သင့်ကလေးကို တစ်ယောက်တည်းအိပ်တတ်အောင် ဘယ်လိုလေ့ကျင့်ပေးမလဲ

0
7937
- Advertisement -

ကလေးလေးတစ်ယောက်အတွက် အိပ်ဖို့ကြိုးစားရတာဟာ ကစားပြီးပင်ပန်းနေချိန်မှာတော့ လွယ်ကူပါတယ်။ ဒီလိုမဟုတ်ရင်တော့ ခက်ခဲပါလိမ့်မယ်။ နောက်တစ်ခု ထပ်ရှိနိုင်တာက တစ်ယောက်တည်းအိပ်ဖို့ ငြင်းဆန်နေပြီး ငယ်ငယ်ကတည်းက တစ်ယောက်တည်း အိပ်ပျော်ခြင်းအလေ့အကျင့်ကို သင်ကြိုးစားလုပ်ဆောင်ပေးခြင်းမရှိဘူးဆိုရင် သူကြီးပြင်းလာတဲ့အခါ သူ့ရဲ့ခေါင်းမာခြင်းနှင့် ဝုန်းဒိုင်းကြဲမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြင်ဆင်ရပါလိမ့်မယ်။ ဒါ့ကြောင့် ဒီကနေ့မှာ ကလေးလေးတွေကို တစ်ယောက်တည်းအိပ်တတ်အောင် ငယ်စဥ်ကတည်းကဘယ်လိုလေ့ကျင့်ပေးမလဲဆိုတာ မျှဝေပေးပါ့မယ်။

၁။ ဖြည်းဖြည်းချင်း စတင်ပါ

သင့်ကလေးကို ရုတ်တရက်အိပ်ပျော်အောင် မလုပ်ပါနဲ့။ နှေးကွေးဖြည်းညင်းစွာ စတင်ပါ။ တစ်ပတ်လျှင် တစ်ရက်နှစ်ရက်လောက် တစ်ဦးတည်းအိပ်စေပါ။ ပြီးရင် သူ့ရဲ့ တုံ့ပြန်မှုကို သတိထားကြည့်ပါ။ သူတစ်ယောက်တည်း အိပ်တဲ့အလေ့အထဖြစ်လာတာနဲ့ အမျှ သင်က နောက်ဆုံးမှာ နေ့ရက်တွေကို တိုးလို့ရပါတယ်။ မကြာခင်သူ့အိပ်ရာခင်းကို သူကိုယ်တိုင်သဘောကျပြီးတော့ တစ်ယောက်တည်းအိပ်ရတာကို နှစ်သက်လာပါလိမ့်မယ်။

- Advertisement -

၂။ ရိုးရာဓလေ့တစ်ခု ပြုလုပ်ပေးပါ

အိပ်ပျော်နေတဲ့အခါမှာ ကလေးတွေက ယေဘုယျအားဖြင့် ပြဿနာတစ်ခုနှင့် ရင်ဆိုင်ကြရတယ်။ မိဘတစ်ဦးဦးရှိနေခြင်းက သူတို့တစ်ယောက်တည်းရှိနေတာထက် လျင်မြင်စွာ အိပ်ပျော်စေပါတယ်။ ဒါ့ကြောင့် ကလေးမအိပ်ခင်မှာ မိဘတွေအနေနဲ့ လိုက်နာရဖို့လိုအပ်တဲ့ ထုံးတမ်းစဥ်လာတွေကို ကြိုးစားကြည့်ပါ။ ဥပမာ- သွားတိုက်ခြင်း၊ ညဝတ်အင်္ကျီဘောင်းဘီပြောင်းဝတ်စေခြင်း၊ မီးမှိန်ခြင်း၊ မင်္ဂလာညချမ်းဆုတောင်းခြင်း၊ ပုံပြင်တစ်ပုဒ်ဖတ်ပေးခြင်း စတဲ့ကိစ္စမျိုးတွေကို ဆိုလိုပါတယ်။ သိပ်မကြာခင်မှာပဲ သူက ဒီအလေ့အထကို ပုံမှန်လေ့ကျင့်လာပြီးတော့ တစ်ယောက်တည်း အိပ်တတ်လာပါလိမ့်မယ်။

