
သင့်လက်ထဲမှာ ငွေကြေးပြတ်နေချိန် သင့်ကလေးက တစ်ခုခုတောင်းဆိုလာတယ်။ ဒါမှမဟုတ် သူစိမ်းတစ်ယောက်ယောက်ကို ရိုင်းစိုင်းတဲ့အပြုအမူတွေလုပ်တယ်ဆိုရင် သင့်ကို အရှက်ကွဲစေခြင်း၊ စိတ်ရှုပ်ထွေးခြင်းတွေဖြစ်စေနိုင်ပါတယ်။ ကလေးတွေဟာ အရာရာတိုင်းကိုတော့ အလေးအနက်ထားမှာမဟုတ်ပါဘူး။ ကျွန်မတို့ဟာ ကျွန်မတို့ကလေးတွေကို သူတို့ကြီးပြင်းလာတဲ့အခါ သူတို့ရဲ့ အမူအကျင့်ဆိုးတွေဟာ ပြောင်းလဲလာလိမ့်မယ်လို့ ကျွန်မတို့ယုံကြည်ကြတယ်။ သို့ပေမယ့် ကလေးရဲ့ ရိုင်းစိုင်းတဲ့အပြုအမူဟာ သူတို့ရဲ့ အကျင့်စရိုက်တွေနဲ့ ပတ်သက်ပြီး ပထမဦးဆုံးအချက်ပေးခေါင်းလောင်းဖြစ်တယ်ဆိုတာ သတိရပါ။ အခုမျှဝေပေးမယ့် အချက်အလက်တစ်ချို့ကို သင့်ကလေးမှာ တွေ့ရတယ်ဆိုရင် သင့်ကလေးကို သင်ဘယ်လိုဆုံးမနေတယ်ဆိုတာ ပြန်လည်ဆန်းစစ်ဖို့ အချိန်တန်ပါပြီ။

၁။ တစ်ခြားလူတွေကို Blame ခြင်း
တကယ်လို့ သင့်ကလေးဟာ ၎င်းတို့ရဲ့လုပ်ရပ်တွေအတွက် တာဝန်မယူချင်ဘူး (သို့) မတတ်နိုင်ဘူးဆိုရင် အခြားသူတွေကို အပြစ်တင်ဖို့ ကြိုးစားပါလိမ့်မယ်။ ကလေးတွေကို ဆူပူရိုက်နှက်ခြင်းနှင့် သူတို့ရဲ့ မကောင်းတဲ့အပြုအမူတွေအားလုံးကို ဝန်ခံဖို့ တောင်းဆိုမယ့်အစား သူတို့ရဲ့တာဝန်တွေအကြောင်း သင်ကြားထားသင့်ပါတယ်။ သင့်ကလေးကို ရိုးရှင်းတဲ့အိမ်မှုကိစ္စတွေကို တာဝန်ပေးခြင်း (သို့) တာဝန်ရှိတယ်လို့ ပြောပြခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ တစ်ချို့ကျွမ်းကျင်သူတွေက ဆိုင်းဘုတ်ထောင်ထားခြင်း၊ မှတ်စုတစ်ခုလုပ်ထားခြင်းတွေ ပြုလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဥပမာ – ” သားရေ…။ ဒါဟာ သတိပေးချက်တစ်ခုပါ။ ရုပ်ရှင်မကြည့်ခင် သားအဝတ်အစားတွေကို ဗီရိုထဲမှာချိတ်ထားပါ။ ပန်းကန်တွေကို ဆေးကျောပြီးမှ ခွေးကျွေးပါ။ ကျေးဇူးတင်ပါတယ်။ သားရဲ့ မေမေ”
ကလေးတွေဟာ အများအားဖြင့် အလွန်စပ်စုတတ်ကြပါတယ်။ သင့်ကလေးဟာ သင့်ရဲ့ မှတ်စုကို ဖတ်ပြီး အလုပ်တွေကို ပြီးမြောက်စေနိုင်ရုံသာမက မှတ်တမ်းလေးတစ်ခုပါ ချန်ရစ်ထားခဲ့ပါလိမ့်မယ်။

၂။ အပြစ်ရှိတယ်လို့ မခံစားရခြင်း
အပြစ်ရှိတယ်လို့ ခံစားရမှုမရှိခြင်းက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ မကြာခဏဆိုသလို သင့်ကလေးဟာ သူတို့မကောင်းတာတစ်ခုခုလုပ်ခဲ့တယ်ဆိုတာသိရင်တောင် ဝန်ခံဖို့ငြင်းဆိုနိုင်ပါတယ်။ ပြီးတော့ သူတို့ရဲ့ ပါဝင်ပတ်သက်မှုကိုလည်း ငြင်းနိုင်ပါတယ်။ တစ်ချို့တွေကတော့ တကယ်အပြစ်မရှိပါဘူး။ အမှားတစ်ခုခုလုပ်မိမှန်း သူတို့မသိတဲ့အတွက် အပြစ်ရှိတယ်လို့ မခံစားရဘူး။ တရားမျှတမှုအတွက် အမြဲတမ်းအပြစ်ရှိတယ်လို့ခံစားရတဲ့ ကလေးတွေရှိနေတာလည်း သတိပြုသင့်ပါတယ်။
သင့်ကလေးရဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို အာရုံစိုက်ပါ။ ကလေးတစ်ယောက်ဟာ အပြစ်ရှိတယ်မခံစားရဘူးဆိုရင် သူတို့အမှားတစ်ခုခုလုပ်မိရင် တစ်ခုခုဆုံးရှုံးသင့်ပါတယ်။ သင့်ရဲ့ တာဝန်က သူတို့ကို အမှားအမှန်၊ ကောင်းခြင်းနှင့် ဆိုးခြင်းအကြား ခြားနားချက်တွေကို သင်ပေးဖို့ဖြစ်ပါတယ်။ သူတို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုအတွက် တာဝန်ယူရတယ်ဆိုတာ သူတို့နားလည်ဖို့ သင်ကူညီသင့်ပါတယ်။

