သင့်ကလေးကို ဘဝမှာ အောင်မြင်သူ ဖြစ်လာစေနိုင်တဲ့ အရေးကြီးသော စွမ်းရည်သုံးခု

0
2462
- Advertisement -

မိဘတိုင်းက ကလေးတွေကို အောင်မြင်သူတွေ ဖြစ်လာအောင် မြှင့်တင်ပေးချင်တဲ့ အိမ်မက်တွေ ရှိကြပါတယ်။ မိဘတွေအနေနဲ့ သားသမီးတွေကို အကောင်းဆုံး ကစားစရာဝယ်ပေးတာမျိုးတွေအပြင် နောက်ပိုင်းမှာ ကလေးတွေကို လူတစ်ယောက်ထက် သတင်းအချက်အလက် များစွာပါသော ကွန်ပျူတာကြီးတစ်လုံးလို ပြုစုပျိုးထောင်ပေးတဲ့ ကျောင်းတွေမှာ အချက်အလက်များစွာ သင်ယူစေတာမျိုး ဖြစ်ပါတယ်။ အမှတ်များများနဲ့ အဆင့်မြင့်ကောလိပ်တွေ တတ်နိုင်အောင် ၊ဘဝမှာ အောင်မြင်မှုရအောင် ကျောင်းမှာ စာကောင်းကောင်း လေ့လာသင့်တယ်လို့ ခံယူထားကြပါတယ်။ ဒီလိုမှ မဟုတ်ရင် ဘဝမှာ ဘယ်လိုအောင်မြင်နိုင်မလဲ? အဲ့ဒါဟာ သူတို့ရဲ့ လေ့လာမှုလောက်ပဲ မဟုတ်ဘူးလို့ ကျွန်တော်တို့ ခံစားရပါတယ်။ ဒါဆိုဘာလဲ၊ မျိုးရိုးဗီဇလား? ကံကြမ္မာလား?

ကမ္ဘာပေါ်မှာ ကိုယ့်ကလေးကို အောင်မြင်သော၊ ချမ်းသာကြွယ်ဝသော ၊ ပျော်ရွှင်သော လူတစ်ယောက် မဖြစ်စေချင်တဲ့ မိဘဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် ကလေးတစ်ယောက်ကို ယုံကြည်မှုရှိရှိ ၊ စမတ်ကျကျနဲ့ စိတ်ဓါတ်ခိုင်မာတဲ့ လူတစ်ယောက်ဖြစ်လာအောင် ဘာလုပ်မလဲ?

အောင်မြင်မှုနှင့် ပတ်သတ်လာရင် ပင်ကိုစွမ်းရည်၊ အသိဉာဏ်နှင့် မျိုးဗီဇများက အဓိကကျသော ကဏ္ဍမှ ပါဝင်ကြောင်း သက်သေပြနိုင်တဲ့ သိပ္ပံနည်းကျ လေ့လာမှုများစွာ ရှိပါတယ်။ စီးပွားရေးပညာရှင် James Heckman က ဒီသီအိုရီကို အတည်ပြုခဲ့ပါတယ်။ အိုင်ကျူအဆင့်က ငွေရေးကြေးရေး ချမ်းသာကြွယ်ဝမှုအပေါ် အကျိုးသက်ရောက်မှု မရှိကြောင်း သက်သေပြခဲ့ပါတယ်။ သို့သော် စိတ်ဓါတ်ကြံ့ခိုင်ခြင်း၊ ဇွဲရှိခြင်းနှင့် အခြားသူများနဲ့ ပူပေါင်းနိုင်စွမ်းတို့က အောင်မြင်မှုကို အဆုံးအဖြတ်ပေးတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီသဘောထားကို ပြောင်းလဲဖို့ မိဘတွေအပေါ်မှာ မူတည်ပါတယ်။ ကိုယ့်ကလေးတွေကို သူတို့ရဲ့ အနာဂတ်ဘဝမှာ ပိုအောင်မြင်အောင် မိဘတွေအနေနဲ့ လုပ်ဆောင်ဖို့ လိုအပ်တဲ့ အဓိက ကျွမ်းကျင်မှု (၃)ခုရှိပါတယ်။

