လာတဲ့အခါ ပေါ်ပေါက်လာမယ့် ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ အနည်းဆုံးသိထားသင့်ပါတယ်။
လူမှုရေးအရည်အချင်း
ကျွန်မတို့ကိုယ်တိုင်ကြုံတွေ့ရသော ပြဿနာအများစုဟာ အကြောင်းပြချက်နည်းပါးခြင်းနှင့်အတူ စိတ်မရှည်သော ဆုံးဖြတ်ချက်များကြောင့်ဖြစ်ပါတယ်။ ဆယ်ကျော်သက်များဟာ သူတို့ရဲ့ လုပ်ဆောင်မှုများကို ချိန်ဆဖို့နှင့် အကျိုးဆက်တွေကို တိုင်းတာသင်ယူမှုမရှိတာကြောင့် မူးယစ်ဆေး၀ါးသုံးစွဲခြင်းကဲ့သို့သော ပြဿနာတစ်ချို့ပေါ်ပေါက်လာတာဖြစ်ပါတယ်။

အမှန်တကယ်မှာတော့ ကျွန်မတို့ရဲ့ ကလေးတွေကို မှန်ကန်စွာကျိုးကြောင်းဆင်ခြင်နိုင်ဖို့ တိုက်တွန်းတဲ့အခါ ကျွန်မတို့က သူတို့ရဲ့ လူမှုရေးအရည်အချင်းတွေကို တိုးတက်အောင်ပြုလုပ်နေခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သင့်ကလေးတွေကို စဥ်းစားဖို့ သင်ကြားပေးခြင်းက ဘ၀အခြေအနေနှင့် ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်ကြောင်း သိရှိဖို့ ကူညီပေးနေခြင်းဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ၎င်းတို့က လေ့လာဖို့ ပိုမိုလွယ်ကူလာပြီး လူမှုရေးအရ ပိုမိုကျွမ်းကျင်မှု ရှိလာပါလိမ့်မယ်။

ဒါ့ကြောင့် ကျွန်မတို့ရဲ့ ကလေးတွေကို ဘယ်လိုစဥ်းစားရမယ်ဆိုတာ သင်ကြားဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ဒါပေမယ့်လည်း သူတို့ကိုယ်တိုင်အတွက် စဥ်းစားဖို့ ဘယ်လိုအားပေးရမလဲ။
ရောင်ပြန်၀န်းကျင်ကို ဖန်တီးခြင်း
သင့်ကလေးတွေကို ကွဲပြားခြားနားသော ပြဿနာတွေ၊ ထင်မြင်ချက်တွေကိုလက်ခံနိုင်ဖို့ သင်ပေးပါ။ သင့်ကလေးက ဆုံးဖြတ်ချက်များချဖို့၊ မေးခွန်းများနှင့်အမှားပြုလုပ်ဖို့ ခွင့်ပြုပါ။ မိဘတွေဟာ သူတို့ရဲ့နေ့စဥ်ဘ၀တစ်သက်တာမှာ ကလေးတွေကို ကူညီဖို့ တာ၀န်ရှိတာ သေချာပါတယ်။ မိဘတွေအနေနဲ့ သားသမီးများရဲ့ ဆုံးဖြတ်ချက်ချခြင်းတွေမှာ ပါ၀င်ရပါမယ်။ Sal Severက ထောက်ပြတာက မေးခွန်းများက ကလေးတစ်ဦးကို သူတို့ဆုံးဖြတ်ရမယ့် ဆုံးဖြတ်ချက်ကိုစဥ်းစားတဲ့အခါ ကူညီဖို့ အထိရောက်ဆုံးကိရိယာတစ်ခုဖြစ်ပါတယ်။

ဖြေရှင်းခြင်း
သင့်ကလေးကို ”ဒီနေ့ဘာလုပ်ခဲ့သလဲ””မင်းဘာလုပ်လို့ရသလဲ””နောက်တစ်ခါဆို မင်းဘယ်လိုလုပ်မလဲ”စတဲ့မေးခွန်းတွေကို မေးပါ။ ဒီမေးခွန်းမျိုးက သူတို့ကို ရောင်ပြန်ကူညီပါလိမ့်မယ်။ သူတို့ကို ဒီအလေ့အကျင့်လေးလုပ်ပေးမယ်ဆိုရင် နောက်တဖြည်းဖြည်းစဥ်းစားတွေးခေါ်တဲ့အခါ ပိုလွယ်ကူလာပါလိမ့်မယ်။ တစ်ဆက်တည်း သူတို့ရဲ့နေ့စဥ်ဘ၀မှာ လွယ်ကူအောင် ဆုံးဖြတ်ချက်တွေပါ ချခိုင်းပါ။
ကျွန်မတို့ဟာ ကလေးဘ၀ကတည်းက အရေးကြီးသော အတွေးအခေါ်တွေကို အားပေးမယ်ဆိုရင် အပြိုင်အဆိုင်များတဲ့ ဒီနေ့ခေတ်ကမ္ဘာမှာ ကလေးများ ပိုပြီးတော့ လူမှုရေးအရအရည်အချင်းပြည့်မှီလာစေဖို့ ကူညီပေးပါလိမ့်မယ်။
Chit_May_May
Nyein_Thu
sources-Youaremom