၃။ ကြင်နာမှုနဲ့ စာနာမှုကင်းမဲ့ခြင်း
လူသားတွေဖြစ်တဲ့ကျွန်မတို့ဟာ ကြင်နာမှုနှင့် စာနာမှုတွေကို ပြသဖို့လိုပါတယ်။ ဒါ့ကြောင့် ကျွန်မတို့အတူတူ ပူးပေါင်းပြီး လိုအပ်နေသူတွေကို ကူညီဖို့ အရမ်းအရေးကြီးပါတယ်။ သင့်ကလေးကို အခြားသူတွေအပေါ်မှာ အကျိုးဆောင်တတ်ဖို့ သင်ပေးပါ။ သူတို့ကို ရပ်ကွက်အတွင်းအိမ်နီးနားချင်းတွေကို တတ်နိုင်သလောက်ကူညီတတ်ဖို့ သင်ပေးပါ။ အများပြည်သူသုံးဧရိယာတွေ၊ ပန်းခြံတွေနှင့် ဥယျာဥ်တွေရဲ့ သန့်ရှင်းရေးလုပ်ငန်းတွေမှာ တစ်နိုင်တစ်ပိုင်ပါဝင်စေပါ။ သင့်ကလေးကို အငြိမ်းစားယူထားတဲ့ အဘိုးအဘွားတွေဆီအလည်သွားစေခြင်း၊ မွေးချင်းတစ်ဦးရဲ့ အခန်းနဲ့ ပန်းကန်တွေကို ဆေးကြောစေခြင်းများ ပြုလုပ်စေပါ။

၄။ ဘယ်သူ့ကိုမှ ဂရုမစိုက်ခြင်း
သင့်ကလေးဟာ အခြားသူတွေ၊ အထူးသဖြင့် မိသားဝင်တွေကိုလည်း ဂရုမစိုက်ဘူးဆိုရင် သူ့မှာ ပြဿနာတစ်ခုခုရှိနေပါပြီ။ ဒါဟာ တစ်ကိုယ်ကောင်းဆန်ခြင်းရဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။ တစ်ခြားကလေးတွေဟာလည်း သူတို့လိုပဲ အရေးကြီးတယ်ဆိုတာ လေ့လာဖို့လိုပါတယ်။ အရေးကြီးတာက သင်ကိုယ်တိုင်က ကလေးကို ကောင်းကောင်းမွန်မွန်ကြင်ကြင်နာနာဆက်ဆံသင့်ပါတယ်။ သို့မှသာ သင့်ဟာ ကိုယ်တိုင်ဥပမာဖြစ်လာပါလိမ့်မယ်။ သင်ကိုယ်တိုင်အပြုအမူတွေနဲ့ လူတွေကို အာရုံစိုက်ဖို့နှင့် ဂရုစိုက်ဖို့ အရေးကြီးကြောင်းပြသဖို့ ကြိုးစားပါ။ တစ်ခါတလေမှာ တစ်ခြားလူတွေဆီကလည်း အကူအညီတွေတောင်းဖို့လိုအပ်ကြောင်း ပြောပြပါ။

၅။ ရပိုင်ခွင့်၊ ခံစားခွင့်တောင်းခံလွန်းခြင်း
ရပိုင်ခွင့်တွေတောင်းခံတတ်တာက ချစ်ခြင်းမေတ္တာပြည့်ဝလွန်းတဲ့ မိသားစုမှာ ကြီးပြင်းလာသူတွေအတွက် ရုန်းကန်ရခြင်းပါပဲ။ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို အလွန်ဂရုစိုက်တာကြောင့် ကလေးတွေရဲ့ လိုအပ်ချက်တွေနဲ့ လိုအင်ဆန္ဒတွေအားလုံးကို ဖြည့်ဆည်းပေးကြပါတယ်။ တကယ်လို့ကလေးတစ်ဦးဟာ အမြဲတမ်းရရှိဖို့အတွက်ပဲ မျှော်လင့်နေတတ်ပြီး ကျေးဇူးတင်ဖို့ မေ့နေမယ်ဆိုရင်တောင့် သင့်ကလေးကို ပြုပြင်ပေးသင့်ပါပြီ။
သင့်ကလေးကို လူတွေရဲ့ ကောင်းမွန်တဲ့လုပ်ဆောင်မှုတွေအတွက် ကျေးဇူးတင်တတ်ဖို့ သင်ပေးပါ။ ကျေးဇူးတင်ကြောင်းဖော်ပြဖို့၊ ကျေးဇူးတင်စကားရေးသားဖို့ သူတို့ကိုပြောပါ။ ဒီပြဿနာဟာ ငွေကြေးချို့တဲ့သူတွေမှာ သိပ်မတွေ့ရပါဘူး။ သင့်ကလေးတွေကို ပိုပြီး စာနာတတ်ဖို့၊ ဂရုစိုက်တတ်ဖို့၊ တစ်ခြားလူတွေရဲ့ အကျိုးဆောင်တတ်ဖို့ သင်ပေးပါ။
Chit_May_May
Nyein_Thu
Ref-fabiosa