- Advertisement -

၁။ အခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်စွမ်း

Penn State နဲ့ Duke တက္ကသိုလ်မှ သိပ္ပံပညာရှင်များက စိတ်ဝင်စားဖွယ်ကောင်းတဲ့ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သူတို့ဟာ ငယ်စဉ် ကလေးဘဝကတည်းက လူမှုရေးဆိုင်ရာ စွမ်းရည်နဲ့ လူကြီးဘဝ အောင်မြင်မှုအကြား ဆက်နွယ်မှုကို သိနိုင်ဖို့အတွက် ကလေးဘဝကနေ အသက် ၂၅နှစ်အရွယ်အထိ အမေရိကန် ကလေး ၇၀၀ရဲ့ ဘဝကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။

communicative ရှိတဲ့ ကလေးတွေဟာ သူတို့ရဲ့ ရွယ်တူကလေးတွေထက် ပိုအောင်မြင်ကြောင်း တွေ့ရှိရပါတယ်။ အများအားဖြင့် ဘာဥပဒေပြဿနာမှမရှိိဘဲ ကောလိပ်မှ ဘွဲ့ရပြီး အသက် ၂၅နှစ်မှာ အလုပ်အကိုင်ကောင်းတွေ ရရှိထားတာကို တွေ့ရပါတယ်။ အကြောင်းက လူမှုရေးဖွံ့ဖြိုးတဲ့ ကလေးတွေဟာ အခြားသူတွေနဲ့ အလွယ်တကူ ဆက်သွယ်ပြောဆိုနိုင်ခြင်း၊ ပဋိပက္ခတွေကို ရှောင်ရှားနိုင်ခြင်း၊ အခြားသူတွေအတွက် အသုံးဝင်ခြင်းနှင့် သူတို့ရဲ့ခံစားချက်တွေကို လေးစားခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒါက ကလေးဘဝမှာတင် အရမ်းအသုံးဝင်တဲ့ ကျွမ်းကျင်မှုများ ဖြစ်ပါတယ်။ ကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံနိုင်တဲ့ ကလေးတွေဟာ ကစားစရာလုရင်း ရန်ဖြစ်မယ့်အစား အတူတကွ ကစားခြင်းနည်းလမ်းများကို ရှာဖွေနိုင်ပါတယ်။

တစ်ချို့ အိုင်ကျူမမြင့်တဲ့သူတွေတောင် အဆင့်မြင့်ရာထူးတွေ ရယူပြီး ခေါင်းဆောင်တွေ ဖြစ်လာကြပါတယ်။ သိသာထင်ရှားတဲ့ အချက်ကတော့ အောင်မြင်မှုက အလုပ်နှင့်သာ ပတ်သတ်တာ မဟုတ်ကြောင်း မမေ့ဖို့ အရေးကြီးပါတယ်။ လူတွေက ကိုယ်လုပ်နေတဲ့နေရာမှာ ပရော်ဖက်ရှင်နယ်ဖြစ်လာတဲ့အခါ၊ မိသားစုကောင်းကို ထူထောင်နိုင်တဲ့အခါ၊ သူတို့ရဲ့ အကျိုးစီးပွားနဲ့ ခံစားချက်တွေကို ဝေမျှပေးတဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းရတဲ့အခါ သူတို့ကိုယ်သူတို့ အောင်မြင်တယ်လို့ ထင်မြင်တတ်ကြပါတယ်။ communication skill မမြင့်မားဘဲ ဒီဆက်သွယ်မှုကို တည်ဆောက်ဖို့ ခက်ခဲပါတယ်။