၃။ သင်ရှိနေကြောင်း တစ်ခုခုနဲ့ပြပါ

သင့်ကလေးက သင်နဲ့ အလွန်ရင်းနှီးတယ်ဆိုရင် လျစ်လျူမရှုပါနှင့်။ အချို့သော ကလေးတွေက မိဘတွေကို အသံဖြင့်လည်းကောင်း၊ သင့်ရှပ်အင်္ကျီ (သို့) စောင်ဖြင့်လည်းကောင်း တစ်ခုခုကြောင့် သင့်ရှိနေတယ်လို့ခံစားရတဲ့အခါ
လုံခြုံတယ်လို့ ခံစားရလေ့ရှိပါတယ်။ သင့်စောင် (သို့) ခေါင်းအုံးတွေကို လဲလှယ်ခြင်း (သို့) သူအိပ်နေစဥ်အတွင်း သင့်ကလေးတွေကို သင့်ဆွယ်တာဟောင်းတွေကိုလည်း ပေးထားနိုင်ပါတယ်။

၄။ ကြံ့ခိုင်ပါ

သင့်ကလေးက နောက်ဆုံးမှာ တစ်ယောက်တည်း အိပ်ဖို့သင်ယူနေတယ်လို့ သင်ခံစားရတဲ့အခါ (သို့) သူက သင့်အခန်းထဲမှာ ငိုတဲ့အခါ၊ အခန်းထဲမှာ အတူအိပ်ဖို့တောင်းဆိုတဲ့အခါ ကြံ့ခိုင်ပါ။ နူးညံ့သိမ်မွေ့ပါ။ သူ့အခန်းကို ပြန်ပို့ပါ။ အမြဲတမ်းအတူအိပ်ဖို့မဖြစ်နိုင်ပါ။ လိုအပ်တဲ့အခါ သူအိပ်ပျော်တဲ့အထိ သူ့အခန်းရဲ့ တံခါးဝနားမတ်တပ်ရပ်နေပါ။

၅။ အားပေးပါ၊ ချီးမွမ်းပါ

သင့်ကလေးက အောင်မြင်စွာ အိပ်ပျော်သွားတဲ့အခါ နောက်နေ့မနက်မှာ ဂုဏ်ယူကြောင်းသူ့ကို ချီးမွမ်းပါ။ လက်ဆောင်တစ်ခုခုပေးမယ်ဆိုရင် ပေးပါ။ ၎င်းက အလေ့အကျင့်တစ်ခုဖြစ်လာတဲ့အထိ ထပ်မံလုပ်ဆောင်ဖို့ မက်လုံးပေးနိုင်ပါတယ်။ ရဲရင့်တယ်၊ အကြောက်တလန့်မရှိဘူး စတာမျိုးတွေ ထည့်ပြောပါ။ သူကိုယ်တိုင်ဂုဏ်ယူပြီး တစ်ယောက်တည်းအိပ်ပါလိမ့်မယ်။

၆။ အာရုံကို ဝေဝေးထားပါ

အီလက်ထရောနစ်ပစ္စည်းတွေရှိနေခြင်းက အိပ်ပျော်ခြင်းကို ခက်ခဲစေပါတယ်။ ဂိမ်းကစားခြင်း (သို့) ရုပ်မြင်သံကြားကြည့်ခြင်းတွေအတွက် အချိန်တစ်ခုသတ်မှတ်ထားပါ။ သင့်ကလေးအိပ်ခန်းထဲကို မည်သည့်ကိရိယာနှင့် အီလက်ထရောနစ်ပစ္စည်းကိုမဆို မထည့်သွင်းပါနှင့်။

၇။ အိပ်စက်ခြင်းကို ခြိမ်းခြောက်ခြင်းအဖြစ် အသုံးမပြုပါနှင့်

တစ်ချို့မိဘတွေဟာ ကလေးတွေ အမှားတစ်ခုခုလုပ်မိတဲ့အခါ အပြစ်ပေးတဲ့နည်းလမ်းအဖြစ် အသုံးပြုကြတယ်။ ၎င်းက အိပ်စက်ခြင်းသဘောနှင့် အဆက်အသွယ်ပြတ်တောက်သွားတတ်ပြီးတော့ အိပ်မပျော်ခြင်းကဲ့သို့သော ပြဿနာတွေကို ငယ်ရွယ်စဥ်ကတည်းက ကြုံတွေ့ခံစားလာရနိုင်ပါတယ်။

၈။ အခန်းတစ်ခန်းတည်း ခွဲသိပ်ပါ

အမူအရာတွေက အရမ်းခက်ခဲလွန်းနေမယ်ဆိုရင် တစ်ခန်းတည်း အိပ်ရာခင်း၊ ကုတင်ခွဲပြီး သီးခြားစီ ခွဲအိပ်စေနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာခွဲခြားခြင်းက ပထမအတားအဆီးကို ချိုးဖျက်နိုင်ပြီးတော့ နောက်ပိုင်းမှာ အရာရာပိုမိုလွယ်ကူစေပါတယ်။

Chit_May_May

Nyein_Thu

Ref-parenting.firstcry

LEAVE A REPLY

Please enter your comment!
Please enter your name here