သင့်ကလေးကို သင်တို့နဲ့အတူ အိပ်စက်စေခြင်းရဲ့ ဆိုးကျိုးများ

သင့်ကလေးကို သင်တို့နဲ့အတူ အိပ်စက်စေခြင်းရဲ့ ဆိုးကျိုးများ

0
54
- Advertisement -

လူတိုင်းက ငယ်စဥ်ကလေးဘ၀မှာ အိမ်မက်ဆိုးတွေ မက်ကြတာမျိုး ဒါမှမဟုတ် ကြောက်လန့်ဖွယ်ကောင်းသော ဆူညံသံတွေကို ကြားကြရတဲ့အခါ သူတို့ရဲ့ မိဘအိပ်ရာဆီသို့ ပြေး၀င်တတ်ကြပါတယ်။ တစ်ချို့လေ့လာမှုတွေအရ မိဘတွေအနေနဲ့ ကလေးတွေကို သူတို့နဲ့အတူ အိပ်ရာပေါ်မှာ အိပ်စက်စေခြင်းက ကောင်းကျိုးထက် ဆိုးကျိုးထိခိုက်မှုများ ဖြစ်စေနိုင်ပြီး မိဘရော ၊ ကလေးအတွက်ပါ ဆိုးကျိုးတွေ ထိခိုက်စေနိုင်ပါတယ်။

Universidade Federal de Pelatasမှ လေ့လာမှုတစ်ခုအရ အိပ်ပျော်ခြင်းက ကလေးရဲ့ စိတ်ကျန်းမာရေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ လေ့လာခဲ့တယ်။ ဘရာဇီးနိုင်ငံမှာရှိတဲ့ ကလေးပေါင်း၃၅၈၃ စမ်းသပ်လေ့လာခဲ့တယ်။ နောက်ဆုံးမှာ ကလေးတွေကို အုပ်စုလေးစုခွဲလိုက်တယ်။
အိပ်ရာခွဲအိပ်သူများ(၄၄.၄%)
အစောပိုင်းကာလမျှသာ(၃၆.၂%)
နှောင်းပိုင်းကာလ တိုက်ခိုက်မှု(၁၂.၀%)
နေ့တိုင်း အိပ်ရာမျှ၀ေသုံးစွဲသူများ(7.4%)
လူမှုစီးပွားရေး(သို့) ယဥ်ကျေးမှုဆိုင်ရာ ယုံကြည်မှုများကြောင့် ကလေးတွဟာ မိဘများနှင့်အတူ အခန်းတစ်ခန်းကို မျှ၀ေသုံးကြတယ်။ လေ့လာမှုတွေမှာတော့ အတူတူအိပ်စက်ခြင်းမှာ ပါ၀င်ကြသော ကလေးများဟာ အလေ့အကျင့်တစ်ခုလို ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း သုတေသီများက အတူတကွအိပ်ပျော်ခြင်းက ကလေးရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ ကလေးများကို မွေးကတည်းက လေ့လာခြင်း၊ “အမြဲတမ်းအိပ်ရာခင်းပေးသူများ” ဟာ အခြားကလေးသုံးမျိုးနှင့် နှိုင်းယှဥ်လိုက်သောအခါ စိတ်ရောဂါဆိုင်ရာ ရောဂါတိုးပွားလာခြင်းနှင့် သူတို့ရဲ့ ပြဿနာတွေကို သင်ယူတဲ့နေရာမှာ ဖွံ့ဖြိုးမှုပိုများကြောင်း တွေ့ရှိရပါတယ်။ အတူတူအိပ်စက်ခြင်းက ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ အိပ်ပျော်နေသော မိဘများက ကလေးတစ်ဦးအပေါ်မှာ ”ထပ်ဆင့်ထားခြင်း” ကို အန္တရာယ်ရှိရုံတင်မက ကလေးငယ်များအတွက် ပျော့ပျောင်းသော မွေ့ယာမပါသော ခိုင်မြဲသည့် အိပ်ရာခင်းများကို လိုအပ်သောကြောင့် မိဘများရဲ့ မွေ့ယာက သူတို့အတွက် အန္တရာယ်မကင်းနိုင်ပါ။

မိဘများအတွက်
University of Marylandဆေးတက္ကသိုလ်နှင့် သူနာပြုကျောင်းရဲ့ နောက်ထပ်လေ့လာမှုတစ်ခုမှာ သုတေသီများဟာ ၀င်ငွေနည်းသော မိခင် ၂၇၇ဦးနှင့် သူတို့ရဲ့ ကလေးကို လေ့လာခဲ့ပါတယ်။ နောက်ဆုံးမှာ ကလေးငယ်များနှင့် တစ်အိပ်ရာတည်း အိပ်စက်သော မိခင်များက တစ်နာရီ အိပ်ရေးပျက်ပြီး စိတ်ဖိစီးမှုတွေ ဖြစ်စေခဲ့ပါတယ်။ ကလေးနှင့် သီးခြားအိပ်သော မိခင်များက အိပ်စက်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း လက္ခဏာများကို မကြုံတွေ့ခဲ့ရပါဘူး။ အိပ်ရေးပျက်တာဟာ မိဘတွေ အာရုံစိုက်ဖို့ လိုအပ်တဲ့ အရာတွေပါပဲ။

ဒါ့အပြင် ကလေးငယ်များအား သီးခြားလွတ်လပ်စွာ အိပ်စက်စေခြင်းက သူတို့ ကိုယ်တိုင် စိတ်အေးအေးထားတတ်ခြင်းနှင့် ကျန်းမာသော အိပ်စက်ခြင်းပုံစံကို တိုးတက်စေဖို့ ကူညီပေးခဲ့တယ်လို့ လေ့လာမှုက ဖော်ပြခဲ့ပါတယ်။
ကလေးများနှင့် မိဘများက အတူတကွအိပ်စက်ခြင်းမှ ရရှိနိုင်သော အကျိုးဆက်များကို သင့်ကိုယ်တွေ့များကို commentsမှာ မျှ၀ေပေးပါဦး။

Chit_May_May

Nyein_Thu

sources-brightside.me

LEAVE A REPLY

Please enter your comment!
Please enter your name here