၂။ စိတ်ဓါတ်ကြံ့ခိုင်ခြင်း

နာမည်ကြီး အမေရိကန် စိတ်ပညာရှင်နှင့် စာရေးဆရာ Angela Duckworth က အောင်မြင်ခြင်းနှင့် ပတ်သတ်ပြီး အရေးကြီးဆုံးသော အရာတစ်ခုက ရေရှည်ရည်မှန်းချက်အပေါ် စိတ်အားထက်သန်မှုနှင့် ဇွဲရှိခြင််းဖြစ်တယ်လို့ ဆိုပါတယ်။ သူမရဲ့ သုတေသနအဖွဲ့က စစ်အကယ်ဒမီ၊ စာလုံးပေါင်းပြိုင်ပွဲမှာ ပါဝင်သူများ၊ ဆရာများနှင့် အရောင်းမန်နေဂျာ တို့ကို နှစ်ပေါင်းများစွာ စောင့်ကြည့်ခဲ့ပါတယ်။ လေ့လာမှုရဲ့ အဓိကအချက်က ဘယ်သူတွေ အောင်မြင်ပြီး ဘယ်အရာမှာ ပိုအောင်မြင်မယ်ဆိုတာကို ကြိုတင်ခန့်မှန်းခြင်းဖြစ်ပါတယ်။ မတူညီဘူးလို့ ထင်ရတဲ့ သင်တန်းသားတွေဟာ လုံးဝကွဲပြားခြားနားတဲ့ နယ်ပယ်ကနေ တူညီတဲ့ အရာတစ်ခု ရှိခဲ့ပါတယ်။ အလှအပ (သို့) စွမ်းအား (သို့) အိုင်ကျူမြင့်တာ တစ်ခုမှမဟုတ်ပါဘူး။ သူတို့ရဲ့ စိတ်စွမ်းအားလို့ ဆိုပါတယ်၊

စိတ်ပညာရှင်ရဲ့ အဆိုအရ မွေးရာပါစွမ်းရည်နှင့် အရည်အချင်းက အရွယ်ရောက်ပြီးဘဝတွင် စစ်မှန်တဲ့ အောင်မြင်မှုအပေါ် လွှမ်းမိုးမှု မရှိသလောက် ဖြစ်ပါတယ်။ လူတွေကို အမှန်တကယ် အောင်မြင်အောင် လုပ်ပေးနိုင်တာကတော့ ဇွဲလုံ့လနှင့် စိတ်ဓါတ်ကြံ့ခိုင်မှု ဖြစ်ပါတယ်။ ထို့အပြင် ရေရှည်လေ့လာမှုကလွဲပြီး စိတ်ဓါတ်ကြံ့ခိုင်တဲ့ လူတစ်ယောက်ဟာ ပါရမီပါပြီး စနစ်တကျမရှိသော၊ ပျင်းရိသူတစ်ယောက်ထက် ပိုအောင်မြင်ခဲ့သည့် ဥပမာများစွာ ရှိခဲ့ပါတယ်။

၃။ Creative thinking

ဖန်တီးမှုဆိုင်ရာ တွေးခေါ်မှုက မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အခြေအနေများမှ ထွက်ပေါက်ရှာဖို့နှင့် ဘဝပေးပြဿနာများကို ဖြေရှင်းဖို့ ကူညီပေးနိုင်ပါတယ်။ အနာဂတ်အလုပ်အကိုင်ဟာ ဘယ်လိုဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ သေချာတာတစ်ခုက ယနေ့ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်နဲ့ အရမ်းကွာခြားပါလိမ့်မယ်။ ဖန်တီးမှု အတွေးအခါ် က ကျွန်တော်တို့ရဲ့ ကလေးတွေကို အနာဂတ်ကမ္ဘာမှာ သူတို့ရဲ့ လမ်းကြောင်းကို ရှာဖွေတွေ့ရှိဖို့နဲ့ ကိုယ်ပိုင်ကုမ္ပဏီတွေ ထူထောင်နိုင်ပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here