Home Parenting Parent Guide သင့်ကလေးကို ပျော်ရွှင်ခြင်းအနုပညာအကြောင်း သင်ပေးခြင်း

သင့်ကလေးကို ပျော်ရွှင်ခြင်းအနုပညာအကြောင်း သင်ပေးခြင်း

0
6

မိဘတိုင်းအတွက် ပျော်ရွှင်သောကလေးတစ်ယောက်ကို ပျိုးထောင်နိုင်ခြင်းဆိုတာ မိဘအုပ်ထိန်းမှုရဲ့ အောင်မြင်သော ရလဒ်တစ်ခုဖြစ်ပါတယ်။ ပျော်ရွှင်မှုဆိုတာကလည်း လိုချင်တဲ့အရာတွေကို ရလိုက်သော ခဏတာအခိုက်အတန့်တွေဖြစ်ပါတယ်။ ရေရှည်တည်တံ့သော ပျော်ရွှင်မှုဆိုတာ တကယ်ရှုတ်ထွေးနိုင်ပြီး အကျိုးကျေးဇူးများတာလည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ ပြုစုပျိုးထောင်နည်းနဲ့ ကလေးတွေကို ပျော်ရွှင်သော လူကြီးတွေဖြစ်လာစေဖို့ ပျိုးထောင်နိုင်ပါတယ်။

ပျော်ရွှင်မှုဆိုတာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးရဲ့ ရလဒ်တစ်ခုဖြစ်ပြီး ရေရှည်ပျော်ရွှင်မှုဆိုတာ အမူအကျင့်တွေအပေါ်မှာ မူတည်ပါတယ်။ ကလေးတစ်ယောက်ကို ပျော်ရွှင်သော လူကြီးတစ်ယောက်ဖြစ်လာစေဖို့ အတတ်နိုင်ဆုံးဘယ်လိုပျိုးထောင်ပေးမလဲ?

၁။ သင့်ကလေးကို ပျော်ရွှင်စေနိုင်သော အပြုသဘောစိတ်ပိုင်းဆိုင်ရာ အလေ့အကျင့်တွေကို သင်ကြားပေးပါ

မိမိရဲ့ စိတ်ခံစားချက်တွေကို စီမံခန့်ခွဲခြင်း၊ အပြုသဘောဆောင်သော မိမိကိုယ်မိမိပြောဆိုခြင်း၊ အကောင်းမြင်ဝါဒကို မွေးမြူခြင်း၊ ဘဝကို တိုက်ပွဲဝင်ခြင်း၊ ကျေးဇူးသိတတ်ခြင်းကို လေ့ကျင့်ခြင်း၊ အချင်းချင်းဆက်သွယ်မှုနှင့် စကြာဝဠာတစ်ခုလုံးကို တန်ဖိုးထားလေးမြတ်ခြင်းက ကျွန်မတို့လူသားတွေကို ပိုပျော်ရွှင်စေသော အလေ့အထတွေဖြစ်ပါတယ်။ ဒါတွေကို မိသားစုဘဝထဲမှာ အတူတူတည်ဆောက်ပြီး နမူနာပြပေးသင့်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီအရာတွေ ကလေးတွေရဲ့ အမူအကျင့်တွေဖြစ်လာပါလိမ့်မယ်။

၂။ ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲခြင်းကို သင်ပေးပါ

ပုံမှန်လေ့ကျင့်ခန်း၊ ကျန်းမာရေးနဲ့ ညီညွှတ်မျှတသော စားသောက်မှုနှင့် တရားထိုင်တာဟာ ပျော်ရွှင်ခြင်းနဲ့ ဆက်စပ်နေပါတဘ်။ သင်နဲ့ သင်ကလေးတွေအကြားမှာ မတူကွဲပြားသော ကိုယ်ရေးကိုယ်တာဗျူဟာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ လူတော်တော်များများအတွက် ဂီတဟာ စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပြီး တစ်ချို့လူတွေအတွက်ကတော့ သဘာဝအတိုင်း လျှောက်လှမ်းခြင်းက သူတို့အတွက် ပိုလန်းဆန်းစေနိုင်ပါတယ်။

၃။ ကောင်းမွန်သော စိတ်ထားနှင့် အပြုသဘောဆောင်သော ကိုယ့်ကိုယ်ကိုယ်စကားပြောခြင်းကို စံပြဖြစ်ပါစေ

ဘဝရဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ ကျွန်မတို့အားလုံးမှာ ပျော်ရွှင်တတ်သော ခေါင်းဆောင်တစ်ဦး လိုအပ်ပါတယ်။ အဲဒီ့ခေါင်းဆောင်က မေမေတို့ကိုယ်တိုင်လည်း ဖြစ်နိုင်ပါတယ်။ ပျော်ရွှင်တဲ့လူတွေက မိမိကိုယ်မိမိ အာမခံချက်ပေးခြင်း၊ အသိအမှတ်ပြုခြင်း၊ ချီးမွမ်းခြင်းနှင့် စပ်ဖျဉ်းဖျဉ်းဝေဖန်မှုတွေကို လုပ်နိုင်ကြောင်း သုတေသီတွေက ဖော်ပြကြပါတယ်။ ကျရှုံးလာတဲ့အခါ ဒီအရာနဲ့ပတ်သက်ပြီး ငါကောင်းကောင်းမလေ့ကျင့်ရသေးဘူးလို့ပဲ လေ့ကျင့်ပေးသင့်ပါတယ်။

၄။ အကောင်းမြင်စိတ်မွေးပါ

မပျော်ရွှင်မှုတွေကို ကြိုတင်ဆန့်ကျင်ခြင်းက အကောင်းမမြင်ခြင်းဖြစ်ပါတယ်။ ကျွန်မတို့ထဲက တစ်ချို့က တစ်ခြားလူတွေထက် အကောင်းမြင်စိတ်နဲ့ မွေးဖွားလာကြပါတယ်။ လူတစ်ချို့ကတော့ ပျိုးထောင်ရပါတယ်။

၅။ သင့်ကလေးတွေကို သူတို့ရဲ့နေ့ရက်တိုင်းမှာ ပျော်ရွှင်မှုလေးတွေ ရှာဖွေပါ

လေ့လာမှုတွေအရ နေ့စဉ်ဘဝရဲ့ အံ့ဩဖွယ်ကိစ္စကို သတိပြုမိပြီး ထိတွေ့ခွင့်ရသူတွေဟာ ပိုပျော်ရွှင်ကြတယ်လို့ တွေ့ရပါတယ်။ နေ့စဉ်ဘဝမှာ ပျော်ရွှင်စရာအဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေတာက နေထွက်ချိန်ကစပြီး နေ့ဝင်ချိန်ကာလတွေအထိ ကလေးငယ်အကြိုက်ဆုံးစာရေးဆရာရဲ့ စာအုပ်အသစ်ကို ရှာဖွေရခြင်း၊ အဖွားဆီက စာတစ်စောင်စသဖြင့် အရာသေးသေးလေးတွေကို ပျော်တတ်အောင် ကြိုးစားသင့်ပါတယ်။

၆။ ကျေးဇူးတင်တတ်ခြင်း သဘောထားကို ဖွံ့ဖြိုးစေပါ

ပျော်ရွှင်မှုဆိုတာ ကျွန်မတို့မှာမရှိတဲ့အရာတစ်ခုရလာလို့မဟုတ်ဘဲ ကျွန်မတို့မှာရှိတဲ့အရာတွေကို အသိအမှတ်ပြုပြီး လေးမြတ်တန်ဖိုးထားခြင်းကနေလာပါတယ်။ လူတော်တော်များများက သူတို့ပျော်နေတယ်ဆိုတာ သူတို့ရဲ့ ကျေးဇူးတင်စရာတွေကို မြတ်နိုးတတ်တာကြောင့်ပါ။ ဒါကြောင့် ကျေးဇူးသိစိတ်ကို ပြုစုပျိုးထောင်ပေးခြင်းက အင်မတန်အကျိုးများသော လုပ်ရပ်တစ်ခုဖြစ်ပါတယ်။

၇။ စိတ်ခံစားချက်တွေအားလုံးကို အသိအမှတ်ပြုစေပါ

အပျော်ရွှင်ဆုံးလူတစ်ယောက်အတွက်တောင်မှ ဘဝဆိုတာ နာကျင်စရာတွေ၊ ဆုံးရှုံးမှုတွေနဲ့ ပြည့်နှက်နေပြီး ဝမ်းနည်းစရာတွေက နေရာအပြည့်ရှိနေတတ်ပါတယ်။ ကျွန်မတို့ရဲ့ ဝမ်းနည်းစရာခံစားချက်တွေက အဆိုးမြင်ခံစားချက်တွေကို အာရုံစိုက်ခြင်းကြောင့်မဟုတ်ဘဲ အသိအမှတ်မပြုခြင်းကလာပါတယ်။ အကယ်၍ စိတ်ခံစားချက်တွေကိုသာ အသိအမှတ်ပြုမယ်ဆိုရင် ကျွန်မတို့အားလုံးက လူသားဖြစ်ခြင်းရဲ့ အဓိပ္ပာယ်ကို ပြည့်ပြည့်ဝဝခံစားရပါလိမ့်မယ်။ ဒါ့ကြောင့် ကလေးတွေကို စိတ်မသက်မသာခံစားချက်တွေကနေ အပျော်ရွှင်ဆုံးခံစားချက်တွေအထိ အသိအမှတ်ပြုတတ်စေဖို့ သင်ပေးပါ။

Chit_May_May

Nyein_Thu

ref-ahaparenting

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here