သင့်ကလေးကို မူကြိုကျောင်းပို့ဖိုအတွက် အဆင်သင့်ဖြစ်နေသော လက္ခဏာများ

0
372
- Advertisement -

ယှဉ်ပြိုင်မှု မြင့်မားနေတဲ့ ကမ္ဘာမှာ သင့်ကလေးရဲ့ပညာရေးကို မြှင့်တင်ဖို့ စောလွန်းတယ်ဆိုတာ မရှိပါဘူး။ ယနေ့ခတ်မှာ ကလေးငယ်တွေဟာ အက္ခရာတွေကို နားမလည်ခင်တောင် မူကြိုကျောင်းအပ်ခံရတာကို တွေ့ရလေ့ရှိပါတယ်။ တစ်ချို့မိဘတွေဆိုရင် ကလေးလေးကို မမွေးခင်ကတည်းက မူကြိုကျောင်းကောင်းကောင်း စုံစမ်းနေတာကို သင်တွေ့ရင် အံအားသင့်သွားပါလိမ့်မယ်။

ပညာရေးရဲ့အခြေခံအုတ်မြစ်က မူကြိုကျောင်းမှ စပုံရပါတယ်။ သင့်ကလေးကို မူကြိုထားဖို့ အဆင်သင့်ဖြစ်စေခြင်းက အရမ်းအရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နောင်လာမယ့်နှစ်တွေမှာ သင့်ကလေးရဲ့ ပညာရေးကို ဦးဆောင်လမ်းပြပေးနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေး မူကြိုကျောင်းတတ်ဖို့ အဆင်သင့်ဖြစ်ချိန်က ဘယ်အချိန်လဲဆိုတာ မိဘတွေအနေနဲ့ သိထားဖို့လိုအပ်ပါတယ်။

ကျွန်မတို့ကလေးကို မူကြိုကျောင်းပို့ဖို့ အဆင်သင့်ဖြစ်ပြီလား?

- Advertisement -

သင့်ကလေးကို မူကြိုကျောင်းပို့တဲ့အခါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ အရေးကြီးပါတယ်။ မူကြိုကျောင်းရွေးချယ်ခြင်းက မိဘတစ်ယောက်အနေဖြင့် လုပ်ဖို့ လိုအပ်တဲ့ ပထမဆုံး ဆုံးဖြတ်ချက်ကြီး ဖြစ်ပါတယ်။
သင့်ကလေး မူကြိုကျောင်း စတတ်ဖို့ စောလွန်းသေးသည်ဖြစ်စေ၊ နောက်ကျလွန်းသည်ဖြစ်စေ သင့်အားကူညီနိုင်တဲ့ အရာများစွာရှိပါတယ်။

၁။ အသက်အရွယ်

သင့်ကလေးကို မူကြိုကျောင်းပို့ဖို့ လုံလောက်တဲ့ အသက်အရွယ် ဖြစ်ရမယ်ဆိုတာ ပြောဖို့တောင်မလိုပါဘူး။ မူကြိုကျောင်းအများစုမှာ အသက်ကန့်သတ်ချက်တွေ ရှိပါတယ်။ အသက် ၃နှစ်မှ ၅နှစ်ဟာ မူကြိုကျောင်းထားလို့ရတဲ့ အရွယ်ဖြစ်ပါတယ်။ မူကြိုကျောင်းတွေအကြောင်းကို အချိန်ပေးပြီး သေချာလေ့လာပါ။

၂။ မေးခွန်းတွေ မေးမြန်းခြင်း

လူ့စိတ်က စွမ်းရည်တွေနဲ့ အသေးစိတ် အချက်အလက်သစ်တွေကို ကောက်ယူရတာ နှစ်သက်ပါတယ်။ အလားတူ သင့်ကလေးပြောင်းလဲခြင်းကို သတိပြုမိပြီး မူကြိုကျောင်းအတွက် အသက်လုံလောက်တယ်လို့ သင်ခံစားရစေနိုင်ပါတယ်။ ဥပမာအားဖြင့် သင့်ကလေးဟာ မေးခွန်းတွေ မကြာခဏ မေးမြန်းလေ့ရှိကြောင်း သတိပြုမိရင် သင့်ကလေးရဲ့ဦးနှောက်က ပိုမိုမြန်ဆန်စွာ ဖွံ့ဖြိုးတိုးတတ်ချင်သော လက္ခဏာအဖြစ် မှတ်ယူနိုင်ပါတယ်။ ဒီတိုးတတ်မှုကို အားပေးဖို့ အကောင်းဆုံးနည်းလမ်းက မူကြိုကျောင်း ပို့ခြင်းဖြစ်ပါတယ်။

၃။ တိုးတတ်မှု

သင့်ကလေးဟာ မေးခွန်းတွေ ပိုမိုမေးလာတာနှင့်အမျှ ဗဟုသုတတွေ ပိုမိုသိရှိလာပါတယ်။ ဒီဗဟုသုတတိုးပွားခြင်းက သင့်ကလေးအတွက် ပြောင်းလဲမှုကို ဖြစ်စေပါတယ်။

သင့်ကလေးဟာ ပိုမိုလွတ်လပ်မှုရှိပြီး မိဘသင်ကြားဖို့ ကြိုးစားသမျှကို အလွယ်တကူ သိရှိလာနိုင်ပါတယ်။ သင့်ကလေးဟာ ဘာပဲသင်သင် နားလည်နိုင်ကြောင်း သတိပြုမိရင် ကလေးအား ပညာပေးဖို့ ကျွမ်းကျင်ပညာရှင် အကူအညီရယူနိုင်ပါတယ်။

ထို့ကြောင့် ကျွမ်းကျင်မှုနှင့် မှတ်ဉာဏ်ကို နားလည်သဘောပေါက်ခြင်း တိုးတတ်မှုက သင့်ကလေး မူကြိုကျောင်းတတ်ဖို့ လိုအပ်တဲ့ လက္ခဏာကောင်းဖြစ်ပါတယ်။

၄။ အပြန်အလှန်ဆက်သွယ်မှု

သင့်ကလေးငယ်နှင့် communicate လုပ်ဖို့ ပိုလွယ်လာကြောင်း သတိပြုမိတဲ့အခါ မူကြိုကျောင်းပိုဖို့ အဆင်သင့်ဖြစ်နေတဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here