သင့်အနေနဲ့ သင့်ကလေးကို ဆုံးမစကားပြောတဲ့အခါ တိုက်ပွဲတစ်ခုဆင်နွဲရသလိုပါပဲ။ တီဘီဂိမ်းကို ပိတ်လိုက်ဖို့၊ ကစားတာကို ရပ်လိုက်ဖို့ ပြောနေတဲ့အချိန်မှာ သင့်ကလေးက စောဒတက်နေဆဲ ၊ ဆင်ခြေတွေပေးနေဆဲပဲလား။ သင်က သင့်ကလေးကို အကြိမ်ကြိမ်ပြောနေသည့်တိုင် မလိုက်နာဘူးဆိုရင် တစ်ခုခုမှားယွင်းနေလို့ ဖြစ်ပါလိမ့်မယ်။
သင့်ကလေးတွေက ၎င်းတို့ရဲ့မှီခိုမှုကင်းတဲ့ လွတ်လပ်မှုကို အခိုင်အမာပြောဆိုခြင်းက ပုံမှန်ကျန်းမာရေးအတွက်ဖြစ်ပေမယ့်လည်း လမ်းညွှန်ချက်တွေကို ဘယ်လိုလိုက်နာရမယ်ဆိုတာတော့ လေ့လာဖို့ လိုပါတယ်။ သင့်ကလေးရဲ့ လေးစားလိုက်နာမှုကို တိုးတက်စေဖို့ နည်းလမ်းကတော့ သင့်ညွှန်ကြားချက်တွေကို ပြောင်းလဲတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဒီအရာငါးမျိုးကို လုပ်ဖို့ အလေ့အကျင့်ဖြစ်လာမယ်ဆိုရင် သင့်စကားနားမထောင်ဖို့ သင့်ကလေးကို လေ့ကျင့်ပေးနေတာနဲ့ တူပါတယ်။

၁။ သတိပေးချက်များစွာ ပေးခြင်း
ထပ်ခါ ထပ်ခါရေတွက်ပြီးတော့ ”မင်းကို ငါဘယ်နှစ်ခါပြောမလဲ”လို့ မေးခြင်း (သို့) ”ဒီတစ်ခါ နောက်ဆုံးအကြိမ်သတိပေးခြင်းပဲ”လို့ ပြောခြင်းက ထိရောက်မှာ မဟုတ်ပါဘူး။ တကယ်လို့ သင်က သတိပေးချက်တွေ အများကြီးပေးမယ်ဆိုရင် ထိရောက်မှာ မဟုတ်ပါဘူး။ တကယ်လို့ သင်ကများစွာသော သတိပေးချက်တွေကို ပေးမယ်ဆိုရင် သင့်ကလေးက သင့်ရဲ့ ဟန်ဆောင်လိမ်ညာခြင်းတွေနှင့် အမူအရာကြမ်းကြမ်းတွေသာ သင်ယူသွားပါလိမ့်မယ်။
အမှန်တကယ်တော့ ထပ်ခါတလဲလဲသတိပေးခြင်းက သင့်ကလေးကို သင့်စကားနားမထောင်ဖို့ သင်သုံးမိနေတဲ့ လှည့်ကွက်တစ်ခုပါပဲ။ သင်ကိုယ်တိုင်က ဒီလိုအကြိမ်ကြိမ်ပြန်လုပ်နေမယ်ဆိုရင် သင့်ကလေးက သင့်ကို ညှိနှိုင်းဖို့ စတင်လာပါလိမ့်မယ်။ ဒါ့ကြောင့် ဦးတည်ရာလမ်းကြောင်းတစ်ခုတည်း ပေးပါ။ တကယ်လို့ သူနားမထောင်ဘူးဆိုရင် သတိပေးချက်တစ်ခု တစ်ဆက်တည်းပြုလုပ်ပါ။ သူ မလိုက်နာဘူးဆိုရင် အကျိုးဆက်အဖြစ် သတိပေးချက်အတိုင်းပြုလုပ်ဆောင်ရွက်ပါ။ သတိပေးချက်တော့ ကောင်းကောင်းပြုလုပ်တတ်ပါစေ။

၂။ လွန်ကဲသော ခြိမ်းခြောက်မှုတွေ ပြုလုပ်ခြင်း
ခြိမ်းခြောက်မှုတွေလိုပါပဲ။ ဥပမာ-တကယ်လို့ မင်းအခန်းကို မသန့်ရှင်းဘူးဆိုရင် နောက်တစ်ခါအပြင်ကို ထွက်ခွင့်မရဘူး (သို့) မင်းကစားစရာတွေကို မသိမ်းဘူးဆိုရင် အားလုံးကို လွှင့်ပစ်လိုက်မယ်လို့ ပြောခြင်းက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။
သူတို့ကို စိတ်ရှုတ်ထွေးစေရုံသက်သက် အချည်းနှီးဖြစ်ပါလိမ့်မယ်။ ဘယ်လောက်ကြီးကျယ်ခမ်းနား ပြစ်ဒဏ်တွေပဲ ဖြစ်နေပါစေ သင်ကိုယ်တိုင်လိုက်နာနိုင်မှ သင့်ကလေးအသိအမှတ်ပြုပါလိမ့်မယ်။
ချဲ့ကားပြောဆိုမှုတွေက တစ်ခုတည်းသော ပြဿနာဖြေရှင်းနည်းမဟုတ်ပါဘူး။ တစ်ခါတစ်ရံ မိဘတွေက ခြိမ်းခြောက်မှုဖြစ်စေပါတယ်။ ”မင်းငါ့ကို ဆင်ခြေပေးနေတာ မရပ်ဘူးဆိုရင် ဒီကားကို အခုပြန်လှည့်လိုက်မယ်” ပြောခြင်းသည်သာ ပြစ်ဒဏ်တစ်ခုထက် ပိုတဲ့ ဆုလာဘ်တစ်ခုဖြစ်ပါလိမ့်မယ်။

၃။ စွမ်းအားရုန်းကန်မှုတွေနဲ့ ထိတွေ့ဆက်ဆံခြင်း
ဒါကတော့ အဖြစ်အပျက်တွေရဲ့ အမှန်တရားကို တကယ်သတိထားမိခြင်းမရှိဘဲ သင့်ကလေးအတူ အငြင်းပွားမှုတွေကို ဦးတည်ခြင်းပါ။ သင့်က ”ဒီကိစ္စက မင်းလုပ်လို့ဖြစ်တာ”၊ သင့်ကလေးက ”ငါမဟုတ်ဘူး”လို့ ငြင်းမယ်။ ဒီအခါ သင့်ကလေးနဲ့ အပြန်အလှန်ငြင်းကြမယ်။ ဒါဆိုရင် သေချာပါတယ် သင့်ကလေးက သင့်ညွှန်ကြားချက်တွေအတိုင်း လိုက်နာခြင်းကို ရှောင်ရှားလေပါပဲ။
သင့်အခန်းကို သန့်ရှင်းရေးလုပ်ဖို့ သင့်ကလေးကို ပြောထားပြီး သူက ၎င်းကို မိနစ်၂၀တိုင်အောင် စောဒကတက်နေမယ်ဆိုရင် သူက သင့်တောင်းဆိုမှုကို လုပ်ပေးဖို့ နှောင့်နှေးနေတယ်။ စွမ်းအားရုန်းကန်မှုကြောင့် အာရုံမရကြဘူး။ ယင်းအစား သင့်ကလေးက လိုက်လျောခြင်းမပြုဖို့ ရွေးချယ်မယ်ဆိုရင် အကျိုးဆက်တစ်ခုနှင့်အတူ နောက်ဆက်တွဲလိုက်လျှောက်ဖို့ အသင့်ပြင်ထားပါ။

၄။ အကျိုးဆက်တွေနောက်က မလိုက်ပါနဲ့
အပျက်သဘောဆောင်တဲ့ အကျိုးဆက်တွေက သင့်ကလေးကို အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ရွေချယ်မှုတွေပြုလုပ်ဖို့ သင်ကြားပေးပါတယ်။ သင့်အနေနဲ့ တစ်သတ်မတ်တည်း အကျိုးဆက်တွေနှင့် ဖြတ်သန်းဖို့ ကြိုးစားမယ်ဆိုရင် သင့်ကလေးက သင်ယူလိမ့်မှာ မဟုတ်ပါဘူး။
အမှန်တကယ်မလုပ်ဘဲ အခွင့်အရေးကိုရယူတာမျိုး (သို့) သင့်ကလေးက သူ့အခွင့်အရေးကို ပြန်လည်တောင်းခံတဲ့အခါ အရှုံးမပေးဘဲ အခွင့်အရေးတွေကို ဖယ်ရှားပစ်မယ်လို့ ခြိမ်းခြောက်ခြင်းက ထိရောက်မှာ မဟုတ်ပါဘူး။ ဘဝသင်ခန်းစာအဖြစ် အသုံးချလို့ ရမယ့် ယုတ္တိတန်တဲ့အကျိုးဆက်တွေကို လိုက်နာပါ။
သင်ဘာကို ဆိုလိုတယ်ဆိုတာ ပြောဖို့၊ သင်လိုချင်တဲ့ပန်းတိုင်ရောက်အောင် သင့်ကလေးကိုသင်ပေးပါ။ အကျိုးဆက်တစ်ခုနဲ့ ဖြတ်သန်းမယ်ဆိုရင် သတိပေးချက်တွေကို လိုက်နာပါ။

၅။ သင့်အသံကို မြှင့်တင်ခြင်း
ကလေးတစ်ယောက်က စကားနားမထောင်တဲ့အခါ မိဘများစွာဟာ သူတို့ရဲ့အသံကို ထုတ်ဖော်မြှင့်တင်ဖို့ သွေးဆောင်ခံကြရပါတယ်။ ဒါပေမယ့် ဒီလိုအော်လိုက်ခြင်းက ရလဒ်ကောင်းတွေ ထွက်လာပါ့မယ်လို့ မျှော်လင့်လို့ မရပါဘူး။ သင့်ကလေးက သင့်ကို ဆင်ခြေပေးဖို့ စောဒကတက်ဖို့ လောက်ပဲ သင်ယူပါလိမ့်မယ်။
ဒါ့အပြင် သုတသနပြုချက်တွေအရ အော်ဟစ်ခြင်းက ရိုက်နှက်ခြင်းလိုပဲ့ အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ ၎င်းက သင့်ကလေးနှင့် သင်တို့ရဲ့ ဆက်ဆံရေးကို ပျက်စီးစေပါလိမ့်မယ်။ နောက်နောင် သင့်ကလေးက သင့်စကားနားထောင်ပေးနိုင်မယ့် အခွင့်အလမ်းတွေ လျော့ကျသွားပါလိမ့်မယ်။
Chit_May_May
Nyein_Thu
Ref-verywellfamily